Press Release

တယ်လီနောမှ Viberအခမဲ့အသုံးပြုခွင့် စတင်

04 January, 2016 - Yangon

ပရိုမိုးရှင်းအစီအစဉ်ကိုဇန်နဝါရီလ ၄ ရက်နေ့မှ စတင်၍ ၂ ပတ်ကြာအသုံးပြုနိုင်

တယ်လီနောမြန်မာလီမိတက် က Viber နှင့်ပူးပေါင်း၍ ၂ ပတ်ကြာViberမက်ဆေ့ပေးပို့ခြင်းနှင့် စတစ်ကာများအသုံးပြုခြင်းများကိုအင်တာနက်အသုံးပြုခအခမဲ့ဖြင့်အသုံးပြုခွင့်ပေးသည့် အစီအစဉ်ကိုယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ ၄ ရက်နေ့မှ အသုံးပြုသူများအနေဖြင့် Viber ဖြင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုနှင့် ပုံမှန်ဖုန်းခေါ်ဆိုမှုများမှလွဲ၍ အခြားဝန်ဆောင်မှုများကိုအခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ မည်သူမဆိုအခကြေးငွေကုန်ကျခြင်းမရှိပဲအခမဲ့အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် ပြည်သူများအကြားဂုဏ်ယူဖွယ်ရာပြောဆိုသုံးစွဲနိုင်သည့် “Proud to be Myanmar”၊ “We win”၊ “It’s cool”၊ “Love you” နှင့် “Share the love” တို့ကဲ့သို့သောစတစ်ကာများပါဝင်လာသည့် “We Love Myanmar” Sticker Pack လည်းအသုံးပြုနိုင်ပါသည်။

“ကျွန်တော်တို့ တိုင်းပြည်က ပြည်သူတွေဆီကို မြန်မာအတွက် ဂုဏ်ယူဖွယ်နဲ့ ကျေနပ်ဖွယ် စတစ်ကာတွေဖန်တီးပေးနေတဲ့ မြန်မာပြည်မှာလူကြိုက်အများဆုံး messaging app နဲ့ လက်တွဲလုပ်ကိုင်ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။စတစ်ကာတွေကိုမိတ်ဆက်ခြင်းနဲ့အတူတယ်လီနောအနေနဲ့ ၂ ပတ်ကြာအင်တာနက်အသုံးပြုခအခမဲ့နဲ့ Viberကိုအသုံးပြုခွင့် ပေးသွားမှာဖြစ်ပါတယ်။ ရှေ့လာမယ့် အနာဂတ်ကာလတွေမှာလည်းဒီလိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကိုပျော်ရွှင်အောင်လုပ်ပေးဖို့ ကျွန်တော်တို့ စိတ်အားထက်သန်နေပါတယ်။” ဟုHead of Value Added Services ဖြစ်သူSanat Pal Chowdhury က ပြောကြားသည်။

မြန််မာနိုင်ငံတွင် အကြီးမားဆုံး3Gအင်တာနက်ကွန်ယက်

ယနေ့တွင် တယ်လီနောအနေဖြင့် နိုင်ငံတလွှားတွင် တာဝါတိုင်ပေါင်း ၄၀၀၀ တည်ဆောက်ပြီး ၁၂ သန်းသောအသုံးပြုသူများကို မြန်မာနိုင်ငံတွင် အကြီးမားဆုံး3Gအင်တာနက်ကွန်ယက် ဖြန့်ကျက်၍ ဝန်ဆောင်မှုများပေးအပ်နေပြီကာယင်းတို့ထဲမှ ၅၇% မှာအင်တာနက်အသုံးပြုသူများဖြစ်ပါသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့သောတယ်လီနောအနေဖြင့် မြန်မာနိုင်ငံလူဦးရေ၏ ၅၀% ကိုလွှမ်းခြုံနိုင်သောကွန်ယက်ကို ဖြန့်ကျက်ခဲ့ပြီးအရောင်းဆိုင်ပေါင်း ၅၀၀၀၀ ကျော်ကိုလည်း နိုင်ငံတစ်လွှားတွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

“လက်ရှိအချိန် ကျွန်တော်တို့ဆီမှာတယ်လီနောမြန်မာအတွက် အဓိကဖိုင်ဘာလိုင်း ၃ လိုင်းကနေအင်တာနက်ဒေတာကို International data gateway အထိသယ်ဆောင်သွားနိုင်ပါတယ်၊ ဖိုင်ဘာလိုင်းတပ်ဆင်မှုကိုတော့ လိုင်း ၁ ခုကျသွားခဲ့ရင် အခြားတစ်ခုကိုအလိုအလျောက်ပြောင်းလဲချိတ်ဆက်နိုင်တာဖြစ်လို့ သုံးစွဲသူတွေကိုအနှောင့်အယှက်မဖြစ်စေပါဘူး၊ အင်တာနက်သုံးစွဲမှုအတွေ့အကြုံအရဒေတာဝန်ဆောင်မှုအကုန် ပျက်သွားလောက်တဲ့အထိဖိုင်ဘာလိုင်း ၃ လိုင်းလုံးတစ်ပြိုင်နက် ကျသွားတယ်ဆိုတာ ဖြစ်ခဲပါတယ်၊ တယ်လီနောအနေနဲ့ သုံးစွဲသူတွေအတွက် အကောင်းဆုံးဖုန်းခေါ်ဆိုမှုနဲ့ ဒေတာဝန်ဆောင်မှုတွေ ရရှိဖို့ ဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။” ဟုတယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် PetterFurberg မှ ပြောကြားခဲ့ပါသည်။

မီဒီယာများဆက်သွယ်ရန် -

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004

ကိုစိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor