Press Release

တယ်လီနောမှ ၂၀၁၈ ခုနှစ် နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့

20 July, 2018 - Yangon

  • နွေရာသီ ကျောင်းပိတ်ရက် ၃ လတာ ကာလအတွင်း ဒစ်ဂျစ်တယ် နည်းပညာသင်တန်း အပတ်စဉ် ၄ ခုအား အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့
  • ဒစ်ဂျစ်တယ် နည်းပညာနှင့် အင်တာနက်အား ဘေးကင်းစွာ အသုံးပြုနိုင်မည့် အချက်များအား နိုင်ငံတစ်ဝန်းရှိ ကျောင်းသား ကျောင်းသူပေါင်း ၂၅,၀၀၀ ကျော်အား သင်ကြားပေးနိုင်ခဲ့
  • အနာဂတ်တွင် ကျောင်းသားကျောင်းသူပေါင်း ၁၀၀,၀၀၀ ခန့်အား နှစ်စဉ် သင်ကြားပေးနိုင်ရန် ရည်ရွယ်ထား

တယ်လီနောမြန်မာမှ နိုင်ငံတစ်ဝန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများသည် အောင်မြင်စွာ ပြီးဆုံးခြင်း အခမ်းအနားအား ယနေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ တယ်လီနောမြန်မာနှင့် ဤစီမံကိန်းအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် တယ်လီနောမြန်မာ၏ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်အသီးသီး တက်ရောက်ခဲ့ကြသည်။

 

နွေရာသီ ကျောင်းပိတ်ရက် ၃ လတာ ကာလအတွင်း အပတ်စဉ် ၄ ခု ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည့် အဆိုပါ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းများမှ တဆင့် မြန်မာနိုင်ငံတစ်ဝန်းမှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူပေါင်း ၂၅,၀၀၀ ကျော်အား အခြေခံ ကွန်ပြူတာ ကျွမ်းကျင်မှုနှင့် အင်တာနက်အား ဘေးကင်းစွာ အသုံးပြုနိုင်မည့် အချက်များအား သင်ကြားပေးနိုင်ခဲ့သည်။

 

ထို့အပြင် ပညာရေးကဏ္ဍတိုးတက်စေရန် မြန်မာနိုင်ငံ အစိုးရ၏ အားထုတ်ကြိုးပမ်းမှုများအား တစ်ဖက်တစ်လမ်းမှ ကူညီ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လက်ပ်တော့ အလုံး ၂၄၀ ကျော်ကိုလည်း အဆိုပါ အခမ်းအနားတွင် ပညာရေး ဝန်ကြီး ဌာနထံ တယ်လီနောမြန်မာမှ ပေးအပ်လှူဒါန်းခဲ့သည်။

 

“၂၀၁၈ ခုနှစ် နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်း စီမံကိန်း အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် ကျွန်တော့်အနေနဲ့ အလွန် ဝမ်းမြောက်မိပါတယ်။ စီမံကိန်း အောင်မြင်အောင် ကူညီထောက်ပံ့ပေးခဲ့တဲ့ ပညာရေး ဝန်ကြီး ဌာနနဲ့ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်အောင် ပူးပေါင်းပါဝင်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကို ကျေးဇူးအထူး တင်ရှိပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။ နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသား ကျောင်းသူတွေကို အခြေခံ ခေတ်မီ ဒစ်ဂျစ်တယ် အတတ်ပညာတွေနဲ့ ရင်းနှီးကျွမ်းဝင်လာစေဖို့နဲ့ အွန်လိုင်း ကနေတဆင့် ရရှိနိုင်တဲ့  အချက် အလက်တွေကို မြန်မာနိုင်ငံက ကလေးငယ်တွေ အကျိုးရှိရှိ အသုံးချနိုင်စေဖို့ ပဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ကျောင်းသားကျောင်းသူ လူငယ်တွေ ဒစ်ဂျစ်တယ် နည်းပညာ ပိုမို တတ်မြောက်လာဖို့နဲ့ မြို့ပြ၊ ကျေးလက်ကြား ဒစ်ဂျစ်တယ် နည်းပညာကွာဟမှုကို လျှော့ချ ပေးနိုင်ဖို့ ဒီစီမံကိန်းကို ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတစ်ဝန်းက အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား ကျောင်းသူပေါင်း ၂၅,၀၀၀ ကို သင်ကြားပေးနိုင်ခဲ့ပြီး ဒီအစီအစဉ်ဟာ နောက်လာမယ့် မျိုးဆက်သစ် လူငယ်ပေါင်းများစွာကို အကျိုးရှိစေမယ့် စီမံကိန်းတစ်ရပ် ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နောက်နှစ်မှာ ကျွန်တော်တို့ အနေနဲ့ ဒီစီမံကိန်းကို တိုးချဲ့လုပ်ဆောင်သွားဖို့ စီစဉ်နေပြီး ကျောင်းသားကျောင်းသူပေါင်း ၁၀၀,၀၀၀ ခန့် အထိကို သင်ကြားပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။” ဟု တယ်လီနောမြန်မာ၏ Chief Corporate Affairs Officer ဖြစ်သူ Hans Martin Hoegh Henrichsen မှ ပြောကြားခဲ့သည်။

 

တယ်လီနောမြန်မာ ဖော်ဆောင်လျက်ရှိသည့် လူထုအကျိုးပြုစီမံကိန်းများအနက်တစ်ခုဖြစ်သည့် အဆိုပါ နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများကို မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု ပိုမို ကောင်းမွန် လာစေရန် နှင့် ကျေးလက်နှင့်မြို့ပြအကြား ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်မှုကွာဟချက်ကို လျော့ကျသွားစေရန်  ရည်ရွယ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဤစီမံချက်တွင် KMD နှင့်အတူ Ericsson, Irrawaddy Green Towers နှင့် Myanmar ICT for Development Organization (MIDO) တို့က တယ်လီနောမြန်မာနှင့် ပူးပေါင်းပါဝင် ထားသည်။

 

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရမည့် လမ်းစဉ်တွင် လိုအပ်သော အခြေခံ အုတ်မြစ်များအား တည်ဆောက်နိုင်စေရေး အထောက်အကူပြုမည့် စီမံကိန်းများကို ၎င်း၏ လူမှုအကျိုးပြု စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်လျက်ရှိသည်။ ၎င်း၏ အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာ ဖွ့ံဖြိုးရေးစင်တာများသည် လက်ရှိ တွင် ကျောင်းသားကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်အား စမတ်ဖုန်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းများ သင်ကြားပေး ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ ‘ဘေးကင်းသော အင်တာနက်’ အစီအစဉ်များမှတဆင့် အင်တာနက်အား အကျိုးရှိစွာနှင့် ဘေးကင်းစွာ မည်သို့ အသုံးပြုရမည်ဆိုသည့် အချက်များကို အစိုးရ ကျောင်းသားကျောင်းသူပေါင်း ၁၆၀,၀၀၀ ကျော်အား သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနောသည် မကြာသေးမီကလည်း Myanmar Metropolitan College နှင့် ပူးပေါင်း၍ မဟာဗျူဟာမြောက် အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) အတွက် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀ ဦးအား ၄ နှစ်ကျော် ကြာ ပညာသင်ဆုများ ပေးအပ်သွားမည့် အစီအစဉ်တစ်ရပ်ကို စတင်လုပ်ဆောင်ခဲ့သည်။

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor