Press Release

တယ်လီနောမြန်မာ Facebook follower ပေါင်း ၁၀ သန်း ပြည့်မြောက်

12 September, 2018 - Yangon

  • မြန်မာနိုင်ငံရှိ စီးပွားရေးကုန်အမှတ်တံဆိပ် စာမျက်နှာများအနက် ပထမဆုံး ၁၀ သန်းပြည့်မြောက်သည့် စာမျက်နှာဖြစ်ပြီး လက်ရှိတွင် follower အများဆုံးရရှိထားသည့် ကုန်အမှတ်တံဆိပ်အဖြစ် ရပ်တည်နေ

တယ်လီနောမြန်မာ၏ Facebook စာမျက်နှာသည် မြန်မာနိုင်ငံတွင် follower အရေအတွက် ၁၀ သန်းပြည့်မြောက်ခဲ့သည့် ပထမဦးဆုံး စီးပွားရေး ကုန်အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခြင်း ၄ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် အဆိုပါအောင်မြင်မှု မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။

“တယ်လီနောအနေနဲ့ မြန်မာနိုင်ငံက အသုံးပြုသူတွေဆီက အခုလို ချစ်ခင်နှစ်သက်မှုတွေ အများကြီးရရှိနေတဲ့အတွက် အရမ်းကို စိတ်ကျေနပ်မိပါတယ်။ မြန်မာနိုင်ငံကို အကောင်းမွန်ဆုံး အင်တာနက်အသုံးပြုမှု အတွေ့အကြုံတွေ ပေးအပ် နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ကြိုးပမ်းလုပ်ဆောင်နေပြီး မြန်မာနိုင်ငံက အသုံးပြုသူတွေဟာလည်း လူမှုကွန်ရက်မီဒီယာ ကို အသုံးပြုရတာ ကြိုက်နှစ်သက်ကြတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ထားပါတယ်။ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ အရေအတွက် သန်း ၂၀ လောက်ရှိတာကြောင့် အခုလက်ရှိမှာ ဒီအရေအတွက်ရဲ့ တစ်ဝက်ခန့် ဟာ တယ်လီနောမြန်မာ Facebook စာမျက်နှာရဲ့ followers တွေ ဖြစ်ပါတယ်။ ဒီလို မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ တာဟာ ကျွန်တော်တို့အတွက် အသုံးပြုသူတွေအတွက် ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ဖန်တီးသွားဖို့ အင်အားတစ်ရပ်ဖြစ်စေပါတယ်” ဟု တယ်လီိနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

တယ်လီနောမြန်မာ၏ Facebook စာမျက်နှာသည် မြန်မာနိုင်ငံအတွင်း ပရိသတ်ဦးရေ တိုးတက်မှုနှုန်း အမြန်ဆုံး ကုန်အမှတ်တံဆိပ် စာမျက်နှာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး followers အရေအတွက်သည်လည်း နေ့စဉ်နှင့်အမျှ တိုးတက်လျက်ရှိသည်။ အသေးစိတ် အချက်အလက်များအား Socialbakers ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ Socialbakers သည် ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် လူမှုကွန်ရက် မီဒီယာပိုင်း ဆန်းစစ်လေ့လာမှုဆိုင်ရာ နိုင်ငံတကာ ကုမ္ပဏီတစ်ခု ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများတွင် ရုံးခန်းများ ဖွင့်လှစ်ထားကာ ဝန်ထမ်း အရေအတွက် ၃၀၀ ကျော်အား ပိုင်ဆိုင်ထားသည်။
(https://www.socialbakers.com/statistics/facebook/pages/local/myanmar/brands/)

“အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို သိရှိနားလည်ဖို့နဲ့ သူတို့ဆီက ထင်မြင်ယူဆချက်တွေကို နားထောင်ဖို့ဆိုရင် အချိန်တိုင်းမှာ အမြဲအတူရှိနေနိုင်ဖို့ဆိုတဲ့ အချက်ဟာ အဓိကအရေးပါပါတယ်။ ကျွန်မတို့ရဲ့ အသုံးပြုသူတွေကို နေ့စဉ် မပြတ် ဆက်သွယ်နေနိုင်ဖို့အတွက် Facebook ဟာ အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး ဒီအတွက်ကြောင့်လည်း တယ်လီနောရဲ့ လူမှုကွန်ရက်မီဒီယာပိုင်းဆိုင်ရာ ဝန်ထမ်းအဖွဲ့ဟာ ကုမ္ပဏီရဲ့ Facebook စာမျက်နှာကို အမြဲ ဆန်းသစ်နေစေဖို့ မနားမနေ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တယ်လီနောမြန်မာရဲ့ Facebook စာမျက်နှာကို follow လုပ်ထားတဲ့ အသုံးပြုသူတွေအားလုံးကို ကျွန်မအနေနဲ့ အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ဒီလို Facebook မှာ အားကောင်းတဲ့ ပရိသတ်အရေအတွက်ကို ပိုင်ဆိုင်ထားတဲ့အတွက် တယ်လီနောမြန်မာအနေနဲ့လည်း အသုံးပြုသူတွေလိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ ဝန်ဆောင်မှုတွေကို အချိန်နဲ့တပြေးညီ ပေးအပ်နိုင်ဖို့ အမြဲ အတူရှိနေနိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိပါတယ်” ဟု တယ်လီနောမြန်မာ၏ Head of Brand Strategy & Digital Marketing ဖြစ်သူ Chan May Ling က ပြောကြားသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌သင့်တင့်သည့်စျေးနှုန်းဖြင့်လွယ်ကူစွာရယူနိုင်သည့်မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံး သော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှုအတွေ့အကြုံများကို ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးမားဆုံးသော မိုဘိုင်း အော်ပရေတာများအနက် တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၂ သန်း ကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှု ပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစု တစ်ခု ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor