Press Release

တယ်လီနောမှ ငွေကျပ်သိန်း ၃၅၀၀ နီးပါးကို ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်များပြုလုပ်နိုင်ရန် လှူဒါန်း

12 October, 2015 - Yangon

ပြည်တွင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်သည့် NGO ဖြစ်သော Network Activities Group (NAG) နှင့် ပူးပေါင်း

နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနောမြန်မာလီမိတက်သည် Network Activities Group (NAG) အား ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်များ ရှေးဦးစွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာငွေကျပ်သိန်း ၃၄၃၈ ကျပ်ကို လှူဒါန်းခဲ့ပါသည်။ NAG သည် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုဖြစ်ပြီး အသက်အိုးအိမ်နှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်သည့် အဖွဲ့အစည်းဖြစ်ပါသည်။ ၄င်းမှ တဆင့် ဇူလိုင်လ ၂၀၁၅ တွင် ရေးကြီးမှုကြောင့် ဆုံးရှုံးမှုများစွာရှိခဲ့သည့် မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

စေတုတ္တရာသည် တောင်တန်း၊ တောင်ကုန်းများဝန်းရံနေသည့် မြေနိမ့်ဒေသတွင်တည်ရှိပြီး ဇူလိုင်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကာတာ ရေပိုလွှဲများ ပွင့်ထွက်သွားပါသည်။ ရေကာတာအောက်ပိုင်းနှင့် အနီးတဝိုက်ဒေသရှိ ရွာပေါင်း ၂၈ ရွာ ကျော်တွင် ၃ မီတာခန့်ရှိ ရေနှင့် နုန်းများဖုန်းလွှမ်းသွားခဲ့ပါသည်။ ထို့ကြောင့် ကောက်ပဲသီးနှံများ၊ အခြေခံအဆောက်အအုံများ၊ မွေးမြူရေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေအရင်းအမြစ်များညစ်ပတ်ညစ်ညမ်းခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပြီးနောက် တယ်လီနောမှ ဇူလိုင်လတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိခိုက်မှုအများဆုံးနေရာများတွင်လည်း ရေရှည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးသွားမည်ဟု ကြေငြာခဲ့ပါသည်။ စေတုတ္တရာဒေသသည် ပျက်စီးဆုံးရှုံးမှု အများဆုံးဒေသတစ်ခုဖြစ်ပြိး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့မှု အနည်းငယ်သာရရှိထားကြောင်းသိရှိရပါသည်။ ယခုအခါတွင် NAG မှ တဆင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

“ကျွန်တော်တို့ အခုအာရုံစိုက်မှာကတော့ ရွာ ၂၈ ရွာပါ။ ထိရောက်မယ့်သူတွေကတော့ တောင်သူလယ်သမား ၈၄၀၊ မြေနေရာမရှိတော့တဲ့ မိသားစု ၂၈၀၀ နဲ့ အန္တရာယ်ကျရောက်နိုင်သေးဖွယ်ရှိတဲ့ မိသားစု ၁၉၆ စုတို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစီအစဉ်ကို ပါဝင်ပူးပေါင်းတဲ့ တယ်လီနောကိုလည်း အထူးကျေးဇူးတယ်ပါတယ်။” ဟု ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသည့် NAG ၏ အမှုဆောင်အရာရှိချုပ် U Bobby မှ ပြောကြားခဲ့ပါသည်။

ရန်ပုံငွေအား ကောက်ပဲသီးနှံများပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့များ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ၊ မွေးမြူရေးတိရိစ္ဆာန်များ ပြန်လည်ချထားပေးရန်နှင့် လယ်ယာမြေများ၊ တူးမြောင်းများ၊ လူသွားလမ်းများပြန်လည်ပြုပြင်ရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုသင်တန်းများ ပေးအပ်ရန် နှင့် လယ်ယာစိုက်ပျိုးရေးနည်းပညာသစ်များကို သင်ကြားပေးနိုင်ရန် အသုံးပြုသွားမည်ဖြစ်ပါသည်။

ဇူလိုင်လတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လှူဒါန်းခဲ့ခြင်း

ဇူလိုင်လမှ ယနေ့အချိန်ထိ (ယခုလှူဒါန်းမှုမပါဝင်) တယ်လီနောမြန်မာ၊ တယ်လီနောအုပ်စု၊ ထိုင်းမှ Dtac တို့သည် မြန်မာကျပ်ငွေသိန် ၁၇၀၀.၂ နှင့် အမေရိကန်ဒေါ်လာ ၁၀၆,၅၀၀ အသီးသီးတို့ကို စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းတို့ရှိ ရေဘေးသင့်သူ ၅၀၀၀၀ ကျော်အတွက် လှူဒါန်းခဲ့ပြီ ဖြစ်ပါသည်။ ထိုလှူဒါန်းမှုများကို စစ်ကိုင်းလူငယ်လူမှုရေးလုပ်ငန်း ကွန်ယက်အသင်း၊ Network Activities Group၊ မြန်မာရွေ့လျားပညာသင်ကြားရေးစီမံကိန်းနှင့် ရန်ကုန်မြို့အခြေစိုက် Youth Volunteers Network တို့မှတဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg မှ “မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လအနည်းငယ်က ရေးကြီးခဲ့တုန်းက အဓိက ၃ ချက်ကို အထူးဂရုပြုဆောင်ရွက်ခဲ့ပါတယ်။ ပထမအချက်အနေနဲ့ ဆက်သွယ်ရေးကွန်ယက်ကို အတတ်နိုင်ဆုံး အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ ရေဘေးသင့်ဒေသတွေကို သွားရောက်ကူညီနေတဲ့ လူမှုရေးအဖွဲ့အစည်းတွေက တဆင့် လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါတယ်။ တတိယအနေနဲ့ ထိခိုက်မှုအများဆုံးနေရာတွေကို ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားနိုင်ဖို့ ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ NAG က လုပ်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချီးကျူးဂုဏ်ယူမိပါတယ်။ ဒီလိုကူညီမှုတွေကြောင့်လည်း စေတုတ္တရာက လူမှုအသိုင်းအဝိုင်း၊ မိသားစုတွေ အမြန်ဆုံး ပုံမှန် လူနေမှုဘဝကို ပြန်လည်ရရှိနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

မီဒီယာများဆက်သွယ်ရန်-

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 979 100 0004

ကိုစိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor