Press Release

တယ်လီနောမှ သုံးစွဲသူများအတွက် ထိုင်းနိုင်ငံကို “၅ မိနစ် ခေါ်ပြီး၊ ၅ မိနစ် အပိုလက်ဆောင်” ရမည့် အစီအစဉ် မိတ်ဆက်

28 August, 2019 - Yangon

  • တယ်လီနော အသုံးပြုသူများ သည် ထိုင်းနိုင်ငံရှိ မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုမှုတိုင်းတွင် အပိုထပ်ဆောင်း ၅ မိနစ်ရရှိမည်
  • IDD pack နှင့် PAYGO အသုံးပြုသူတိုင်း အဆိုပါ အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပြီး မည်သည့် စာရင်းပေးသွင်းခြင်း (subscription) မှ ထပ်မံလုပ်ဆောင်ရန် လိုအပ်မည်မဟုတ်

တယ်လီနော မြန်မာသည် ၎င်း၏ ၁၉ မီလီယံကျော်ရှိသော သုံးစွဲသူများအတွက် ထိုင်းနိုင်ငံကို အနည်းဆုံး “၅ မိနစ် ဖုန်းခေါ်ပြီး ၅ မိနစ် အပိုလက်ဆောင်ရမည့်’ အစီအစဉ် ကို မိတ်ဆက်လိုက်ပါသည်။ သုံးစွဲသူများအနေနှင့် ထိုင်းနိုင်ငံရှိ ၎င်းတို့၏ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ယခင်ထက် ပိုမိုဆက်သွယ်နိုင်မည်ဖြစ်သည်။ သြဂုတ်လ ၂၂ ရက်နေ့မှ စတင်၍ ထပ်မံ ကြေညာသည့် ကာလအထိ တယ်လီနော၏ prepaid သုံးစွဲသူတိုင်း မည်သည့် အော်ပရေတာနံပါတ် ကို မဆို သို့မဟုတ် လိုင်းဖုန်းများ (ဂြိုလ်တု ဆက်သွယ်ရေးဖုန်းများ နှင့် အထူးသီးသန့် နံပါတ်များ မပါဝင်ပါ) သို့ ဖုန်းခေါ်ဆိုမှုတိုင်းအတွက် အပိုထပ်ဆောင်း ၅ မိနစ်ကို ရရှိမှာ ဖြစ်ပါသည်။ IDD pack နှင့် PAYGO သုံးစွဲသူများသည် သီးသန့် စာရင်းပေးသွင်းခြင်း (subscription) ပြုလုပ်ရန် မလိုအပ်ဘဲ အဆိုပါ ၅မိနစ်ဖုန်းပြော၊ ၅ မိနစ်အပိုရ ဝန်ဆောင်မှုကို ရရှိမည်ဖြစ်သည်။

“ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ ရဲ့ အနီးဆုံးမှာ ရှိနေတဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်ပြီး ရာနဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ၊ ကျောင်းသား ၊ ကျောင်းသူတွေ နဲ့ ခရီးသွားတွေ လစဉ်သွားရောက်မှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ တယ်လီနော က သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ကောင်းစွာနားလည်ပြီး သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ နီးကပ်စွာ ဆက်သွယ်နိုင်ဖို့အတွက် ဒေသတွင်းမှာ အကောင်းဆုံးသော ဆက်သွယ်ရေးစနစ်ကို အပြည့်အဝသုံးစွဲနိုင်ဖို့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်တဲ့ Amaresh Kumar ကပြောကြားခဲ့ပါတယ်။

၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူချက်အများအရ မြန်မာလူမျိုး၂ သန်းကျော် နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ အဆိုပါရွှေ့ပြောင်းနေထိုင်ကြသူများအနက် ၇၀.၂ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသူ များဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)မှ ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ တယ်လီနောမှ ယခုမိတ်ဆက်လိုက်သော ၅မိနစ် ပြော၊ ၅ မိနစ် အပိုရ အစီအစဉ် သည် ထိုင်းနိုင်ငံတွင် မိသားစု သို့မဟုတ် သူငယ်ချင်းများရှိသော တယ်လီနော သုံးစွဲသူများ အကြိုက်တွေ့စေပြီး သုံးစွဲမှုလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်ပါသည်။ IDD pack အသုံးပြု သူများအတွက် လက်ရှိ ထိုင်းနိုင်ငံသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုခမှာ တစ်မိနစ် လျှင် ၄၅ ကျပ် ကျသင့်မည်ဖြစ်ပြီး၊ PAYGO အသုံးပြုသူများအနေနှင့် တစ်မိနစ်လျှင် ၂၅၀ ကျပ် ကျသင့်မည်ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ အထူးအစီအစဉ် ဖြင့် Prepaid နှင့် Star Postpaid အသုံးပြုသူများမှာ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို၊ အိန္ဒိံယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ နော်ဝေး၊ ဂျာမနီ၊ အစ္စရေး၊ ဒိန်းမတ် နှင့် အိုင်ယာလန် စသည့် နိုင်ငံများရှိ ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းများကို အထူးဈေးနှုန်းဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်သည်။ လက်ရှိတွင် တယ်လီနော ဆင်းမ်ကဒ် အသုံးပြုသူများသည် ကမ္ဘာတဝှမ်းရှိ အော်ပရေတာ ၁၀၀၀ကျော်ကို ခေါ်ဆိုနိုင်ပါသည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ် နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီး စကင်ဒီ နေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၈ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများ ကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share