Press Release

တယ်လီနောအမ်ဘီအေပညာသင်ဆု ဇူလိုင်လ ၁၅ ရက်နေ့အထိ လျှောက်ထား နိုင်ပြီ

03 July, 2018 - Yangon

  • ပညာသင်ဆု လျှောက်ထားရန် စိတ်ဝင်စားသူများပြားသည့်အတွက် ယခုကဲ့သို့အချိန်တိုးမြှင့်လိုက်ခြင်းဖြစ် 
  • ပညာသင်ဆု ချီးမြှင့်ခံရသည့် လူငယ်များ အနေနှင့် ဆက်သွယ်ရေးနှင့် အိုင်စီတီ အထူးပြု စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (အမ်ဘီအေ) သင်တန်းအား တက်ရောက်ရန် အပြည့်အဝ ထောက်ပံ့မှု ရရှိမည်ဖြစ်

တယ်လီနော အမ်ဘီအေ ပညာသင်ဆုလျှောက်လွှာများကို ဇူလိုင်လ ၁၅ ရက်နေ့အထိ တိုးမြှင့်လိုက်ပြီဖြစ်ရာ ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် ပြင်ဆင်ချိန်ပိုမိုရရှိလာပြီဖြစ်သည်။


တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်ကို တယ်လီနောမြန်မာနှင့် Myanmar Metropolitan College (MMC) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မဟာဗျူဟာမြောက် အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲဲ့ (အမ်ဘီအေ) အတွက် ပညာသင်ဆုများ ပေးအပ်သွားမည် ဖြစ်သည်။ တယ်လီနောနှင့် MMC တို့သည် ဤ ပညာသင်ဆုအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို ရန်ကုန်မြို့တွင် ပြီးခဲ့သည့်လက လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ အစီအစဉ်သည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လျှင်မြန်စွာဖွံ့ဖြိုးလာသည့် ဆက်သွယ်ရေး ကဏ္ဍတို့ကို စိတ်ပါဝင်စားသည့် လူငယ်များအတွက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ပညာသင်ဆု အခွင့်အလမ်း တစ်ရပ် ဖြစ်သည်။ ပညာသင်ဆု ချီးမြှင့်ခံရသူများ အနေနှင့် မဟာဗျူဟာမြောက် အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲဲ့ (အမ်ဘီအေ) သင်တန်းအတွက် အပြည့်အဝ ထောက်ပံ့မှု ရရှိမည့်အပြင်  MMC နှင့် ချိတ်ဆက် ထားသည့် ဆွစ်ဇာလန်နိုင်ငံရှိ University of Business and International Studies က အသိအမှတ်ပြုချီးမြှင့်သည့် အမ်ဘီအေဘွဲ့လက်မှတ်ကိုပါ ရရှိမည် ဖြစ်သည်။


“ဒီ အမ်ဘီအေ ပညာသင်ဆုအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်တွေကို ကြီးကြီးမားမား အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ တယ်လီနောက အကြီးတန်း ကျွမ်းကျင်သူတွေကပါ ကျောင်းသား၊ ကျောင်းသူတွေကို သင်ခန်းစာတွေ သင်ကြားပေးသွားမှာ ဖြစ်တဲ့ အတွက် ရည်မှန်းချက် မြင့်မားတဲ့ မြန်မာလူငယ်တွေ အနေနဲ့ သူတို့ရဲ့ အနာဂတ်မှာ အရေးပါတဲ့ ကျွမ်းကျင်မှုတွေ၊ သင်ခန်းစာတွေကို သင်ယူနိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ နိုင်ငံရပ်ခြား တက္ကသို်လ်တစ်ခုက အသိအမှတ်ပြု ချီးမြင့်ပြီး အိုင်စီတီနည်းပညာကို အထူးပြုထားတဲ့ အမ်ဘီအေဘွဲ့ကို ရရှိမှာ ဖြစ်ပါတယ်။ လက်တွေ့လေ့လာမှုတွေ၊ သင့်တော်ကောင်းမွန်တဲ့ ကျွမ်းကျင်မှုတွေနဲ့ ဗဟုသုတ ဆည်းပူးမှုတွေကို ရယူလိုတဲ့ မြန်မာနိုင်ငံက လူငယ်တွေကို ဒီပညာသင်ဆု လျှောက်ထားဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ဒီလို ကောင်းမွန်တဲ့အစီအစဉ်တစ်ရပ်ကို တယ်လီနောနဲ့ ပူးပေါင်းဆောင်ရွက်ပေးတဲ့ Myanmar Metropolitan College ကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု တယ်လီနောမြန်မာ၏  ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ ကဏ္ဍတာဝန်ခံ ဦးမင်းသူက ပြောကြားသည်။
“ဒီပညာသင်ဆုကို လျှောက်ထားဖို့ စိတ်ဝင်စားတဲ့သူတွေ အများအပြားရှိနေတယ်ဆိုတာ သိရတဲ့အတွက် ကျွန်တော် တို့ ကနဦးသတ်မှတ်ထားတဲ့ လျှောက်လွှာပိတ်ရက်ထက် တစ်ပတ်နောက်ဆုတ်ပေးလိုက်တာဖြစ်ပါတယ်။ တယ်လီနောရဲ့ အမ်ဘီအေ ပညာသင်ဆုအစီအစဉ်က ကျောင်းသားကျောင်းသူတွေ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် ထူးခြားတဲ့ အခွင့်အလမ်းလည်း ဖြစ်သွားနိုင်တာဖြစ်လို့ တတ်နိုင်သမျှ လူဦးရေ များများလျှောက်ထားနိုင်စေဖို့ ဆောင်ရွက်လိုက်တာလည်း ဖြစ်ပါတယ်” ဟု ဦးမင်းသူက ထပ်မံပြောကြားသည်။


အစိုးရ၏ ဒစ်ဂျစ်တယ်မြန်မာနိုင်ငံ ဖော်ဆောင်ရေး ရည်မှန်းချက်အား အားပေးကူညီနိုင်ရန် ရည်ရွယ်၍ တယ်လီနော မြန်မာသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အနှစ်သာရပိုင်းဆိုင်ရာ အဓိကအခြေခံအဆောက်အအုံ လိုအပ်ချက် ဖြစ်သော နိုင်ငံတွင်း အကောင်းမွန်ဆုံး မိုဘိုင်းကွန်ရက်အား တည်ဆောက်ထားပြီးဖြစ်သည်။ ထို့အပြင် ဆက်သွယ်ရေးကဏ္ဍ အတွက် အထောက်အကူဖြစ်စေမည့် မျိုးဆက်သစ်များ မွေးထုတ်ပေးရန်နှင့် ဒစ်ဂျစ်တယ် မြန်မာလမ်းစဉ် အကောင် အထည်ဖော်ရာတွင် ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခုရရှိစေရန် အမ်ဘီအေ ပညာသင်ဆု နှင့် အခြားသော ပညာရေး ကူညီထောက်ပံ့မှုအစီအစဉ်များအပါအဝင် လူမှုအထောက်အကူပြုလုပ်ငန်းများစွာကိုလည်း တယ်လီနော မြန်မာက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


တက္ကသိုလ်တွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ပြီး အိုင်စီတီနည်းပညာကို ရေရှည်နည်းလမ်းအဖြစ် အသုံးချ ကာ စီးပွားရေး (သို့) လူမှုရေး (သို့) အများနှင့်သက်ဆိုင်သော အဖွဲ့အစည်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီဆောင်ရွက်လိုသော ရည်မှန်းချက်ပြင်းပြသူ၊ ပညာဆက်လက်သင်ကြားရန် ငွေရေးကြေးရေး အခက်အခဲရှိသူ မည်သည့်မြန်မာနိုင်ငံသားမဆို ဤတယ်လီနော အမ်ဘီအေပညာသင်ဆု အစီအစဉ်ကို လျှောက်ထားနိုင်သည်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်မည့်သင်တန်းအတွက် ပညာသင်ဆုအစီအစဉ်ကို ဇူလိုင်လ ၁၃ ရက်နေ့မတိုင်မီ လျှောက်ထားနိုင်မည် ဖြစ်သည်။

 

တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်
တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်ကို http://bit.ly/TelenorMBA2018 မှ တဆင့် လျှောက်ထား နိိုင်သည်။ ပညာသင်ဆုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များနှင့် ပတ်သက်ပြီး Myanmar Metropolitan College သို့ ဆက်သွယ်စုံစမ်းနိုင်သည်။ တယ်လီနောမြန်မာ၏ ဝက်ဘ်ဆိုက် စာမျက်နှာနှင့် Facebook စာမျက်နှာများတွင်လည်း အသေးစိတ် အချက်အလက်များကို ဖော်ပြထားသည်။

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor