02 August, 2019 - Yangon
တယ်လီနောမြန်မာသည် သုံးစွဲသူများကို ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်အတွေ့အကြုံကောင်းများ ပေးစွမ်းနိုင်ရန်ရည်ရွယ်၍ prepaid အသုံးပြုသူများအတွက် MyTelenor App ဗားရှင်း ၃.၈ တွင် ရရှိနိုင်သော ရှယ်ဆော့ရှယ်ရ မြွေလှေကား (Shal PLAY, Shal WIN Snake and Ladder) ဒီဂျစ်တယ်ဗားရှင်း ကစားနည်းကို မိတ်ဆက်ပေးလိုက်ပါသည်။ ရှယ်ဆော့ရှယ်ရမြွေလှေကား ကစားနည်းသည် သုံးစွဲသူများအတွက် ဒစ်ဂျစ်တယ်အတွေ့အကြုံကောင်းများ ရရှိစေရန် အစဉ်အမြဲကြိုးပမ်းအားထုတ်လျက်ရှိသည့် တယ်လီနောမြန်မာမှ အသစ်ထပ်မံ ဆန်းသစ်ဖန်တီးထားသည့်ကစားနည်းတစ်ခုဖြစ်ပြီး မိမိတို့ကလေးဘဝတွင် ကစားခဲ့ကြသော ကစားနည်းအား ဒစ်ဂျစ်တယ်အသွင်ပြောင်းကာ ဖန်တီးထားခြင်းဖြစ်သည်။ အဆိုပါကစားနည်းသည် တယ်လီနောသုံးစွဲသူများကို အမှန်တကယ်ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ဆုလက်ဆောင်များစွာကိုလည်း ယူဆောင်ပေးနိုင်မည်ဖြစ်သည်။
သြဂုတ်လ ၂ ရက်နေ့မှစတင်၍ တယ်လီနောသည် ရှယ်ဆော့ရှယ်ရမြွေလှေကား ကစားနည်း၏ ကံထူးရှင်များထံ ဆုလက်ဆောင်ပေါင်း ၉,၉၀၉,၈၁၀ ခုကို ပေးအပ်သွားမည်ဖြစ်သည်။ ကစားသူများသည် အန်စာတုံးများကို များများလှိမ့်ခြင်းဖြင့် ချက်ချင်းဆွတ်ခူးရရှိနိုင်သော ဆုလက်ဆောင်များစွာအပြင် ဆုကြီးများဖြစ်သော Apple iPads ၊ Samsung Smart LED TVs ၊ Oppo F11 smartphones နှင့် စင်ကာပူလေကြောင်းလိုင်းဖြင့် စင်္ကာပူသို့ အသွားအပြန်လေယာဉ်လက်မှတ်များ အစရှိသည့် ဆုကြီးများကို ရယူပိုင်ဆိုင်နိုင်သည့် အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်သည်။
“MyTelenor အက်ပလီကေးရှင်းထဲကို ဆန်းသစ်တီထွင်ထားတဲ့ နောက်ထပ်လုပ်ဆောင်ချက်အသစ်တစ်ခု ထပ်သွင်းပေးနိုင်တဲ့အတွက် တကယ့်ကို ပျော်ရွှင်ကြည်နူးမိပါတယ်။ ကျွန်တော်တို့ရဲ့တယ်လီနောသုံးစွဲသူတွေ ဒီကစားနည်းကို ကစားပြီး ပျော်ရွှင်ရမယ်၊ ဒါ့အပြင် ဒီကစားနည်းကို ကစားရင်း ကံထူးပြီးရရှိလာတဲ့ ဆုလက်ဆောင်တွေကြောင့် အပျော်တွေကိုထပ်တိုးရရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တယ်လီနောမြန်မာက သုံးစွဲသူတွေကို သူတို့ရဲ့ဒစ်ဂျစ်တယ်ခရီးလမ်းမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့၊ ဖန်တီးမှုအားကောင်းတဲ့ ကမ်းပိန်းအသစ်အသစ်တွေ ယူဆောင်လာပေးဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီကမ်ပိန်းလေးကို တယ်လီနောသုံးစွဲသူတွေ ကြိုက်နှစ်သက်ကြမယ်လို့လည်း ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Sharad Mehrotra မှ ပြောကြားခဲ့သည်။
မြွေလှေကား ကစားနည်းသည် ကမ္ဘာတစ်ဝှန်းလုံးတွင် အသက်အရွယ်မရွေး၊ လူတန်းစားမရွေးကြိုက်နှစ်သက်ကြသော ကစားနည်းတစ်ခုဖြစ်သည်။ ရှေးခေတ်အိန္ဒိယတွင် စတင်ကစားခဲ့သော ကစားနည်းဖြစ်သည့် ‘Snakes’ and ‘Ladders’ ကစားနည်းသည် ဘုတ်ပြားပေါ်တွင် မြွေရုပ်များနှင့် လှေကားပုံများ ရေးဆွဲထားကာ အန်စာတုံးကိုအသုံးပြု၍ကစားရသော ရိုးရှင်းလွယ်ကူသည့် ကစားနည်းတစ်ခုပင်ဖြစ်သည်။ ကစားသူသည် ဘုတ်ပြားပေါ်ရှိ ပထမဆုံးအကွက်မှနေ၍ နောက်ဆုံးအကွက်သို့ရောက်အောင် အန်စာတုံးကိုလှိမ့်ကာ ကစားရသည်။ လှေကားအကွက်သို့ကျလျှင် ထိုလှေကားမှတစ်ဆင့် အထက်သို့မြန်မြန်ဆန်ဆန်တက်နိုင်ပြီး မြွေကြီးအကွက်သို့ရောက်လျှင်မူ အောက်သို့ပြန်လျှောဆင်းရသော ကစားနည်းဖြစ်သည်။
ရှယ်ဆော့ရှယ်ရမြွေလှေကား ကစားရန်အတွက် တယ်လီနော prepaid သုံးစွဲသူများသည် အန်စာတုံးများလိုအပ်ပါသည်။ ထိုအန်စာတုံးများကို တယ်လီနောပက်ကေ့ဂျ်များ ဝယ်ယူရာမှရရှိနိုင်ပါသည်။ တယ်လီနောပက်ကေ့ဂျ်များ ဝယ်ယူရန်အတွက် MyTelenor App ၊ Wowbox ၊ USSD ၊ SMS ၊ E-load အစရှိသည့်ချန်နယ်များမှတစ်ဆင့် ဝယ်ယူရရှိနိုင်ပါသည်။ အန်စာတုံးအရေအတွက်သည် ဝယ်ယူသည့်ပက်ကေ့ဂျ်ပမာဏနှင့် သက်ဆိုင်သဖြင့် ပက်ကေ့ဂျ်များများဝယ်ယူခြင်းဖြင့် အန်စာတုံးများများရရှိနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် မည်သည့်ချန်နယ်မှမဆို တယ်လီနောပက်ကေ့ဂျ်များဝယ်ယူပြီးပါက မြွေလှေကားကစားနည်း၏ ပင်မစာမျက်နှာသို့သွားရောက်ကာ MyTelenor အက်ပလီကေးရှင်းထဲတွင် အန်စာတုံးအရေအတွက်ကို ကြည့်ရှုနိုင်ပါသည်။
တယ်လီနော၏မိတ်ဖက်ပါတနာများဖြစ်သော YKKO ၊ Oway Travel နှင့် Shop.com.mm တို့မှ ဆုလက်ဆောင်ပေါင်း ၁၁၀,၀၀၀ ဖြစ်သည့် ဒစ္စကောင့်ကူပွန်များ၊ အိတ်ဆောင်လျှပ်စစ်ပစ္စည်းများ ဥပမာအားဖြင့် မိုဘိုင်းဖုန်းများ၊ ဘလူးတုစပီကာများ၊ နားကြပ်များ၊ ပါဝါဘန့်များ အပါအဝင် စသည့် ဆုပေါင်းများစွာကို ချက်ချင်းဆွတ်ခူးရရှိနိုင်ပါသည်။ ထို့ပြင် ကစားနည်းတစ်ခုပြီးတိုင်း ကစားသူသည် အထူးကံစမ်းမဲကူပွန်တစ်စောင်ကို လက်ခံရရှိမည်ဖြစ်သည်။ ကစားသူများသည် မိမိတို့မည်မျှကောင်းကောင်း ကစားနိုင်သည်ကို အက်ပလီကေးရှင်းထဲရှိ ရှယ်ဆော့ရှယ်ရမြွေလှေကားဘုတ်တွင် ဖော်ပြထားသည့် ထိပ်ဆုံးအဆင့် ကစားသမားအယောက် ၁၀၀ အပါအဝင် လက်ရှိကစားသူ၏ အောင်မြင်မှုမှတ်တမ်းကို တွေ့မြင်နိုင်မည်ဖြစ်သည်။
တစ်နေရာတည်းတွင် အစုံရရှိနိုင်သော MyTelenor အက်ပလီကေးရှင်းသည် တယ်လီနောအသုံးပြုသူများကို မိမိတို့၏ ဒေတာများအား အလွယ်တကူ စီမံခန့်ခွဲနိုင်ခြင်း၊ ငွေဖြည့်သွင်းနိုင်ခြင်း၊ ဆုလက်ဆောင်များကို ရယူနိုင်စေခြင်းတို့အပြင် ဖြေဖျော်မှုများ၊ ပရိုမိုးရှင်းများနှင့် ဝန်ဆောင်မှုအစုစုတို့ကိုပါ အလွယ်တကူခံစားရရှိစေနိုင်မည်ဖြစ်သည်။ ရှယ်ဆော့ရှယ်ရမြွေလှေကားသည် ယခုနှစ် မေလအတွင်း MyTelenor အက်ပလီကေးရှင်းတွင် မိတ်ဆက်ပေးခဲ့သည့် “Shal SPIN, Shal WIN” (ရှယ် Spin ရှယ် Win) နှင့် “Shal SHAKE” (ရှယ် Shake) ကမ်ပိန်းတို့အပြင် အခြားအောင်မြင်သော ဝန်ဆောင်မှုတစ်ခုနှင့် ဆုလက်ဆောင်တစ်ခုဖြစ်သည့် ‘Chwin Chwin’ (ချွင်ချွင်) ကံစမ်းမဲအစီအစဉ်၊ mobile legends ကစားသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များ၊ အထူးသီးသန့် Disney portal ၊ ဒေတာစုဘူးအစီအစဉ်သစ်နှင့် နက္ခဗေဒင် အစီအစဉ်တို့ပြီးနောက် တယ်လီနောမှ ထပ်မံဆန်းသစ်ဖန်တီးထားသည့် ဂိမ်းတစ်ခုဖြစ်သည်။ MyTelenor အက်ပလီကေးရှင်း ဗားရှင်း ၃.၈ ကို Google Play Store နှင့် Apple Store တွင် ဒေါင်းလုတ်ဆွဲကာ ရယူနိုင်ပါသည်။
မီဒီယာများဆက်သွယ်ရန်
ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ
မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ