Press Release

တယ်လီနောမြန်မာ၏ 'အလုပ်အကိုင်အခွင့်အလမ်းနေ့ ၂၀၁၇' ကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်မည်

27 January, 2017 - Yangon

 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)ရှိ လစ်လပ်လျက်ရှိသော ရာထူး အဆင့်နှင့် လပ်ငန်းကဏ္ဍ အမျိုးမျိုးတွင် လုပ်ကိုင်နိုင်ရန် ‘အလုပ်အကိုင်အခွင့်အလမ်းနေ့ ၂၀၁၇’ ကို ဇန်နဝါရီလ ၂၉ ရက် နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ပါသည်။ တယ်လီနောသည် လစာ အကျိုးခံစားခွင့်ကောင်းများ အပြင် ရာထူး တက်လမ်း အခွင့်အလမ်းများပါရှိသည့် အလုပ်အကိုင်နေရာ ၅၀ ကျော်အတွက် သင့်တော်သည့် ၀န်ထမ်းများကို ခန့်အပ်ရန် ရှိနေပါသည်။

စိတ်ပါ၀င်စားသူများသည် တယ်လီနောရှိ စျေးကွက်ရှာဖွေရေး၊ အရောင်းနှင့် ဖြန့်ချီရေး၊ နည်းဗျုဟာချမှတ်ရေး၊ လူ့စွမ်းအား အရင်းအမြစ်၊ ဘဏ္ဍာရေး၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် နည်းပညာ အပါအဝင် လုပ်ငန်းကဏ္ဍများအတွက် လစ်လပ်လျက်ရှိသော အငယ်ထမ်းမှသည် အကြီးထမ်းရာထူးနေရာများအတွက် လျှောက်ထားနိုင်ကြမည် ဖြစ်ပါသည်။

“တယ်လီနောသုံးစွဲသူတွေကို ၀န်ဆောင်မှုတွေပေးအပ်ရာမှာ တကယ့်ကို လိုလိုလားလား ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်မယ့် စိတ်ဆန္ဒရှိ သူတွေကို ကျွန်မတို့အနေနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။ တယ်လီနောမှာ ၀န်ထမ်းတွေကို သူတို့ရဲ့ တက်ကျွမ်း နားလည်မှု နဲ့ ပင်ကိုယ်အရည်အသွေးတွေပေါ် မူတည် ခန့်အပ်ပြီး သူတို့ရဲ့ အနာဂတ် အလုပ်အကိုင်တတ်လမ်းကို ပုံဖော် နိုင်ဖို့ အတွက်လည်း အခွင့်ကောင်းတွေ ဖန်တီးထားပါတယ်။ ဒါ့အပြင် တယ်လီနောဟာ မြန်မာနို်င်ငံမှာ တာဝန်သိ စီးပွား လုပ်ငန်း တစ်ခုအဖြစ် အပြင် အလုပ်လုပ်ကိုင်လိုသူတိုင်း ရွေးချယ်ပြီး လာရောက် လုပ်ကိုင်လိုတဲ့ လုပ်ငန်းတစ်ခုဖြစ်အောင် အမြဲ ဦးစားပေးဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ ကုမ္ပဏီက ချမှတ်ထားတဲ့ ဖြောင့်မှတ်မှုနဲ့ ကျင့်သိက္ခာရှိမှု အမြင့်ဆုံး စံညွှန်းတွေကို လိုက်နာလုပ်ကိုင် ဆောင်ရွက်နိုင်မယ့် သူတွေကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်”ဟု တယ်လီနော ၏ Chief People Officer ဖြစ်သူ ဒေါ် Goldie ရွှေရည်ဝင်းလဲ့က ပြောကြားသည်။

တယ်လီနောသည် လက်ရှိတွင် ဝန်ထမ်းပေါင်း ရ၀၀ ခန့် တိုက်ရိုက်ခန့်အပ်ထားပြီး ၎င်း၏ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို ထောက် ပံ့သည့် လုပ်ငန်းစဉ်တွင်လည်း ပြည်တွင်း နှင့် နိုင်ငံတကာမှ မိတ်ဘက်ပေါင်း ၂၂၀ ကျော်နှင့် လက်တွဲ ဆောင်ရွက် လျက်ရှိ သည်။ တယ်လီနောသည် လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှ သုံးစွဲသူပေါင်း ၁၉ သန်းခန့်အား ၎င်း၏ အရောင်းဆို်င် ထောင်ပေါင်းများစွာ ပါဝင်သည့်ကိုယ်ပိုင်ကွန်ရက်မှတစ်ဆင့် ဝန်ဆောင်မှုများ ပေးနေပြီး ပြည်တွင်းမှ ရာနှင့်ချီသောလူငယ်များ အပါအဝင် လူအဖွဲ့အစည်းအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း များစွာကို လည်း ဖန်တီး ပေးနေပါသည်။ တယ်လီနောသည် ၎င်း၏ ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုများကို ထောက်ပံ့သည့် လုပ်ငန်းစဉ်မှတစ်ဆင့် သွယ်ဝိုက်အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၁၀၀၀၀ ခန့် ကို ၂၀၁၅ ခုနှစ်အတွင်း ဖော်ဆောင်နိုင် ခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ခုက ဖော်ထုတ်ထားပါသည်။

တယ်လီနောသည် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်နှင့် လူမှုဘဝ ဟန်ချက်ညီမျှနေစေရန် အစဉ်အမြဲ အလေး ထား စဉ်းစား ပေးသော အဖွဲ့အစည်းတစ်ခုပါသည်။ တယ်လီနောအနေဖြင့် အလုပ်နှင့် လိုက်လျောညီထွေစွာ သတ်မှတ်နိုင်သော အလုပ် ချိန်နှင့် ပိုမိုတိုတောင်းသော ရုံးတွင်းလုပ်ငန်းချိန်များကို သတ်မှတ်ပေးထားပါသည်။ တယ်လီနောသည် ၂၀၁၅ စက်တင်ဘာ လက စကာ မြန်မာနို်င်ငံ၌ မီးဖွားခွင့် ၆ လ (လစာပေး) ခံစားခွင့်ပြုသည့် ပထမဆုံးသော နိုင်ငံတကာကုမ္ပဏီဖြစ်လာပါသည်။ တယ်လီနော အနေဖြင့် ဝန်ထမ်း အဆင့်ဖွဲ့စည်းတည်ဆောက်ပုံကို အထက်အောက် အုပ်ချုပ်မှုအဆင့်နည်းပါးစွာ တည် ဆောက်ထားပြီး ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်ကို ပိုမိုခွင့်ပြုပေးထားသည်။ တယ်လီနောမြန်မာကို ဒေသခံ အရည်အသွေးရှိ ၀န်ထမ်းများဖြင့် စစ်မှန်သောပြည်တွင်းကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထွန်း တောက်လာမည့် အရည်အသွေးရှိ မြန်မာဝန်ထမ်းများကို အတွေ့အကြုံရှိ လုပ်ဖော်ကိုင်ဖက်များက ကူညီလမ်းညွှန် ပေးကြ ပါသည်။

အလုပ်အကိုင်အခွင့်အလမ်းနေ့ ၂၀၁၇


စိတ်ပါ၀င်စားသူများမည်သူမဆို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တယ်လီနောရုံးတည်ရှိရာ စက်မှု (၁) လမ်း၊ ဗဟန်းမြို့နယ်၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်မည့် အလုပ်အကိုင်အခွင့်အလမ်းနေ့ကို တက်ရောက်နိုင်ပြီး လျှောက်လွှာများကို တစ်ပါတည်း ယူဆောင်လာကြရန် အကြံပြုပါသည်။ ရန်ကုန်မြို့ ပြင်ပ အခြားဒေသအသီးသီးမှ စိတ်ပါ၀င်စားသူများ အနေဖြင့်လည်း လစ်လပ် အလုပ်အကိုင် နေရာများကို https://goo.gl/8iD1LOတွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီး hr.myanmar@telenor.com.mm သို့ လျှောက်လွှာပေးပို့ လျှောက် ထားနိုင်မည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor