Press Release

တယ်လီနောမှအမျိုးသမီးဝန်ထမ်းများကို လစာနှင့်အတူမီးဖွားခွင့် (၆) လပေးမည်

29 September, 2015 - Yangon

စီးပွားရေးလုပ်ငန်းခွင်တွင် အမျိုးသမီးဦးဆောင်မှုများပိုမိုတိုးတက် များပြားလာစေရန်နှင့် မတူကွဲပြားမှုများကိုအားပေးသည့် ရည်ရွယ်ချက်နှင့်အညီတယ်လီနောအုပ်စုအနေဖြင့် ၎င်းစီးပွားရေးလုပ်ငန်းရုံးများတည်ရှိရာစျေးကွက် ၁၃နေရာတွင်အလုပ်လုပ်နေသောအမျိုးသမီးများအတွက် လစာနှင့်အတူမီးဖွားခွင့် (၆)လပေးတော့မည်ဖြစ်သည်။

အဆိုပါ မူဝါဒသည် အထူးသဖြင့်အာရှဒေသများတွင်ရှိသောတယ်လီနောရုံးများအတွက် အကျိုးသက်ရောက်စေမည်ဖြစ်သည်။ တယ်လီနောရုံးများတည်ရှိသည့်ဥရောပနိုင်ငံများတွင် ကျင့်သုံးလျှက်ရှိသောမီးဖွားခွင့်များသည်ယခုအသစ်စတင်လိုက်သော မူဝါဒနှင့်အတူဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ ပေါ်လစီကိုအကောင်အထည်ဖော်လိုက်ခြင်းသည် ဆက်သွယ်ရေးကဏ္ဍတွင်အလုပ်လုပ်ကိုင်လျှက် ရှိသော ၀န်ထမ်းများအတွက် လုပ်ငန်းခွင်နှင့် ကိုယ်ပိုင်လူနေမှုဘဝကို ညီမျှမှုရှိစေရန် ရှေ့သို့ ခြေတလှမ်းတိုးဆောင်ရွက်လိုက်သည့် အချက်တစ်ခုဖြစ်သည်။ အာရှဒေသအတွင်းရှိတယ်လီနောရုံးများတည်ရှိသည့် နိုင်ငံများတွင် (ဘင်္ဂလားဒေ့ရှ်မှလွဲ၍) အမျိုးသမီးဝန်ထမ်းများသည် သက်ဆိုင်ရာနိုင်ငံအလိုက် ကျင့်သုံးကြသည့်စနစ်များအရခြောက်လနှင့်နည်းပါးသော ကိုယ်ဝန်ဆောင်ခွင့်ကိုသာရရှိနေကြသည်။ ထို့အတွက်ကြောင့် အမျိုးသမီးများအနေဖြင့် ရင်သွေးများရယူလိုပါကလုပ်ငန်းခွင်ကိုစွန့်ခွာခြင်းများရှိလာနိုင်ပါသည်။ တယ်လီနောမှ ရုံးတွင်းကောက်ယူခဲ့သောစစ်တမ်းများအရဆိုလျှင်လည်းအချို့အမျိုးသမီးဝန်ထမ်းများသည် ကိုယ်ဝန်ဆောင်ခွင့်ယူပြီးနောက် လုပ်ငန်းခွင်ထဲသို့ ပြန်မလာနိုင်ခြင်းများ ကြုံတွေ့နေကြရပြီး၊ ထိုသို့ကြုံတွေ့ခြင်းဖြင့် ၎င်းတို့အတွက် ခေါင်းဆောင်မှု အရည်အသွေးများဆုံးရှုံးနိုင်သကဲ့သို့ ကုမ္ပဏီအတွက်လည်း ၀န်ထမ်းဆုံးရှုံးမှုများရှိနိုင်ပါသည်။

ယခု မူဝါဒအသစ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ ၂၀၁၆ မှ စတင်ကာအကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။

တယ်လီနောရုံးများတည်ရှိရာနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသူပေါင်း၃၃,၀၀၀ ကျော်ရှိပြီး ၎င်း တို့အနက် ၃၆ ရာခိုင်နူန်းနီးပါးမှာအမျိုးသမီးများဖြစ်ကြသည်။

မြန်မာနိုင်ငံတွင်ရှိသောဝန်ထမ်းများအနက်မတူညီသောဌာနနှင့်ရာထူးတိုင်းတွင် တာဝန်ယူနေသော ၀န်ထမ်း ၄၀ ရာခိုင်နူန်းနီးပါးမှာအမျိုးသမီးများ ဖြစ်သည်။ ယခုကြေငြာချက်မှာမကြာသေးခင်ကတယ်လီနောမြန်မာ မှ နိုင်ငံတွင်းအရည်အသွေးရှိသော ၀န်ထမ်းများကို ပိုမိုဆွဲဆောင်နိုင်ရန် အတွက် စုစုပေါင်းအလုပ်ချိန်ကိုမထိခိုက်စေပဲ အလုပ်ဝင်ချိန်နှင့် ဆင်းချိန်ကိုလွှဲပြောင်းကာစီမံပေးသည့် စနစ် ကိုအကောင်အထည်ဖော်လိုက်ပြီးနောက် ထပ်မံထုတ်ပြန်လိုက်သည့် ကြေငြာချက်အသစ် တစ်ခုဖြစ်သည်။

“ဒီမူဝါဒ ချမှတ်လိုက်ခြင်းဟာတယ်လီနောရုံးတည်ရှိတဲ့စျေးကွက်တွေထဲမှာတယ်လီနောရဲ့ ပြိုင်ဆိုင်မှုကိုထပ်ပြီးခိုင်မာလာအောင် ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် မတူညီတဲ့နောက်ခံအတွေ့အကြုံတွေနဲ့လာတဲ့ အရည်အသွေးမြင့်တဲ့ ၀န်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့လိုပါတယ်။ ဒီလိုလူတွေရဲ့လုပ်အားတွေကနေဆန်းသစ်တီထွင်မှုတွေ၊ ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေရရှိနိုင်တယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းကနေ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးပေါ်ကိုပိုကောင်းမွန်လာမယ့် အကျိုးပြုမှုတွေပေးနိုင်မယ့်ရည်မှန်းချက်နဲ့အတူ၊ ခေါင်းဆောင်မှုပိုင်းမှာစွမ်းဆောင်ရည်မြင့်မားတဲ့အမျိုးသမီးတွေပေါ်ထွန်းလာဖို့၊ လက်ရှိလုပ်ငန်းထဲမှာရှိနေတဲ့အမျိုးသမီးတွေကိုလည်းဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကျွန်တော်တို့ တယ်လီနောရုံးရှိတဲ့ ဘယ်နိုင်ငံမှာမဆိုဒီမီးဖွားခွင့်ကိုလစာနဲ့တကွ အနည်းဆုံးခြောက်လအထိခွင့်ယူနိုင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကိုယ်ဝန်ဆောင်ခွင့် သုံးလသာပေးတဲ့ ထိုင်း၊ အိန္ဒိယလို နိုင်ငံမျိုးတွေမှာ ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီပြောင်းလဲမှုကစီးပွားရေးရှု့ထောင့်အပြင် လူမှုရေးနယ်ပယ်မှာလည်းအကျိုးသက်ရောက်မှု အများကြီးရှိမယ်လို့ ယုံကြည်ပါတယ်” ဟုတယ်လီနောအုပ်စု၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဌ ဖြစ်သူSigveBrekke က ပြောသည်။

မတူကွဲပြားခြင်းသည် အင်အား

“ ကျွန်တော်တို့အနေနဲ့ ဒီမီးဖွားခွင့်ကိုအခြားနိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံမှာပါ ပေးနိုင်တဲ့အတွက် အလွန်ကိုဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့အရည်အသွေးမြင့်တဲ့ အမျိုးသားအမျိုးသမီးဝန်ထမ်းတွေကို အလုပ်အကိုင် ပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါ။ အသစ်ချမှတ်လိုက်တဲ့ ဒီမူဝါဒက တယ်လီနောမှာအလုပ်လုပ်ချင် တဲ့ကျား၊ မ မရွေးကိုဆွဲဆောင်နိုင်မယ့်အပြင်၊ အမျိုးသမီးတွေအတွက်လည်းသူတို့ရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်ထဲမှာခေါင်းဆောင်မှုပိုင်းအထိရောက်ရှိ နိုင်အောင် တယ်လီနောမှာအလုပ်လုပ်ရင်း ကြိုးစား နိုင် တယ်ဆိုတာယုံကြည်စေချင်ပါတယ်” ဟုတယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furerg က ပြောသည်။

မကြာသေးခင်ကထုတ်ပြန်ထားသော McKinsey and Co ၏ Diversity Matters (2014) က မတူကွဲပြားမှုသည် လုပ်ငန်းခွင်နယ်ပယ်အတွင်းများစွာသောစီးပွားရေးအကျိုးကျေးဇူးများကိုရရှိနိုင်စေမည်ဟုဖော်ပြထားသည်။

ထိုအကျိုးကျေးဇူးများတွင် အရည်အသွေးရှိသော ၀န်ထမ်းများခေါ်ယူနိုင် ခြင်း၊ customers များမှပိုမိုအာရုံစိုက်လာနိုင်ခြင်း၊ ၀န်ထမ်းများကျေနပ်မှုရရှိစေခြင်း၊ ပိုမိုကောင်းမွန် သောဆုံးဖြတ်ချက်များ ချနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများ မြင့်မားလာစေခြင်း နှင့် ငွေကြေးနှင့်ဆိုင်သော ၀န်ဆောင်မှုများ တိုးတက်လာစေခြင်းတို့ပါ၀င်သည်။

မီဒီယာများဆက်သွယ်ရန်

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004

(95) 9 79 100 0004
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor