Press Release

တယ်လီနောသုံးစွဲသူများ ဖေ့စ်ဘွတ်ကို တစ်ညလုံးစိတ်ကြိုက်သုံးစွဲနိုင်တော့မည်

05 June, 2020 - ရန်ကုန်

  • ဖေ့စ်ဘွတ်စိတ်ကြိုက်သုံး အစီအစဉ်မှတဆင့် သုံးစွဲသူများသည် သတင်းနှင့်အချက်အလက်များ၊ ဖျော် ဖြေရေး အစီအစဉ်များကို အချိန်နှင့်တပြေးညီ ကြည့်ရှူခံစားနိုင်မည်ဖြစ်
  • ကြိုတင်ငွေပေးချေစနစ်အသုံးပြုသူများသည် ကုန်သွယ်ခွန် % ပါဝင်ပြီး မြန်မာကျပ်ငွေ ၉၉ ကျပ်တည်း ဖြင့်  ရက်သုံးဆယ်ကြာ အကန့်အသတ်မဲ့ စိတ်ကြိုက်အသုံးပြုနိုင်မည်ဖြစ်
  • သုံးစွဲသူများအနေဖြင့် နေအိမ်တွင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ပိုမိုချိတ်ဆက်လာခြင်းဖြင့် မြန်မာနိုင်ငံတွင်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် လူနေမှုပတ်ဝန်းကျင်တွင် နေ့စဥ်နှင့်အမျှ ဒစ်ဂျစ်တယ် အသွင်ကို အရှိုန်အဟုန်နှင့် ကူးပြောင်းလာခြင်းဖြစ်

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်အသုံးပြုမှုနှုန်း အထူးသဖြင့် ဖေ့စ် ဘွတ်အသုံး ပြုမှုသည် ‌တနေ့တခြား သိသိသာသာ မြင့်တက်လာလျက်ရှိသည်။ တစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်နေချိန်တွင် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ်ရှိပြီး သတင်း၊ အချက်အလက်များ ရရှိရေးသည် မရှိမဖြစ် အရေးပါလာပြီဖြစ်သည်။ ထို့‌ကြောင့် တယ်လီနောသုံးစွဲသူများအတွက် တစ်ညလုံး ဖေ့စ်ဘွတ် စိတ်ကြိုက်သုံးအစီအစဥ်ကို မိတ်ဆက်လိုက်ခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်အက်ပလီကေးရှင်း၊ ဝက်ဆိုဒ်နှင့် မက်ဆင်ဂျာတို့မှတဆင့် ဖေ့စ်ဘွတ်ညလုံးပေါက်အစီအစဉ်အား သုံးစွဲ သူများအနေဖြင့် ည ၁၁ နာရီမှ နောက်နေ့ မနက် ၇ နာရီအတွင်း အကန့်အသတ်မဲ့ စိတ်ကြိုက်အသုံးပြုနိုင် မည်ဖြစ်သည်။ ယခုအစီအစဥ်တွင် မက်ဆင်ဂျာမှတဆင့် ဗီဒီယိုခေါ်ဆိုခြင်း၊ ဖုန်းခေါ်ဆိုခြင်းများ အကျုံးမဝင်သဖြင့် သုံးစွဲသူများအနေဖြင့် မက်ဆင်ဂျာမှတဆင့် ဗီဒီယိုခေါ်ဆိုခြင်း၊ ဖုန်းခေါ်ဆိုခြင်းများအတွက် ဝယ်ယူထားသော ဒေတာပက်ကေ့ခ်ျ သို့မဟုတ် သုံးသလောက်ပေး အင်တာနက်နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်သည်။

 

 

"တယ်လီနောအနေနဲ့ သုံးစွဲသူတွေကို သူတို့အတွက် အရေးပါဆုံးအရာတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ထက် ပိုအရေး ကြီးတဲ့ အရာမရှိပါဘူး။ သုံးစွဲသူတွေအတွက် ပိုပြီးအသုံးဝင်မယ့်၊ ဆက်စပ်မှုပိုရှိပြီး၊ တန်ဖိုးရှိမယ့် အရာတွေ ယူဆောင်လာနိုင်ဖို့အတွက် ရည်ရွယ်ပြီး  သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ ဖန်တီးပေးနိုင်ဖို့ အမြဲ တမ်း အလေးထားလေ့လာနေပါတယ်။ ဖေ့စ်ဘွတ်က မြန်မာနိုင်ငံမှာ သိသိသာသာကို လူသုံးများတဲ့ လူမှု ကွန်ရက်တစ်ခုဖြစ်ပြီး သတင်းနဲ့ အချက်အလက်တွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေကို အဓိက ကြည့်ရှု၊ ခံစားတဲ့ နေရာလည်း ဖြစ်ပါတယ်။ အခုလို ကပ်ရောဂါကို တိုက်ဖျက်ပြီး တစ်ယောက်ကိုတစ်ယောက် ဘေးကင်းအောင် စောင့်ရှောက်နေချိန်မှာ  သုံးစွဲသူတွေအနေနဲ့ အရေးပါဆုံး အရာတွေကို လွယ်လွယ်ကူကူ၊ သက်သက်သာသာ အသုံးပြုနိုင်ရေးက အရေးကြီးတယ်လို့ တယ်လီနောအနေနဲ့ ယုံကြည်ပါတယ်။  သုံးစွဲသူတွေအနေနဲ့ အိပ်ပျက် ညတွေမရှိဘဲ ဒီအစီအစဉ်လေးကနေတဆင့် အချင်းချင်း အဆက်အသွယ်မပြတ်နဲ့ အမြဲချိတ်ဆက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်။"ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar မှ ပြောကြား ခဲ့သည်။

တယ်လီနောသုံးစွဲသူများသည် ယခုအစီအစဉ်သစ်ကို MyTelenor အက်ပလီကေးရှင်းမှတဆင့် သို့မဟုတ် *8099# သို့ ဖုန်းခေါ်ဆို၍ ရယူအသုံးပြုနိုင်ပါသည်။ တစ်ခါရယူထားရုံဖြင့် ရက် ၃၀ ကြာ အသုံးပြုနိုင်သော ယခု အစီအစဉ်ဖြင့် ဖေ့စ်ဘွတ်ကို အက်ပလီကေးရှင်း သို့မဟုတ် ဝက်ဆိုဒ်တို့မှတဆင့် နေ့စဥ် ည ၁၁ နာရီ မှ နောက်နေ့ နံနက် ၇ နာရီအထိ အကန့်အသတ်မရှိ စိတ်ကြိုက်သုံးစွဲနိုင်မည်ဖြစ်သည်။

တယ်လီနောကြိုတင်ငွေပေး‌ချေမှုစနစ် အသုံးပြုနေသူများသည် ယခုအစီအစဉ်သစ်ကို ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း အပါအဝင် မြန်မာငွေ ၉၉ ကျပ်တည်းဖြင့်  စိတ်ကြိုက်အသုံးပြုနိုင်မည်ဖြစ်သည်။ ဇွန်လ ၄ ရက်နေ့နှင့် နောက်ပိုင်း တွင် ဆင်းကတ်သစ် အသုံးပြုသူများအနေဖြင့်လည်း ထိုအစီအစဥ်ကို ရယူသုံးစွဲနိုင်မည်ဖြစ်သည်။ ထိုသို့သုံးစွဲနိုင် ရန်အတွက် ဆင်းကတ်စတင်အသုံးပြုမှု လုပ်ငန်းများလုပ်ဆောင်ပြီးနောက် မြန်မာငွေကျပ် ၁၀၀၀ ဖုန်းဘေလ် ဖြည့်သွင်းပြီးသည့်အခါ စတင်သုံးစွဲသည့်အထိမ်းအမှတ်အဖြစ်ရရှိသည့် အပိုလက်ဆောင်နှင့်တကွ ယခုအစီအ စဉ်ကို ဝယ်ယူပြီး ရက် ၃၀ ကြာ စိတ်ကြိုက်သုံးစွဲနိုင်မည်ဖြစ်သည်။  သုံးစွဲသူအသစ်များအနေဖြင့် ဆင်းကတ်အ သစ်ကို ဝယ်ယူရာတွင် စနစ်တကျမှတ်ပုံတင်နိုင်ရန် တရားဝင်မှတ်ပုံတင်ကို ယူဆောင်လာရန် တိုက်တွန်းပါသည်။

ဝယ်ယူထားသည့်အစီအစဉ် ကုန်ဆုံးမည့်အချိန်ကို MyTelenor အက်ပလီကေးရှင်းမှသော်လည်းကောင်း သို့မ ဟုတ် *979*3*8# ကို ဖုန်းခေါ်ဆို၍သော်လည်းကောင်း ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည်။  ပရိုမိုးရှင်းကာလ သည် ဇွန်လ ၄ ရက် ၂၀၂၀ ခုနှစ်မှ ဇွန်လ ၃၀ ရက် ၂၀၂၀ ခုနှစ်ထိဖြစ်ပြီး အပြောင်းအလဲများရှိပါက ထပ်မံအသိ ပေးကြေညာပေးသွားမည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက တယ်လီနောမြန်မာသည် မြန်မာနိုင်ငံသားများနှင့် လူမှုအ သိုင်းအဝိုင်းများ ဘေးကင်းရေး၊ အဆက်အသွယ်မပြတ်ရေး၊ အာပေးနိုင်ရေးတို့အတွက် ဦးစားပေး ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် ကပ်ရောဂါအကြောင်း တရားဝင်သတင်းအချက်အလက်များ အခမဲ့ကြည့်ရှုနိုင်ရန် လုပ်ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ စောင့်ကြည့်စင်တာများသို့ ဆက်သွယ်ရေးပစ္စည်းများနှင့် ကျန်းမာရေးအထောက် အကူပြု ပစ္စည်းများလှူဒါန်းခြင်းနှင့် ဗိုင်းရပ်စ်ပျံ့နှံ့၊ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် သတင်းအချက်အလက်နှင့် ဗသုသုတမျှဝေခြင်းစသည့် လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။  ထို့အပြင်  သုံးစွဲသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ စာတိုပေးပို့ လှူဒါန်းနိုင်ပြီး ရရှိ လာသော ပမာဏအတိုင်း တယ်လီနောမှ ကျပ်သန်း ၁၀၀ ကျပ်အထိ အများဆုံး ထပ်ဆောင်း လှူဒါန်းသွားမည် ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့် ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်း ကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ အကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့ အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

ရန်ကုန်
My Account
Live Chat
Share Share