Press Release

တယ်လီနောမှနေ၍ တက္ကသိုလ်များနှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းနှင့် အွန်လိုင်း ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲ များ ကျင်းပသွားမည်

26 January, 2017 - Yangon

  • Net Monday ဆွေးနွေးပွဲများသည် တယ်လီနော၏ အားလုံးအတွက် ‘အင်တာနက်’ အစီအစဉ်ကို အထောက်အကူပြု
  •  ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်မည့် Net Monday ဆွေးနွေးပွဲများမှနေ၍ လူငယ်လူရွယ်နှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၀၀၀ ကျော်အား အကျိုးရှိစေမည်ဟု မျှော်လင့်ထား

 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)၏ အမှတ်အသား အစီအစဉ် တစ်ခုဖြစ်သော လစဉ် Net Monday ဆွေးနွေးပွဲများအား နိုင်ငံတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိက တက္ကသိုလ်များတွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပါသည်။ Net Monday အစီအစဉ်များအား ၂၀၁၇ ခုနှစ် တစ်လျှောက်လုံး ဆက်လက် ပြုလုပ် သွားမည် ဖြစ်ပြီး လူငယ်လူရွယ်များနှင့် တက္ကသိုလ် ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၀၀၀ ကျော်အား အကျိုးရှိ စေမည်ဟု မျှော်လင့်ထားပါသည်။

တယ်လီနော၏ ၃၁ ကြိမ်မြောက် Net Monday အစီအစဉ်အား ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ပြည်နည်းပညာ တက္ကသိုလ်တွင် ဇန်နဝါရီလ ၂၃ ရက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားအား တက္ကသိုလ် နှင့် တယ်လီနောမှ ကိုယ်စားလှယ်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ပါသည်။

အွန်လိုင်းငွေပေးချေမှုဝန်ဆောင်ရေးလုပ်ငန်း 2C2P၊ Café International၊ COMQUAS နှင့် တယ်လီနောမှ ကိုယ်စားလှယ် များက လူငယ်လူရွယ်များ အနေနှင့် အင်တာနက်အား ကောင်းမွန်ပြည့်ဝစွာ အသုုံးပြုခြင်းဖြင့် ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများအား ရှာဖွေနိုင်စေရေးနှင့် ပတ်သက်၍ အဆိုပါ အခမ်းအနား တွင် ဆွေးနွေးခဲ့သည်။

“တယ်လီနောက မြန်မာပြည်သူတွေအတွက် ဒစ်ဂျစ်တယ်အနာဂတ်ကို တည်ဆောက်နေတာဖြစ်ပြီး နိုင်ငံသားတွေ အထူးသဖြင့် မြန်မာ လူငယ်တွေက အင်တာနက်နဲ့ ပိုပြီး ရင်းနှီးလာတဲ့ အလျောက် အွန်လိုင်းကို အပြုသဘောဆောင်ပြီး အကျိုးရှိစွာ အသုံးချနိုင်ဖို့ရာ သူတို့အတွက် နည်းလမ်းတွေ လမ်းညွှန်မှုတွေ ရရှိဖို့ အရေးကြီးပါတယ်။ အလုပ်အကိုင်တွေ ရရှိဖို့နဲ့ လုပ်ငန်းခွင်မှာ တက်လမ်းရှိဖို့ လိုက်နာဆောင်ရွက်ရမယ့်နည်းနာတွေအတွက် အွန်လိုင်းပေါ်မှာ LinkedIn နဲ့ တခြား အလုပ်အကိုင် အခွင့်အလမ်း အချက်အလက်တွေပေးတဲ့ အရင်းအမြစ်တွေ အများအပြား ရှိပြီးသားပါ။ လူငယ်တွေ အနေနဲ့ ကိုယ့်အိမ်မက် အကောင်အထည်ဖော်နိုင်ဖို့ တစ်စိုက်မတ်မတ် ဆောင်ရွက်ဖို့ပဲ လိုအပ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin E Myrthong က ပြောကြားခဲ့သည်။

ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ရ၂၀၀ ကျော်နှင့်အတူ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ်အားလုံးနီးပါးအား ကွန်ရက် ဖြန့်ကျက် ပေးထားသည့် တယ်လီနောသည် နိုင်ငံတစ်ဝန်းအား မိုဘိုင်းနှင့် အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုများ အား ပေးအပ်လျှက်ရှိပြီး ပိုမိုကျယ်ပြန့်သော ကွန်ရက် ဖြန့်ကျက်မှုသည် နိုင်ငံအနှံ့အပြားရှိ လူငယ်လူရွယ်များအား အကန့် အသတ် မရှိ များပြားလှသော အွန်လိုင်းအရင်းအမြစ်များအား ရှာဖွေနိုင်စေရန် ကူညီပေးလျက်ရှိပါသည်။

Net Monday သည် တယ်လီနောမြန်မာမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ဒစ်ဂျစ်တယ်နှင့် အွန်လိုင်း လူထု အသိုင်းအဝိုင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကို တင်ပြဆွေးနွေးနိုင်စေရန် ရည်ရွယ်ပြီး လစဉ်ကျင်းပသော အစီ အစဉ် တစ်ခုဖြစ်သည်။ အင်တာနက်နှင့် ပတ်သက်သော အကြောင်းအရာများကို နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင် ပညာရှင်များနှင့် ဖိတ်ကြားထားသောမြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် လူထုအသိုင်းအဝိုင်းတို့ကို ပွဲစဉ်တိုင်းတွင် ဆွေးနွေးခြင်း ဖြစ်ပါသည်။ ပါဝင်ဆွေးနွေးကြသူများတွင် ပရိုဂရမ်မာများ၊ web ဒီဇိုင်နာများ၊ Blogger များ၊ developer များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ပြည်ရှိ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်သည်။

တယ်လီနော၏ Net Monday အစီအစဉ်သည် လာမည့် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် သုံးနှစ်ပြည့် မြောက်မည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်များတွင် တယ်လီနောသည် Facebook၊ Google နှင့် Microsoft ကဲ့သို့သော နိုင်ငံတကာ လုပ်ငန်း ကြီးများနှင့် မိတ်ဘက်ပြုလုပ်ခဲ့ပြီး လူဦးရေပေါင်း ၆၀,၀၀၀ ကျော်အား အသိပညာပေးနိုင်ခဲ့ပါသည်။ ဆွေးနွေးခဲ့သော အကြောင်းအရာများတွင် ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ ဂိမ်းကစားခြင်း၊ လူမှုဆက်ဆံရေး၊ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုများနှင့် ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု စသည့် အင်တာနက်နှင့် ဒစ်ဂျစ်တယ်လောကဆိုင်ရာ အကြောင်းအရာများ ပါဝင်သည်။

အလုပ်အကိုင်အခွင့်အလမ်းနေ့ ၂၀၁၇


စိတ်ပါ၀င်စားသူများမည်သူမဆို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တယ်လီနောရုံးတည်ရှိရာ စက်မှု (၁) လမ်း၊ ဗဟန်းမြို့နယ်၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်မည့် အလုပ်အကိုင်အခွင့်အလမ်းနေ့ကို တက်ရောက်နိုင်ပြီး လျှောက်လွှာများကို တစ်ပါတည်း ယူဆောင်လာကြရန် အကြံပြုပါသည်။ ရန်ကုန်မြို့ ပြင်ပ အခြားဒေသအသီးသီးမှ စိတ်ပါ၀င်စားသူများ အနေဖြင့်လည်း လစ်လပ် အလုပ်အကိုင် နေရာများကို https://goo.gl/8iD1LOတွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီး hr.myanmar@telenor.com.mm သို့ လျှောက်လွှာပေးပို့ လျှောက် ထားနိုင်မည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor