Statement

တယ်လီနောအမှတ်တံဆိပ် (logo) အသုံးပြု၍ ထင်ယောင်ထင်မှား Facebook စာမျက်နှာအတုများနှင့် ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း။

11 September, 2020 - Yangon

တယ်လီနောကုန်အမှတ်တံဆိပ် (လိုဂို) ဖြင့် ထင်ယောင်ထင်မှားဖြစ်စေမည့် စီးပွားရေးဝန်ဆောင်မှုများ ပေးအပ် လျက်ရှိသည့် အမျိုးမျိုးသော Facebook စာမျက်နှာအတုများ ဖွင့်လှစ်၍ မသမာသောနည်းလမ်းဖြင့် စီးပွားရေး လုပ်ဆောင်လာသည်ကို တယ်လီနောမြန်မာအနေဖြင့် သတိပြုမိပါသည်။

၂၈ရက် ဇွန်လ၊ ၂၀၁၃ခုနှစ်၌တည်ထောင်ခဲ့သော တယ်လီနောမြန်မာ၏ တရားဝင် Facebook စာမျက်နှာတစ်ခုသာရှိပြီး၊ အဆိုပါစာမျက်နှာသည် ယခုအခါတွင် Facebook ၏ တရားဝင်အသိအမှတ် ပြုလက်မှတ် (အပြာရောင်အမှတ်အသား) ကို လည်း ရရှိထားပြီးဖြစ်ပါသည်။

အထက်ပါ တရားဝင်စာမျက်နှာမှအပ  အခြားမည်သည့် Facebook စာမျက်နှာမှမဆို တယ်လီနောမြန်မာအမည် အပြင် တရားဝင်ကုန်အမှတ်တံဆိပ် (လိုဂို) ကိုပါ အသုံးပြု၍ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အကြောင်း ဆက်သွယ်လာပါက အဆိုပါစာမျက်နှာသည် တရားဝင်မဟုတ်ကြောင်းနှင့် အတု၊အပသာဖြစ်ကြောင်း သုံးစွဲသူများနှင့် မိတ်ဖက်ပါတနာများထံ အသိပေးအကြောင်းကြားလိုပါသည်။

အဆိုပါ အတုအယောင် စာမျက်နှာများနှင့် အီးမေးလ်များမှ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက် များကို တောင်းခံခြင်းပြုလုပ်ပါက ငြင်းဆို၊ လျစ်လျူရှုရန် အလေးအနက်ထား အသိပေးပါသည်။ အဆိုပါ စာမျက်နှာအတုများကြောင့် ဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တယ်လီနောမြန်မာအနေဖြင့် အရေးယူခြင်း၊ တာဝန်ယူခြင်းများကို ပြုလုပ်နိုင်မည်မဟုတ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါသည်။

ထိုကဲ့သို့ တယ်လီနောမြန်မာအဖြစ် ဟန်ဆောင်ထားသော စာမျက်နှာအတုများ တွေ့ရှိပါက Facebook ထံသို့ တိုင်ကြားနိုင်ပါသည်။ တယ်လီနောသို့ အသိပေးအကြောင်းကြားလိုပါက တယ်လီနော e-care အဖွဲ့၏ အီးမေးလ် လိပ်စာဖြစ်သော care@telenor.com.mm သို့ ပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး အသိပေးအကြောင်းကြားနိုင်ပါ သည်။ လူကြီးမင်း၏ ပူးပေါင်း‌ဆောင်ရွက်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Yangon
My Account
Live Chat
Share Share