Press Release

တယ်လီနောမှ ၎င်း၏သုံးစွဲသူများ၊ ဝန်ထမ်းများကို COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ပါဝင်လှူဒါန်းရန် နှိုးဆော်ပြီး ရရှိလာသော ရန်ပုံငွေပမာဏအတိုင်း တယ်လီနောမှ ထပ်ဆောင်းလှူဒါန်းသွားမည်

10 April, 2020 - Yangon

  • နိုင်ငံတော်အစိုးရ၏ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအား အထောက်အပံ့ပေးနိုင်ရန် စာတိုပေးပို့၍ အလွယ်တကူ လှူဒါန်းနိုင်သော ချန်နယ်တစ်ခုကို တယ်လီနောမှ စတင်လုပ်ဆောင်
  • မြန်မာလူမျိုးများ၏ ရက်ရောမှုနှင့် အခက်အခဲများဖြစ်ပေါ်လျှင် ကူညီရိုင်းပင်းတတ်သည့် စိတ်ဓာတ် ကို အခြေခံ၍ စတင်ခဲ့ခြင်းဖြစ်ပြီး ရရှိလာသော ရန်ပုံငွေပမာဏအတိုင်း ဒေါ်လာ ၇၅,၀၀၀ (ခန့်မှန်းချေ သန်း ၁၀၀ ကျပ်) အထိ တယ်လီနောမှ ထပ်ဆောင်းလှူဒါန်းသွားမည်ဖြစ်

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံရှိ ၎င်း၏အသုံးပြုသူ ၂၂ သန်းကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ထံ တတ်အားသရွေ့ ပါဝင်လှူဒါန်းကြရန် နှိုးဆော်လိုက်သည်။ ဧပြီ ၉ ရက်နေ့မှစတင်ကာ တယ်လီနောသည် COVID-19 တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ရှာဖွေရန် ၎င်း၏ ကွန်ရက်ပလက်ဖောင်းကို အသုံးပြုခဲ့သည်။

တယ်လီနောမြန်မာသည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအတွက် စာတိုပေးပို့မှုမှတဆင့် လှူဒါန်းခြင်း အစီအစဉ်ဖြင့် ရန်ပုံငွေ ရရှိနိုင် ရေး လုပ်ဆောင်လျက်ရှိသည်။ အသုံးပြုသူများ အနေဖြင့် နံပါတ်  2020 သို့ “၁၀၀၀” ဟု ရိုက်ပြီး စာတိုပေးပို့ ခြင်းဖြင့် မြန်မာကျပ် ၁,၀၀၀ ကို လှူဒါန်းနိုင်မည်ဖြစ်သည်။ အဆိုပါ အလှူငွေကို ကြိုတင်ဖြည့်သွင်းထားသော ဖုန်းဘေလ်မှ ဖြတ်တောက်သွားမည် ဖြစ်သည်။ အကြိမ်အကန့်အသတ်မရှိ စာတိုပေးပို့ လှူဒါန်းနိုင်ပြီး အလှူငွေ အားလုံးသည် COVID-19 ကော်မတီထံသို့ တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်သည်။ လှူဒါန်းရရှိသော ရန်ပုံငွေများကို ပိုမိုတိုးပွားစေရန် ဒေါ်လာ ၇၅,၀၀၀ (မြန်မာငွေ သန်း ၁၀၀ ကျပ်) အထိ တယ်လီနောမှ ၁ : ၁ အချိုးအစားအတိုင်း ထပ်ဆောင်းလှူဒါန်းသွားမည်ဖြစ်ပါသည်။

"မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အပေးအကမ်း အရက်ရောမှုအရှိဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် လူသိများထင် ရှားပါတယ်။ အခုလို အခက်အခဲကို အတူရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလိုရက်ရောတဲ့စိတ်ဓာတ်က လိုအပ်မှုတွေ ကို ပံ့ပိုးပေးနိုင်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ နည်းပညာကို ကောင်းတဲ့နေရာမှာ အသုံး ချဖို့၊ လူတွေကို သူတို့အတွက် အရေးပါဆုံးအရာတွေနဲ့ ချိတ်ဆက်ပေးဖို့ဆိုတဲ့ ကတိကဝတ်အတိုင်း မြန်မာ နိုင်ငံသားတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်လျက်ရှိပါတယ်။ တယ်လီနောအနေနဲ့ သုံးစွဲသူတွေကနေ ရရှိတဲ့ လှူဒါန်းငွေပမာဏအတိုင်း ဆတူလှူဒါန်းသွားပြီး မြန်မာနိုင်ငံသားတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ရပ်တည်နေမှာပါ” ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် Hans Martin Høegh Henrichsen မှ ပြောကြားခဲ့သည်။

စာတိုပေးပို့လှူဒါန်းခြင်းသည် COVID-19 ကူးစက်ကပ်ရောဂါမှ မြန််မာနိုင်ငံရှိ ထိခိုက်ပျက်စီးလွယ်မှုအများဆုံး လုပ်ငန်းကဏ္ဍများကို ကာကွယ်ပေးရန် တယ်လီနော၏ ပူးပေါင်းအားထုတ်မှုတစ်ခုဖြစ်သည်။ ယခုကဲ့သို့ စာတိုပေးပို့လှူဒါန်းခြင်းသည် COVID-19 ကို ရင်ဆိုင်ရန် ရှေ့တန်းမှ ကြိုးစားနေကြသော ကျန်းမာရေးဝန်ထမ်း များနှင့် အခက်အခဲများကိုမမှုဘဲ မြန်မာနိုင်ငံအား COVID-19 အန္တရာယ်မှ လွတ်မြောက်အောင် ကြိုးပမ်းပေး နေကြသော အဖွဲ့အစည်းများကို ကူညီရန် လွယ်ကူထိရောက်သော နည်းလမ်းဖြစ်သည်။

"ကျွန်တော်တို့ လူအများစု  ဘေးကင်းကင်းနဲ့နေနိုင်ဖို့ ကြီးမားတဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုင်ပြီး ထောင် ပေါင်းများစွာသော ကျန်းမာရေး ဝန်ထမ်းတွေက ရှေ့တန်းမှာ ရင်ဆိုင်တိုက်ခိုက်နေကြပါတယ်။ သူတို့ကို ကူညီ တဲ့အနေနဲ့ ကျွန်တော်တို့ အိမ်ထဲမှာပဲ သက်သောင့်သက်သာ၊ အန္တရာယ်ကင်းကင်းနဲ့ နေပြီး ကူညီပေးနိုင်ပါ တယ်။ ကျွန်တော်တို့အတွက် အများကြီး အနစ်နာခံပေးနေတဲ့ သူတို့ကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပါဝင်လှူဒါန်းပေးကြဖို့ အသုံးပြုသူများရော ဝန်ထမ်းများကို တိုက်တွန်းပါရစေ။" ဟု Hans မှ ဖြည့်စွက်ပြော ကြားခဲ့သည်။

စာတိုပေးပို့လှူဒါန်းနိုင်မည့် အချိန်ကာလမှာ ဧပြီ ၉ ရက်နေ့မှ ဇွန်လ၊ ၂၀၂၀ အထိ ဖြစ်ပြီး အခြေအနေအရ လိုအပ်ပါက လှူဒါန်းနိုင်မည့် အချိန်ကာလကို တိုးမြှင့်သွားမည်ဖြစ်သည်။

ယခုအပတ် အစောပိုင်းကလည်း တယ်လီနောမြန်မာသည် မြန်မာကျပ် သိန်း ၂၄၀ ကျော်တန်ဖိုးရှိ တစ်ကိုယ်ရေသုံး သန့်ရှင်းရေး၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို Network Activity Group မှတဆင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ   ယာယီ COVID-19 စောင့်ကြည့်စင်တာ ၁၅ ခု သို့ လှူဒါန်းခဲ့ သည်။ ယခုကဲ့သို့ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းသည် စောင့်ကြည့်ခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့ထံ လာရောက်တွေ့ဆုံသူများ ဘေးကင်းလုံခြုံစေရန်နှင့် ရောဂါ ကူးစက် ပျံ့နှံ့မှုကို တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်ပါသည်။

ထို့အပြင် တယ်လီနောသည် ၎င်းစင်တာများ၌ အသွားအလာကန့်သတ်၊ စောင့်ကြည့်ခံနေရသည့် ပြည်သူများ အတွက် ဒေတာ 1GB ပါဝင်သည့် ဆင်းကတ်ပေါင်း (၂၅,၀၀၀) ကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။ အဆိုပါ ဆင်းကတ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များထံ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ပြီး လက်ရှိတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်များ တွင် ဆင်းမ်ကတ်ပေါင်း ၈၅၀၀ ကျော် လွှဲပြောင်းပံ့ပိုးပေးခဲ့ပြီး ဖြစ်သည်။

တယ်လီနောသည် COVID-19 ရောဂါ အခြေအနေကို လေ့လာစောင့်ကြည့်နေပြီး နေ့စဉ်ဆွေးနွေးမှုများ၊ ညွှန်ကြားချက်အသစ်များ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ကို ချမှတ်လုပ်‌ဆောင်လျက်ရှိသည်။ တယ်လီနောမြန်မာသည် လျင်မြန်စွာ ပြောင်းလဲနေသော အပြောင်းအလဲများအတွက် အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။

တယ်လီနောမြန်မာအနေဖြင့် ပြည်သူလူထုအကြား COVID-19 ဆိုင်ရာ ဘက်မလိုက်၊ မျှတသည့် သတင်း အချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ရေးအတွက် ၎င်း၏ ဆက်သွယ်ရေး ကွန်ရက်ဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ လက်ရှိ လုပ်ဆောင်နေသည့် အစီအစဉ်များမှာ -

  • ငွေထပ်မံဖြည့်သွင်းခြင်း သို့မဟုတ် pack ဝယ်ယူခြင်းဖြင့် မိုင်တယ်လီနော (MyTelenor) အက်ပ်ပ လီကေးရှင်းရှိ “ပျော်ပြီးရင်းပျော်” အစီအစဉ်မှ ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ ဆုလက်ဆောင်များ
  • လက်ရှိဖြစ်ပွားနေသည့် COVID-19 အချိန်ကာလအတွင်း သုံးစွဲသူများအနေဖြင့် ဒေတာများ ကို ပိုမိုအသုံးပြုနိုင်စေရန်အတွက် ဖုန်းငွေဖြည့်တိုင်း ရရှိလာမည့် ဖြည့်သွင်းငွေ၏ ၅၀ ရာခိုင်နှုန်း (50%) ကို ဖုန်းဘေလ်အပိုလက်ဆောင်အဖြစ် ပေးအပ်ခြင်း
  • တယ်လီနောသုံးစွဲသူများအနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် COVID-19 အခြေ အ‌နေနှင့် ပတ်သက်သည့် သတင်းများအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်သို့ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားရှိခြင်း
  • တယ်လီနောသုံးစွဲသူများ၏ ဖုန်းခေါ်ဆိုချိန်တွင် ယခင် ပုံမှန် Ring tune များအစား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ COVID-19 ဆိုင်ရာ သတင်းအချက်အလက်များ အစားထိုးထည့်သွင်းခြင်း အပါအဝင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ခပ်ခွာခွာနေခြင်းနှင့် တစ်ကိုယ်ရေ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ လူထုအသိပညာပေး လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ခြင်း
  • ရောဂါကာကွယ်ရန် နည်းစနစ်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ခပ်ခွာခွာနေခြင်း အလေ့အကျင့် များအပြင် ၎င်းတို့၏ နီးစပ်ရာအသိုင်းအဝိုင်းများတွင်လည်း အဆိုပါ သတင်းအချက်အလက်များကို ပြန်လည်မျှဝေရန် ဝန်ထမ်းများ၊ စီးပွားရေးမိတ်ဖက်များနှင့် အရောင်းဝန်ထမ်းများအကြား အသိ ပညာပေးခြင်း
  • တယ်လီနောက လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဒေသ ဆိုင်ရာရုံးများတွင် လုပ်ဆောင်နေသော COVID-19 ဆိုင်ရာ အရေးပေါ်ဖုန်းလိုင်း ထူထောင်မှုကို ကူညီပေးရန် ထိုဝန်ကြီးဌာနထံ (အဝေးပြော) ဖုန်းခေါ်ဆိုခ အခမဲ့ဆင်းမ်ကတ်များကိုလည်း ထောက်ပံ့ ပေးခြင်းနှင့် ထိုအရေးပေါ်ဖုန်းလိုင်းသည် COVID-19 ရောဂါကြောင့် ရောဂါခြေချုပ်ဖြင့် စောင့်ကြည့် ခံရသူများကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအား ပြေလျော့နိုင်စေရန် အထောက်အကူ ပြုပေးနိုင်မည်ဖြစ်ခြင်း

တယ်လီနောမြန်မာသည် အမျိုးသားအဆင့် အရေးပေါ်အခြေအနေများနှင့် ဘေးအန္တရာယ်များ ဖြစ်ပေါ်ချိန် များတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများကို အင်တိုက်အားတိုက် ပါဝင်လုပ် ဆောင်လျက်ရှိသည်။ တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများ အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် တယ်လီနော သည် ၂ဝ၁၅ ခုနှစ်မှ ယနေ့တိုင်အောင် ဘေးအန္တရာယ်သင့် ပြည်သူများအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ သန်း (၁၀၀၀) ကျော်ကို ပံ့ပိုးပေးခဲ့ပြီး ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု များအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ် ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာ များအနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share