Press Release

တယ်လီနောမြန်မာ၏ (၇)ကြိမ်မြောက် ရေရှည်တည်တံ့သော စီးပွားရေးဆောင်ရွက်ချက်များဆိုင်ရာရှင်းလင်းပွဲ

03 December, 2020 - Yangon

တယ်လီကွန်းကဏ္ဍသည် နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်ရေးကို ကူညီထောက်ပံ့နိုင်မည်ဖြစ်သော်လည်း ရှုထောင့်စုံမှ ရေးဆွဲထားသည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အကောင်အထည်ဖော်ဆောင်ရေးတို့ လိုအပ်လျက်ရှိ

  • (၇) ကြိမ်မြောက် ရေရှည်တည်တံ့သော စီးပွားရေးဆောင်ရွက်ချက်များဆိုင်ရာ ရှင်းလင်းတင်ပြပွဲ တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အရှိန်မြင့်လာရေးအတွက် တယ်လီကွန်းများ၏ အဓိကကျ သော အခန်းကဏ္ဍနှင့် ကိုဗစ်-၁၉ ကာလနှောင်းပိုင်း စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာနယ်ပယ်၏ အလားအလာများကို တယ်လီနောမြန်မာက မီးမောင်းထိုးဆွေးနွေးခဲ့
  • ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးစသည့် နယ်ပယ်များ တွင် အဖွဲ့အစည်းများ၏ စံနှုန်းများ ဆက်လက်တိုးမြှင့်နိုင်ရန်အတွက် တယ်လီနောမြန်မာအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိကဝတ်ပြု
Sustainability 2020

ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။  ။ တယ်လီနောမြန်မာသည် ၎င်း၏ (၇) ကြိမ်မြောက် ရေရှည်တည် တံ့သော စီးပွားရေးဆောင်ရွက်ချက်များဆိုင်ရာ နှစ်ပတ်လည် ရှင်းလင်းတင်ပြပွဲကို ယနေ့ကျင်းပခဲ့ပြီး ဆက်သွယ်ချိတ်ဆက်ပေးရေး၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးတို့အပြင်၊ မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည် မြှင့်တင်မှုအပိုင်းတွင်လည်း တာဝန်သိသိဖြင့် ရေရှည်တည်တံ့သည့်နည်းလမ်းများကို ဆက်လက်မြှင့်တင် ပေးသွားမည်ဖြစ်သည်။ တယ်လီနောသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များနှင့်အညီ ရည်သန်ဆောင်ရွက်လျက်ရှိပြီး ဒသမမြောက်ပန်းတိုင်ဖြစ်သည့် မညီမျှမှုများ လျော့နည်းသွားစေရေးကိုလည်း ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်သည်။

တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Jon Omund Revhaug က ဦးဆောင်ပြီး စီမံခန့်ခွဲရေး အဖွဲ့မှ အခြားအဖွဲ့ဝင်များက ပါဝင်အားဖြည့်ကာ အွန်လိုင်းမှ ကျင်းပခဲ့သည့် အဆိုပါ ဆွေးနွေးပွဲတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ စာနယ်ဇင်း ပုဂ္ဂိုလ်များအပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအပေါ် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

Sustainability 2020

“မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအသီးသီးမှာ ဆက်သွယ်ရေးကဏ္ဍက လူတွေအချင်းချင်း ဆက်လက် ဆက်သွယ်နိုင်ဖို့အတွက် မရှိမဖြစ်တဲ့ ဝန်ဆောင်မှုတစ်ခုအဖြစ် တည်ရှိလာပါတယ်။ သုံးစွဲသူတွေအတွက် အရေးပါတဲ့ အရာတွေနဲ့ ဆက်သွယ်ချိတ်ဆက်ပေးနိုင်ဖို့က အရေးကြီး ဆုံးပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရေးပါဆုံးသော ကဏ္ဍတွေမှာ တာဝန်ရှိရှိ လုပ်ကိုင်ဆောင်ရွက်ဖို့ ဒီနေ့ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးပြောကြားခဲ့ပါတယ်။ တယ်လီကွန်းကဏ္ဍမှာ ကမ္ဘာ့အဆင့်မီ စံနှုန်းတွေကို ဆက်လက်ထိန်းသိမ်း နိုင်ဖို့ဆိုတာဟာ တယ်လီနောမြန်မာအတွက် အရမ်းကို အရေးပါပါတယ်။ လူ့စွမ်းအားအရင်းအမြစ်အပြင် ဒီဆက်သွယ်ရေးဂေဟစနစ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာရေးအတွက်လည်း ဦးစားပေးဆောင်ရွက်နေပါ တယ်။ သုံးစွဲသူတွေရဲ့ အစဥ်တစိုက် ယုံကြည်မှုတွေအပေါ် အားကိုးအားထားပြုသလို ကျွန်တော်တို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကလည်း ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိပေါ် အခြေခံဆောင်ရွက် နေတာကြောင့် သုံးစွဲသူအားလုံးရဲ့ ယုံကြည်မှုကို ရရှိပိုင်ဆိုင်ထားတာပါ။” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Jon Omund Revhaug က ပြောကြားခဲ့သည်။

လူ့အခွင့်အရေးရှုထောင့်မှ ကြည့်ပါက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များသည် တယ်လီနောမြန်မာအတွက် စိန်ခေါ်မှုများသော ကာလများဖြစ်ခဲ့သည်။ အဂတိလိုက်စားမှု၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများ၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပြင် အလုပ်သမားရေးရာ အခွင့်အရေးစသည့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ အပြင် မြောက်များစွာသော စိန်ခေါ်မှုသစ်များလည်း ကြုံတွေ့ရင်ဆိုင်လျက်ရှိပါသည်။ ၎င်းတို့အနက် ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့များအတွင်း အင်တာ နက်ကွန်ရက် ကန့်သတ်မှုများ၊ တိုးမြင့်လာသော အင်တာနက်ဆိုင်ရာ ဆင်ဆာဖြတ်တောက်မှုများနှင့် တယ်လီကွန်းဆိုင်ရာလုပ်ဆောင်မှုများကို တာဝန်ရှိသူများအနေဖြင့် ဝင်ရောက်ပါဝင်ဆောင်ရွက်မှုများ  စသည့်အချက်များ အဓိကပါဝင်သည်။ ကမ္ဘာ့ကူးစက်ကပ်ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း ဆင်းကတ်ပြန်လည်မှတ်ပုံ တင်ရေး ညွှန်ကြားမှုသည် မိုဘိုင်းဆက်သွယ်ကဏ္ဍအတွက် အဓိကထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး  လူ့အခွင့်အရေးစံနှုန်းများနှင့် ချိန်ထိုးမည် ဆိုပါကလည်း စိုးရိမ်ပူပန်စရာ ဖြစ်ခဲ့သည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း (Organisation for Economic Co-operation and Development - OCED) ၏ တာဝန်သိ စီးပွားရေးလုပ်ငန်းများဆိုင်ရာ စောင့်ကြည့်လေ့လာရေး၏ ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်၏ တယ်လီကွန်း တာဝါတစ်ခုကို အလွဲသုံးမှုနှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Sustainability 2020

အထက်ပါ အခြေအနေများကို လူ့အခွင့်အရေးစံနှုန်းများအပေါ် လေးစားသည့် အပြုအမူအနေနှင့် ဖြေရှင်း ဆောင်ရွက်နိုင်ရန် တယ်လီနောသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး လက်တွဲပူးပေါင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

တယ်လီနောသည် မြန်မာနိုင်ငံ၊ အထူးသဖြင့် လူငယ်များ၏ စွမ်းဆောင်ရည်ကို ဆက်လက်မြှင့်တင်ပေးသွား မည်ဖြစ်သည်။ အဓိကအားဖြင့် လုပ်ငန်းခွင်ပြင်ပမှာ အလုပ်လုပ်ကိုင်နိုင်ရန်နှင့် အွန်လိုင်းပညာသင်ကြား ရေးတို့အပိုင်းမှာ ပိုမိုအားကောင်းလာစေရန် ဦးတည်လုပ်ဆောင်သွားမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကာလ နှောင်းပိုင်းတွင် ပြန်လည်ကုစားရေးလုပ်ဆောင်ချက်များ  အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်မှု၊ ဒစ်ဂျစ်တယ် တတ်သိနားလည်မှု အစီအစဥ်များတိုးမြှင့်ရေး စသည့် ရှေ့ပြေး လုပ်ငန်းစဉ်များအပြင် e-government ဝန်ဆောင်မှု များ တွင်ကျယ်စေရန်အတွက်  တယ်လီနောအနေဖြင့် ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဖြန့်ကျက်ထားသည့် မရှိမဖြစ် အရေးပါသော ဆက်သွယ်ရေး ဝန်ဆောင်မှုများ တိုးတက်လာစေရေးနှင့် နိုင်ငံအဝှမ်း ရယူအသုံးပြုနိုင်ရေးအပြင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အားကောင်းသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို ဖော်ဆောင်ချမှတ် နိုင်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

“ကိုဗစ်-၁၉ ဟာ ကမ္ဘာတစ်ဝှမ်း အပြင် မြန်မာနိုင်ငံအပေါ်လည်း ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ လူထုကျန်းမာရေး ကဏ္ဍမှာ မြင့်တက်လာတဲ့ စာရင်းတွေအရ ဒီကူးစက်မှုကို တိုက်ဖျက်ချေမှုန်းနိုင်ဖို့ ချမှတ် ထားတဲ့ ကန့်သတ်ချက်တွေက ကျွန်တော်တို့ နေ့တဓူဝ လုပ်ဆောင်နေမှုတွေ၊ လေ့လာသင်ယူမှုတွေနဲ့ ရှင်သန် ရပ်တည်မှုဆိုင်ရာ ပုံစံတွေကို ပြောင်းလဲဖို့ တွန်းအားပေးလာပါတယ်။ မရှိမဖြစ်အရေးပါတဲ့ ဝန်ဆောင်မှုတွေ ကို ဘာကြောင့် လိုအပ်လာရသလဲနဲ့ လုပ်ငန်းခွင်ပြင်ပ အလုပ်လုပ်နိုင်အောင် နဲ့ အွန်လိုင်းသင်ကြားရေး အတွက် နည်းလမ်းသစ်တွေ ဘယ်လိုပံ့ပိုးပေးနိုင်မလဲ ဆိုတာတွေကို အကောင်အထည်ဖော် လုပ်ဆောင်နေ သလို ဒစ်ဂျစ်တယ်တတ်သိနားလည်မှု၊ တာဝန်သိ အကျိုးပြုလုပ်ငန်းတွေနဲ့ ထိရောက်မှုရှိတဲ့ လက်တွဲပူး ပေါင်းဆောင်ရွက်တွေကိုလည်း ဆက်လက်ကျင့်သုံးသွားမယ်လို့ ကတိကဝတ်ပြုပါတယ်။” ဟု Mr. Revhaug က ထပ်လောင်းပြောကြားခဲ့သည်။

တယ်လီနောမြန်မာ၏ ၂၀၂၀ ပြည့်နှစ် ရေရှည်တည်တံ့သော စီးပွားရေးဆောင်ရွက်ချက်များဆိုင်ရာ ရှင်းလင်းပွဲမှ အဓိကရှင်းလင်းချက်များ

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အရှိန်မြှင့်တင်ခြင်းနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု

  • နိုင်ငံအနှံ့ ချိတ်ဆက်ခြင်း - တယ်လီနောကွန်ရက်သည် မြန်မာနိုင်ငံ လူဦးရေ၏ ၉၂% ကို တာဝါတိုင် ၈,၉၀၀ ဖြင့် လွှမ်းခြုံထားပြီး မြန်မာ့အကြီးမားဆုံး ကွန်ရက်အဖြစ် ရပ်တည်လျက်ရှိသည်။
  • ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အရှိန်မြှင့်တင်ခြင်း - တယ်လီနော၏ 4.5G ကွန်ရက်ကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် နိုဝင်ဘာလ၌ စတင်ခဲ့သည်။ ထို့အပြင် အိမ်တွင်သာနေထိုင်ရန် ကန့်သတ် ချက်များကြောင့် ဒေတာအသုံးပြုမှု ၂၇ ရာခိုင်နှုန်းတိုးတက်လာကာ ဗီဒီယိုဖြင့် အစည်းအဝေးပြု လုပ်သည့် အက်ပလီကေးရှင်းများ အသုံးပြုမှုသည် ၃ ဆမှ ၁၅ ဆ အထိ မြင့်တက်ခဲ့ပြီး အွန်လိုင်း မှတိုက်ရိုက်ကြည့်ရှုခြင်းသည် ၄၀% ကျော် တိုးတက်ခဲ့ကြောင်း တယ်လီနောက ဧပြီ ၂၀၂၀ အတွင်း တွင် ထုတ်ပြန်ခဲ့သည်။
  • စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု - တယ်လီနောမြန်မာသည် ယနေ့အချိန်အထိ ၎င်း၏ ကွန်ရက်၊ မြန်မာနိုင်ငံသားများနှင့် ဆက်သွယ်ရေးဂေဟစနစ်အတွက် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။ ထို့အပြင် တယ်လီနောမြန်မာသည်  ထိပ်တန်းအခွန် ပေး ဆောင်သော ကုမ္ပဏီများအနက်တစ်ခုအဖြစ်လည်း ဆက်လက်ရပ်တည်လျက်ရှိသည်။ ပြည်တွင်း အခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တယ်လီနောသည် ၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက် ထိပ်တန်းအခွန်ပေးဆောင်သောကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး မြန်မာကျပ် ၆၀၄ ဘီလီယံကျော် ပေးဆောင်ခဲ့ပြီး စတင်တည်ထောင်ခဲ့စဉ်ကတည်းက ဆက်သွယ်ရေးလိုင်စင်ကြေး မြန်မာကျပ် ၈၀၅ ဘီလီယံကျော် ပေးဆောင်ခဲ့ပြီးဖြစ်သည်။

လူမှုအသိုင်းအဝန်းပေါ် အကျိုးသက်ရောက်မှုနှင့် ပံ့ပိုးပေးနိုင်မှု

  • လူမှုအဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု - ဒစ်ဂျစ်တယ် တတ်သိနည်းလည်မှုနှင့် မိုဘိုင်း ကျန်းမာ‌ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက် ကူညီပံ့ပိုးပေးမှုများစသည့် တယ်လီ နောလူမှုအကျိုးပြု အစီအစဉ်များမှတဆင့် လူပေါင်း ၁ သန်းကျော်ကို အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဖြစ်သည်။
  • ကိုဗစ်-၁၉ ကူညီထောက်ပံ့မှုများ - ကိုဗစ်ကူးစက်ကပ်ရောဂါကို ကူညီတိုက်ဖျက်နိုင်ရန် အစိုးရ၊ လူမှု အဖွဲ့အစည်းများနှင့် ဝန်ထမ်းများထံသို့ မြန်မာကျပ် ၂၈၉ သန်းကျော်ကို တယ်လီနောက လှူဒါန်းထား ပြီးဖြစ်သည်။
  • မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မိုဘိုင်းမှတ်ပုံတင်ခြင်း - မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မိုဘိုင်းမှတ်ပုံတင်ခြင်း ကနဦးစီမံကိန်းကို ယူနီဆက်၊ ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မွန်ပြည်နယ်တွင် စတင်ခဲ့သည်။အဆိုပါ စီမံကိန်း သည် ကိုဗစ်ကူးစက်ကပ်ရောဂါကြောင့် နှောင့်နှေးမှုများရှိသော်လည်း မွန်ပြည်နယ်ရှိ သားဖွားဆရာမများအနေဖြင့် ၎င်းအက်ပလီကေးရှင်း ကို ၂၀၂၁ ခုနှစ်တွင် ဆက်လက်အသုံးပြုသွားမည်ဟု တယ်လီနောမြန်မာက ယုံကြည်ပါသည်။
  • ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများနှင့် အမျိုးသမီးများကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ပူးပေါင်း ဆောင်ရွက်မှု - ရေရှည်တည်တံ့ရေး မိတ်ဖက်ပါတနာတစ်ဦးဖြစ်သော ပလန်အင်တာနေရှင်နယ် နှင့်အတူ တယ်လီနောသည် ၂၀၁၆ ခုနှစ်မှ စတင်၍ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမပေါင်း ၆၀၀,၀၀၀ ကျော်ကို သင်တန်းများ ပို့ချခဲ့ပြီးဖြစ်ပါသည်။ အမုန်းစကားဖြန့်ဝေခြင်း၊ အွန်လိုင်းတွင် အနိုင်ကျင့်ခြင်း၊ ကလေးငယ်များကို ဖြားယောင်းသိမ်းသွင်း ခြင်းနှင့် အခြားအကြောင်းအရာများ စသည့် လေ့ကျင့်သင်ကြားရေးအစီအစဥ်များပါဝင်သည့် ဗီဒီယိုကို  စာသင်ခန်းတွင် သို့မဟုတ် အွန်လိုင်းတွင် လေ့လာနိုင်ရန် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀,၀၀၀ ကျော်ကို ဆက်လက်သင်ကြားပေးနိုင်ရန် ရည်ရွယ် ထားသည်။ ထို့အပြင် တယ်လီနောမြန်မာသည် Girls Take Over အစီအစဉ်တွင် ၂၀၁၉ ခုနှစ်မှ စတင်ကာ နှစ်နှစ်ဆက်တိုက် ပါဝင်လျက်ရှိသည်။ ထိုအစီအစဉ်မှတဆင့် International Relations ဘာသာရပ်ကို အထူးပြုသင်ကြားနေသော ကျောင်းသူ မရွှန်းသည် တယ်လီနောမြန်မာ၏ စီမံခန့်ခွဲ ရေးအဖွဲ့နှင့် အမှုဆောင်အရာရှိချုပ်တို့ကို နိုဝင်ဘာလအတွင်း တွေ့ဆုံခွင့်ရရှိခဲ့သည်။
  • အနာဂတ်ကာလအတွက် အရည်အသွေးများ တိုးတက်စေရန် လုပ်ဆောင် - မြန်မာလူငယ်များ ICT နည်းပညာကဏ္ဍတွင် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ၅နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူအယောက် ၂၀ ကို MBA in Strategic ICT Management ဘာသာရပ်အတွက် ပညာသင်ဆုများ တယ်လီနောမြန်မာက  ပေးအပ်ခဲ့သည်။ ထို့အပြင် တယ်လီနောသည် ၂၀၁၅ ခုနှစ်မှ စတင်၍ တစ်နှစ်လျင် အလုပ်သင်ဝန်ထမ်း ပျမ်းမျှ ၁၅ ဦးခန့် ခန့်အပ်၊ သင်ကြားပေး လျက်ရှိသည်။
  • မတူကွဲပြားနှင့် အလုံးစုံ ပါဝင်မှု - မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) နှင့် ပူးပေါင်း၍ တယ်လီနောသည် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ၊  စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသူများအတွက် စီမံရေးဆွဲထားသည့် တမူထူးခြားသော အတတ်သင်၊ လုပ်ငန်းခွင် လေ့လာရေး အစီအစဉ် တယ်လီနော Open Mind အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။

ရာသီဥတုအပေါ် အကျိုးသက်ရောက်မှု

  • ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ - တယ်လီနော၏ ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်မှာ ကာဘွန် ထုတ်လွှင့်မှုကို ၂၀၃၀ ပြည့်နှစ်တွင် ၅၀% အထိ လျှော့ချသွားရန်ဖြစ်သည်။ ကာဘွန်ထုတ်လွှတ်မှု ကင်းစင်စေရန် ဥရောပဒေသတွင် ၁၀၀% အထိ‌ လျှော့ချပြီး အာရှ‌ဒေသတွင် ၅၀% အထိ ‌လျှော့ချ နိုင်ရန် ရည်ရွယ်ထားသည်။ ၂၀၁၉ ခုနှစ်တွင် တယ်လီနောသည် တစ်ကမ္ဘာလုံးတွင် ကာဗွန်ဒိုင် အောက်ဆိုဒ် တန်ချိန် ၁.၁ သန်း ဝန်းကျင် ထုတ်လွှတ်ခဲ့သည်။
  • မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍအပေါ် ဦးစားပေးအားပေးလုပ်ဆောင်မှုများ - တယ်လီနောလုပ်ငန်းစု၏ ကာဗွန်ထုတ်လွှတ်မှုများအနက် ၉၆% သည် အာရှဒေသမှဖြစ်ပြီး ၁၁% သည် မြန်မာနိုင်ငံမှ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကာဘွန်ထုတ်လုပ်မှုမြင့်မားနေရခြင်းမှာ တယ်လီနောကွန်ရက်သည် လူဦးရေ၏ ၉၂% ကို လွှမ်းခြုံထားနိုင်သော်ငြား လျှပ်စစ်စွမ်းအင်သည် လူဦးရေ၏ ၄၀% ကိုသာ လွှမ်းခြုံထားနိုင်သောကြောင့်ဖြစ်သည်။ အဆိုပါကွာဟချက်များကို လျှော့ချနိုင်ရန် သမားရိုးကျ အားဖြင့် ဒီဇယ်ဓာတ်အားပေးစက်များကို အသုံးပြုကြသော်ငြား တယ်လီနောသည် ကာဘွန် ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန်နှင့် ဘက်ထရီနည်းပညာကို မြှင့်တင်ပြီး ဒီဇယ်စွမ်းအင်မှ လျှပ်စစ် စွမ်းအင် သို့မဟုတ် နေရောင်ခြည်စွမ်းအင်ဖြင့် အစားထိုး အသုံးပြုလျက်ရှိသည်။
  • လုပ်ငန်းစတင်ဆောင်ရွက်သည့်နှစ်မှ စ၍ တယ်လီနောမြန်မာအနေဖြင့် နေရောင်ခြည်စွမ်းအင်ကို ရယူအသုံးပြုပြီး ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချလျက်ရှိပြီး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

ဝန်ထမ်းများနှင့် မိတ်ဖက်ပါတနာများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး

  • HSE စစ်တမ်း - ၂၀၂၀ ပြည့်နှစ်အတွင်း တယ်လီနောမြန်မာ၏ လုပ်ငန်းခွင်အတွင်း မတော်တဆ သေဆုံးသူဦးရေ ၁ဦးသာ ရှိခဲ့သည်။ မတော်တဆမှု တစ်ခုချင်းစီကို မိတ်ဖက်ပါတနာများနှင့် ပူးပေါင်း စစ်ဆေးပြီးဖြစ်ပြီး သင့်လျော်သော အရေးယူမှုများကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
  • လုပ်ငန်းခွင်ကျန်းမာရေး - ယာဉ်အန္တရာယ်၊  လမ်းအန္တရာယ်ကင်းရှင်းရေးသည် တယ်လီနောမြန်မာ ၏ လုပ်ငန်းခွင်များတွင် ဦးစားပေးလုံခြုံရေးအဖြစ် ဆက်လက်တည်ရှိနေပြီး အဆိုပါ မတော်တဆ မှုများမှ ကာကွယ်နိုင်ရန် တယ်လီနောသည် စည်းကမ်းချက်များကို တင်းတင်းကျပ်ကျပ်ချမှတ်ပြီး  လိုက်နာမှုရှိစေရန် တိုက်တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
  • ကိုဗစ်-၁၉ ကာကွယ်ရေးသည် တယ်လီနော၏ လုပ်ငန်းခွင်များတွင် ‌အရေးပါဆုံးဖြစ်ပြီး သုံးစွဲသူ များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်ပါတနာများ ကပ်ရောဂါအတွင်း ဘေးကင်းလုံခြုံရေး၊ အဆက် အသွယ်မပြတ်တောက်စေရေး၊ စွမ်းဆောင်ရည် မြှင့်တင်ပေးလုပ်ဆောင်ချက်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆက်လက်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ

  • လာဘ်စားမှု - တယ်လီနောသည် လာဘ်စားခြင်းကို လုံးဝ ခွင့်လွှတ်သည်းခံမည်မဟုတ်ဘဲ လုပ်ငန်း ခွင်အားလုံးတွင် ပွင့်လင်းမြင့်သာမှုရှိစေရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အစဉ်အမြဲ လုပ်ဆောင်လျက်ရှိပါသည်။
  • ပဋိပက္ခ - ၂၀၁၉ ခုနှစ်မှ စတင်၍ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခ များကြောင့် တယ်လီနောကွန်ရက်လည်ပတ်မှုများတွင် သက်ရောက်မှုများရှိခဲ့ပြီး ရခိုင်မြောက်ပိုင်း နှင့် စစ်တွေမြို့တို့တွင် ဝန်ဆောင်မှုများ ပံ့ပိုးရာတွင် နှောင့်နှေးခြင်း သို့မဟုတ် အသုံးပြုမရခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။
  • အစိုးရအာဏာပိုင်များ၏ ညွှန်ကြားချက်များ - တယ်လီနောသည် အစိုးရထံမှ အချက်အလက်‌ တောင်းခံ၊ ခွင့်ပြုခြင်း၊ ကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် အမျိုးအစား လေးမျိုးကို လက်ခံရရှိခဲ့ပြီး အချို့လမ်းညွှန်ချက်များသည် လူ့အခွင့်ရေးအပေါ် သက်ရောက်မှုများရှိသည့်အတွက် မေးခွန်းထုတ် စရာများ ရှိခဲ့ပါသည်။
    • ကိုယ်ရေးကိုယ်တာ အချက်အလက်များတောင်းခံခြင်း - အောက်တိုလာလ ၂၀၁၄ ခုနှစ်မှစတင်၍ ဆက်သွယ်ရေးကွန်ရက်ပေါ်မှ အချက်အလက်များ တောင်းခံမှုကို ၃၂၇ ကြိမ် အထိ တရားဝင် လက်ခံရရှိခဲ့ပြီး အဆိုပါတောင်းခံမှုများအနက် ၂၁၇ ကြိမ်သာ အချက်အလက်များ ပံ့ပိုးပေး ခဲ့ပါသည်။ ပံ့ပိုးပေးခဲ့သော အကြိမ်များသည်လည်း လူ့အသက်နှင့် သက်ဆိုင်သည့် အရေးပေါ်ကိစ္စရပ်များ ဖြစ်သော လူသတ်မှုများ၊ မူးယစ်ဆေးနှင့် လူပျောက်ဆုံးမှုများတွင် အသုံးပြု နိုင်ရန် ဖြစ်ပါသည်။
    • ကွန်ရက် ပိတ်ပင်ခြင်း / ကန့်သတ်ခြင်း - ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များတွင် တယ်လီနောနှင့်အတူ ဆက်သွယ်ရေးကဏ္ဍရှိ လုပ်ငန်းလုပ်ကိုင်သူများသည် ရခိုင်နှင့် ချင်းပြည်နယ်တွင်း ရှိ မြို့နယ် (၈)မြို့နယ်တွင် ကွန်ရက် ပိတ်ပင်ရန်/ ကန့်သတ်ရန် အစရှိသည့် ညွှန်ကြားချက်များကို ၇ ကြိမ်တိတိ လက်ခံရရှိခဲ့ပါသည်။
    • ဝက်ဆိုဒ်ပိတ်သိမ်းခြင်း - အခြားအော်ပရေ‌တာများ၊ အင်တာနက်ဝန်ဆောင်မှုပေးသော ကုမ္ပဏီများနှင့် International gateways များနည်းတူ   တယ်လီနောသည် အစိုးရမှ ကန့်သတ်ထားသော ကဏ္ဍ ၅ ခုမှ ဝက်ဆိုဒ်ပေါင်း ၂,၂၀၀ ကျော်ကို ပိတ်သိမ်းရန် ၁၃ ကြိမ် တိတိ ညွှန်ကြားခံခဲ့ရပါသည်။ အဆိုပါကဏ္ဍများမှာ ညစ်ညမ်းရုပ်ရှင်များ၊ ကလေးသူငယ် ငြှင်းပန်းနှိပ်စက်မှုများ၊ သတင်းမှားများနှင့် ကောလဟာလများ ဖြန့်ချိခြင်း၊ လောင်းကစားနှင့် ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများအစရှိသည့် ကဏ္ဍ ၅ ရပ်တို့ဖြစ်သည်။
    • ကိုယ်ရေးကိုယ်တာအချက်အလက်များ တရားဝင် ကြားဖြတ်ရယူမှု - တာဝန်ရှိသူများ အနေဖြင့် အမှုတစ်ခုချင်းစီတိုင်းအတွက် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ တစ်ခုချင်းစီမှ အချက်အလက်များကို တိုက်ရိုက်ရယူသွား နိုင်ရန် ရည်ရွယ်လျက်ရှိသည်။ လုံလောက်သော ဥပဒေအရ ကာကွယ်တားဆီးမှုများ မရှိပါက သုံးစွဲသူများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အခြေအနေများ၊ အလွဲသုံးစားပြုခံရသည့် အခြေအနေများဖြင့် ကြုံတွေ့လာနိုင်ပါသည်။ တယ်လီနောသည် ဆိုက်ဘာလုံခြုံရေးဥပဒေအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် တိုင်‌ပင်ဆွေးနွေးခြင်း များအပေါ်  ဆက်လက်ထောက်ခံ အားပေးလုပ်ဆောင်သွားမည် ဖြစ်သည်။​ တယ်လီနော မြန်မာအနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို တရားဥပဒေဘောင်အတွင်းမှာ လုပ်ဆောင်နိုင်ရန် တိုက်တွန်း လျက်ရှိပြီး နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာစံနှုန်းများနှင့်အညီ တရားဝင်ရယူနိုင်ရန် အလေးပေးဦးတည်ထားလျက်ရှိသည်။
  • ဆင်းကတ်မှတ်ပုံတင်ခြင်း - ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အပြည့်အဝအသက်ဝင်ခဲ့သည့် ဆင်းကတ်များ ပြန်လည်မှတ်ပုံတင်ရန်ညွှန်ကြားချက်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် လက်ခံရရှိခဲ့ပြီး  ဆက်သွယ်ရေးကဏ္ဍအတွက် စိန်ခေါ်မှုများရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ လူဦးရေ၏ ၂၇% သည် တရားဝင် မှတ်ပုံတင်များ ကိုင်ဆောင်ထားခြင်း မရှိကြောင်း သိရသည်။ အော်ပရေတာများအကြား မတူညီသည့် ဆောင်ရွက်ပုံများ၊  တရားဝင် မှတ်ပုံတင်များ စစ်ဆေးရန် ဗဟိုစနစ်များမရှိခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အင်တာနက် ကန့်သတ် သတ်မှတ်ချက်များကြောင့် ဆင်းကတ်မှတ်ပုံတင်ခြင်းသည် ဆက်သွယ်ရေးကဏ္ဍအပေါ် စိန်ခေါ်မှု များ ပြင်းထန်စွာကျရောက်စေခဲ့သည်။ အစိုးရသည် ယခုအချိန်တွင် လက်ဗွေနှင့် မှတ်ပုံတင်ကို တိုက်ဆိုင်စစ်ဆေးသော biometric နည်းပညာဖြင့် ဆင်းကတ်များကို မှတ်ပုံတင်ရန် ပြင်ဆင်လျက် ရှိသည်။ တယ်လီနောသည် biometric နည်းပညာဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်းကို တစ်နိုင်ငံလုံး တွင် အားလုံးပါဝင်ပြီး ယုံကြည် စိတ်ချရသော နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်စနစ် ပြီးစီးသည်အထိ စောင့်ဆိုင်းသင့်ကြောင်း ယုံကြည်ပါသည်။

၂၀၂၁ ခုနှစ်အတွင်း အဓိက လုပ်ဆောင်သွားရမည့် အရာများ

  • တယ်လီနောသည် အောက်ပါလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးကို ဆက်လက်ဦးဆောင်သွားနိုင်ရန် ရည်ရွယ်ပါသည်။
    • ကိုဗစ်-၁၉ ကာလနှောင်းပိုင်းများတွင် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာ့ အကောင်းဆုံးဒေတာအတွေ့အကြုံပေးအပ်နိုင်ရန် ထပ်လောင်းရင်းနှီးမြှုပ်နှံခြင်း၊ ယုံကြည်၊ စိတ်ချရသော ဆက်သွယ်ချိတ်ဆက်မှုများဖြင့် လက်လှမ်းမီပြီး ဆန်းသစ်တီထွင်မှုရှိသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မိတ်‌ဆက်ပေးခြင်းဖြင့် ကူညီမောင်းနှင်ပေးသွားမည် ဖြစ်သည်။
    • သင့်လျော်သော ပါဝင်ပတ်သက်သူများနှင့် ဆွေးနွေးပြီး စွမ်းဆောင်ရည်များ မြှင့်တင်ပေး ခြင်းဖြင့် လတ်တလောဖြစ်ပေါ်နေသော လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်း ဖြေရှင်းသွားနိုင်ရန် ရည်ရွယ်ထားသည်။
    • ဆိုက်ဘာလုံခြုံရေးနှင့် ဒစ်ဂျစ်တယ်အခွင့်အရေး၊ ဒစ်ဂျစ်တယ် တတ်သိနည်းလည်ရေး အစီအစဉ်များ ဆက်လက်လုပ်ဆောင်ခြင်းနှင့် အစိုးရ၏ e-government ဝန်ဆောင်မှုများ တိုးတက်စေရန် ကူညီပေးခြင်းဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို တာဝန်ယူမှုရှိရှိဖြင့် ဆက်လက် ပံ့ပိုးလုပ်ဆောင်သွားမည်ဖြစ်သည်။
    • သုံးစွဲသူများ၏ ယုံကြည်မှုကို ခိုင်မာစေခြင်းနှင့် ခေတ်မီဒစ်ဂျစ်တယ်ကိရိယာများ အသုံးပြုရာတွင် ပိုမိုအကျွမ်းတဝင်ရှိစေခြင်းဖြင့် မြန်မာနိုင်ငံသားများကို ဆက်လက်မြေ တောင်မြှောက်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

တယ်လီနောမြန်မာ အကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ် ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ (၁၇) သန်းထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း (၁၈၀) သန်းကျော်ရှိသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း (၁၆၅) နှစ် ကျော်ကြာ တယ်လီနော၏ အဓိကဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင် မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက် ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share