Article

တယ်လီနော။ ။ ကိုဗစ်-၁၉ အလွန် ဖြစ်တည်လာနိုင်သည့် အကြောင်းအရာငါးခု

10 July, 2020 - Yangon

  • ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအလွန်တွင် ဖြစ်လာနိုင်မည့် အကြောင်းအရာငါးခုကို တယ်လီနော မှန်းဆ
  • ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံဒေသအနှံ့နှင့် ကဏ္ဍမျိုးစုံတွင် ဒစ်ဂျစ် တယ်ဖြင့် လုပ်ဆောင်မှုများ ပိုမိုတိုးမြှင့်လာမည်ဖြစ်
  • စီးပွားရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် လူ့ဘောင်အဖွဲ့အစည်းများ အချင်းချင်း ဆက်လက် လည်ပတ် ချိတ်ဆက်နေရန် ဆက်သွယ်ရေးကဏ္ဍရှိ အခြေခံအဆောက်အဦများသည် အလွန်အရေးပါ သော ကဏ္ဍတစ်ခုအဖြစ် ရပ်တည်လျက်ရှိ

မည်သည့်အခြေအနေ အကြောင်းအရာမျိုးနှင့်မတူသည့် ကိုဗစ်-၁၉  ကပ်ရောဂါသည် ကမ္ဘာ့လူမှုရေးနှင့် စီးပွားရေးများကို  အရှိန်အဟုန်ဖြင့်ပြောင်းလဲစေပြီး ထိုပြောင်းလဲမှုများကို လက်ခံနိုင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်စေနိုင်မည်ဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို တွက်ချက်ပြီး ဇွန်လတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှ ကူးစက်ရောဂါဆိုင်ရာ လူမှုစည်းကမ်းများ ကန့်သတ်မှုကို တဖြည်းဖြည်း ဖြေလျှော့လုပ်ဆောင်လျက်ရှိသည်။ သို့သော် ယခင်မူလအခြေအနေသို့ ပြန်လည် ရောက်ရှိရန် ဖြစ်နိုင်ခြေမရှိကြောင်း တယ်လီနောသုတေသနဌာနမှ လေ့လာတွေ့ရှိထားပါသည်။

Prediction

အွန်လိုင်းမှတစ်ဆင့် မီဒီယာများနှင့်တွေ့ဆုံရာတွင် တယ်လီနော မြန်မာအမှုဆောင်အရာရှိချုပ် Jon Omund Revhaug သည် "ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်-၁၉ ဟာ ကျွန်တော်တို့ လူ့သမိုင်းမှာ  ခြေရာတစ်ခု အဖြစ် စွဲကျန်စေခဲ့မှာဖြစ်ပြီးတော့ အရေးကြီးတဲ့ ဘဝသင်ခန်းစာအများအပြားကိုလည်း  ဆောင်ကျဉ်းလာပါ တယ်။ ဒစ်ဂျစ်တယ်ဆက်သွယ်ချိတ်ဆက်ခြင်းဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ရှိနေခဲ့တယ်ဆိုတာကို မကြာသေးမီလများက သက်သေထူခဲ့ပြီးဖြစ်သလို ယခုရောဂါပြန့်ပွားခြင်းကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်နဲ့ လူမှုအသိုင်းအဝိုင်းကဏ္ဍအားလုံးမှာ ဒစ်ဂျစ်တယ်အပြောင်းအလဲဟာ အရှိန်အဟုန်နဲ့ ဖြစ်တည်လာ တယ်ဆိုတာကို  ငြင်းချက်ထုတ်လို့မရပါဘူး။ ဒီဒစ်ဂျစ်တယ်အပြောင်းအလဲမှာ တယ်လီနောအနေနဲ့ သုံးစွဲသူများနဲ့ လူမှုအသိုင်းအဝိုင်းအလုံးအတွက် ကူညီပံ့ပိုးပေးသွားမှာပါ။ ပြီးတော့ ဒီအရွေ့ကို အမီလိုက်နိုင်ဖို့ ကိုယ်တိုင်နား လည်အောင်ကြိုးပမ်းရင်း၊ အပြောင်းအလဲမှာ အံဝင်ခွင်ကျဖြစ်ဖို့ လုပ်ဆောင်သွားမှာပါ။ မြန်မာ့ဒစ်ဂျစ်တယ် အရွေ့ဟာ အလျင်အမြန်နဲ့သွားနေတာ အသစ်အဆန်းမဟုတ်ပေမယ့် ယခုလက်ရှိမှာတော့ သိသိသာသာနဲ့ အလျင် အမြန်ရွေ့နေတာကို တွေ့မြင်နေရပါတယ်။" ဟု ပြောကြားခဲ့ပါသည်။

“မရှိမဖြစ်အခရာလိုအပ်ချက်ဟာ ဆန်းသစ်တီထွင်မှုတို့ရဲ့ ထိပ်ဆုံးကဖြစ်တယ်ဆိုတာကို ဒီကပ်ရောဂါက ပြသနေ ပါတယ်။ ချိန်ခွင်လျှာညီမျှဖို့အတွက် ကျွန်တော်တို့ စီမံခန့်ခွဲနေတဲ့ မြို့တွေ၊ ကုမ္ပဏီတွေ၊ လူမှုအသိုင်းအဝိုင်းတွေ အပေါ် ပြန်လည်ဆန်းစစ်ဖို့နဲ့ အတွင်းကျကျ ပြောင်းလဲမှုတွေကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။” ဟု တယ်လီနောလုပ်ငန်းစု၏ သုတေသနဌာန၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Gorm Andreas Grønnevet မှ ပြောကြား ခဲ့ပါသည်။

ကိုဗစ်-၁၉ အလွန်ကာလတွင် အပြောင်းအလဲများနှင့်အတူ ဖြစ်တည်လာနိုင်သည့် အကြောင်းအရာငါးခုကို  တယ်လီနောအနေဖြင့် လက်တွေ့ကျကျ ရှုမြင်သုံးသပ်ခဲ့ပါသည်။

ခန့်မှန်းချက် ၁။ ။ မြို့ပြအခြေခံအဆောက်အဦအသစ်မှ လုပ်ငန်းဆောင်ရွက်ရန် နည်းလမ်းသစ်တစ်ခု ကို အထောက်အကူပြုလာမည်ဖြစ်

Prediction1

ကမ္ဘာ့ကူးစက်ကပ်ရောဂါသည် သမားရိုးကျ သတ်မှတ်ထားသည့် မူလရုံးတွင် အလုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းအများစုကို ၎င်းတို့၏ အိမ် များမှ အလုပ်လုပ်ကိုင်ကြရန် အကြောင်းဖန်လာစေသောကြောင့် ပုံမှန်ရုံးတက် ရမှုဖြစ်စဥ်သည် တကယ်တမ်း ကျွန်ုပ်တို့အတွက် မရှိမဖြစ် လိုအပ်နေသည့် အနေအထားမဟုတ်ကြောင်း ယခုလက်ရှိအခြေအနေက သိသာစေခဲ့ပါသည်။ လူပေါင်းများစွာသည် အိမ် သို့မဟုတ် အိမ်အနီးအနား (ဥပမာ - co-working space) ကဲ့သို့ ရုံးပြင်ပနေရာများမှ လုပ်ငန်းဆောင်တာများကို လုပ်ဆောင် နိုင်ဖို့ရန် လိုက်လျော ညီထွေဖြစ်လာရန် ကြိုးပမ်းလာပြီဖြစ်သည်။ အိမ် သို့မဟုတ် Co-working space တို့မှ အလုပ်လုပ်ကိုင်နေကြသည့် ဝန်ထမ်းအရေအတွက် တိုးတက်လာသည်နှင့်အညီ အစိုးရအဖွဲ့များ သည် လိုအပ်သည့် အခြေခံအရင်းအမြစ်များဖြစ်သည့် ဒစ်ဂျစ်တယ်နှင့် ဆက်သွယ်ရေး အခြေခံအ ဆောက်အဦတို့ကို စနစ်တကျ ပြန်လည်နေရာချထားခြင်းဖြင့် မြို့ပြစီမံခန့်ခွဲမှုပုံစံများကို ပြန်လည်သုံး သပ်ရန် စတင်လာတော့မည်ဖြစ်သည်။

ယခုလို လုပ်ကိုင်စေခြင်းသည် ဝန်ထမ်းများကို မြို့ပေါင်းများစွာကနေ လုပ်ငန်းတာဝန်များကို ပြီးမြောက် အောင် ဆောင်ရွက်စေနိုင်သလို မိမိတို့နေထိုင်ရာ အနီးတဝိုက်ဖြစ်သည့်အတွက် လိုအပ်သည့် သွားလာ ရေး အချိန်များကို လျှော့ချပေးလိုက်မည်ဖြစ်သည်။ သွားလာမှုနည်းလာလေ ယာဉ်ကြောပေါ်တွင် အချိန် ကုန်မှု နည်းလာလေဖြစ်လာသည့်အပြင် ယာဉ်အသွားအလာ နည်းပါးလာသည့်အတွက် ညစ်ညမ်းမှု နည်းပါးလာခြင်း၊ ပိုမိုသန့်ရှင်းလာသည့် လေထု၊ ပိုမိုကောင်းမွန်လာသည့် ပြည်သူ့ကျန်းမာရေးနှင့် လုပ်ငန်းဆောင်ရွက်နှုန်းနှင့်  စွမ်းဆောင်ရည်များ တိုးတက်ကောင်းမွန်လာခြင်းတို့ကိုပါ ရရှိလာမည်ဖြစ် သည်။ အချုပ်အားဖြင့်ဆိုရသော် ကူးစက်ကပ်အလွန် မြို့ပြများသည် ရုံးလုပ်ငန်းဆောင်တာများတစ်စု တစ်ဝေး၊ တစ်နေရာတည်းမှ ဆောင်ရွက်မှုလျော့နည်းလာမည့်အပြင် ရုံးပြင်ပမှ အလုပ်လုပ်ကိုင်မှု များ ပြားလာမည့်အတွက်  သဘာဝပတ်ဝန်းကျင်အတွက် အကျိုးဖြစ်ထွန်းစေပြီး လမ်းသွားလမ်းလာများ အတွက်လည်း သိသိသာသာ အဆင်ပြေလာစေမည်ဖြစ်သည်။

ခန့်မှန်းချက် ၂။ ။ ဝန်ထမ်းခန့်အပ်မှု + အသိညဏ်တု = လိုက်ဖက်ညီမှု

Prediction2

ကန့်သတ်ပိတ်ဆို့မှုများသည် ၎င်းတို့နှင့်အတူ စီးပွားရေးဆိုင်ရာ နောက်ဆက် တွဲအကျိုးသက်ရောက်မှုများကို တပါတည်း ယူဆောင်လာသည်။ သန်းပေါင်း များစွာသော အလုပ်နေရာများ ဆုံးရှုံးနေချိန်တွင် ကမ္ဘာ့ကူးစက်ကပ်ရောဂါမှ ဖန်တီးပေးလိုက်သည့် လိုအပ်ချက်အသစ်များကို ဖြည့်ဆည်းနိုင်ရန် အလုပ်နေ ရာအသစ်များ ကျယ်ပြန့်လာနိုင်မည့်အပြင် နိုင်ငံရပ်ခြားသို့ ပြောင်းရွေ့နေရာ ထိုင်ရာတွင်လည်း ကန့်သတ်မှုအသစ်များ ရှိလာနိုင်မည်ဟု တယ်လီနောအနေ နှင့် တွေ့မြင်ရပါသည်။ ရွေ့ပြောင်းလုပ်သားများနှင့် လုပ်သားအင်အား လိုအပ်ချက်အသစ်များ စသည်တို့နှင့် ပြည့်နှက်လာသည့် လုပ်ငန်းစျေးကွက်တွင်း သမားရိုးကျ ဝန်ထမ်း ခန့်အပ်မှု ပုံစံများသည် အချိန်ပိုမိုကြာမြင့်လာစေမည်ဖြစ်ပြီး ရှိရင်းစွဲ လုပ်ငန်းကျွမ်းကျင်မှုများကိုလည်း ထပ်မံမွမ်းမံရန် အင်မတန်လိုအပ်လာပြီ ဖြစ်သည်။ အသိညဏ်တု (AI) သည် ဝန်ထမ်းခန့်အပ်ရေးတွင် ပိုမိုကောင်းမွန်လာစေဖို့ရာ ပြောင်းလဲပေးနိုင်မည့် အဓိကသော့ချက် ဖြစ်လာနိုင်ပါသည်။

လုပ်ငန်းရှင်များနှင့် ‌အလုပ်လျောက်ထားသူများ၏ နောက်ခံကိုယ်ရေးရာဇဝင်များကို သိရှိထားသော ကြောင့်  မသင့်‌လျော်သော အလုပ်လျှောက်ထားသူများ၊ ရာထူးများကို အလိုအလျောက် ဖယ်ရှားပေးနိုင် မည့်အပြင် သင့်‌လျော်သည့် အလုပ်ရှင်နှင့် ဝန်ထမ်းကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။ အသိညဏ်တု စွမ်းရည် (AI) ဖြင့် ရှာဖွေခြင်း၏ မြန်ဆန်မှုနှင့် တိကျမှုသည် ဝန်ထမ်းနှင့် အလုပ်အကိုင်ရှာဖွေရာတွင် ကုန်ကျစရိတ်နှင့် အချိန်ကို လျှော့ချနိုင်သည်သာမက အလုပ်ရှင်နှင့် ဝန်ထမ်းအကြား တွဲဖက်ညီနိုင်‌ချေ များလာသည့်အတွက်  အလုပ်ထွက်မှုနှုန်းကိုလည်း လျော့ကျစေနိုင်မည်ဖြစ်သည်။

ခန့်မှန်းချက် ၃။          ။ကယ်ဆယ်ရေးလုပ်ငန်းများတွင် အရေးပါလာမည့် လူထု၏ သွားလာမှုပုံစံများ

Prediction3

အချက်အလက်များသည် ကူးစက်မှုနှုန်းမြန်ဆန်သော ကူးစက်ရောဂါများကို တိုက်ဖျက်ရာတွင် သိသိသာသာ အရေးပါလာမည်ဖြစ်သည်။ သို့သော် လတ် တလောတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရန် လူများ၏ ခရီးသွားလာ မှုရာဇဝင်ကို အသုံးချမှုများရှိလာရာ ကိုယ်‌ရေးကိုယ်တာအချက်အလက်များ ချိုးဖောက်ခံရခြင်းနှင့် ပတ်သက်ပြီး အရေးတကြီး အခြေအတင် ဆွေးနွေးစရာ များ ရှိလာခဲ့သည်။ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ပေးရန် တောင်းဆိုသံများ ကျယ်လောင်လာ သောကြောင့် အနာဂတ်တွင် အက်ပလီကေးရှင်းမှ တည်နေရာအချက်အလက် ရယူခြင်းအစား မိုဘိုင်း ဖုန်းများမှ ထုတ်လွှတ်သော အမည်မသိ ‌အချက်အလက်များရယူအသုံးပြုမှုနှုန်း ပိုမိုများပြားလာမည် ဖြစ်သည်။

ဟားဗတ်မှ ပြုစုထားသော ဆောင်းပါးအရ အများပြည်သူကျန်းမာရေးနှင့် သက်ဆိုင်သော အရေးပေါ် အခြေအနေများတွင် လူပုဂ္ဂိုလ်များ၏ အမည်နာမများ မပါဝင်ဘဲ သတင်းအချက်အလက်များ ‌မပေါက် ကြားစေရန် တာဝန်ခံချက်ဖြင့် တယ်လီကွန်း အချက်အလက်များကို အသုံးပြုနိုင်သည်ဟု ဆိုထားသည်။ တယ်လီနောအနေဖြင့်လည်း လတ်တလောတွင် နောဝေးနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှ ကျန်းမာရေးအာဏာ ပိုင်များနှင့် တွေ့ဆုံ၍ ကမ္ဘာတစ်ဝှန်းမှ ကပ်ရောဂါများကို မည်သို့ပုံဖော်၊ ခန့်မှန်း၊ တုံ့ပြန်ရမည်ကို ဆွေးနွေး၊ လေ့လာလျက်ရှိသည်။ တယ်လီနောမှ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တွင် ပြုလုပ်ခဲ့သော လေ့လာချက် များအရ ခရီးသွားရာဇဝင်အချက်အလက်များကို အသုံးပြုခြင်းသည် အစိုးရအဖွဲ့အစည်းများ၊ ကျန်းမာ ရေးအာဏာပိုင်များကို ရောဂါကာကွယ်ရေး အတိုင်းအတာများ ချမှတ်ရာတွင် ပိုမိုတိကျစေခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကိုလည်း ပိုမိုမြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင် စေခဲ့သည်။

ခရီးသွားရာဇဝင် အသုံးပြု၍ ခန့်မှန်းခြင်းကို အနာဂတ်တွင် ရောဂါခန့်မှန်းခြင်းအတွက်သာမက မြို့ပြပုံ ဖော် တည်ထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင်လေ့လာခြင်း၊ ခရီးသွားလုပ်ငန်းကဲ့သို့သော လုပ်ငန်းများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး လုပ်ငန်းများတွင်လည်း အသုံးပြုလာကြမည်ဖြစ်သည်။ ဖြစ်နိုင်ခြေများမှာ အကန့်အသတ် ပင်မရှိ‌‌ချေ။

ခန့်မှန်းချက် ၄။  ။ အစိုးရ၏ ဒစ်ဂျစ်တယ်နည်းပညာပိုမို အသုံးချလာမှု

Prediction4

ကိုဗစ်-၁၉ ကပ်ရောဂါသည် နည်းပညာ၏ အရေးပါမှုကို သိသာစေခဲ့ရုံသာမက ထိရောက်မှုရှိပြီး အားလုံးပါဝင်သော၊ တာဝန်ခံမှုရှိသော အစိုးရအဖွဲ့အစည်းတစ်ရပ် တွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို ထင်ရှားစေခဲ့သည်။ အစိုးရ အဖွဲ့အစည်းများသည် ကပ်ရောဂါကို တုံ့ပြန်ခြင်းအပြင် သတင်းအချက်အလက် ကာကွယ်ခြင်း၊ အားလုံးပါဝင်သော ဒစ်ဂျစ်တယ်ကဏ္ဍဖြစ်ပေါ်လာရေးနှင့် အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ခြင်းတို့ကို ဦးစားပေးရန် အတွက် ဒစ်ဂျစ်တယ်နည်းဗျူဟာများကို အပြောင်းအလဲ ပြုလုပ်ကာ မြှင့်တင်လာ ကြသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာကို မတ်လအတွင်း တွေ့ရှိခဲ့စဉ်က အကြီးတန်းအစိုးရအဖွဲ့ဝင် များသည် အခြေအနေမှန်အား လူထုကို တိုက်ရိုက်ဆက်သွယ်သတင်းပေးနိုင်ရန်အတွက် လူမှုကွန်ရက်ကို အသုံး ပြုခဲ့သည်။ ထို့အပြင် ဝန်ကြီးများ ကျန်းမာရေးအရာရှိများ၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် တိုင်ပင်၊ ညှိနှိုင်း ဆွေးနွေးနိုင်ရန် ဗီဒီယိုကွန်ဖရင့်အစည်းအဝေးစနစ်ကို အသုံးပြုခဲ့သည်။  နိုင်ငံတော်သတင်းစာ ရှင်းလင်းပွဲ များကိုလည်း ဗီဒီယိုကွန်ဖရန့်များမှတစ်ဆင့်  ပြုလုပ်ကျင်းပခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူမှ အွန်လိုင်းမှတစ်ဆင့် မီဒီယာများ သိလိုသည်များကို ဖြေကြားခဲ့သည်။

သို့သော်ငြားလည်း ကပ်ရောဂါသည် သတင်းတုများနှင့် လိမ်လည်မှုများကို ပျံ့နှံ့စေရန် လုံလောက်သော အခွင့်အ လမ်းများကိုလည်း ဖန်တီးပေးခဲ့သည်။ ယခုကဲ့သို့ ကပ်ရောဂါရင်ဆိုင်တိုက်ဖျက်နေရသည့်အချိန်မျိုးတွင် ဒစ်ဂျစ် တယ်တတ်သိနားလည်မှုနှင့် ကျွမ်းကျင်မှုသည် အများပြည်သူထံသို့ တိကျပြီး အသုံးဝင်သော သတင်း၊ အချက်အ လက်များကို ထောက်ပံ့ပေးခြင်းကဲ့သို့ပင် အရေးပါလာမည်ဖြစ်သည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းနှင့် ကပ်ရောဂါအပြီးအတွက် အဆုံးအဖြတ်ချမှတ်သူများအတွက် မူဝါဒရေးဆွဲရာ တွင် အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အများပြည်သူများ၏ ပါဝင်မှုသည် သိသာထင်ရှားမှုရှိကြောင်း သက်သေပြနိုင်ပါသည်။ ကနဦး အွန်လိုင်းတွေ့ဆုံ‌ဆွေးနွေးမှုများမှတစ် ဆင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ၊ နေ့စားလုပ်သားများ စသည့် ထိလွယ်၊ ခိုက်လွယ်သော လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်၊ တုံ့ပြန်ရာတွင် လူမှုစီးပွားရေး စိန်ခေါ်မှုများ ကို ကျော်လွှားရန်၊ လူမှုတည်ငြိမ်မှုကို တည်ငြိမ်စေရန်၊ တစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ခဲ့စေရန် ယခင် ထက် ပိုမိုအရေးပါလာပြီဖြစ်သည်။

ခန့်မှန်းချက် ။  ။ နေအိမ်မှတစ်ဆင့် ဝယ်ယူစားသုံးမှုများ ပိုမိုများပြားလာခြင်း

Prediction5

ကိုဗစ်-၁၉သည် အွန်လိုင်း စျေးဝယ်ယူမှု၊ လူမှုကွန်ယက် မီဒီယာအသုံးပြုမှု၊ ဗီဒီယို ကွန်ဖရင့်များဆောင်ရွက်မှုနှင့် အွန်လိုင်းဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုမှု စသည် တို့ကို သိသိသာသာ မြင့်တက်လာစေခဲ့သည်။ အစားအစာ၊ ဟင်းချက်ဖွယ်ရာ၊ ဆေးဝါးပစ္စည်းများနှင့် အထုပ်အပိုးများ စသည်တို့ကို သယ်ပို့ပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများသည် မြန်မာနိုင်ငံတွင်လည်း တိုးတက်ကျယ်ပြန့်လာသည့် အချို့သော လုပ်ငန်းအမျိုးအစားများ ဖြစ်လာသည်။

အဆိုပါ အခြေအနေသည် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်တွင် နေရာတစ်ခုအဖြစ် မပါဝင်နိုင်ခြင်းသည် အသေးစား လုပ်ငန်းများမှ ထုတ်လုပ်သူများ၊ ရောင်းချသူများနှင့် စားသုံးသူများကို ထိခိုက်လာနိုင်စေကြောင်း မီးမောင်း ထိုးပြလျက်ရှိသည်။ သမားရိုးကျ လည်ပတ်နေသည့် စျေးများ ပိတ်လိုက်ရသောအခါ တယ်လီကွန်းအော်ပရေတာ များ၏ ဝန်ဆောင်မှုများနှင့် Hardware ပိုင်းအပါအဝင် သုံးရအဆင်ပြေပြီး ထိရောက်သည့် အိုင်စီတီနည်းပညာ များက ပိုမိုတိုးတက်ကျယ်ပြန့်လာမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် ကွာဟချက်များကို ဖြည့်ဆည်းပေးပြီး  အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား အွန်လိုင်းပလက်ဖောင်းပေါ်မှတစ်ဆင့် ပံ့ပိုးကူညီပေးနိုင်ခြင်းအား ယခုလက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် ပိုမိုအသားပေး လုပ်ဆောင်ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan - CERP) သည် ကွာဟမှုများကို ချိတ်ဆက်ပေးနိုင်သည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ၊ e-commerce နှင့် social commerce စနစ်များကို အဓိကအသားပေး လုပ်ဆောင်သွားမည်ဖြစ်သည်။ ပိုမိုကျယ်ပြန့်လာမည့်၊ ရွေးချယ်စရာများပြား လှသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများနှင့် ထိတွေ့မှုမရှိသည့် သယ်ပို့မှုစနစ် (contactless delivery) အပြင် ထိတွေ့မှုမရှိသည့် ငွေပေးချေမှု စသည်တို့နှင့်အတူ ဒစ်ဂျစ်တယ် ငွေပေးချေမှု / ငွေသားအသုံးမပြုသည့် ငွေပေး ချေမှုများသည် လူအများက ပိုမို ရွေးချယ်လာမည့် ခေတ်ရေစီးကြောင်းသစ်တစ်ခုအဖြစ် အသွင်ဆောင်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း အားလုံးပါဝင်သည့် ငွေသားမဲ့ လူ့ဘောင်အဖွဲ့အစည်းအဖြစ် လျှောက်လှမ်း သွားမည်ဖြစ်သည့်အတွက် e-government အစီအစဉ်ထဲတွင် e-commerce အတွက် အလားအလာကောင်း များစွာရှိကြောင်း လေ့လာတွေ့ ရှိရပါသည်။

ဗွီဒီယိုကို ကြည့်ရန် : Telenor: Five trends beyond COVID-19

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ အသုံးပြုသူပေါင်း ၂၂ သန်းကျော် ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာအကြောင်း ပိုမို သိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက်တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့ အသိုက် အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ် ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှု ပေးလျက် ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share