Press Release

တယ်လီနော၏ ဒစ်ဂျစ်တယ်နည်းပညာတတ်ကျွမ်းမှု နွေရာသီသင်တန်းပထမဆုံးအကြိမ် ဖွင့်လှစ်

04 May, 2017 - Yangon

  • ပထမအကြိမ် ဒစ်ဂျစ်တယ် နည်းပညာတက်ကျွမ်းမှု နွေရာသီသင်တန်းသို့ ကျောင်းသူကျောင်းသားပေါင်း ၂၀၀ ခန့် တက်ရောက်

တယ်လီနော မြန်မာလိမိတက် (တယ်လီနော)သည် ေးလံသည့် တိုင်းရင်းသားဒေသများနှင့် ကျေးလက်တို့ရှိလူငယ်နှင့် ကျောင်းသူကျောင်းသားများဒစ်ဂျစ်တယ် နည်းပညာသိနားလည်မှုတိုးတက် မြင့်မားမှုအတွက် အထောက်အကူဖြစ်စေရန် ဒစ်ဂျစ်တယ် နည်းပညာတက်ကျွမ်းမှု နွေရာသီသင်တန်းကိုပထမဆုံးအကြိမ် အဖြစ် မေလ ၂ ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရှေ့ပြေးဖွင့်လှစ်ခဲ့သည့် ယင်း နွေရာသီသင်တန်းကိုအလယ်တန်းနှင့် အထက်တန်းကျောင်းသူ/သား ၂၀၀ ခန့်တက်ရောက်ကြမည် ဖြစ်ပါသည်။

ကျောင်းသူ/သားများသည် တစ်နေ့လျှင် ၃ နာရီကြာကွန်ပျူတာနှင့် စမတ်ဖုန်းအခြေခံ ကျွမ်းကျင်မှု၊ လူမှုကွန်ရက် မိတ်ဆက်နှင့် ဘေးကင်းသောအင်တာနက် အသုံးပြုမှု စသည်တို့ကိုလေ့လာသင်ယူကြရမည် ဖြစ်ပါသည်။ ဘေးကင်းသောအင်တာနက် အသုံးပြုမှု ခေါင်းစဉ်အောက်တွင် ပညာရေးနှင့်ပတ်သက်သည့်အင်တာနက်၏အကျိုးကျေးဇူးများ၊အချက်အလက်များခိုးယူခံရခြင်း၊ဒစ်ဂျစ်တယ်အနိုင်ကျင့်မှုများ၊အင်တာနက်အခြေပြုလိင်ခေါင်းပုံဖြတ်မှုများ၊လိင်ပိုင်းဆိုင်ရာညစ်ညမ်းစာတိုများပေးပို့မှုများ၊အမုန်းစကားများ ဖြန့်ဖြူးခြင်းစသည်အွန်လိုင်းပေါ်တွင်ကြုံတွေ့နိုင်ရသောဘေးအန္တရာယ်ဖြစ်နိုင်ချေများကိုဟောပြောခြင်းများအပါအ၀င်အွန်လိုင်းတွင်လုံခြုံစိတ်ချစွာမည်သို့နေထိုင်နိုင်မည်ဆိုသောအချက်အလက်များပါ၀င်သည်။

ယခု နွေရာသီသင်တန်းများတွင် တယ်လီနောနှင့် ကယားပြည်နယ် အလင်းအိမ်အိုင်စီတီနည်းပညာဖွံ့ဖြိုးရေးစင်တာလုပ်ငန်းရှင်တို့နှင့်အတူဧပြီလကဖွင့်လှစ်ခဲ့သောဆရာဖြစ် သင်တန်းအောင်မြင်ပြီးဆုံးခဲ့သည့် ဒေသခံလူငယ်ဆရာ ၁၀ ဦးတို့ ပူးပေါင်းသင်ကြားပေးလျက်ရှိပါသည်။ တယ်လီနောသည်ယခုကဲ့သို့ နွေရာသီသင်တန်းအကောင်အထည် ဖော်ရန် အတွက် ဆရာဖြစ် သင်တန်းကိုတယ်လီနောနှင့် လုပ်ငန်းလက်တွဲလုပ်ကိုင်လျက်ရှိသည့် ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့(MIDO)နှင့် ကယားနှင့် မန္တလေးရှိတယ်လီနောအလင်းအိမ်လုပ်ငန်းရှင်တို့နှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။ ဒစ်ဂျစ်တယ် နည်းပညာတက်ကျွမ်းမှု နွေရာသီသင်တန်းကိုမေလ ၂ ရက်မှ ၁၂ ရက်နေ့အထိပထမအသုတ်နှင့် မေလ ၁၅ ရက်မှ ၂၆ နေ့အထိကိုဒုတိယအသုတ်အဖြစ် ဖွင့်လှစ်မည် ဖြစ်ပြီးတစ်ကြိမ်လျှင် ကျောင်းသူ/သား ၁၀၀ ခန့်စီတက်ရောက် ကြမည် ဖြစ်ပါသည်။

 

“မြန်မာနိုင်ငံကအထူးသဖြင့် တိုင်းရင်းသားဒေသတွေနဲ့ ေးလံတဲ့ ဒေသကလူငယ်တွေရဲ့ ဒစ်ဂျစ်တယ် နည်းပညာနားလည် တတ်ကျွမ်းမှုကအကန့်အသတ်ရှိနေသေးပါတယ်။ လူငယ်တွေဆိုတာ လူ့အသိုင်းအ၀ိုင်းရဲ့ အနာဂတ်ဖြစ်တာနဲ့ အညီသူတို့ရဲ့ ဒစ်ဂျစ်တယ် နည်းပညာနားလည် တတ်ကျွမ်းမှုကို မြှင့်တင်ပေးခြင်းဟာ နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်းအထောက်အကူ ဖြစ်စေမယ်လို့ တယ်လီနောအနေနဲ့ ယုံကြည်မိပါတယ်။ ဒါ့အပြင်လည်းကယား ပြည်နယ်ဟာဆိုရင် မြန်မာနိုင်ငံမှာလူဦးရေအနည်းဆုံးရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပေမယ့် ဖွံ့ဖြိုးမှု အလားအလာကောင်းတွေ အများကြီးရှိနေပါတယ်။ ဒီလိုအလားအလာကောင်းတွေ ပိုမိုအရှိန်ရစေဖို့ အခုလိုအစီအစဉ်ကိုကယားမှာရှေ့ပြေးဆောင်ရွက်နိုင်တဲ့ အတွက် ၀မ်းမြောက်မိပါတယ်”ဟုတယ်လီနောမြန်မာ၏ရေရှည်တည်တံ့သောလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာ၀န်ခံ ဦးမင်းသူကပြောကြားသည်။

 

အင်တာနက်ကိုလွယ်ကူစွာအသုံးပြုနိုင်မှုနှင့် နည်းပညာများကိုပိုမိုများပြားစွာအသုံးချလာကြမှုတို့ကြောင့် ပေါ်ပေါက် လာနေသည့် အခွင့်အလမ်းကောင်းများစွာကိုအရအမိအသုံးချနိုင်ရေးအတွက် ဒစ်ဂျစ်တယ် နည်းပညာနားလည် တတ်ကျွမ်းမှု အရည်အသွေးမှာအရေးပါသောကဏ္ဍမှ ပါ၀င်ပါသည်။ တယ်လီနောသည် ဒစ်ဂျစ်တယ် နည်းပညာနားလည် တတ်ကျွမ်းမှု အားပေးမြှင့်တင်မှုကိုတယ်လီနောအလင်းအိမ်စင်တာများမှလည်းတစ်စိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိတွင် တယ်လီနောအလင်းအိမ်များသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ခုနှင့် နေပြည်တော်တို့တွင် လူမှုအကျိုးပြုဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် မကုန်မီအလင်းအိမ်ပေါင်း ၂၀၀ ခုထိ ဖွင့်လှစ်သွားရန်လည်းရည်မှန်းထားပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor