Press Release

တယ်လီနောမြန်မာ၏ ‘တိုးတက် - Learn to Grow’ ပလက်ဖောင်းမှတဆင့် ဆန်းသစ်သောအပိုထပ်ဆောင်းပညာရေးဝန်ဆောင်မှုများအားစတင်ပေးအပ်

26 June, 2019 - Yangon

  • ပူးပေါင်းဆောင်ရွက်မှု၏ ပထမအဆင့်အဖြစ် ‘တိုးတက်’ သည် အပိုထပ်ဆောင်းပညာရေးဝန်ဆောင်မှု အသစ် ၂ ခု ဖြစ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက်အကူပြု SMS ဝန်ဆောင်မှုနှင့် ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR (Interactive Voice Response) ဝန်ဆောင်မှုများအားစတင်ပေးအပ်သွားမည်ဖြစ်

တယ်လီနောမြန်မာ၏ အသုံးပြုသူများအနေနှင့် ပြီးပြည့်စုံသောဆက်သွယ်ချိတ်ဆက်နိုင်စွမ်း၏ အကျိုးကျေးဇူးများအားရရှိခံစားနိုင်စေရန်နှင့် မိုဘိုင်းဖုန်းမှတဆင့်လည်းအဆင်ပြေလွယ်ကူစွာပညာသင်ကြားနိုင်သည် ဟူသောအချက်အားသိရှိစေရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ယနေ့တွင် ‘တိုးတက် - Learn to Grow’ ပညာရေးဝန်ဆောင်မှု ပလက်ဖောင်းမှတဆင့် မြန်မာနိုင်ငံတဝန်းရှိကျောင်းသားကျောင်းသူများနှင့် လူငယ်များအတွက် ဆန်းသစ်သောအပိုထပ်ဆောင်းပညာရေးဝန်ဆောင်မှုများအားစတင်ပေးအပ်သွားတော့မည် ဖြစ်သည်။

  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay

အဆိုပါ ‘တိုးတက်’ ပညာရေးဝန်ဆောင်မှု ပလက်ဖောင်းအားမိတ်ဖက်အဖွဲ့အစည်း ၄ ခု ဖြစ်သည့် MONO Technology Myanmar, TMAM Limited, ConceptX နှင့် 360ed (Visioneering Learning) တို့နှင့် ပူးပေါင်းပေးအပ်ခြင်း ဖြစ်ပြီးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလက်မှတ်ရေးထိုးသည့် အခမ်းအနားအားယနေ့ (၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်) တွင် SuleShangrilaဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖိတ်ကြားထားသောဧည့်သည်တော်များနှင့် မီဒီယာများတက်ရောက်ခဲ့ကြသည်။

ဤ ပူးပေါင်းဆောင်ရွက်မှု၏ ပထမအဆင့်အဖြစ် ‘တိုးတက်’ သည် အပိုထပ်ဆောင်း (VAS) ပညာရေးဝန်ဆောင်မှု အသစ် ၂ ခုဖြစ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက်အကူပြု SMS ဝန်ဆောင်မှုနှင့် ဘာသာစကားလေ့လာခြင်းဆိုင်ရာအသံဝန်ဆောင်မှုတို့အားစတင်ပေးအပ်သွားမည် ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက်အကူပြု SMS ဝန်ဆောင်မှုများ

ပညာရေးပိုင်းဆိုင်ရာဝန်ဆောင်မှုများအားအလွယ်တကူရယူသင်ကြားသွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်သွားမည့် ဤ တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက်အကူပြု SMS ဝန်ဆောင်မှုများမှတဆင့် ကျောင်းသားကျောင်းသူများသည် ၎င်းတို့၏ မိုဘိုင်းဖုန်းများမှတဆင့် သက်ဆိုင်ရာပညာရပ် သင်ခန်းစာများအားအလွယ်တကူရယူသင်ကြားသွားနိုင်မည် ဖြစ်သည်။ ကျောင်းသားကျောင်းသူများသည် မြန်မာ၊ အင်္ဂလိပ်၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအနက် ၎င်းတို့ သင်ယူလိုသည့် ဘာသာရပ်များအတွက် သင်ခန်းစာများဝန်ဆောင်မှုများအားဖုန်းနံပါတ် 6622 သို့ [MYAN သို့ EN သို့ BIO သို့ CHEM သို့ PHYS သို့ ECO နှင့် ထို့နောက်တွင် ON] ဟုရိုက်နှိပ်ပေးပို့လိုက်ခြင်းဖြင့် အလွယ်တကူစာရင်းပေးသွင်းရယူသင်ကြားသွားနိုင်မည် ဖြစ်သည်။ ထိုသို့ စာရင်းပေးသွင်းရာတွင် ဘာသာရပ် တစ်ခုစီတိုင်းအတွက် ရက်သတ္တပတ် ၁ ပတ် (၇ ရက်) လျှင် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၃၁၅ ကျပ်မျှသာကျသင့်မည် ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာစာဘာသာရပ်နှင့် ပတ်သက်သည့် သင်ခန်းစာဝန်ဆောင်မှုများအားရယူလိုပါက 6622 သို့ MYAN ON ဟုရိုက်နှိပ်ပေးပို့ရမည် ဖြစ်ပြီး ၇ ရက်တာသင်ခန်းစာများအတွက် ၃၁၅ ကျပ် ကျသင့်မည် ဖြစ်သည်။

ထိုသို့ စာရင်းပေးသွင်းပြီးသည်နှင့် တပြိုင်နက် အသုံးပြုသူများသည် စာရင်းပေးသွင်းထားသည့် တစ်ဘာသာချင်းစီအတွက် တစ်ရက်လျှင် SMS ၂ စောင် (မနက် ၉ နာရီနှင့် နေ့လည် ၃ နာရီ) ရရှိမည်ဖြစ်ပြီးအဆိုပါ SMS များတွင် မှန်/မှား၊ အဖြေမှန်ရွေးချယ်ခြင်း နှင့် ကွက်လပ်ဖြည့်ပါ သင်ခန်းစာများအတွက် မေးခွန်းများနှင့် အဖြေများ ပြည့်စုံစွာပါရှိမည် ဖြစ်သည်။ သင်ခန်းစာတစ်ခုချင်းစီတိုင်းအားသက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့နှင့် သက်ဆိုင်ရာဘာသာရပ် သင်ကြားသည့် တက္ကသိုလ်ဝင်တန်းဆရာ၊ဆရာမများပူးပေါင်း၍ ပြုစုထားခြင်း ဖြစ်သည်။ အဆိုပါ သင်ခန်းစာများအား နိုင်ငံတဝန်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တရားဝင် ရေးဆွဲထားသည့် ပြဌာန်းစာအုပ်များထံမှ ရယူကောက်နုတ်ထားခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါ သင်ခန်းစာတစ်ခုချင်းစီတိုင်းအားရွေးချယ်ရာတွင် ကျောင်းသားကျောင်းသူများအလွယ်တကူနားလည်သဘောပေါက်စေရန်နှင့် ၎င်းတို့အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အဆင့်ပေါင်း ၈ ဆင့်မှ ၁၂ ဆင့်အထိပါဝင်သည့် စစ်ဆေးအကဲဖြတ်မှုစနစ်ဖြင့် ရွေးချယ်ထားခြင်း ဖြစ်သည်။

ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR (Interactive Voice Response)ဝန်ဆောင်မှုများ

တယ်လီနောမြန်မာသည် အထက်ပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက်အကူပြု SMS ဝန်ဆောင်မှုများအပြင် နိုင်ငံခြားဘာသာစကားများအားလေ့လာရန် စိတ်ပါဝင်စားသော ၎င်း၏ အသုံးပြုသူများအတွက် ဘာသာစကားလေ့လာခြင်းဆိုင်ရာIVR(Interactive Voice Response) ဝန်ဆောင်မှုကိုလည်းစတင်ပေးအပ်လိုက်ပြီးအသုံးပြုသူများအနေနှင့် ၎င်းတို့ စိတ်ပါဝင်စေားသောဘာသာရပ်များအားအချိန်မရွေးအဆင်ပြေလွယ်ကူစွာလေ့လာသင်ကြားသွားနိုင်တော့မည် ဖြစ်သည်။ လက်ရှိတွင် အသုံးပြုသူများအနေနှင့် အင်္ဂလိပ်၊ ထိုင်း၊ ကိုရီးယားနှင့် ဂျပန် ဘာသာစကားများအတွက် စကားစုများ၊ နေ့စဉ်သုံးစကားရပ်များနှင့် သဒ္ဒါ သင်ခန်းစာများအားရယူသင်ကြားသွားနိုင်မည် ဖြစ်သည်။ အသုံးပြုသူများသည် ဘာသာရပ်တစ်ခုချင်းစီတိုင်းအတွက် သတ်မှတ်ပေးထားသည့် ကုတ်နံပါတ်များအားတိုက်ရိုက်ဖုန်းခေါ်ဆို၍ သင်ခန်းစာများအားစာရင်းပေးသွင်းရယူသွားနိုင်မည် ဖြစ်ပြီးဘာသာရပ်တစ်ခုချင်းစီတိုင်းအတွက် စာရင်းပေးသွင်းခနှုန်းထားမှာရက်သတ္တပတ် ၁ ပတ်လျှင် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၃၁၅ ကျပ်မျှ သာကျသင့်မည် ဖြစ်သည်။

ထိုသို့ စာရင်းပေးသွင်းပြီးသည်နှင့် အသုံးပြုသူများသည် ပေးအပ်ထားသည့် သင်ခန်းစာများအား ၇ ရက်အတွင်းအကန့်အသတ်မရှိခေါ်ဆိုသင်ယူနိုင်မည် ဖြစ်သည်။ သင်ခန်းစာများအားတစ်ပတ်လျှင် တစ်ကြိမ်ပြင်ဆင်ပေးသွားမည် ဖြစ်သည့်အတွက် အသုံးပြုသူများသည် အပတ်စဉ် မတူညီသောသင်ခန်းစာများအားသင်ယူသွားနိုင်မည် ဖြစ်သည်။ ဘာသာရပ်တစ်ခုစီတိုင်းအတွက် တိုက်ရိုက်ဖုန်းခေါ်ဆိုခွင့် ကုတ်နံပါတ်များမှာအောက်ပါအတိုင်းဖြစ်သည်။

- အင်္ဂလိပ် : 3071
- ထိုင်း: 3072
- ကိုရီးယား: 3073
- ဂျပန်: 3074

အလားတူပင် တယ်လီနောအသုံးပြုသူများသည် 307သို့ တိုက်ရိုက် ဖုန်းခေါ်ဆို၍လည်း ၎င်းတို့ ကြိုက်နှစ်သက်ရာဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR ဝန်ဆောင်မှုအားရွေးချယ်ရယူသွားနိုင်မည် ဖြစ်သည်။

“အသုံးပြုသူတွေအတွက် ဆန်းသစ်မှုရှိပြီးအသုံးဝင်တဲ့ ဝန်ဆောင်မှုတွေကိုစျေးနှုန်းသက်သက်သာသာနဲ့ ပေးအပ်သွားနိုင်ဖို့ အမြဲတမ်းရှာဖွေဖော်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်သည်နှင့်အညီတယ်လီနောအနေနဲ့ အခုလိုနိုင်ငံတဝန်းကအသုံးပြုသူတွေအတွက် ဆန်းသစ်မှုရှိပြီးအဆင်ပြေလွယ်ကူစေတဲ့ ပညာရေးဝန်ဆောင်မှု ပလက်ဖောင်းတစ်ခုကိုပေးအပ်နိုင်ခဲ့တဲ့အတွက် အရမ်းကိုဝမ်းမြောက်မိပါတယ်။ ‘တိုးတက်’ ဝန်ဆောင်မှုမှာအခုရရှိနေတဲ့ ဝန်ဆောင်မှုတွေဟာကျောင်းသားကျောင်းသူတွေနဲ့ လူငယ်တွေ တစ်ဦးချင်းစီတိုင်းရဲ့ ကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေကိုအချိန်တိုအတွင်းအဆင့်မြင့်မားလာစေနိုင်မှာ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ မြန်မာနိုင်ငံလျှောက်လှမ်းနေတဲ့ ဒစ်ဂျစ်တယ် ခရီးလမ်းမှာပံ့ပိုးကူညီသွားဖို့ ရည်သန်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့ အညီတယ်လီနောမြန်မာအနေနဲ့ အသုံးပြုသူတွေအတွက် အကျိုးကျေးဇူးတွေ ရရှိစေမယ့် ပိုမိုဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေကိုဆက်လက် ဖန်တီးသွားဖို့ အစဉ်မပြတ် လုပ်ဆောင်နေပါတယ်” ဟုတယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာအရာရှိချုပ် ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

ဝန်ဆောင်မှု ၂ ခုလုံးတွင် နှစ်စဉ်စာရင်းပေးသွင်းမှုစနစ် အသုံးပြုထားပြီးဝန်ဆောင်မှုအားစာရင်းပေးသွင်းရယူလိုက်သည့် အချိန်မှစ၍ ရပ်တန့်မှု မပြုလုပ်မီအချိန်အထိအပတ်စဉ် ငွေပေးချေမှု စနစ်ဖြင့် ကျသင့်ငွေများအားကောက်ခံသွားမည် ဖြစ်သည်။ အသုံးပြုသူများသည် ရယူမှု ရပ်တန့်လိုသောဘာသာရပ်များအပေါ် မူတည်၍ [MYAN သို့ EN သို့ BIO သို့ CHEM သို့ PHYS သို့ ECO နှင့် ထို့နောက်တွင် OFF] ဟုရိုက်နှိပ်ပေးပို့လိုက်ခြင်းဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအထောက်အကူပြု SMS ဝန်ဆောင်မှုများအားရယူမှုကိုအလွယ်တကူရပ်တန့်နိုင်မည် ဖြစ်သည်။

အလားတူပင် အသုံးပြုသူများသည် ဘာသာစကားလေ့လာခြင်းဆိုင်ရာ IVR ဝန်ဆောင်မှု ရယူခြင်းအားလည်း *979*3*2# သို့ တိုက်ရိုက်ဖုန်းခေါ်ဆို၍ အလွယ်တကူရပ်တန့်နိုင်မည် ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share