Press Release

တယ်လီနောမှ တမူထူးခြား တယ်လီကွန်း-ကိုယ်လက်လှုပ်ရှားကျန်းမာရေးအစီအစဉ်ဖြစ်သည့် Telenor Wellness ကို MyTelenor App မှတစ်ဆင့် မိတ်ဆက်

08 July, 2020 - Yangon

  • အိမ်တွင်သာနေထိုင်ရန်ကန့်သန့်ချက်များရှိနေစဥ်အတွင်းသုံးစွဲသူများ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ Telenor Wellness(တယ်လီနောကျန်းမာခြင်းဆုလာဘ်)အစီအစဉ်မှတစ်ဆင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဗီဒီယိုများအား တယ်လီနော တင်ဆက်
  • လေ့လာချက်များအရ ၁၀ ဦးတွင် ၄ ဦးခန့်သည့် ပုံမှန်ကာယလေ့ကျင့်ခန်းလုပ်ရန် အခက်အခဲများ ရှိနေပြီး ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့်အတူ ပို၍ပင်အခက်အခဲများ ရှိသည်ဟုဆို
  • မိုင်တယ်လီနောအက်ပလီကေးရှင်းမှတစ်ဆင့် သုံးစွဲသူများထံ ပိုမိုကောင်းမွန်သည့်အရာများ ဖန်တီးယူ ဆောင်လာသည်နှင့်အတူ fitness နာမည်ကျော် မော်ဒ​ယ်လ် သန္တာလှိုင်၏ T Fitness နှင့် တယ်လီနော မိတ်ဖက် ပူးပေါင်း

ဇူလိုင် ရက် ၂၀၂၀ ပြည့်နှစ် ရန်ကုန်။             ။ ပထမဦးဆုံး တယ်လီကွန်း-ကိုယ်လက်လှုပ်ရှားကျန်းမာ ရေး ဝန်ဆောင်မှုဖြစ်သော Telenor Wellness (တယ်လီနောကျန်းမာခြင်းဆုလာဘ်) အစီအစဉ်ကို ပြည်စုံ ကောင်းမွန်သော MyTelenor App မှတစ်ဆင့် တယ်လီနောမှ ယနေ့တွင် စတင်မိတ်ဆက်လိုက်သည်။ Telenor Wellness အစီအစဥ်သည်  တယ်လီနောသုံးစွဲသူများ ကျန်းမာရေးဆိုင်ရာ အသိပညာများ၊ အပတ်စဉ် ကိုယ်ကာယ လေ့ကျင့်ခန်း ဗီဒီယိုများကို အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုနိုင်မည့် ကျန်းမာရေးအစီအစဉ်ဖြစ်သည်။ သုံးစွဲသူ များ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ကျွမ်းကျင်ပညာရှင်၏ အကြံပြုချက်များနှင့် လမ်းညွှန်မှုများကို ထောက်ပံ့ ပေးရန်အတွက် တယ်လီနောမြန်မာသည် ပရိတ်သတ်များ၏ ထောက်ခံမှုအပြည့်အဝရရှိထားသူ နာမည်ကျော် fitness မော်ဒ​ယ်လ်နှင့် lifestyle influencer သန္တာလှိုင်၏ T Fitness နှင့် ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်သည်။

U-Report မှ မေလအတွင်းတွင် ပြုလုပ်ခဲ့သော စစ်တမ်းအရ ဖြေဆိုသူ ၇၅၄၀ ဦး အနက် ၄၀% ခန့်သည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အိမ်တွင်သာ နေထိုင်ရသည့် ကာလအတွင်း လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်နိုင် ခြင်းမရှိဟု ဖြေဆိုခဲ့ကြသည်။ အိမ်တွင်သာ နေထိုင်ရသည့်အချိန် သိသိသာသာပိုမိုများပြားသည်နှင့်အမျှ ကျန်းမာ ကြံ့ခိုင်စေရန် နည်းလမ်းသစ်များဖြင့် ပြုမူနေထိုင်ရန်သည်နှင့်အညီ Telenor Wellness (တယ်လီနော ကျန်းမာ ခြင်းဆုလာဘ်) အစီအစဥ်သည် ကိုယ်ခန္ဓာကျန်းမာရေး အကြံပြုချက်များနှင့် လမ်းညွှန်မှုများကို ထောက်ပံ့ပေး အပ်သွားမည်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် #HealthyAtHome အမည်ရှိ ကမ်ပိန်းမှတစ်ဆင့် အသက်အရွယ်မရွေး ကျန်းမာရေး  ဂရုစိုက်ရန်တိုက်တွန်းလျက်ရှိသည်။

"ကျန်းမာရေးကောင်းမွန်ဖို့ အမြဲတမ်းလေ့ကျင့်ခန်း ပြုလုပ်နေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အခုလို ကိုဗစ်-၁၉ ကပ်ရောဂါပူးပေါင်းတိုက်ဖျက်နေတဲ့ကာလမှာ ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့က အရင်ကထက် ပိုမိုအရေးကြီးလာ ပါတယ်။ တယ်လီနောက သုံးစွဲသူတွေရဲ့ ဘဝတွေ ပိုမိုကောင်းမွန်ဖို့ ဆန်းသစ်တဲ့ အရာတွေယူဆောင်လာဖို့ သန္နိ ဌာန်ချထားပါတယ်။ ကျန်းမာကြံ့ခိုင်ဖို့ဆိုတာကတော့ ကျွန်တော်တို့အားလုံးရဲ့ နံပါတ်တစ်အရေးကြီးဆုံးအရာပါ ပဲ။ T Fitness အက်ပလီကေးရှင်းနဲ့ ပူးပေါင်းပြီး ကျန်းမာကြံ့ခိုင်ရေးဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ခဲ့တဲ့အတွက် လည်း များစွာဂုဏ်ယူမိပါတယ်။ ဒစ်ဂျစ်တယ်ချန်နယ်ဖြစ်တဲ့ MyTelenor App ကနေတစ်ဆင့် ဒီ Telenor Wellness အစီအစဉ်ကို သုံးစွဲသူတွေရယူနိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေ ကျန်းကျန်းမာမာရှိပြီး ဒီအစီအစဥ်က နေတစ်ဆင့် ကျန်းမာရေးကို ပိုမိုဂရုစိုက်နိုင်ဖို့ လှုံဆော်တွန်းအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။" ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် ဖြစ်သူ Amaresh Kumar မှ ပြောကြားခဲ့ပါသည်။

တယ်လီနောသုံးစွဲသူများသည် MyTelenor App သို့ ဝင်ရောက်ပြီး Telenor Wellness မှ လေ့ကျင့်ခန်းဗီဒီယို များကို နေရာအချိန်မရွေး ကြည့်ရှုနိုင်မည်ဖြစ်သည်။ T Fitness မှ သန္တာလှိုင်နှင့် သင်ကြားရေးဆရာများ သရုပ်ပြ ထားသည့် ကိုယ်ကာယလေ့ကျင့်ခန်းဗီဒီယို (၄) ခုကို MyTelenor App တွင် ကြည့်ရှုနိုင်ပြီး မိမိနှင့်ကိုက်ညီသည့် ကိုယ်ကာယကျန်းမားရေး အားကစားအဆင့်အမျိုးမျိုးကို လေ့ကျင့်ကစားနိုင်ရန် ၎င်းဗီဒီယိုများကို ဖန်တီးလုပ် ဆောင်ထားသည်။

T Fitness အက်ပလီကေးရှင်း၏ တည်ထောင်သူ မသန္တာလှိုင်မှ "ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က လူတွေကို ကိုဗစ်-၁၉ ဖြစ်နေစဉ်နဲ့ ပြီးသွားတဲ့ အခါမှာလည်း ကျန်းကျန်းမာမာနေနိုင်အောင် ကူညီပေးဖို့ပါ။ ဒီရည်ရွယ်ချက်လေးကို တယ်လီနောမြန်မာနဲ့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီပူးပေါင်းမှုကနေတဆင့် မြန်မာနိုင်ငံသားတွေ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ရေး စိတ်လှုပ် ရှားဖွယ် အစီအစဉ်တွေကို ယူဆောင်ပေးလာနိုင်ဖို့ ရည်ရွယ်ပါတယ်။" ဟု ပြောကြားခဲ့သည်။

လေ့ကျင့်ခန်း ဗီဒီယိုများသည် တယ်လီနောသုံးစွဲသူများအတွက် သီးသန့်ဖြစ်ပြီး အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ကာ ဗီဒီယိုကြည့်ရှုခြင်းအတွက် ဒေတာအသုံးပြုခသာ ကျသင့်မည်ဖြစ်သည်။ သင်ခန်းစာများကို ဇူလိုင် ၈ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် တစ်ခုလျင် ငါးမိနစ်ခန့်ကြာမြင့်မည် ကိုယ်ကာယလေ့ ကျင့်ခန်း ဗီဒီယိုများကို ရယူနိုင်မည်ဖြစ်သည်။ မတူညီသည့် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီကို ဦးစားပေး ထားသော  ဗီဒီယိုအသစ်တစ်ခုကို အပတ်စဥ်တိုင်း လေးပတ်ကြာ တင်ဆက်ပေးသွားမည်ဖြစ်သည်။ တယ်လီနော သုံးစွဲသူများအတွက် ဆိုရှယ်မီဒီယာ‌တွင် ဆုများနှင့်အတူ စိန်ခေါ်မှုအစီအစဥ်များ ရှိနေမည့်အပြင် တယ်လီနော မြန်မာသည် အနာဂတ်တွင်လည်း သုံးစွဲသူများ၏ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးအတွက် အသုံးဝင်သော အစီအစဉ် သစ်များကို မိတ်ဆက်ပေးသွားမည် ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော် ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာအကြောင်း ပိုမို သိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက်တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့ အသိုက် အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ် ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှု ပေးလျက် ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

T Fitness App အကြောင်း

T Fitness App ဆိုသည်မှာ Fitness Model & Lifestyle Influencer ဖြစ်သူ မသန္တာလှိုင် ဖန်တီးထားသော ကျန်းမာရေး လေ့ကျင့်ခန်းများနှင့် အကြံပြုချက်များကို လက်ကိုင်ဖုန်းမှတဆင့် ရယူအသုံးပြုနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော Fitness Application တစ်ခု ဖြစ်သည်။ T Fitness Application ကို ကျား၊ မ မရွေး မည်သည့် အသက်အရွယ် အပိုင်း အခြားမဆို မိမိတို့နှင့် သင့်တော်မည့် ကျန်းမာရေးလေ့ကျင့်ခန်းများ အလွယ်တကူ လုပ်ဆောင်နိုင်ရန်နှင့် ကျန်းမာရေး အသိပညာအကြံပြုချက်များကို အလွယ်တကူ လေ့လာနိုင်ရန် ရည်ရွယ်ပြီး မသန္တာလှိုင်၏ အတွေ့အကြုံများနှင့် လေ့လာ ထားသည့် ဗဟုသုတများကို အခြေပြုကာ Certified Trainers များ၊ Fitness Professionals များနှင့် ပူးပေါင်းကာ အချိန် ၂ နှစ်ကျော်ယူ၍ စနစ်တကျ  ဖန်တီးထားသော Application ဖြစ်သည်။

T Fitness Application အတွင်းမှ ကျန်းမာရေး လေ့ကျင့်ခန်းများမှာ စက်ကိရိယာ အထောက်အကူ လုံးဝမလိုအပ်သည့် လေ့ကျင့်ခန်းများဖြစ်ပြီး အသုံးပြုသူများ အလွယ်တကူ လိုက်ပါလေ့ကျင့်နိုင်ရန်အတွက် အသုံးပြုသူ တစ်ဦးချင်း၏ ခန္ဓာ ကိုယ်အလေးချိန်၊ အသက်အရွယ်စသည့် အချက်အလက်များအပေါ် မူတည်၍ အဆင့်ဆင့် သရုပ်ပြဗီဒီယိုများအပြင် လွယ်ကူရှင်းလင်းသည့် လမ်းညွှန်ချက်များကို လေ့ကျင့်ခန်းအလိုက် အသုံးပြုနိုင်သည်။ ထို့အပြင် သင့်တော်လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ ရယူနိုင်မည်လည်းဖြစ်သည်။ T Fitness App ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ အတွင်းက စတင်မိတ်ဆက်ခဲ့ပြီး အချိန်တိုအတွင်း အသုံးပြုသူ ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကျော် အသုံးပြုလျက်ရှိနေ သည့် Application တစ်ခုလည်း ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက T Fitness App ၏ Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/tfitnessapp/ သို့လည်းကောင်း၊ Call Center ဖုန်းနံပတ်များဖြစ်သည့် ၀၉ ၄၄၈ ၁၁၁ ၁၀၀၊ ၀၉ ၄၄၈ ၂၂၂ ၂၀၀၊ ၀၉ ၄၄၈ ၃၃၃ ၃၀၀ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share