Press Release

တယ်လီနောမှ Mrs. Selina Lomholdt အားChief People Officer အဖြစ် ခန့်အပ်

12 December, 2017 - Yangon

တယ်လီနောမြန်မာသည် Mrs. Selina Lomholdt (၄၉ နှစ်)အား ကုမ္ပဏီ၏ Chief People Officer (CPO) အဖြစ် ခန့်အပ်လိုက်ပါသည်။ဆယ်လ်လီနာသည် တယ်လီနော ဒိန်းမတ်တွင် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ အရာရှိချုပ်အဖြစ် တာ၀န်ထမ်းဆောင်နေခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံရှိ သူမ၏ ရာထူးတာ၀န်များကို ဇန်န၀ါရီလ ၁၅ ရက်နေ့မှစတင်ကာ ထမ်းဆောင်မည် ဖြစ်ပါသည်။

“တယ်လီနောဟာမြန်မာနိုင်ငံရဲ့အလုပ်လုပ်ကိုင်ဖို့အကောင်းဆုံးနေရာတစ်ခုအဖြစ်ဖြစ်တည်နေဖို့ ရည်မှန်းထားပြီးလုပ်ငန်းအပေါ် အထူးစိတ်၀င်စားတဲ့ အရည်အသွေးရှိပြီး တက်ကြွတဲ့ ၀န်ထမ်းတွေကို ပိုင်ဆိုင်ထားခြင်းဟာ သုံးစွဲသူတွေကို အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးအပ်နိုင်စေမယ်လို့ တယ်လီနောအနေနဲ့ အထူးတလည် ယုံကြည်ထားပါတယ်။ ဆယ်လ်လီနာအနေနဲ့ ကုမ္ပဏီရဲ့ ဒီရည်မှန်းချက်ကို ကျွမ်း၀င်သိရှိတာမို့ ကျနော့်အနေနဲ့ ၀မ်းမြောက်ရပါတယ်။ သူမရဲ့ ရင့်ကျက်တဲ့အတွေ့အကြုံကောင်းတွေကနေ တယ်လီနောအနေနဲ့ အရည်အသွေးရှိသူတွေကို မြေတောင်မြောက်ပေးဖို့၊ လုပ်ငန်းဆောင်ရွက်မှုတွေ ထူးချွန်လာစေဖို့နဲ့ ၀န်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးဖို့ စတာတွေ ဖော်ဆောင်ပေးမယ့် ကုမ္ပဏီရဲ့အလေ့အထကောင်းတွေကို ပိုမို ခိုင်မာစေမယ်လို့ ယုံကြည်ထားပါတယ်”ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။

ဆယ်လ်လီနာသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုနှင့်စီမံခန့်ခွဲမှုကဏ္ဍတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသော ၀ါရင့် အရာထမ်းတစ်ဦးဖြစ်ပါသည်။ သူမသည် တယ်လီနော ဒိန်းမတ်တွင် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် အဖြစ် တာ၀န်ထမ်းဆောင်နေခဲ့သူဖြစ်ပြီး အချင်းချင်း လေးစား ဂရုထားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေမှု ဦးတည်သည့် ကုမ္ပဏီ အလေ့အထတစ်ရပ် ဖော်ဆောင်ရာတွင် လည်းကောင်း၊ ဈေးကွက် အခွင့်အလမ်းသစ်များကို ရယူ နိုင်စွမ်းရန် ကုမ္ပဏီ၏လုပ်ငန်းဆောင်တာ ပြုပြင်မွမ်းမံမှုများကို ပြုလုပ်ရာတွင်လည်းကောင်း အခရာကျသူတစ်ဦးဖြစ်ပါသည်။

သူမသည် တယ်လီနောတွင် မလုပ်ကိုင်မီ နိုင်ငံတကာအဆင့် အရာထမ်းရာထူးတာ၀န်များကို Dell နှင့် Radisson SAS Hotelsတို့တွင် တာ၀န်ယူခဲ့မှု အပါအ၀င် စီမံခန့်ခွဲမှုရေးရာ အရာထမ်းရာထူး များစွာတွင် တာ၀န်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။

“၀န်ထမ်းတွေကို တန်ဖိုးထားမှုနဲ့ အသိအမှတ်ပြုမှုတို့ကို လုပ်ငန်း အောင်မြင်မှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ကြီးကျယ် ခမ်းနားတဲ့ ကုမ္ပဏီတွေက အလေးထားကြပါတယ်။ ၀န်ထမ်းတွေ လုပ်ငန်းဆောင်ရွက်မှု တစ်လျှောက် အကောင်းဆုံး တာ၀န်ထမ်းဆောင်နိုင်ကြပြီး စိတ်လှုပ်ရှားစရာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ပြီး အမြဲ ခွန်အားသစ်တွေ ရရှိနေစေမယ့် လုပ်ငန်း၀န်းကျင်တစ်ခုကို ဖော်ဆောင်ပေးထားဖို့ တယ်လီနော မြန်မာအနေနဲ့ ရည်မှန်းထားပါတယ်။ ကျမ အနေနဲ့ တယ်လီနော မြန်မာရဲ့ အောင်မြင်မှုတွေ အပေါ် အားရမိပြီး မြန်မာနိုင်ငံမှာ တယ်လီနောရဲ့ ဦးဆောင်ကဏ္ဍကို ဆက်လက်တိုးမြင့်စေဖို့ လုပ်ငန်းအပေါ် အထူးစိတ်၀င်စားတဲ့ ဒီက၀န်ထမ်းတွေနဲ့ စတင် လက်တွဲ လုပ်ကိုင်ဖို့ရာ စိတ်လှုပ်ရှားမိပါတယ်”ဟု တယ်လီနော၏ Chief People Officer သစ် ဖြစ်လာသည့် ဆယ်လ်လီနာက ပြောကြားသည်။ တယ်လီနောမြန်မာတွင် တိုက်ရိုက်ခန့်အပ်ထားသော ၀န်ထမ်း ၇၃၄ ဦး တာ၀န်ထမ်းဆောင်လျက် ရှိပြီး ရန်ကုန်နှင့် မန္တလေး မြို့တို့တွင် ရုံးများတည်ရှိပါသည်။ တယ်လီနောသည် ၀န်ထမ်းများအကျိုးအတွက် ဆန်းသစ်သော အစီအစဉ်များစွာ ဖော် ဆောင်ပေးထားပြီး ယင်းတို့တွင် လစာဖြင့် ၆ လ မီးဖွားခွင့်၊ ချိန်ညှိနိုင်သော အလုပ်တက်/ဆင်းချိန်၊ ရုံး ကြို/ပို့ အစီအမံ၊ နှစ်စဉ် ကျန်းမာရေး စစ်ဆေးပေးမှု၊ ကျန်းမာရေး/အသက်အာမခံ နှင့် သာရေးနာရေးတို့အတွက် ငွေကြေးပံ့ပိုးမှုများ ပါ၀င် ပါသည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်စဉ်ကတည်းကပင် ၀န်ထမ်းများ၏ လုပ်ငန်းခွင် ဘေးကင်းလုံခြုံ ရေး၊ လုပ်သားကျန်းမာရေးနှင့်လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုစံချိန်စံညွှန်းတိုးတက်စေရေးနှင့် ကလေးအလုပ်သမားအသုံးပြုမှုကျဆင်းရေးတို့ကိုအလေးထားဆောင်ရွက်နေလျက် ရှိပါသည်။

“ပြီးခဲ့တဲ့ ၄ လတာအတွင်းမှာ နည်းဗျူဟာ အရာရှိချုပ်အဖြစ်သာမက ခေတ္တစီပီအိုအဖြစ် တာ၀န်ယူပေးခဲ့တဲ့ Ronny Naevdal ကိုလည်း ကျေးဇူးတင်ပါတယ်”ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Lars Erik Tellmann က ပြောကြားသည်။ လာမည့် ဇန်န၀ါရီလတွင် ဆယ်လ်လီနာ စတင်တာ၀န်ထမ်းဆောင်ချိန်တွင် Ronny သည် ၎င်း၏ မူလ ရာထူးတာ၀န်ကို ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ပါသည်။

တယ်လီနောမြန်မာ ၀န်ထမ်းအင်အားဆိုင်ရာ အချက်အလက်အချို့

  • တိုက်ရိုက်ခန့်အပ်ထားသော ၀န်ထမ်း ၇၃၄ ဦးရှိ၊ သွယ်၀ိုက် အလုပ်အကိုင် နေရာ ၁၁၀၀၀၀ ကျော် ဖန်တီးထား
  • နိုင်ငံပေါင်း ၁၆ နိုင်ငံမှ လာရောက်တာ၀န်ထမ်းဆောင်နေသူများရှိ
  • ၀န်ထမ်းစုစုပေါင်း၏ ၉၃% မှာ ပြည်တွင်း ၀န်ထမ်းများဖြစ်
  • အမျိုးသမီးလုပ်သားထုမှာ ၄၀%ရှိ
  • ၀န်ထမ်းအားလုံး၏ ၉၀% မှာ အသက် ၄၀ အောက်များဖြစ်

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor