Press Release

တယ်လီနောမှ အွန်လိုင်းဗီဒီယိုပညာရေးစနစ် သင်ထောက်ကူပစ္စည်းများစတင်အသုံးပြု

02 December, 2015 - Yangon

  • မြန်မာနိုင်ငံအနှံ့ဒီဂျစ်နယ်နည်းပညာနှင့်ရင်းနှီးမှုရှိစေရန် နှင့် အွန်လိုင်းမှ အင်္ဂလိပ်စာသင်ကြားနိုင်ရန်ဆောင်ရွက်
  • ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလတွင် တယ်လီနော၏အလင်းအိမ်စင်တာ၁၁ခု၌ သင်ခန်းစာပို့ချချက်ဗီဒီယိုများကိုစတင်အသုံးပြု

တယ်လီနောမြန်မာလီမိတက်မှ (တယ်လီနော)မှမြန်မာ့လူ့အဖွဲ့အစည်း၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သောအခြေခံကွန်ပျူတာပညာနှင့် အင်္ဂလိပ် ဘာသာစကားစွမ်းရည်တိုးတက်လာစေခြင်းအလို့ငှာ ၎င်း၏အလင်းအိမ်စင်တာ၁၁ခုတွင် အွန်လိုင်းမှ ဗီဒီယိုဖြင့်လေ့လာရေးစနစ်သင်တန်းများကိုစတင်ဆောင်ရွက်လျှက်ရှိသည်။

“Word, Excel ,Powerpointအင်္ဂလိပ်စာစတဲ့ အရည်အသွေးတွေတိုးတက်စေဖို့ အခြေခံကွန်ပျုတာပညာရပ်ကိုအွန်လိုင်းဗီဒီယိုကနေတဆင့် စျေးနူန်းသက်သက်သာသာနဲ့သင်ယူနိုင်မှာဖြစ်ပါတယ်။ အလင်းအိမ်စင်တာနားမှာရှိတဲ့ ဒေသခံလူထုတွေ၊ အထူးသဖြင့် ၀င်ငွေနည်းမိသားစုတွေရဲ့ ကလေးတွေ ကိုဒီသင်တန်းကအများကြီးအကျိုးပြုနိုင်မှာပါ။”ဟုတယ်လီနောမြန်မာမှ လူမှုအကျိုးပြုဌာနမှုး ဖြစ်သူကိုမင်းသူကပြောသည်။

ထိုအလင်းအိမ်စင်တာ၁၁ခုသည် ရမည်းသင်း၊ ပျော်ဖွယ်၊ တပ်ကုန်း၊ မင်းဘူး၊ မြင်းခြံ၊ ဖြူး၊ မလှိုင်၊ အင်းစိန် နှင့်မြောက်ဒဂုံအစရှိသည့်မြို့နယ်များတွင်တည်ရှိနေသောစင်တာများဖြစ်သည်။မြန်မာနိုင်ငံအတွင်းရှိဗီဒီယိုသင်ခန်းစာများသည် မြန်မာ့အထက်တန်းသင်ရိုးညွှန်းတမ်းသို့မဟုတ် ရေးဆွဲထားပြီးဖြစ်သောကွန်ပျုတာအခြေခံသင်ရိုးညွှန်တမ်းများပေါ် မူတည်ပြီးအကျွမ်းကျင်ဆုံးဆရာများကရေးဆွဲထားခြင်းဖြစ်သည်။။ ၎င်းတို့ကိုမြန်မာနိုင်ငံတွင် အွန်လိုင်းပညာရေးစီမံကိန်းကိုအကောင်အထည်ဖော်သည့် Foster NGO ကမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ အဆင့်မြင့်ပညာရေးကိုသင်ယူရန်အခက်အခဲရှိသောကျောင်းသားကျောင်းသူများအနေဖြင့်လည်းဤကဲ့သို့ အရည်အချင်းပြည့်ဝသောသင်ကြားရေးလမ်းညွန်များ၏ကူညီပံ့ပိုးမှုနှင့်အတူဗီဒီယိုများကိုကြည့်ရှု၍လက်တွေ့အသုံးချခြင်းဖြင့်လေ့လာတတ်မြောက်နိုင်ပါသည်။

“ကျွန်တော်တို့အနေနဲ့ မြစ်ကြီးနား (ရွှေ့ပြောင်းနေထိုင်သူများစခန်း)၊ ကွတ်ခိုင်၊ ဟားခါး၊ စစ်ကိုင်း၊ ကန်ဖြူရွာစတဲ့ နေရာတွေမှာရှိတဲ့ ကျောင်းငါးကျောင်းကကလေးပေါင်း ၂၅၀ ကျော်ကိုယနေ့အထိကူညီပေးထားပြီးဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ကျွန်တော်တို့စီမံကိန်းမှာပါဝင်တဲ့ ကျောင်းတွေရဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်နှုန်းဟာ ၁၅%ကနေ၂၀၁၅မှာ ၃၀%ထိသိသိသာသာမြင့်တက်လာခဲ့ပါတယ်။ ကျောင်းသားကျောင်းသူတွေ တက်ကြွစွာကြိုးစားအားထုတ်မှုရှိလာအောင်လုပ်ဆောင်ဖို့ကကျွန်တော်တို့ရဲ့အဓိကတာဝန်တစ်ခုဖြစ်ပါတယ်”ဟု Foster NGO ၏ CEOဖြစ်သူSalai J. BawiVungThangမှပြောကြားခဲ့ပါသည်။

အလင်းအိမ်စင်တာတွင် အွန်လိုင်းပညာရေးသင်တန်းများအပြင် မိုဘိုင်းအခြေခံသင်တန်းများဖြစ်သည့် မိုဘိုင်းအင်တာနက် အသုံးပြုနည်း၊viber၊facebookအသုံးပြုနည်းများအပြင် အခြေခံကွန်ပျူတာစွမ်းရည်ဖြစ်သော Microsoft Word၊ Excel၊Powerpointသင်တန်းများကိုလည်းဖွင့်လှစ်ပေးထားပါသည်။

“ကျောင်းသားကျောင်းသူတွေအနေနဲ့ ကွန်ပျူတာနဲ့အင်္ဂလိပ်ဘာသာစကားကိုဒီဗီယိုတွေကတဆင့်သင်ကြားပို့ချပေးထားတဲ့ညွှန်ကြားချက်တွေအတိုင်းကိုယ်တိုင်လေ့လာသင်ယူလို့ရပါတယ်။ သူတို့နားမလည်တဲ့သင်ခန်းစာတွေကိုလည်းအလင်းအိမ်စင်တာကို ကြီးကြပ်သူတွေကအကြံဉာဏ်ပေးညွှန်ကြားပေးသွားမှာဖြစ်ပါတယ်။ ကနဦးလုပ်ဆောင်မှုဟာအတိုင်းအတာတစ်ခုထိအောင်မြင်သွားရင် ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကိုတစ်နိုင်ငံလုံးအတိုင်းအတာထိဖြန့်ကျက်သွားဖို့ရှိပါတယ်” ဟုကိုမင်းသူကပြောကြားခဲ့သည်။

တယ်လီနောအလင်းအိမ်၏ အဓိကရည်မှန်းချက်သည် တစ်နိုင်ငံလုံးအနှ့ံ ဒီဂျစ်တယ်အတတ်ပညာတိုးတက်ရေးအတွက် မဖွံ့ဖြိုးသေးသောကျေးလက်ဒေသများရှိကျောင်းနေအရွယ်ကလေးငယ်များမှ အစပြုကာယင်းဒေသရှိ ပြည်သူများမိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက်ကိုပိုမိုလက်ခံအသုံးပြုလာတတ်စေရန်ဖြစ်ပါသည်။စင်တာများကိုရပ်မိရပ်ဖစွန့်ဦးတီထွင်သူများမှ စီမံဦးစီးမည်ဖြစ်ပြီး၎င်းစင်တာများတည်ရှိရာရပ်ရွာများမှလယ်သမားများမှ လူငယ်များအထိမည်သူမဆိုရပ်သူရွာသားများအားလုံးတက်ရောက်နို်င်ပါသည်။

တယ်လီနောသည်မြန်မာနိုင်ငံတွင် အလင်းအိမ်များတည်ဆောက်ဖွင့်လှစ်ရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၅ခုနှစ်၊ ဇွန်လတွင် Myanmar Information Development Organization (MIDO) နှင့်စာချုပ် ချုပ်ဆိုခဲ့ပါသည်။ ၂၀၁၈ခုနှစ်အကုန်တွင်လည်းအလင်းအိမ်ပေါင်း၂၀၀အထိတည်ဆောက်ရန်မျှော်မှန်းထားပါသည်။ စွန့်ဦးတီထွင်သူများအနေဖြင့် တယ်လီနောအလင်းအိမ်စင်တာများ၏ အကျိုးသက်ရောက်မှုများကိုစိတ်ပါဝင်စားပြီး ၎င်းတို့၏ လူမှုပတ်ဝန်းကျင်များတွင် ပြန်လည်အသုံးချလိုပါက(www.lighthouse.com.mm) တွင် အသေးစိတ် ဝင်ရောက်လေ့လာနို်င်ပါသည်။

e-educationအကြောင်း

e-education သည် ဂျပန်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ။ ၂၀၁၀ ခုနှစ်မှစတင်ပြီးဘင်္ဂလားဒေ့ရှ်၊ ဂျော်ဒန်၊ ရဝမ်ဒါ၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဟန်ဂေရီနှင့် မြန်မာအစရှိသော နိုင်ငံ ၈ နိုင်ငံတွင် ဗီဒီယိုသင်ခန်းစာများပံ့ပိုးထားပြီးးဖြစ်သည်။ e-education စီမံကိန်းကို ၂၀၁၃ ခုနှစ်ကတည်းကစတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၌ အကျိုးအမြတ်မယူသောလူမှုအဖွဲ့အစည်းဖြစ်သည့် Foster နှင့် ပူးပေါင်း၍ မြန်မာပြည်တွင်းမှ ကျွမ်းကျင်မှုရှိသောဆရာဆရာမများ၏ သင်ကြားပို့ချမှု ဗီဒီယိုများကိုပညာသင်ယူရန်အခက်အခဲရှိသောနေရာများတွင် ပို့ချပေးနေခြင်းဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004

ကိုစိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor