Press Release

တယ်လီနောမှ နိုင်ငံရပ်ခြားတွင် ပြည်တွင်းနှုန်းထားဖြင့် သုံးစွဲနိုင်မည့် ပိုမိုကောင်းမွန်သည့် အစီအစဉ်ကို မိတ်ဆက်

26 July, 2019 - Yangon

  • ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ကမ္ဘောဒီယား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားစသည့် နိုင်ငံ ၁၀ နိုင်ငံတွင် (ကုန်သွယ်လုပ်ငန်းခွန်အပါအဝင်) နေ့စဉ်ကျသင့်ငွေ ၉၉ ကျပ်၊ အပတ်စဉ် ကျသင့်ငွေ ၅၉၉ ကျပ် အစီအစဉ်သစ်အား ရယူ၍ အင်တာနက်အသုံးပြုခ ၁ မဂ္ဂါဘိုက်လျှင် ၁၀ ကျပ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်

တယ်လီနောမြန်မာသည် နိုင်ငံရပ်ခြားတွင် အင်တာနက်အား ပြည်တွင်းနှုန်းထားများအတိုင်း အသုံးပြုနိုင်မည့် ၎င်း၏ ကျော်ကြားလှသော “Roam like Home”အစီအစဉ်သစ်အား ပိုမိုကောင်းမွန်သော ဆွဲဆောင်မှုများနှင့်အတူ သုံးစွဲသူများထံသို့ မိတ်ဆက်လိုက်ပါသည်။တယ်လီနောအသုံးပြုသူများအနေဖြင့် အာရှနိုင်ငံ ၁၀ နိုင်သို့ သွားရောက်လည်ပတ်သည်ဖြစ်စေ သို့မဟုတ် သွားရောက်အလုပ်လုပ်ကိုင်သည်ဖြစ်စေ အသစ်မိတ်ဆက်လိုက်သော “Room like Home” အစီအစဉ်အား အသက်သာဆုံးသော နေ့စဉ် ဝန်ဆောင်ခဖြင့် ပြည်တွင်းအင်တာနက်နှုန်းထားများအတိုင်း ရယူအသုံးပြုနိုင်ပြီဖြစ်သည်။

ယနေ့မှစတင်၍ တယ်လီနော၏prepaid နှင့် star post-paid အသုံးပြုသူများအနေနှင့် ယခင် ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ကမ္ဘောဒီယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံစသည့် နိုင်ငံများအပြင် ထပ်မံ၍ အိန္ဒိယနိုင်ငံတွင်ပါ အသက်သာဆုံးနှုန်းထားဖြင့် အင်တာနက်ရယူ အသုံးပြုနိုင်ကြတော့မည်ဖြစ်သည်။ အဆိုပါအစီအစဉ်သစ်အရ တယ်လီနောအသုံးပြုသူများအနေဖြင့် ၎င်းတို့၏ သူငယ်ချင်းများ၊ မိသားစုများ၊ စီးပွားရေးမိတ်ဖက်များနှင့် ဆက်သွယ်ရာတွင် ပြည်တွင်းနှုန်းထားများအတိုင်း ၁ မဂ္ဂါဘိုက်လျှင် ၁၀ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်မပါ)ဖြင့် အသုံးပြုနိုင်မည်ဖြစ်ကာ ဝန်ဆောင်မှုရယူသည်အတွက် ပေးဆောင်ရမည့် ဝန်ဆောင်ခသည်လည်း အသက်သာဆုံးနှုန်းထားဖြစ်သည့် အပတ်စဉ်စာရင်းပေးသွင်းခ ၅၉၉ ကျပ် သို့မဟုတ် နေ့စဉ်စာရင်းပေးသွင်းခ ၉၉ ကျပ်သာ ကျသင့်မည်ဖြစ်သည်။

အထက်ပါအာရှနိုင်ငံပေါင်း ၁၀ နိုင်ငံတွင် အင်တာနက်အသုံးပြုမည်ဆိုပါက ယခင် ပုံမှန်နှုန်းထားများမှာ နိုင်ငံပေါ်မူတည်၍ ၁ မဂ္ဂါဘိုက်လျှင် အနည်းဆုံး ၅၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။ အဆိုပါ“Roam like Home”ပရိုမိုးရှင်းအစီအစဉ်နှင့်အတူ တယ်လီနောအသုံးပြုသူများအနေနှင့် ၉၉.၉၃ ရာခိုင်နှုန်းအထိ စျေးနှုန်းပိုမိုသက်သာစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ နေ့စဉ်နှင့် အပတ်စဉ် စာရင်းပေးသွင်းမှု မပြုလုပ်လိုသော အသုံးပြုသူများအနေနှင့်လည်း သုံးသလောက်ပေး အင်တာနက်အစီအစဉ်ကို ၁ မဂ္ဂါဘိုက်လျှင် ၁၅ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်မပါ) နှုန်းထားဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Prepaid အသုံးပြုသူများအနေဖြင့် နေ့စဉ်အစီအစဉ်အတွက် *979*2*5*8# သို့လည်းကောင်း၊ အပတ်စဉ်အစီအစဉ် အတွက် *979*2*5*2# နှင့် Post-paid အသုံးပြုသူများအတွက် နေ့စဉ်ဝန်ဆောင်မှုရယူအသုံးပြုနိုင်ရန် *999*1*1*13 နှင့် အပတ်စဉ်အတွက် *999*1*1*9# သို့လည်းကောင်း အသီးသီး တိုက်ရိုက်ဖုန်းခေါ်ဆို၍စာရင်းပေးသွင်းနိုင်မည်ဖြစ်သည့်အပြင်MyTelenor app မှတစ်ဆင့်လည်းစာရင်းပေးသွင်းနိုင်မည်ဖြစ်ပါသည်။

“ဒီ “Roam like Home” အစီအစဉ်သစ်ဟာ ကျွန်တော်တို့ရဲ့ တယ်လီနောအသုံးပြုသူတွေဆီကို အကောင်းဆုံးဝန်ဆောင်မှုတွေ ဖြည့်ဆည်းသွားပေးချင်တဲ့ တယ်လီနောရဲ့ ကတိကဝတ်တွေထဲက တစ်ခုကိုအကောင်အထည်ဖော်လိုက်တာပဲဖြစ်ပါတယ်။ အခုလို စျေးနှုန်းသက်သာတဲ့ အင်တာနက်အစီအစဉ်နဲ့ တယ်လီနောအသုံးပြုသူတွေဟာ အဲဒီနိုင်ငံ ၁၀ နိုင်ငံကို ခရီးသွားနေတဲ့အချိန်၊ အလုပ်လုပ်နေတဲ့အချိန်တွေမှာ သူတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ဘဲ နေနိုင်ကြမှာဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Amaresh Kumar က ပြောကြားသည်။

ပိုမိုကျယ်ပြန့်လာသည့် တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

တယ်လီနောဆင်းကတ်အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဖက်မိုဘိုင်းအော်ပရေတာများ ပိုမို တိုးပွားလာသည့်နှင့်အတူ အသုံးပြုသူများခရီးသွားနေစဉ်သော်လည်းကောင်း၊ နိုင်ငံတွင်းမှတစ်ဆင့် နိုင်ငံပြင်ပရှိ မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ဆက်သွယ်နိုင်ရန် ရည်ရွယ်၍ လွယ်ကူသက်သာသော ဝန်ဆောင်မှုများကို တယ်လီနောမှပေးအပ်လျက်ရှိသည်။ ယခုလက်ရှိတွင် တယ်လီနောမြန်မာ အသုံးပြုသူများသည် နိုင်ငံပေါင်း ၁၂၉ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၁၈၃ ခု၏ ကွန်ရက်များကို ချိတ်ဆက်အသုံးပြုနိုင်နေပြီဖြစ်ပါသည်။ တယ်လီနော၏ 4G roaming ဝန်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် နော်ဝေနိုင်ငံတို့တွင် သုံးစွဲနိုင်နေပြီဖြစ်ပြီး အခြားဒေသများတွင်ပါ သုံးစွဲနိုင်စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပနိုင်ငံပေါင်း ၁၃၈ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၂၃၈ ခု၏ သုံးစွဲသူများသည် မြန်မာနိုင်ငံအတွင်း တယ်လီနောကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီဖြစ်ပါသည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌သင့်တင့်သည့်စျေးနှုန်းဖြင့်လွယ်ကူစွာရယူနိုင်သည့်မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား၂၀၁၄ခုနှစ်၊စက်တင်ဘာလမှစတင်ပေးအပ်လျက်ရှိပြီးလက်ရှိတွင်နိုင်ငံတွင်းအကျယ်ပြန့်ဆုံးသောကွန်ရက်မှတဆင့်အကောင်းမွန်ဆုံးသောသုံးစွဲမှုအတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။တယ်လီနောမြန်မာသည်နိုင်ငံတဝန်းရှိဆက်သွယ်ရေးတာဝါတိုင်ပေါင်း၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း၁၉သန်းကျော်ထံသို့၎င်း၏2G၊3G နှင့်4G ကွန်ရက်များဖြင့်ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။တယ်လီနောမြန်မာ၏မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည်ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီးစကင်ဒီ နေးဗီးယန်းဒေသနှင့်အာရှတိုက်တဝန်းတွင်အသုံးပြုသူပေါင်း၁၇၈သန်းကျော်အားပိုင်ဆိုင်ထားကာစီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာ ဆောင်ရွက်ရန်ရည်သန်ထားပြီးလူမှုပတ်ဝန်းကျင်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ဦးတည်ဆောင်ရွက်နေသည့်လုပ်ငန်းစုဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါကhttps://www.telenor.comတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share