Press Release

တယ်လီနော၏ စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်အဖြစ် Amaresh Kumar အား ခန့်အပ်

14 May, 2018 - Yangon

တယ်လီနော မြန်မာသည် Mr. Amaresh Kumar အား ကုမ္ပဏီ၏ စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်အဖြစ် ခန့်အပ်လိုက်သည်။ အမ်မရက်ရှ် ကူမာသည် တယ်လီနော အိန္ဒိယ၏ Chief Product Officer  (စီပီအို) အဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး ယခင် စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်သူ ဂျိုစလင်းမိုင်သွန်၏ တာဝန်များကို ၂၀၁၈ ခုနှစ် မေလ ကုန်မှ စတင်ကာ လွှဲပြောင်း ထမ်းဆောင်မည် ဖြစ်သည်။  

အမ်မရက်ရှ် ကူမာသည် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းအတွေ့အကြုံများစွာရှိသူတစ်ဦးဖြစ်သည်။ အိန္ဒိယ၏ ဦးဆောင် မိုဘိုင်းအော်ပရေတာများစွာတွင် အရောင်းနှင့် စျေးကွက်မြှင့်တင်ရေးရာ အုပ်ချုပ်မှုတာဝန်များစွာကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ အမ်မရက်ရှ် ကူမာသည် တယ်လီနော အိန္ဒိယ၏ Pricing, Revenue Planning and Market Research တာဝန်ခံအဖြစ် ၂၀၁၀ ခုနှစ်မှ စတင်တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် စီပီအိုအဖြစ် ခန့်အပ်ခံခဲ့သည်။

“တယ်လီနော မြန်မာရဲ့ စွမ်းဆောင် အောင်မြင်မှုတွေကို ကျွန်တော့အနေနဲ့ အလွန် လေးစားမိပါတယ်။ တယ်လီနောဟာ စျေးနှုန်းချိုသာပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လူတိုင်းအတွက် တိုတောင်းတဲ့ ကာလအတွင်းမှာ ပေးအပ်နိုင်ခဲ့တာပါ။ လေးနှစ်တောင် မကြာတဲ့ကာလအတွင်းမှာ မြန်မာဟာ အာရှရဲ့ ရှေ့ဆောင် စျေးကွက်တွေထဲက တစ်ခုဖြစ်နေပါပြီ။ သုံးစွဲသူတွေ တန်ဖိုးထားတဲ့ ဝန်ဆောင်မှုတွေကို ဖန်တီးဖို့ ကျွန်တော့အနေနဲ့ အထူး စိတ်အားထက်သန်ပြီး သုံးစွဲသူတွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်မယ့် စျေးနှုန်းချိုသာပြီး အကောင်းဆုံး ဝန်ဆောင်မှု အတွေ့အကြုံတွေကို ရရှိစေမယ့် ဝန်ဆောင်မှုတွေကို ထူးချွန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲ လုပ်ကိုင် ပေးအပ်သွား မှာပါ” ဟု အမ်မရက်ရှ် ကူမာက ပြောကြားသည်။ 
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် အကျယ်ပြန့်ဆုံး လက်လီကွန်ရက်ကို တည်ထောင်ထားပြီး ဖြစ်သည်။ တယ်လီနော သုံးစွဲသူများသည် နိုင်ငံတစ်ဝှမ်းရှိ လက်လီဆိုင်ပေါင်း ၁၀၀ ၀၀၀ ကျော်တွင် ဆင်းကတ်များနှင့် ဖုန်းငွေဖြည့်ကတ်များကို လွယ်ကူစွာ ရရှိနိုင်သည်။ ယင်းသို့ ကျယ်ပြန့်သော ဖြန့်ချီရေးကွန်ရက် တည်ရှိမှုက သုံးစွဲသူများ အနေဖြင့် ယင်းတို့နှင့် အနီးဆုံးနေရာများ၌ပင် တယ်လီနော၏ ဝန်ဆောင်မှုများကို ရရှိစေရေး သေချာစေသည်။ ယင်း ဖြန့်ချီရေးစနစ် ဖော်ဆောင်နိုင်မှု၏ ရလဒ်အဖြစ် သုံးစွဲသူပေါင်း ၁၉ သန်းကျော်ရှိ တယ်လီနောကို မြန်မာနိုင်ငံတွင် အလျင်မြန်ဆုံး တိုးတက်လာလျက်ရှိသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် ရပ်တည်နိုင်စေခဲ့သည်။ တယ်လီနော သည် ဆန်းသစ်တီထွင်သော အသံနှင့် ဒေတာ ဝန်ဆောင်မှုများစွာကို မြန်မာနိုင်ငံစျေးကွက်တွင် ရှေ့ဆောင် မိတ်ဆက် ပေးလျက်ရှိကာ သုံးစွဲသူများ၏ အနှစ်ခြိုက်ဆုံး အမှတ်တံဆိပ်အဖြစ် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။  
“တယ်လီနောရဲ့ စီမံခန့်ခွဲမှုအဖွဲ့ထဲမှာ အမ်မရပ်ရှ် ကူမာ ပါဝင်လာနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကမ္ဘာမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ အခက်ခဲဆုံး မိုဘိုင်းစျေးကွက်တွေထဲက တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို သူ့အနေနဲ့ တစ်ပါတည်း ယူဆောင်လာခဲ့ပါပြီ။ သုံးစွဲသူ အနှစ်ခြိုက်ဆုံးဆိုတဲ့ တယ်လီနောရဲ့ ဂုဏ်ပုဒ်ကို သူ့အနေနဲ့ ပိုမို ခိုင်မာ စေမယ်လို့လည်း ကျွန်တော့အနေနဲ့ ယုံကြည်ထားပါတယ်။ တယ်လီနော လုပ်ငန်းစုကို ပြောင်းရွှေ့တာဝန်ထမ်းမယ့် ဂျိုစလင်းမိုင်သွန်ကိုလည်း ဂုဏ်ပြုလိုပါတယ်။ ဒါ့အပြင် တယ်လီနောကို မြန်မာစျေးကွက်မှာ ဦးဆောင်ကုမ္ပဏီဖြစ်အောင် ထူးခြားပြီး စျေးကွက်မှာ တစ်ခါမှ မရှိဘူးသေးတဲ့ ဝန်ဆောင်မှု အသစ်များစွာကို ပေးအပ်ဖို့ စီမံဆောင်ရွက်ပေးခဲ့တဲ့အတွက် ဂျိုစလင်းကို ကျေးဇူးတင်ပါတယ်” ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။  

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor