Statement

တယ်လီနောအမှတ်တံဆိပ်ကို အသုံးပြုပြီး ၀န်ထမ်းခန့်အပ်မည်ဟုပြောဆိုကာ လိမ်လည်သည့် ကိစ္စ နှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက်

28 December, 2020 - Yangon

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း တယ်လီနောအမှတ်တံဆိပ်ကို အသုံးပြုပြီး ၀န်ထမ်းခန့်အပ်မည်ဟုပြောဆိုကာ  လိမ်လည်သည့် ကိစ္စရပ်များဖြစ်ပွားခဲ့ကြောင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၄ နေ့ရက်တွင် တယ်လီနောမြန်မာကသိရှိခဲ့ရပါသည်။ ဖြစ်စဥ်မှာ တယ်လီနောမြန်မာ၏ ဝန်ထမ်းခန့် အပ်သူအဖြစ် ဟန်ဆောင်၍ တယ်လီနောမြန်မာရုံးတွင် အလုပ်ရရှိမည်ဟု လိမ်လည်ပြောကြားပြီး ယင်းဒေသရှိ ဒေသခံ ၁၅ ဦးထံမှ ငွေကြေးများရယူခဲ့ခြင်းဖြစ်ပါသည်။ တယ်လီနောမြန်မာသည်လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ (HR) မူဝါဒ များနှင့် အလုပ်ခန့်အပ်ခြင်း လမ်းညွှန်ချက်များကို အစဥ်အမြဲ တိတိကျကျလိုက်နာပြီး အလုပ်ခန့်အပ်ခြင်း အတွက် မည်သည့်အခါမှ ငွေကြေးကောက်ခံခြင်းမပြုလုပ်ပါ။ 

ယခုကဲ့သို့ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် တယ်လီနောမြန်မာအနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရပါသည်။ မိမိတို့မှ အထက်ပါကိစ္စရပ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီးလိုအပ်သည်များ ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များ နှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ထို့ အပြင် အထက်ပါ ဒေသ အနီးတဝိုက်ရှိ အလုပ်ရှာဖွေနေသူများအ‌‌နေဖြင့် ယခုကဲ့သို့ အလားတူကိစ္စရပ်များ ထပ်မံမဖြစ်ပေါ်စေရန်အတွက် သတိကြီးစွာထားပြီး စောင့်ကြည့် ပေးပါရန် တိုက်တွန်းလိုပြီး သံသယဖြစ်စရာ ထင်ယောင်ထင်မှား သို့မဟုတ် အလားတူကိစ္စရပ်များဖြစ်ပေါ်လာပါက တယ်လီနောမြန်မာ သို့အောက်ပါ ဖုန်းနံ ပါတ် များ မှ တဆင့်ချက်ချင်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Telenor Myanmar Customer Care -  ၉၇၉ (တယ်လီနော ဆင်းကတ်အသုံးပြုသူများ) သို့မဟုတ် ၀၉၇၉၀၀၉၇၉၀၀ (အခြားဆင်းကတ်သုံးစွဲသူများ)

Yangon
My Account
Live Chat
Share Share