Press Release

တယ်လီနောမြန်မာ၏ (၆) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ကလေးသူငယ်များ၊ လူငယ်လူရွယ်များနှင့် အကျွမ်းတဝင်ရှိမည့် ဘေးကင်းသည့် အွန်လိုင်းအသုံးပြုရေး ပညာပေးအစီအစဥ်ကို ဒစ်ဂျစ်တယ်နည်းဖြင့် မိတ်ဆက်

28 September, 2020 - Yangon

  • တယ်လီနောမြန်မာသည် ၎င်း၏ () နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ကို ကလေးသူငယ်များ၊ လူငယ်လူရွယ်များနှင့် အကျွမ်းတဝင်ရှိမည့် တယ်လီနော၏ ဒစ်ဂျစ်တယ်ကမ္ဘာ အွန်လိုင်းပညာပေး သင်ရိုးညွှန်းတမ်းကို မြန်မာဘာသာဖြင့် ဒစ်ဂျစ်တယ်ပလက် ဖောင်းပေါ်ကတဆင့် မိတ်ဆက်။ အဆိုပါ ပလက်ဖောင်းသည် ဒစ်ဂျစ်တယ်ဆိုင်ရာ ကျင်လည်မှု (ဘေးအန္တရာယ် ကင်းစွာဖြင့် အသုံးပြုနိုင်ရန်) ကို ဖော်ဆောင်ပေးနိုင်ရန် ကလေးသူငယ်နှင့် လူငယ်များ အတွက် ရည်ရွယ်တည်ဆောက်ထားသည့် အွန်လိုင်းအသိပညာပေးအစီအစဥ်တစ်ခု ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အပြီးတွင် ကမ္ဘာတစ်ဝန်းရှိ ကလေး သူငယ် () သန်းထိ အသိပညာပေးနိုင်ရန် ရည်ရွယ်
  • အွန်လိုင်းပေါ်မှ စကားလုံးများနှင့် အပြုအမူများသည် အခြားသူများကို မည်သို့သက်ရောက်နိုင်ကြောင်း၊ အွန်လိုင်းအနိုင်ကျင့်မှုကို မည်သို့ကာကွယ်နိုင်ကြောင်း စသည်တို့ကို သိရှိနားလည်စေရန် ပိုမိုကောင်းမွန် သော အွန်လိုင်းပတ်ဝန်းကျင်တစ်ခု တည်ဆောက်မှုမှစတင်
  • ပလန်အင်တာနေရှင်နယ်မြန်မာ (Plan International Myanmar) နှင့် ပူးပေါင်း၍ တင်ဆက်ထားသော ဒစ်ဂျစ်တယ်ကမ္ဘာ မြန်မာဘာသာပလက်ဖောင်းကို ကျောင်းသားလူငယ်များအပြင် မိဘ၊ အုပ်ထိန်းသူနှင့် ဆရာများအနေဖြင့် တယ်လီနောမြန်မာဝက်ဘ်ဆိုဒ်မှတဆင့် အခမဲ့ဝင်ရောက်အသုံးပြုနိုင်

ဒစ်ဂျစ်တယ်ကမ္ဘာ ပလက်ဖောင်း

၂၀၁၈ ခုနှစ်၊ အွန်လိုင်းအနိုင်ကျင့်မှု ဆန့်ကျင်ရေးနေ့တွင် မိတ်ဆက်ခဲ့သည့် တယ်လီနော ဒစ်ဂျစ်တယ်ကမ္ဘာကို Telenor.com မှတဆင့် တရားဝင်မိတ်ဆက်ခဲ့သည်။ တယ်လီနော၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဖြစ်သည့် Parent Zone ရေးဆွဲထားသည့် အဆိုပါ ပလက်ဖောင်း သင်ရိုးညွှန်းတမ်းသည် ဒစ်ဂျစ်တယ်မိသားစုဘဝကို အခြေခံ ဖန်တီးထားခြင်းဖြစ်သည်။ အွန်လိုင်းကမ္ဘာတွင် ပိုမိုလုံခြုံပြီး ပျော်ရွှင်ဖွယ် အသုံးပြုနိုင်ရန် လိုအပ်သည့် အသိ ပညာနှင့် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် အသက် ၅ နှစ် မှ ၁၆ နှစ်အကြား ကလေးများ၊ ၎င်းတို့၏ မိသားစု များနှင့် ကျောင်းများအတွက် အဆိုပါ ပလက်ဖောင်းကို ရေးဆွဲထားခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်ကမ္ဘာ ပလက်ဖောင်းကို တယ်လီနော၏ ဥရောပနှင့် အာရှစျေးကွက်အနှံ့ရှိ ကလေးသူငယ်များ၊ လူငယ်များအပြင် ၎င်းတို့၏ အုပ်ထိန်းသူများကပါ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး ဒေသန္တရ ဘာသာစကားများ ဖြင့်လည်း ဖော်ဆောင်ဖန်တီး  ပြုလုပ်ပေးထားသည်။ မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသားများ၊ မိဘများ (အုပ်ထိန်းသူများအပါအဝင်) နှင့် ဆရာဆရာများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာကို https://digiworld-mm.parentzone.org.uk/ ဝက်ဆိုဒ်တွင် သွားရောက်၍ လေ့လာသင်ယူ ကစားနိုင်မည်ဖြစ်သည်။ အဆိုပါ ပလက်ဖောင်း၏ သင်ရိုးညွှန်းတမ်းသည် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် နံပါတ် (၁၀) ဖြစ်သည့် “မညီမျှမှုများ လျော့နည်းသွားစေရေး” အပေါ် တယ်လီနော၏ ကတိကဝတ် တစိတ် တပိုင်းဖြစ်သည်။ တယ်လီနောသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ် (၄) သန်းကို အွန်လိုင်းဘေးကင်းလုံခြုံမှုရှိစေရန် ပညာပေးရန် ရည်ရွယ်ထားပြီး ဒစ်ဂျစ်တယ်ကမ္ဘာတွင် လေ့ကျင့်ရေးအစီအ စဉ်များ ပြီးမြောက်မှုသည် အဆိုပါ ပန်းတိုင်ဆီသို့ ရောက်ရှိရန် အထောက်အကူပြုမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် ကမ္ဘာသည် တယ်လီနောနှင့် မိတ်ဖက်များ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် လူကိုယ်တိုင်တက်ရောက်ရသည့် လေ့ကျင့် ရေးအစီအစဉ်များကို ဖြည့်စွက်ပေးမည့် အထောက်အပံ့တစ်ခုဖြစ်သည်။ ဒစ်ဂျစ်တယ်ကမ္ဘာ အပါအဝင် တယ်လီနောမြန်မာ၏ အွန်လိုင်း ဘေးကင်းလုံ ခြုံမှုဆိုင်ရာ ရှေ့ပြေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ် ကို တယ်လီနောမြန်မာ ဝက်ဘ်ဆိုဒ်တွင်​ လေ့လာဖတ်ရှုနိုင်ပြီး ဒစ်ဂျစ်တယ်ကမ္ဘာနှင့် သက်ဆိုင်သည်များကို MyTelenor အက်ပလီကေးရှင်းတွင်လည်း မကြာမီ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာသည် ၎င်း၏ အဓိက လုပ်ငန်းလည်ပတ်မှုများ၊ ရေရှည်တည်တံ့ရေးလုပ်ဆောင်မှုများနှင့် စီးပွားရေးမိတ်ဖက်များမှတဆင့် ပညာရေးဆိုင်ရာ ရှေ့ပြေးလုပ်ငန်းစဉ်များနှင့် အရင်းအမြစ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ တယ်လီနောမြန်မာသည် ၂၀၁၄ ခုနှစ်မှ ယနေ့အချိန်အထိ မြန်မာ ပြည်သူ (၁) သန်းကျော်ကို  ၎င်း၏ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် အကျိုးပြုခဲ့ပြီးဖြစ်သည်။ အားလုံးဘေးကင်းလုံခြုံစွာ ဆက်သွယ်မှုရှိစေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်​ပေးနိုင်ရေးတို့အတွက် တယ်လီနော မြန်မာသည် သုံးစွဲသူများနှင့် အမြဲအတူရှိနေမည်ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ် လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ (၂၃) သန်းထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ် ပြီး အသုံးပြုသူပေါင်း (၁၈၂) သန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ်အတွက် နှစ်စဥ်ရောင်းအား အမေရိကန် ဒေါ်လာ (၁၂) ဘီလီယံရှိသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း (၁၆၅) နှစ် ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေး လျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

ပလန်အင်တာနယ်ရှင်နယ် မြန်မာအကြောင်း

ပလန်အင်တာနယ်ရှင်နယ်သည် ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးများ အထူးသဖြင့် မိန်းကလေးငယ်များ၏ အခွင့်အရေး နှင့် တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလေးထား ဆောင်ရွက်နေသော လွတ်လပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကလေးသူငယ်များ၏ ဖွံ့ဖြိုးရေးကို အကျိုးဖြစ် ထွန်းစေသော အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်း (၈၀) ကျော်လာခဲ့ပြီဖြစ်ပြီး၊ ယခုအခါတွင် နိုင်ငံပေါင်း (၇၀)ကျော်တွင် စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်ကာ နိုင်ငံတဝှမ်း၌ ကလေးသူငယ် နှင့် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းလုပ်ငန်းများကို ဦးစားပေးအနေဖြင့် အဓိကထား၍ လူမှုဘဝတိုးတက်ပြောင်းလဲရေး၊ လူ သားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် ပလန်အင်တာနေရှင် နယ်မြန်မာမှ ဆောင်ရွက်ခဲ့သော စီမံချက်များသည် ရပ်ရွာလူထု လူဦးရေ စုစုပေါင်း (၁၃၈,၀၀၀) ကျော်ကိုအကျိုးဖြစ်ထွန်းစေခဲ့ပါသည်။

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန် ။ ။ လွန်ခဲ့သည့်နှစ်များအတွင်း တဟုန်ထိုး တိုးတက်ပြောင်းလဲ လာသည့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အရွေ့သည် သန်းပေါင်းများစွာသော ပြည်သူများ၏ လူနေမှုဘဝများထံ အင်တာနက် ဆက်သွယ်ရေးကို ဆောင်ကြဉ်းပေးခဲ့ပြီး ဖြစ်သည်။ ယနေ့ခေတ်တွင် ကလေးသူငယ်များနှင့် လူငယ်၊ များသည်  အွန်လိုင်းအသုံးပြုမှုကို စောစီးစွာ ကျင်လည်နေပြီးဖြစ်ကာ သင်ယူလေ့လာရေးနှင့် အပန်းဖြေစရာ များအတွက် မြောက်မြားစွာသော အခွင့်အလမ်းများကိုလည်း ရယူအသုံးချလျက်ရှိပါသည်။ ကမ္ဘာ့ကူးစက်ကပ် ရောဂါ ကိုဗစ်-၁၉သည် ကလေးသူငယ်များအတွက် ဒစ်ဂျစ်တယ်အခြေပြု အထောက်အပံ့များအား သုံးစွဲမှုနှုန်းကို အရှိန်ပိုကောင်းစေခဲ့ပါသည်။ ဤသို့ မြင့်တက်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ အွန်လိုင်းပေါ်မှ အပြုအမူများသည် တစ်ပါးသူထံ မည်သို့သက်ရောက်နိုင်ကြောင်းနှင့် အွန်လိုင်းပေါ်မှ အန္တရာယ်များကိုလည်း ပိုမိုသိရှိနားလည်ရန် အင်မတန် အရေးပါလာပါသည်။

ကာလရှည် ရည်သန်မှုများအနက်တစ်ချက်ဖြစ်သည့် ဘေးကင်းလုံခြုံသည့် အင်တာနက်ကို ဖော်ဆောင်နိုင်ရန် အလို့ငှာ တယ်လီနောမြန်မာသည် ၎င်း၏ (၆) နှစ်ပြည့်အထိမ်းအမှတ်ကို ဒစ်ဂျစ်တယ်ကမ္ဘာအွန်လိုင်းပညာပေး သင်ရိုးညွှန်းတမ်းကို မြန်မာဘာသာဖြင့်မိတ်ဆက်လိုက်သည်။ ဒစ်ဂျစ်တယ်ကမ္ဘာဆိုသည်မှာ လူငယ်လူရွယ်များ အင်တာနက်ကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြု၊ ကျင်လည်နိုင်မှုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အသုံးပြုသူ နှင့် ဖန်တီးဖော် ဆောင်ထားသည့် ဇာတ်ကောင်များ အပြန်အလှန်ချိတ်ဆက်ထားသည့် ဂိမ်းတစ်ခုဖြစ်သည်။

“ဘယ်သူကမှ လူမှုကွန်ရက်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မျှော်မှန်းချက်တွေကို အပြည့်အဝနားလည်ပြီးမှ မွေးဖွား လာကြတာမဟုတ်ပါဘူး။ ကျယ်ပြန့်တဲ့ ဖွဲ့စည်းပုံအမျိုးမျိုးမှာ ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာကို လေ့လာ တွေ့ရှိဖို့ဆိုတာ အချိန်ယူရလေ့ရှိပါတယ်။ အွန်လိုင်းမှာ ဒီလိုအရာတွေက နားလည်ရ ပိုခက်ပြီး အထူးသဖြင့် ကလေးတွေနဲ့ လူငယ်တွေအတွက် ဒစ်ဂျစ်တယ်ပိုင်းမှာ ကျင်လည်လာဖို့ ဖော်ဆောင်ပေးဖို့ အရေးကြီးလာပါပြီ။  ဒစ်ဂျစ်တယ်ကမ္ဘာသင်ရိုးကတော့ သင်ယူလေ့လာမှုအပိုင်းနဲ့ ဂိမ်းကစားခြင်းတွေကတဆင့် ကလေးတွေကို ဒစ်ဂျစ်တယ်ပိုင်းမှာ ကျင်လည်လာဖို့ မိဘတွေ၊ အုပ်ထိန်းသူတွေနဲ့ ဆရာတွေအတွက် ကူညီထောက်ပံ့ပေးမယ့် ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ မြန်မာပြည်ကို ဝင်ရောက်လာတဲ့ (၆) နှစ်ပြည့် နှစ်ပတ်လည်မှာ ဒီလိုပလက် ဖောင်းကို မြန်မာဘာသာနဲ့ မိတ်ဆက်ပေးနိုင်ခဲ့လို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Omund Revhaug က ပြောကြားခဲ့သည်။

ပလန်အင်တာနေရှင်နယ်မြန်မာ (Plan International Myanmar) နှင့်အတူ လက်တွဲ၍ ဒစ်ဂျစ်တယ်ကမ္ဘာ ပလက်ဖောင်းကို လူငယ်များအတွက် ယခုအခါ မြန်မာဘာသာစကားဖြင့် ဖြန့်ချိခဲ့ပြီဖြစ်သည်။ ထို့အပြင် တယ်လီနောမြန်မာနှင့် ပညာရေးဝန်ကြီးဌာနတို့ လက်ရှိလုပ်ဆောင်နေသည့် စီမံကိန်းတစ်ခုဖြစ်သော အွန်လိုင်း လုံခြုံရေး လေ့ကျင့်မှု အစီအစဉ်များတွင် အကျုံးဝင်သော အဆိုပါ ပလက်ဖောင်းကို ပလန်အင်တာနေရှင် နယ်မြန်မာ (Plan International Myanmar) ကလည်းဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

“မြန်မာပြည်သူ (၄၁) ရာခိုင်နှုန်းလောက်က နေ့စဉ်အင်တာနက်နဲ့ လူမှုမီဒီယာကနေ အပြန်အလှန်ကူးလူး ဆက်သွယ်နေကြသလို ကလေးသူငယ်တွေကလည်း ဒစ်ဂျစ်တယ်ခေတ်သစ်မှာ ကြီးပြင်းလာကြပါတယ်။ စည်းမျဉ်းအသစ်တွေ၊ အန္တရာယ်သစ်တွေ ရှိလာပေမယ့်လည်း အခွင့်အလမ်းသစ်တွေကလည်း ရှိစမြဲပါပဲ။ မြန်မာနိုင်ငံမှာ ဦးဆုံးမိတ်ဆက်လိုက်တဲ့ ဒစ်ဂျစ်တယ်ကမ္ဘာက ယနေ့ခေတ်ရဲ့ တီထွင်ဆန်းသစ်မှုကိုလည်း ထိန်းညှိ ပေးရင်း နေ့သစ်တွေအတွက် ကလေးသူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးလေးတွေအတွက် ဒစ်ဂျစ်တယ် နည်းပညာပိုမိုနားလည်ပြီး အကျိုးရှိ​အောင်သုံးနိုင်ရန်နဲ့ အွန်လိုင်းပေါ်အန္တရာယ်ဖြစ်ခဲ့ရင်​တောင် ကြံ့ကြံ့ခံပြီး ရင်ဆိုင်​ကျော်လွှားနိုင်အောင် ပျိုးထောင်ပေးသွားမှာပါ။” ဟု ပလန်အင်တာနေရှင်နယ်မြန်မာ (Plan International Myanmar) ၏ Programme Director ဖြစ်သူ ဒေါ်လင်းလင်းအောင်က မှတ်ချက်ပေး ပြောကြားခဲ့သည်။

ပျော်ရွှင်စရာ အွန်လိုင်းပဟေဠိများအပြင် ဉာဏ်စမ်း စုံစုံလင်လင်နှင့် ဒေါင်းလုတ်ရယူနိုင်မည့် လေ့ကျင့်ခန်းစာရွက် များပါဝင်သည့် ဒစ်ဂျစ်တယ် စာကြည့်တိုက်တစ်ခုပါရှိမည့် တယ်လီနော၏ ဒစ်ဂျစ်တယ်ကမ္ဘာသည် ကလေးများ ကို ၎င်းတို့၏ အသက်အရွယ်၊ အတွေ့အကြုံနှင့် စွမ်းရည်အပေါ် အခြေခံပြီး မတူညီသည့် အဆင့်အမျိုးမျိုးတစ် လျှောက် မိမိစွမ်းသလောက် လေ့လာဖွေရှာနိုင်စေမည်ဖြစ်သည်။ အင်တာနက်မရရှိနိုင်သည့် ကျောင်းများအ တွက်လည်း အဆိုပါ သင်ရိုးညွှန်းတမ်း၏ တစိတ်တပိုင်းကို အင်တာနက်မလိုအပ်သည့် (offline) ပတ်ဝန်းကျင် တွင် အသုံးပြုနိုင်စေရန် ရည်ရွယ်ရေးဆွဲထားသည်။ ကလေးများ၏ ဗဟုသုတ အသစ်များကို ဖော်ပြနိုင်ရန်နှင့် တိုးတက်လာမှုကို အသိအမှတ်ပြုနိုင်ရန် အဆင့်တစ်ဆင့်စီတိုင်းတွင် အသိအမှတ်ပြုလက်မှတ်များလည်း ချီးမြှင့် မည် ဖြစ်သည်။

ဒစ်ဂျစ်တယ်ကမ္ဘာ သင်ရိုးကို ပြီးမြောက်အောင် လေ့လာခြင်းအားဖြင့် လူငယ်များသည်

  • ဒစ်ဂျစ်တယ်ကမ္ဘာဆိုင်ရာ သိနားလည်မှုကို တိုးတက်စေခြင်း
  • အွန်လိုင်းပေါ်တွင် ကြင်နာမှုနှင့် လေးစားမှုရှိရန် လိုအပ်သည့် အပြုသဘောဆောင်သော အပြုအမူများ ကို လေ့လာစူးစမ်းနိုင်ခြင်း
  • အွန်လိုင်းပေါ်က အန္တရာယ်များ၊ အပြုသဘောမဆောင်သည့် အပြုအမူများ၊ အမုန်းစကားများနှင့် သတင်းတုများကို သတိပြုလေ့လာနိုင်ခြင်း
  • တစ်စုံတစ်ခု ဖြစ်ပေါ်ကြုံတွေ့ရပါက အကူအညီယူပုံ၊ ပြန်လည်ထူထောင်ပုံတို့ကို လေ့လာသိရှိနိုင်မည် ဖြစ်သည်။

ဒစ်ဂျစ်တယ်ကမ္ဘာ ပလက်ဖောင်း

၂၀၁၈ ခုနှစ်၊ အွန်လိုင်းအနိုင်ကျင့်မှု ဆန့်ကျင်ရေးနေ့တွင် မိတ်ဆက်ခဲ့သည့် တယ်လီနော ဒစ်ဂျစ်တယ်ကမ္ဘာကို Telenor.com မှတဆင့် တရားဝင်မိတ်ဆက်ခဲ့သည်။ တယ်လီနော၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဖြစ်သည့် Parent Zone ရေးဆွဲထားသည့် အဆိုပါ ပလက်ဖောင်း သင်ရိုးညွှန်းတမ်းသည် ဒစ်ဂျစ်တယ်မိသားစုဘဝကို အခြေခံ ဖန်တီးထားခြင်းဖြစ်သည်။ အွန်လိုင်းကမ္ဘာတွင် ပိုမိုလုံခြုံပြီး ပျော်ရွှင်ဖွယ် အသုံးပြုနိုင်ရန် လိုအပ်သည့် အသိ ပညာနှင့် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် အသက် ၅ နှစ် မှ ၁၆ နှစ်အကြား ကလေးများ၊ ၎င်းတို့၏ မိသားစု များနှင့် ကျောင်းများအတွက် အဆိုပါ ပလက်ဖောင်းကို ရေးဆွဲထားခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်ကမ္ဘာ ပလက်ဖောင်းကို တယ်လီနော၏ ဥရောပနှင့် အာရှစျေးကွက်အနှံ့ရှိ ကလေးသူငယ်များ၊ လူငယ်များအပြင် ၎င်းတို့၏ အုပ်ထိန်းသူများကပါ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး ဒေသန္တရ ဘာသာစကားများ ဖြင့်လည်း ဖော်ဆောင်ဖန်တီး  ပြုလုပ်ပေးထားသည်။ မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသားများ၊ မိဘများ (အုပ်ထိန်းသူများအပါအဝင်) နှင့် ဆရာဆရာများအနေဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာကို https://digiworld-mm.parentzone.org.uk/ ဝက်ဆိုဒ်တွင် သွားရောက်၍ လေ့လာသင်ယူ ကစားနိုင်မည်ဖြစ်သည်။ အဆိုပါ ပလက်ဖောင်း၏ သင်ရိုးညွှန်းတမ်းသည် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် နံပါတ် (၁၀) ဖြစ်သည့် “မညီမျှမှုများ လျော့နည်းသွားစေရေး” အပေါ် တယ်လီနော၏ ကတိကဝတ် တစိတ် တပိုင်းဖြစ်သည်။ တယ်လီနောသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ် (၄) သန်းကို အွန်လိုင်းဘေးကင်းလုံခြုံမှုရှိစေရန် ပညာပေးရန် ရည်ရွယ်ထားပြီး ဒစ်ဂျစ်တယ်ကမ္ဘာတွင် လေ့ကျင့်ရေးအစီအ စဉ်များ ပြီးမြောက်မှုသည် အဆိုပါ ပန်းတိုင်ဆီသို့ ရောက်ရှိရန် အထောက်အကူပြုမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် ကမ္ဘာသည် တယ်လီနောနှင့် မိတ်ဖက်များ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် လူကိုယ်တိုင်တက်ရောက်ရသည့် လေ့ကျင့် ရေးအစီအစဉ်များကို ဖြည့်စွက်ပေးမည့် အထောက်အပံ့တစ်ခုဖြစ်သည်။ ဒစ်ဂျစ်တယ်ကမ္ဘာ အပါအဝင် တယ်လီနောမြန်မာ၏ အွန်လိုင်း ဘေးကင်းလုံ ခြုံမှုဆိုင်ရာ ရှေ့ပြေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ် ကို တယ်လီနောမြန်မာ ဝက်ဘ်ဆိုဒ်တွင်​ လေ့လာဖတ်ရှုနိုင်ပြီး ဒစ်ဂျစ်တယ်ကမ္ဘာနှင့် သက်ဆိုင်သည်များကို MyTelenor အက်ပလီကေးရှင်းတွင်လည်း မကြာမီ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာသည် ၎င်း၏ အဓိက လုပ်ငန်းလည်ပတ်မှုများ၊ ရေရှည်တည်တံ့ရေးလုပ်ဆောင်မှုများနှင့် စီးပွားရေးမိတ်ဖက်များမှတဆင့် ပညာရေးဆိုင်ရာ ရှေ့ပြေးလုပ်ငန်းစဉ်များနှင့် အရင်းအမြစ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ တယ်လီနောမြန်မာသည် ၂၀၁၄ ခုနှစ်မှ ယနေ့အချိန်အထိ မြန်မာ ပြည်သူ (၁) သန်းကျော်ကို  ၎င်း၏ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် အကျိုးပြုခဲ့ပြီးဖြစ်သည်။ အားလုံးဘေးကင်းလုံခြုံစွာ ဆက်သွယ်မှုရှိစေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်​ပေးနိုင်ရေးတို့အတွက် တယ်လီနော မြန်မာသည် သုံးစွဲသူများနှင့် အမြဲအတူရှိနေမည်ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ် လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ (၂၃) သန်းထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ် ပြီး အသုံးပြုသူပေါင်း (၁၈၂) သန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ်အတွက် နှစ်စဥ်ရောင်းအား အမေရိကန် ဒေါ်လာ (၁၂) ဘီလီယံရှိသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း (၁၆၅) နှစ် ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေး လျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

ပလန်အင်တာနယ်ရှင်နယ် မြန်မာအကြောင်း

ပလန်အင်တာနယ်ရှင်နယ်သည် ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးများ အထူးသဖြင့် မိန်းကလေးငယ်များ၏ အခွင့်အရေး နှင့် တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလေးထား ဆောင်ရွက်နေသော လွတ်လပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကလေးသူငယ်များ၏ ဖွံ့ဖြိုးရေးကို အကျိုးဖြစ် ထွန်းစေသော အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်း (၈၀) ကျော်လာခဲ့ပြီဖြစ်ပြီး၊ ယခုအခါတွင် နိုင်ငံပေါင်း (၇၀)ကျော်တွင် စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်ကာ နိုင်ငံတဝှမ်း၌ ကလေးသူငယ် နှင့် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းလုပ်ငန်းများကို ဦးစားပေးအနေဖြင့် အဓိကထား၍ လူမှုဘဝတိုးတက်ပြောင်းလဲရေး၊ လူ သားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် ပလန်အင်တာနေရှင် နယ်မြန်မာမှ ဆောင်ရွက်ခဲ့သော စီမံချက်များသည် ရပ်ရွာလူထု လူဦးရေ စုစုပေါင်း (၁၃၈,၀၀၀) ကျော်ကိုအကျိုးဖြစ်ထွန်းစေခဲ့ပါသည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share