တယ်လီနော၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ်အဖြစ် Hans Martin Hoegh Henrichsen အား ခန့်အပ်

15 January, 2018 - Yangon

တယ်လီနော မြန်မာသည် Mr. Hans Martin Hoegh Henrichsen အား ကုမ္ပဏီ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ်အဖြစ် ခန့်အပ်လိုက်ပါသည်။ ဟန်စ် မာတင်သည် ယခုရာထူးကို ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်ကာ တာ၀န်ထမ်းဆောင်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက်သို့ တယ်လီနောစတင် ၀င်ရောက် ခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက တာ၀န်ထမ်းဆောင်ခဲ့သော ဂူနာ ဘာတယ်လ်ဆန်၏ တာ၀န်များကို လွှဲပြောင်း ထမ်းဆောင် မည် ဖြစ်ပါသည်။

 

 

“တယ်လီနောရဲ့ စီမံခန့်ခွဲမှုအဖွဲ့ထဲမှာ ဟန်စ် မာတင် ပါ၀င်လာနိုင်တဲ့အတွက် ၀မ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မိုဘိုင်းကဏ္ဍ ၀န်ဆောင်မှုတွေမှာ ထူးခြားအောင်မြင်တဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကို မျက်မြင်ကြုံတွေ့ရပြီးလည်း ဖြစ်ပါတယ်။ မျှော်မှန်းချက် မြင့်မြင့်မားမားထားတဲ့ တယ်လီကွန်းကဏ္ဍ လမ်းပြမြေပုံ ချမှတ်တာ၊ စည်းကမ်းဥပဒေတွေ ခိုင်ခိုင်မာမာ ချမှတ် အသက်သွင်းတာနဲ့ ရင်းနှီးမြုပ်နှံလွယ်ပြီး ရေရှည်အတွက် မျှော်မှန်းထားတဲ့ မူဘောင်တွေ ချမှတ်တာ စတာတွေ လုပ် ဆောင်ပြီး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုအရှိန်အဟုန် ဆက်လက်တည်ရှိနေစေဖို့ရာ သေချာစေဖို့ တယ်လီနော အနေနဲ့ လုပ်ငန်းသဘောသဘာ၀ ပတ်သက်ဆက်နွယ်မှုရှိသူတွေနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။ တယ်လီနောရယ် ဆက်သွယ်ရေး၀န်ဆောင်မှု ကဏ္ဍတစ်ခုလုံးရယ်အနေနဲ့ မြန်မာ့လူမှုအသိုက်အ၀န်းအပေါ် အပြုသဘော ဆောင်တဲ့ ကောင်းကျိုးတွေ ဆက်လက်ရှိနေစေဖို့ရာ သေချာစေမယ့် အစီအမံတစ်ရပ်ကို ဦးဆောင်မောင်းနှင်နိုင်မယ့် အရည်အသွေးတွေ ဟန်စ် မာတင်မှာ ရှိတယ်လို့ ကျွန်တော်တို့ ယုံံကြည်ထားပါတယ်” ဟု တယ်လီနော မြန်မာ၏ အမှု ဆောင် အရာရှိချုပ်ဖြစ်သူ Lars Erik Tellmann က ပြောကြားသည်။

ဟန်စ်မာတင်သည် မြန်မာနိုင်ငံနှင့် ရင်းနှီးပြီးသူတစ်ဦးဖြစ်ပြီး တယ်လီနော လုပ်ငန်းစု လုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှုဌာန၏ ဒုတိယ ဥက္ကဌရာထူးတာ၀န်ထမ်းဆောင်နေချိန်ကာလတွင် မြန်မာနိုင်ငံရှိ မိုဘိုင်းကဏ္ဍ အခွင့်အလမ်းများကို ကနဦး စူးစမ်း ဖော် ထုတ်ခဲ့သည့် တယ်လီနော၀န်ထမ်းများထဲမှ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး၀န်ဆောင်မှု လိုင်စင် အောင် အောင်မြင်မြင်ရရှိရေး ဆောင်ရွက်မှုအတွက် အခရာကျသူတစ်ဦး ဖြစ်ပါသည်။ ထို့ပြင် တယ်လီနောမြန်မာ၏ ကနဦး လုပ်ငန်း စတင်သည့်ကာလတွင် ကုမ္ပဏီ၏ ရေရှည်တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှု လုပ်ငန်းများကို အစပျိုး နိုင်ရန်အတွက် ဟန်စ်မာတင်သည် တယ်လီနော မြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာကဏ္ဍ ဆိုင်ရာ စီနီယာ ဒုတိယ ဥက္ကဌ ရာထူးကို ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါသည်။

“လူတိုင်းအတွက် နှုန်းထားချိုသာတဲ့ ၀န်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ဆိုတဲ့ တယ်လီနောရဲ့ ရည်မှန်းချက် အကောင် အထည် ဖော်မှုကို အထောက်အကူပြုစေဖို့ မြန်မာနိုင်ငံကို ပြန်လာပြီး ထူးချွန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ကျွန်တော် စိတ်အားထက်သန်နေပါပြီ။ ရေရှည်တည်တံ့တဲ့ လုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာကဏ္ဍနဲ့ တာ၀န်သိ စီးပွားရေးဆိုင်ရာ အလေ့အထတွေ ဖော်ဆောင်ရာမှာ တယ်လီနောရဲ့ ဦးဆောင်ကဏ္ဍကို သိရှိကြစေဖို့နဲ့ ဆက်သွယ် ရေး၀န်ဆောင်မှု ကဏ္ဍရဲ့ ကောင်းကျိုးသက်ရောက်မှုတွေ ဆက်လည်တည်ရှိမှုတွေ သေချာနေစေရေးအတွက် လုပ်ငန်း သဘောသဘာ၀ ပတ်သက်ဆက်နွယ်မှုရှိသူတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေကို ဆက်လက် ဆောင် ရွက်သွားဖို့ တယ်လီနောအနေနဲ့ ရည်မှန်းထားပါတယ်” ဟု ဟန်စ်မာတင် ကပြောကြားသည်။

ဟန်စ်မာတင်သည် တယ်လီနောတွင် ၂၀၀၀ ခုနှစ်မှ စတင် တာ၀န်ထမ်းဆောင်ခဲ့ပြီး တယ်လီနော လုပ်ငန်းစုအတွင်းတွင် နိုင်ငံတကာအဆင့်ရာထူးအမျိုးမျိုး တာ၀န်ယူထမ်းဆောင်ခဲ့သော အတွေ့အကြုံရှိသူတစ်ဦး ဖြစ်သည်။ သူသည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် တယ်လီနော၏ Chief Representative Officer အဖြစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ပဏီကြီး ဖြစ်သော ဂရာမင်းဖုန်း၏ ဒါရိုက်တာဘုတ်အဖွဲ့၀င်အဖြစ် တာ၀န် ထမ်းဆောင် လျက် ရှိသည်။ တယ်လီနောတွင် မလုပ်ကိုင်မီ ဟန်စ်မာတင်သည် နေော်၀ဖွံ့ဖျြိးရေး အေဂျင်စီ၏ စီနီယာ အတိုင်ပင်ခံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အရာရှိ အဖြစ်လည်း တာ၀န်ထမ်းဆောင်ခဲ့သည်။ ဂူနာ ဘာတယ်လ်ဆန်သည် တယ်လီနော လုပ်ငန်းစု၏ အာရှဆိုင်ရာ ဒေသရုံးတွင် ရာထူးတာ၀န် အသစ်များကို ဇွန်လ ၁ ရက်နေ့မှစတင်ကာ ထမ်းဆောင်သွားမည် ဖြစ်သည်။

“တယ်လီနောမြန်မာအတွက် သူ့ရဲ့ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ဂူနာ ဘာတယ်လ်ဆန်ကို ကျေးဇူးတင်မိ ပါတယ်။ ဂူနာ ဟာကုမ္ပဏီရဲ့ ကော်ပိုရိတ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေကို ပုံဖော်ရာမှာနဲ့ ဆက်သွယ်ရေး၀န်ဆောင်မှု လုပ်ငန်းကဏ္ဍမှာ စံချိန်စံညွှန်းတွေ ပေါ်ထွန်းစေဖို့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါ၀င်ခဲ့သလို ကောင်းကျိုးတွေ ဖြစ်ပေါ် စေပြီး တာ၀န်သိတဲ့ ဆက်သွယ်ရေး၀န်ဆောင်မှု လုပ်ငန်းကဏ္ဍ ဖြစ်တည်စေရာမှာလည်း အဓိကနေရာက ပါ၀င်ခဲ့သူတစ်ဦး ဖြစ်ပါတယ်” ဟု အမှုဆောင် အရာရှိချုပ်က ပြောကြားသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း: nyinyi.aung@telenor.com.mm

Yangon
My Telenor