Press Release

တယ်လီနောမှ လူငယ်များကြားအင်တာနက်ပညာရေးအကြောင်းကိုဦးဆောင် ဆွေးနွေးလျက်ရှိ

18 January, 2016 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) မှ ၂၃ ကြိမ်မြောက် Net Monday အစီအစဉ်အားသန်လျင်နည်းပညာတက္ကသိုလ်တွင်ပြုလုုပ်ခဲ့ပြီးအင်တာနက်ကိုအသုံးပြုပြီးပညာရေးမြှင့်တင် နိုင်ရန်အတွက် မြန်မာလူငယ်များကိုအားပေးအားမြှောက်ပြုလုပ်ခြင်းကိုအဓိကထားဆွေးနွေးခဲ့သည်။

telenor_myanmar_interntet_education

Net Monday သည်တယ်လီနောမြန်မာမှ ‘အားလုံးအတွက်အင်တာနက်’ဟူသောခံယူချက်ဖြင့်လစဉ်ကျင်းပသောအစီအစဉ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်လျက်ရှိသောဒစ်ဂျစ်တယ်နှင့်အွန်လိုင်းလူထုအသိုင်းအဝိုင်းနှင့်သက်ဆိုင်သောအကြောင်းအရာများကိုတင်ပြဆွေးနွေးနိုင်စေရန်ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်သည်။အင်တာနက်နှင့်ပတ်သက်သောအကြောင်းအရာများကိုနိုင်ငံတကာနှင့် ပြည်တွင်းမှကျွမ်းကျင်ပညာရှင်များနှင့်ဖိတ်ကြားထားသော မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်လူထုအသိုင်းအဝိုင်းတို့ကိုပွဲစဉ်တိုင်းတွင်ဆွေးနွေးခြင်းဖြစ်သည်။ပါဝင်ဆွေးနွေးမည့်သူများတွင်ပရိုဂရမ်မာများ၊ web ဒီဇိုင်နာများ၊ Blogger များ၊ developer များ၊နည်းပညာကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ပြည်ရှိနည်းပညာကုမ္ပဏီများမှတာဝန်ရှိသူများပါဝင်သည်။

“၂၀၁၅ ခုနှစ် Myanmar Survey Research (MSR) ကိုအခြေခံပြီးပြောရမယ်ဆိုရင် မြန်မာနိုုင်ငံမှာအင်တာနက် အသုံးပြုသူ ၈၈% က လူမှုကွန်ယက်မှာပဲအသုံးပြုကြပြီး ၂၂% ကပဲပညာရေး၊ စီးပွားရေးအတွက် အသုံးပြုတာ ဖြစ်တယ်လို့ သိရပါတယ်။ အင်တာနက် အသုံးပြုလာဖို့အတွက် လူမှုကွန်ယက်တွေကအရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေသလိုအင်တာနက်နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကိုအကျိုးရှိရှိအသုံးပြုပြီးပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် တယ်လီနောအနေနဲ့ ရှေ့ပြေးဦးဆောင်သူအဖြစ် ဆက်လက် ဆောင်ရွက်နေပါတယ်။ ” ဟုတယ်လီနောမြန်မာ၏ Chief Marketing Officer Joslin E. Myrthong မှ ပြောကြားခဲ့သည်။

Joslin မှ ဆက်လက်ပြီး “ကျွန်တော်တို့အနေနဲ့ မြန်မာလူငယ်တွေကိုသူတို့တွေရဲ့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေတိုးတက် အကောင်အထည်ဖော်လာနိုင်ဖို့ကိုဆက်လက် ပံ့ပိုးပေးနေပြီး မြန်မာနိုင်ငံမှာပညာရေးနဲ့ ပတ်သက်တဲ့ နည်းလမ်းသစ်တွေ ပိုမိုတိုးပွားလာဖို့ အားပေးနေပါတယ်။ လူငယ်တွေက နိုင်ငံရဲ့ အနာဂတ်ပါ။ နည်းပညာကပညာရေးကိုသေသေချာချာထိရောက်စေမယ် ဆိုတာကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်းဒီလိုထိရောက်စေဖို့အတွက် ဆက်သွယ်ရေးကွန်ယက်ကိုဆက်လက်တိုးချဲ့သွားမှာ ဖြစ်ပြီးကုမ္ပဏီရဲ့ တာဝန်သိလုပ်ငန်းတွေကနေတဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

ပွဲတွင် တယ်လီနောမြန်မာ၊ Strategy First ၊ သန်လျင်နည်းပညာတက္ကသိုလ်တို့မှ တက်ရောက် ဆွေးနွေးသူများသည် အင်တာနက်နှင့်ပညာရေးအကြောင်းကိုဆွေးနွေးတင်ပြသွားခဲ့ပြီးလူငယ်များအင်တာနက် အသုံးပြုခြင်းဖြင့် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အရေးများကိုမည်သို့မည်ပုံရရှိနိုင်မည်အကြောင်းကိုလည်းဆွေးနွေးသွားခဲ့သည်။

တက္ကသိုလ်မှ အသက် ၂၀ ရှိကိုအာကာဖြိုးမှ “ပညာရေးအတွက် အွန်လိုင်းမှာ resources တွေ အများကြီးရှိတဲ့အကြောင်းနဲ့ အင်တာနက်ကိုအသုံးပြုပြီးပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေးတို့ကိုဘယ်လိုအသုံးချရမလဲဆိုတာ ကျွန်တော်ရှင်းရှင်းလင်းလင်းမြင်သွားပါတယ်” ဟုမှတ်ချက်ပေးခဲ့သည်။

တယ်လီနော၏ Net Monday အစီအစဉ်များကို မြန်မာနိုင်ငံတဝန်းရှိရန်ကုန်၊မန္တလေး၊မကွေး၊မော်လမြိုင်၊မှော်ဘီနှင့်ပဲခူးမြို့များအပါအဝင်အခြားမြို့ပေါင်းများစွာတွင်ကျင်းပခဲ့သည်။

မီဒီယာများဆက်သွယ်နိုင်ရန်:

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004
 

ကိုစိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor