Press Release

တယ်လီနောလူငယ်ဖိုရမ်အတွက် လျှောက်ထားသူ ၂၀၀ အနက် ပဏာမအဆင့် ၂၀ ဦး ရွေးချယ်ခံရ။

21 August, 2018 - Yangon

  • ရွေးချယ်ခံရသော မြန်မာလူငယ်၂၀ ဦးသည် နောက်ဆုံးအဆင့် ရွေးချယ်မည့် နှစ်ရက်ကြာဆွေးနွေးပွဲကို ရန်ကုန်တွင် တက်ရောက်ရမည် ဖြစ် 
  • နောက်ဆုံးအဆင့် ရွေးချယ်ခံရသော လူငယ်နှစ်ဦးသည် အော်စလိုနှင့် ဘန်ကောက်မြို့တို့တွင် ပြုလုပ်မည့် လူငယ်ဖိုရမ်တွင် ပါဝင်ခွင့်ရမည်

သြဂုတ်လ ၂၁ရက် ၂၀၁၈၊ ရန်ကုန်။ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပပြုလုပ်မည့် တယ်လီနောလူငယ်ဖိုရမ် (TYF)ကို တက်ရောက်ရန် လျှောက်ထားသော လူငယ် ၂ဝဝကျော်ထဲမှ ပဏာမအဆင့်ရွေးချယ်ခံရသူ ၂၀ ဦးကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ တယ်လီနောမြန်မာက ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Seedstars နှင့် ပူးပေါင်းပြီး လေ့ကျင့်ရေးအလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်တွင် သြဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ရာ ရွေးချယ် ထားပြီးသော ၂၀ ဦးအနေဖြင့် တက်ရောက်ရမည်ဖြစ်သည်။

ပဏာမရွေးချယ်ခံရသော လူငယ် ၂၀ ဦးကို ၎င်းတို့၏ တီထွင်ကြံဆနိုင်စွမ်း၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချပြီး ပြောင်းလဲမှုများလုပ်လိုသည့် စိတ်အားထက်သန်မှုနှင့် ဆက်ဆံပြောဆို ရေး ဆိုင်ရာပညာရပ်များကို ကျွမ်းကျင်စေရန် အဆိုပါနှစ်ရက်တာ ဆွေးနွေးပွဲအတွင်း ကနဦးလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း ကာလအပြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် လူငယ်နှစ်ဦးအား ရွေးချယ်သွားမည်ဖြစ် သည်။

"ထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်အယောက် ၂၀ နဲ့ တွေ့ဆုံပြီး ကမ္ဘာကြီး ယနေ့ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို နည်းပညာအသုံးချပြီး သူတို့ဘယ်လိုနားလည်ပြီး ဘယ်လို ဖြေရှင်းဖို့စဉ်းစားထားလဲ ဆိုတာကိုတွေ့မြင်ရတော့မှာဖြစ်ပါတယ်။ တယ်လီနော လူငယ်ဖိုရမ်ဟာ ထူးချွန်လူငယ် တွေ အနေနဲ့ ကမ္ဘာ့ရေးရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စဉ်းစားထားတဲ့ အကြံဉာဏ်တွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ အဲ့ဒီလိုအကြံဉာဏ်ကောင်းတွေကို အကောင်းဆုံးအသုံးချပြီး ပိုပြီး တိုးတက် အောင်မြင်မှုမယ့်လမ်းစကို ဖော်ဆောင်သွားနိုင်ဖို့ တယ်လီနောလူငယ်ဖိုရမ်က ကူညီပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။

တယ်လီနောလူငယ်ဖိုရမ်သည် တယ်လီနောလုပ်ငန်းစုနှင့် နိုဘယ်ငြိမ်းချမ်းရေး စင်တာ (NPC)တို့ ပူးပေါင်းစီစဉ် သည့် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာများအား အသုံးပြု၍ ကမ္ဘာတစ်ဝန်းရှိ မညီမျှမှုများအား တို်က်ဖျက်နိုင်ရန်နှင့် လူ့မှုအဖွဲ့အစည်းအား စွမ်းရည်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ 

ဖိုရမ်ကာလတစ်လျှောက်တွင် လူငယ်များကို တယ်လီနောအုပ်စုမှ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက လက်တွေ့လုပ်ငန်းဆောင်ရွက်ခြင်းမှ ရရှိသည့်အတွေ့အကြုံများကို မျှဝေပေးရုံသာမက service design၊ proto-typing၊ presenting၊ exhibiting နှင့် pitching စသည့် လက်ရှိကမ္ဘာတွင် ကျင့်သုံးနေသည့် ပညာရပ်များကို သင်ကြားပြသပေးကြမည်ဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် လူငယ်ဖိုရမ် ၅ ကြိမ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပါဝင်် ခဲ့သူ လူငယ်စုစုပေါင်း ၈ ဦးရှိခဲ့ပြီးဖြစ်သည်။ ယမန်နှစ် တယ်လီနောလူငယ်ဖိုရမ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူ ၂ ဦး အနက် ၁ ဦးဖြစ်သည့် နန်းကံ့ကော်ယွက်ဆိုင် ပါဝင်သော AGNCY အမည်ရ အဖွဲ့က လုပ်သားများ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဒစ်ဂျစ်တယ် နည်းပညာသုံးကာ တင်ပြ နိုင်မည့် လူထုအခြေပြုပရောဂျက်ဖြင့် အနိုင်ရရှိခဲ့သည်။

တယ်လီနော လူငယ်ဖိုရမ်တက်ရောက်သူများသည် ဖိုရမ်နှင့်ပတ်သက်ပြီး တစ်နှစ်ကြာ အချိန်ပေးရန် လိုအပ်မည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အော်စလိုမြို့နှင့် ၂၀၁၉ ခုနှစ်၊ မေလတွင် ဘန်ကောက်မြို့များ၌ အသီးသီး ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲများအား စရိတ်ငြိမ်းသွားရောက်ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ တယ်လီနောလုပ်ငန်း ရှိရာ နိုင်ငံအသီးသီးမှ ရွေးချယ်ခံရသည့် လူငယ်များအနေနှင့် အဆိုပါ TYF အစီအစဉ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော အဖွဲ့ငယ်များတွင် အခြားရွေးချယ်ခံရသူများနှင့်အတူ ပျှမ်းမျှတစ်ပတ်လျှင် ၂ နာရီ ဝန်းကျင် ခန့် အွန်လိုင်းမှတဆင့် စုပေါင်းဆောင်ရွက်လုပ်ကိုင်ရမည်ဖြစ်သည်။ ဒီဇင်ဘာလအတွင်း အော်စလိုမြို့တွင် အစီအစဉ်စတင်ကျင်းပချိန်၌ အဖွဲ့တစ်ဖွဲ့ချင်းက ဖြေရှင်းရန်ကြိုးပမ်းရမည့် အဖွဲ့လိုက်ခေါင်းစဉ်များကို သတ်မှတ် ပေးကာ ဖြေရှင်းရမည့် ဒစ်ဂျစ်တယ်နည်းလမ်းများအား အဖွဲ့လိုက် ပူးပေါင်းအဖြေရှာရမည်ဖြစ်သည်။ 

ဖိုရမ်အပြီးတွင် အနိုင်ရသည့် အဖွဲ့ကို ရွေးချယ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ပရောဂျက်ကို အကောင်အထည် ဖော် နိုင်ရေးအတွက် သင်ပြပေးသူမှ တဆင့် နော်ဝေ ခရိုနာ ၁ သိန်း (ကန်ဒေါ်လာ ၁၅၀၀၀) ကို မတည်ငွေအဖြစ် ပေးအပ်သွားမည်ဖြစ်သည်။ 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor