Press Release

တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် ပြောင်းလဲခြင်း

16 January, 2020 - Yangon

  • တယ်လီနောလုပ်ငန်းစုမှ လက်ရှိတာဝန်ထမ်းဆောင်နေသော ကော်ပိုရိတ် ရေးရာ အရာရှိချုပ်အဖြစ် တာ၀န်ထမ်းဆောင်လျက်ရှိသည့် Hans Martin Hoegh Henrichsen အား (၁) ရက် ဖေဖော်ဝါရီ ၂၀၂၀ ခုနှစ်မှ စတင်၍ ယာယီအမှုဆောင်အရာရှိချုပ်အဖြစ်ခန့် အပ်လိုက်သည်။

လက်ရှိ  အမှုဆောင်အရာရှိချုပ် Sharad Mehrotra အား တယ်လီနောလုပ်ငန်းစု၏ ထိုင်းနိုင်ငံရှိ မိုဘိုင်း အော်ပ ရေတာဖြစ်သည့် Dtac ၏ အမှုဆောင်အရာရှိချုပ် အသစ်အဖြစ် ခန့်အပ်လိုက်သည်။

“Sharad Mehrotra က တယ်လီနောမြန်မာရဲ့ စီးပွားရေးအပြောင်းအလဲကြီးတစ်ခုကို စီမံခန့်ခွဲခဲ့ပြီး ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာရရှိခဲ့တဲ့ တန်ဖိုးဖြတ်မရရှိတဲ့ ထိုးထွင်းသိမြင်မှုရယ် ဒေသတွင်းဗဟုသုတတွေကို ယူဆောင်သွားမှာပါ။ အမြဲတမ်းအမှုဆောင်အရာရှိချုပ် မခန့်အပ်မီကာလအတွင်း ကုမ္ပဏီရဲ့ အသေးစိတ် အကြောင်းအရာ ဗဟုသုတများနဲ့  မြန်မာပြည်ဈေးကွက်အကြောင်းသိရှိတဲ့ Hans Martin Hoegh Henrichsen အနေနဲ့ ဒီကြားကာလမှာ ယာယီအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်တဲ့အတွက် ကျွန်တော် တို့အနေနဲ့ အထူးပဲဝမ်းမြောက်မိပါတယ်။” ဟု တယ်လီနောလုပ်ငန်းစု Emerging Asia Cluster ၏ အကြီးအကဲ ဖြစ်သူ Irfan Wahab Khan ကပြောကြားခဲ့သည်။

Hans Martin Hoegh Henrichsen သည် တယ်လီနောတွင် ၂၀၀၀ ခုနှစ်မှ စတင်တာ၀န်ထမ်းဆောင်ခဲ့ပြီး တယ်လီနောလုပ်ငန်းစုအတွင်းတွင် နိုင်ငံတကာအဆင့်ရာထူး အမျိုးမျိုးဖြင့် တာ၀န်ယူထမ်းဆောင်ခဲ့သော အတွေ့ အကြုံရှိသူ တစ်ဦးဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလမှစ၍ တယ်လီနောမြန်မာတွင် ကော်ပိုရိတ်ရေးရာအရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ယင်းမတိုင်မီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တယ်လီနောတွင် Chief Representative Officer တစ်ဦးအဖြစ်သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အကြီးဆုံးမိုဘိုင်းအော်ပရေတာဖြစ်သည့် Grameephone ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာ၀န်ထမ်းဆောင်ခဲ့သည်။

Henrishsen သည် တယ်လီနောအတွက် မြန်မာနိုင်ငံတွင် မိုဘိုင်းအခွင့်အလမ်းများ ရှာဖွေရေးနှင့် တယ်လီနော လုပ်ငန်းလိုင်စင်ရရှိရန် ကြိုးပမ်းမှုတွင် အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ မြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုကဏ္ဍဆိုင်ရာ စီနီယာဒုတိယဥက္ကဌရာထူးကို ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ထမ်းဆောင် ခဲ့သည်။

အမှုဆောင်အရာရှိချုပ်ပြောင်းလဲမှုသည် (၁) ရက် ဖေဖော်ဝါရီလ ၂၀၂၀ ခုနှစ်မှ စတင်မည်ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

Yangon
My Account
Live Chat
Share Share