Press Release

တယ်လီနော၏ဆဋ္ဌမအကြိမ်မြောက်ရေရှည်တည်တံ့သောစီးပွားရေးဆောင်ရွက်ချက် များ ဆိုင်ရာ ရှင်းလင်းပွဲကျင်းပ

22 March, 2019 - Yangon

  • တာဝန်သိ စီးပွားရေး လုပ်ဆောင်ချက်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ ရေရှည် မျှော်မှန်းဆောင်ရွက်လျက် ရှိသည့် လက်ရှိလုပ်ဆောင်ချက်များအား တင်ပြခဲ့
  • မိုဘိုင်းကွန်ရက်ချိတ်ဆက်မှု၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆက်သွယ်ရေးကဏ္ဍ၏ ဂေဟစနစ် ပိုမိုအားကောင်းလာစေရန် ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့

တယ်လီနောမြန်မာ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းရေရှည် တည်တံ့စေရေး ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သော ဆွေးနွေးရှင်းလင်းပွဲအား ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တယ်လီနောမြန်မာမှ လက်ရှိ ဆောင်ရွက်နေသည့် အစီအစဉ်များ၊ အသစ်ထပ်မံ လုပ်ဆောင်နေသည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြခဲ့သည်။အခမ်းအနားတွင်ဒစ်ဂျစ်တယ်လူမှုအသိုင်းအဝန်းသို့ရည်မှန်းဦးတည်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအတွင်းရှိ အဓိကကျသော နယ်ပယ်ကဏ္ဍများအတွင်း ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများအား တယ်လီနောမှ တာဝန်သိစွာ ဆောင်ရွက်သွားမည့်အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ တယ်လီနောမြန်မာမှ အဓိကလုပ်ဆောင်နေသည့် နယ်ပယ်ကဏ္ဍများတွင် မိုဘိုင်းကွန်ရက်ချိတ်ဆက်မှု၊ ပြည်တွင်း စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှု၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့သည့် လုပ်ငန်းစဉ် (Supply Chain) တစ်လျှောက် မှန်ကန်စွာ ဆောင်ရွက်မှု၊ ဘေးကင်းလုံခြုံမှု ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု၊ တိုင်းရင်းသားဒေသများအတွင်း လုပ်ငန်းလုပ်ဆောင်မှု၊ အမုန်းစကား ဖြန့်ဖြူးမှု တိုက်ဖျက်ရေးနှင့် လူ့အသိုင်းအဝန်း ပိုမိုအဆင့်မြင့်မားလာစေရန် လုပ်ဆောင်မှုများ အစရှိသည်တို့ ပါဝင်သည်။

ထို့အပြင် တယ်လီနောမြန်မာသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် ၁၀ ဖြစ်သည့် မညီမျှမှုများအား လျှော့ချရေး ဆိုသည့်ရည်မှန်းချက် ပြည့်မှီရန် အတွက် ရည်သန်လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာတဝန်းမှ ငယ်ရွယ်ထက်မြက်သော လူငယ်များအား စုစည်း၍ ကမ္ဘာတဝန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေသည့် တယ်လီနောလူငယ်ဖိုရမ်သည် မညီမျှမှုများအား လျှော့ချရေး အတွက် တယ်လီနော၏ ရည်သန်လုပ်ဆောင်မှု သာဓကတစ်ခုဖြစ်သည်။ အလားတူပင် တယ်လီနောသည် မကြာသေးမီကလည်း ကလေးငယ်များအကြား အခွင့်အလမ်းမညီမျှမှုများ လျှော့ချနိုင်ရန် ရည်ရွယ်၍ ယူနီဆက်နှင့် နောက်ထပ် ၃ နှစ်တာ ဆက်လက် လုပ်ဆောင်သွားရန် သဘောတူညီမှု ရရှိခဲ့သည်။

တယ်လီနောအနေနဲ့ စျေးကွက်အားလုံးမှာ လုပ်ငန်းတွေကို တာဝန်သိစွာ လုပ်ကိုင်ဆောင်ရွက်ဖို့ အမြဲတမ်း အလေးထား လုပ်ဆောင်နေပါတယ်။ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှု တွေ ဖော်ဆောင်နိုင်ဖို့အတွက် စနစ်တကျ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် တယ်လီနောမြန်မာအနေနဲ့ အတူလက်တွဲဆောင်ရွက်နေတဲ့ မိတ်ဖက် ကုမ္ပဏီတွေရဲ့ စံနှုန်းကိုလည်း အမြဲတမ်းကူညီ မြင့်တင်ပေးနေပါတယ်။ ယနေ့မှာဆိုရင် မြန်မာနိုင်ငံဟာ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ စျေးကွက်လို့ ပြောလို့မရတော့ပါဘူး။ ဒါပေမဲ့ စျေးကွက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို သင့်တော်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နည်းဥပဒေတွေနဲ့ စီမံခန့်ခွဲပေးဖို့ လိုအပ်ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ တာဝန်သိစွာ လုပ်ငန်းလုပ်ကိုင်မှု ဆိုတာတွေဟာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှာ တစ်ခုတည်းသော မှန်ကန်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် ကျွန်တော်တို့ အားလုံး အနေနဲ့ မြန်မာနိုင်ငံတဝန်းမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါတယ်။ ကျွန်တော်တို့ တယ်လီနောအနေနဲ့ ရေရှည်တည်တံတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ တစ်နှစ်ပြီး တစ်နှစ် ပိုမိုတိုးတက်လာနေတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးအခွင့်အလမ်းများ၊ ရေရှည် တည်တံ့သည့် လုပ်ငန်းများအား ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အဓိက ပြဿနာများ အစရှိသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ငန်းဆောင်ရွက်သွားမည် ဟူသည့် ကုမ္ပဏီ၏ ရည်သန်ချက်နှင့်အညီ ဤ ရေရှည်တည်တံ့သော စီးပွားရေးဆောင်ရွက်ချက်များဆိုင်ရာ ရှင်းလင်းပွဲအား တယ်လီနောမြန်မာမှ နှစ်စဉ် ကျင်းပလုပ်ဆောင်ခြင်း ဖြစ်သည်။

ယနေ့ရှင်းလင်းတင်ပြမှုများနှင့် သက်ဆိုင်သော ဗီဒီယို၊ ရုပ်သံနှင့် အခြားအချက်အလက်များအား တယ်လီနော မြန်မာ၏ တရားဝင် ဝက်ဘ်ဆိုက်ဒ်များတွင် မကြာမီ ရယူကြည့်ရှုနိုင်မည် ဖြစ်သည်။

ရှင်းလင်းပွဲအတွင်း အဓိကပြောကြားသွားသော အချက်အလက်တစ်ချို့

ဆက်သွယ်ချိတ်ဆက်မှု

  • တယ်လီနောမြန်မာ၏ ကွန်ရက်သည် လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ရရှိနေပြီ ဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ ၉၂% ကျော်အား လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတဝန်း၌ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်၊ အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်မှတဆင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော 2G/3G/4G ကွန်ရက်အား ပိုင်ဆိုင်ထားသည်။
  • ၂၀၁၈ ခုနှစ်သည် 4G ဝန်ဆောင်မှုများအား အပြိုင်အဆိုင် ပေးအပ်ခဲ့ကြသည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ တယ်လီနော၏ 4GSuperLTE+ သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ မြို့နယ်အားလုံး၏ ၉၀ % ကျော် (၃၀၆ မြို့နယ်) အား လွှမ်းခြုံထားပြီး ၎င်း၏ ဆုတံဆိပ်များစွာ ရရှိထားသော မြန်နှုန်းမြင့် 4G ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည်။
  • ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် တယ်လီနောသည် Ericsson နှင့် ပူးပေါင်း၍ အင်တာနက်မြန်နှုန်း စမ်းသပ်မှု တစ်ရပ်အား လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံး မြန်နှုန်းစံချိန်သစ် ဖြစ်သည့် တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့သည်။ ထိုသို့ ရရှိခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် 5G နည်းပညာ အသုံးပြုနိုင်ရေး ရည်ရွယ် လုပ်ဆောင်နေသည့် တယ်လီနော၏ ရည်သန်ချက်အား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှု

  • တယ်လီနောသည် ကွန်ရက်တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး မှီတင်းနေထိုင်သော လူ့အသိုင်းအဝန်းအတွက် ကြီးမားသော အကျိုးကျေးဇူးများအား ပေးအပ်နိုင်ခဲ့သည်။
  • တယ်လီနောမြန်မာသည် ၂၀၁၇/၁၈ အခွန်စည်းကြပ်နှစ်အတွင်း အခွန်ပမာဏ အများဆုံးပေးဆောင်ခဲ့သူအဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တရားဝင် ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရသည်။
  • တယ်လီနောအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်သည့်အချိန်မှစ၍ ယခု အခွန်စည်းကြပ်နှစ်အထိ ဝင်ငွေခွန်အဖြစ် ကျပ်ငွေ ၂၄၁ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်ငွေ ၈၁ ဘီလျံကျော် အသီးသီး ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ယင်းကာလအတွင်း အခွန်အရပ်ရပ်အတွက် ကျပ်ငွေ ၄၄၁ ဘီလျံကျော်အား နိုင်ငံတော် အစိုးရထံ အခွန်ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။Frontier Economics မှ ပြုစုခဲ့သည့် စီးပွားရေးဆိုင်ရာ အစီရင်ခံစာတစ်ရပ်အရ မြန်မာတစ်နိုင်ငံလုံး၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) စုစုပေါင်း၏ ၁.၂ ရာခိုင်နှုန်းခန့်အား ဆက်သွယ်ရေးကဏ္ဍမှ ရရှိခဲ့ပြီး အဆိုပါ ပမာဏ၏ ထက်ဝက်ခန့်အား တယ်လီနောမြန်မာထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံအတွက် တယ်လီနောနှင့် ဆက်သွယ်ရေးကဏ္ဍတစ်ခုလုံးမှ အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုများအား သိသိသာသာ ဖြစ်ထွန်းစေခဲ့သည် ဟု ဖော်ပြထားပြီး ဝန်ဆောင်မှုများ ရောင်းချခြင်း၊ တိုက်ရိုက်နှင့်သွယ်ဝိုက် အလုပ်အကိုင် အခွင့်အလမ်းများစွာအား ပေးအပ်ခြင်း၊ စီးပွားရေးကဏ္ဍ တစ်ခုလုံး၏ ကုန်ထုတ်လုပ်မှု စွမ်းအား တိုးမြှင့်ပေးခြင်းနှင့် နိုင်ငံအတွက် အကြီးမားဆုံးသော အခွန်ပေးဆောင်သူများအဖြစ် အစိုးရအတွက် ဝင်ငွေများစွာအား ကူညီရှာဖွေပေးခြင်း အစရှိသည့် ကူညီထောက်ပံ့မှုများစွာကို ဆက်သွယ်ရေးကဏ္ဍမှ လုပ်ဆောင်ပေးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
  • ၂၀၁၆ ခုနှစ်တွင် တယ်လီနောသည် ရိုးမဘဏ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ နံပါတ် ၁ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုကုမ္ပဏီ ဖြစ်သည့် Wave Money ကို စတင်တည်ထောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်းတွင် Wave Money အသုံးပြုသူများသည် စုစုပေါင်း ငွေကြေးလွှဲပြောင်းမှု တန်ဖိုး ကျပ်ငွေ ၂ ထရီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ပမာဏအား လွှဲပြောင်းပေးခဲ့ပြီး အဆိုပါ ပမာဏသည် မြန်မာနိုင်ငံ အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း၏ ၂% ခန့် ဖြစ်သည်။
  • တယ်လီနော၏ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များ ဖြစ်သည့် အကြီးမားဆုံးသော ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ အစီအစဉ်များမှ တဆင့် မြန်မာနိုင်ငံတဝန်းရှိ ပြည်သူပေါင်း ၁ သန်းနီးပါးအား အကျိုးရှိစေခဲ့သည်။
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet
  • telenor_myanmar_safe_internet

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့သည့် လုပ်ငန်းစဉ် (Supply Chain) တစ်လျှောက် မှန်ကန်စွာ ဆောင်ရွက်မှု

  • ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တယ်လီနောသည် စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုရှိကြောင်း သေချာစေရန် ကွင်းဆင့်လေ့လာမှု အကြိမ်အရေအတွက်ပေါင်း ၁၄,၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး ယင်းတို့အနက် ၉၉% မှာ ရှောင်တခင် စစ်ဆေးခြင်း ဖြစ်သည်။
  • ထို့အပြင် တယ်လီနောက တာဝန်ပေးအပ်ထားသော ကုမ္ပဏီများသည်လည်း အလားတူ စစ်ဆေးခြင်းများကို စံချိန်စံညွှန်းကိုက်ညီစေရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကုမ္ပဏီများသည် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ စစ်ဆေးမှုပေါင်း ၁၈,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့သည့် လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် စုစုပေါင်း စစ်ဆေးမှုပေါင်း ၃,၂၀၀၀ ကျော်အား ပြုလုပ်ပြီး ဖြစ်သည်။
  • ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ၂ နှစ်လုံးတွင် တယ်လီနောမြန်မာ၏ လုပ်ငန်းခွင်အတွင်း ကြီးမားသော အန္တရာယ်ရှိသည့် ရှာဖွေတေ့ရှိမှုမျိုး တွေ့ရှိခဲ့ခြင်း မရှိပေ။
  • လုပ်ငန်းခွင်များအား ရှာဖွေစစ်ဆေးရာတွင်လည်း ၂၀၁၈ ခုနှစ်အတွင်းတွင် သက်ငယ်လုပ်သားနှင့် ကလေးလုပ်သားများ လုပ်ကိုင်မှုအား တွေ့ရှိခဲ့ရခြင်း မရှိတော့ပေ။

ဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု

  • ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် တယ်လီနောမြန်မာသည် ခရီးလမ်းသွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် တိကျခိုင်မာသော အစီအစဉ်တစ်ရပ်အား မြန်မာနိုင်ငံတဝန်းတွင် စတင်ဆောင်ရွက်ခဲ့ပြီး တယ်လီနော၏ ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက် အားလုံး အနေဖြင့် အသက်ကယ်ဦးထုပ် ဆောင်းရန်၊ အသက်ကယ်အင်္ကျီဝတ်ဆင်ရန်၊ အသက်ကယ် ခါးပတ်ပတ်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လမ်းညွှန်ချက်များအား လိုက်နာရန် ကတိပြု လက်မှတ်ရေးထိုးခဲ့သည်။
  • ဤ Zero Tolerance policy မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား မလိုက်နာပါက တယ်လီနောမှ အရေးယူဆောင်ရွက် သွားမည် ဖြစ်ပြီး ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက် များ ဘေးအန္တရာယ်ကင်းရှင်းစေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။
  • လက်ရှိအချိန်ထိ တယ်လီနောသည် လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းပေါင်း ၃၀၀ နီးပါးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက်ပေါင်း ၂,၀၀၀ ကျော်အား ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပညာပေး အစီအစဉ်များအား အသိပေးနိုင်ခဲ့သည်။

သက်ဆိုင်ရာ အာဏာပိုင်များ၏ အချက်အလက်တောင်းခံချက်

  • လက်ရှိအချိန်ထိ ဆက်သွယ်ပြောဆိုခဲ့သော အချက်အလက်များကို တယ်လီနောထံမှ တရားဝင် တောင်းခံမှု ၁၈၈ ကြိမ်ရှိခဲ့ပြီး စိစစ်ချက်များအရ သတ်မှတ်စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိသော ၈၈ ကြိမ် အတွက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တဆင့် ထုတ်ပြန်ပေးခဲ့ပါသည်။
  • လုပ်ငန်းစတင်လုပ်ဆောင်ချိန်မှ စ၍ ကွန်ရက်ကိုဖြတ်တောက်ရန်၊ ဆင်ဆာပြုလုပ်ရန်နှင့် အချက်အလက် ပိတ်ဆို့ရန် တို့အတွက် တယ်လီနောအား တောင်းဆိုမှု လုံးဝမရှိသေးပါ။
  • တယ်လီနောနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် Cyber Law တစ်ခု အကောင်အထည် ပေါ်ပေါက်လာစေရေးအတွက် အစိုးရအား ကူညီထောက်ပံ့မှုများစွာ လုပ်ဆောင်နေပြီး ကဏ္ဍပေါင်းစုံ ပါဝင်သည့် စကားဝိုင်းဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့ပြီး အကြံပြုချက်များကိုလည်း ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် တယ်လီနောလုပ်ငန်းစု၊ တယ်လီနောမြန်မာ၊ Amazon Web Services နှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business) တို့ ပူးပေါင်း၍ နေပြည်တော်တွင် အလုပ်ရုံဆွေးနွေးပွဲ တစ်ခု ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် တယ်လီနောသည် Cyber Law တစ်ခု ပေါ်ပေါက်လာရန် လိုအပ်သည့်အကြောင်း၊ အချက်အလက်များ ဘေးကင်းလုံခြုံမှုနှင့် နယ်စပ်ဖြတ်ကျော် အချက်အလက် သယ်ယူပို့ဆောင်ရေး အစရှိသည့် ကိစ္စရပ်များ၏ အရေးပါမှု အစရှိသည်တို့ကို ဝင်ရောက်ဆွေးနွေးခဲ့သည်။

တိုင်းရင်းသားဒေသများတွင် လုပ်ငန်းလုပ်ဆောင်မှု

  • တယ်လီနောသည် လက်ရှိတွင် မြန်မာနိုင်ငံတဝန်းရှိ လူဦးရေ စုစုပေါင်း၏ ၉၂ % ကျော်အားဝန်ဆောင်မှုများ ပေးအပ်နေပြီး ထိုသို့ပေးအပ်ရာတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် အစရှိသည့် ဆယ်စုနှစ်များစွာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသများမှ ကျေးလက်ဒေသများလည်း ပါဝင်သည်။
  • ဒေသတွင်း ကွန်ရက် ချိတ်ဆက်မှု၏ အကျိုးကျေးဇူးများကို ရှင်းပြရန်နှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် အခွင့်အလမ်းများရှာဖွေနိုင်ရန် တယ်လီနော၏ ဒေသဆိုင်ရာ လူမှုဆက်ဆံရေး ဝန်ထမ်းများ၏ အကူအညီဖြင့် တယ်လီနောမြန်မာသည် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။

အမုန်းစကားဖြန့်ဖြူးမှု တိုက်ဖျက်ရေး

  • ကျောင်းစာသင်ရိုးညွှန်းတမ်းတွင် အမုန်းစကား တိုက်ဖျက်မှုဆိုင်ရာ အကြောင်းအရာကို ထည့်သွင်းသင်ကြားသင်သည် ဆိုသော ကမ္ဘာ့ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အကြံပြုချက်ကို တယ်လီနောမြန်မာအနေဖြင့် အားပေးထောက်ခံပါသည်။ ထို့ကြောင့် အွန်လိုင်း လုံခြုံရေးအတွက် တယ်လီနောမှ ရိုက်ကူးထားသည့် ပညာပေး ဗီဒီယိုကို ကျောင်းနေအရွယ် ကလေးများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ပြသခဲ့သည်။ ထို ဗီဒီယိုတွင် အမုန်းစကားဖြန့်ဖြူးခြင်း၊ အွန်လိုင်းတွင် အနိုင်ကျင့်ခြင်း၊ ကလေးငယ်များကို ဖျားယောင်းသိမ်းသွင်းခြင်းနှင့် အခြားအကြောင်းအရာများ ပါဝင်ပြီး စာသင်ခန်းတွင်သို့မဟုတ် အွန်လိုင်းတွင် လေ့လာနိုင်ရန် ဆောင်ရွက်ခဲ့သည်။
  • ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ၂၀၁၆ ခုနှစ်မှ စ၍ တယ်လီနော ဝန်ထမ်းများနှင့် လူမှုအကျိုးပြု မိတ်ဖွဲ့ လုပ်ငန်းများသည် ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ ၂ သိန်း ၆သောင်းခန့်ကို ဤဗီဒီယိုဖြင့် လေ့လာသင်ကြားမှုများပြုလုပ်ပေးခဲ့သည်။

လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ပေးခြင်း

  • တယ်လီနောအနေဖြင့် ၎င်း၏ ဝန်ထမ်းအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ ကြိုးစားအားထုတ်မှုမြင့်မားသော ဝန်ထမ်းများကို လန်ဒန် စီးပွားရေးတက္ကသိုလ်ကဲ့သို့သော ထိပ်တန်းကျောင်းများတွင် Executive Development Programmes များကို တက်ရောက်စေခဲ့ပြီး ၂၀၁၈ ခုနှစ် တစ်နှစ်တည်းတွင်ပင် ဝန်ထမ်း ၁၁၇ ယောက်ကို စေလွှတ်နိုင်ခဲ့သည်။
  • တယ်လီနောမြန်မာသည် လူသားအားလုံးကို ခွဲခြားခြင်းမရှိဘဲ လက်ခံသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အမျိုးသမီးများကို စွမ်းရည်မြှင့်တင်ပေးသည့် ကုမ္ပဏီလည်း ဖြစ်သည်။ ဝန်ထမ်းစုစုပေါင်း၏ ၄၀% သည် အမျိုးသမီးများဖြစ်ပြီး ၃၀% မှာ ခေါင်းဆောင်ပိုင်းနေရာတွင် တာဝန်ယူထားသူများဖြစ်သည်။
  • ၂၀၁၈ ခုနှစ်တွင် တယ်လီနောလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ်မှ ဝန်ထမ်းများအားလုံးကို စိန်ခေါ်မှု တစ်ရပ်ပေးအပ်ခဲ့သည်။ ထိုစိန်ခေါ်မှုမှာ ယခုမိမိလုပ်နေသည့် အလုပ်နှင့် မပတ်သက်သည့် အခြားအကြောင်းအရာများကို အွန်လိုင်းတွင် လေ့လာရန် အလုပ်ချိန်တွင်းရှိ အချိန်နာရီ ၄၀ အသုံးပြုရမည် ဟူသော စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ ၂၀၁၈ ခုနှစ် အကုန်တွင် တယ်လီနောဝန်ထမ်းများသည် လေ့လာသင်ယူချိန် ပျမ်းမျှ ၄၅ နာရီဖြင့် နာရီပေါင်း ၃၇,၀၀၀ ကို ၎င်းတို့၏ ရေရှည် လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ခဲ့သည်။

တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share