10 December, 2020 - Yangon
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။ ။ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ်အဖြစ် ယနေ့ တွင် ခန့်အပ်ခြင်းခံရသော Emily Phyu သည် တယ်လီနောမြန်မာ၏ ထိပ်တန်းအုပ်ချုပ်ရေးအဖွဲ့တွင် ဒုတိယ မြောက် မြန်မာနိုင်ငံသားဖြစ်လာမည်ဖြစ်ပြီး နိုင်ငံအနှံ့ရှိ တယ်လီနောဝန်ထမ်းပေါင်း ၇၈၀ ခန့်၏ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်သည်။ နိုင်ငံရပ်ခြားတွင် ပညာသင်ယူပြီး ထိုနိုင်ငံများတွင်ပင် အလုပ်တာဝန်ထမ်းဆောင်ခဲ့သည် Emily Phyu သည် ၂၀၁၆ ခုနှစ်တွင် အမိမြန်မာနိုင်သို့ ပြန်လည်ရောက်ရှိလာပြီး တယ်လီနောမြန်မာတွင် ၂၀၁၈ ခုနှစ်မှစ၍ တာဝန်များ ထမ်းဆောင်ခဲ့ပါ သည်။
“မြန်မာနိုင်ငံသူ Emily Phyu အနေနဲ့ ထိပ်တန်းအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ Emily Phyu အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာအဖွဲ့အတွက် အခရာကျတဲ့ လူသားအရင်းအမြစ်ဆိုင်ရာ အခန်းကဏ္ဍမှာ ကျရာတာဝန်ကို ပီပီပြင် ပြင်တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် လုပ်ငန်းဆောင်တာတွေကို ကောင်းသထက်ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်နဲ့ သက်ဆိုင်တဲ့ နယ်ပယ်မှာ မြန်မာနိုင်ငံသာမှာမက နိုင်ငံရပ်ခြားမှာပါ အတွေ့ အကြုံရှိတဲ့ သူမအနေနဲ့ တယ်လီနောရဲ့ လုပ်ငန်းခွင် အလေ့အထနဲ့ လုပ်ငန်းသဘောသဘာဝကို ကောင်းကောင်း နားလည် သဘောပေါက်ပါတယ်။” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Omund Revhaug က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်သုံးနှစ်တာကာလအတွင်း လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ်အဖြစ်တာဝန်ထမ်းဆောာင်ခဲ့ သည့် Selina Lomholdt သည် တယ်လီနောလုပ်ငန်းစု၏ SVP and Global Head of Learning and Development အဖြစ် စကန်ဒီနေးဗီးယားတွင် အခြေချ၍ ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
“Selina အနေနဲ့ သူမတာဝန်ယူခဲ့တဲ့ သုံးနှစ်တာကာလအတွင်း တယ်လီနောမြန်မာရဲ့ လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအပြင် အဖွဲ့အစည်းအတွင်း လူသားရင်းမြစ်သာ ထိပ်တန်းရင်းမြစ်အဖြစ် တည်ဆောက်ပေးနိုင်ခဲ့ရုံသာမက ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်တာ အချိန်တွေကိုလည်း အချိန်ပြည့် ကြည့်ရှု စောင့်ရှောက်ပေးခဲ့ပါတယ်။ အဖွဲ့အစည်းအတွင်း သင်ယူလေ့လာရေးနဲ့ သိချင်စိတ် ပြင်းပြလာအောင် လှုံ့ဆော် ပေးနိုင်ခဲ့ပြီး ရှေ့ဆက်လျှောက်မယ့် တယ်လီနောခရီးမှာ အခြေခိုင်မာတဲ့ လူ့စွမ်းအားအရင်းအမြစ်အဖွဲ့ကို ချန်ထား ပေးနိုင်ခဲ့ပါတယ်။ Selina အနေနဲ့ မြန်မာပြည်ကို သတိရနေမှာဖြစ်သလို ကျွန်တော်တို့ အားလုံးလဲသူမကို သတိရ နေမှာပါ။ သူမရဲ့ ရှေ့ဆက်လျှောက်မယ့် အနာဂတ်မှာ ဒီထက်မက အောင်မြင်မှုတွေရပါစေလို့ ဆန္ဒပြုပါတယ်။” ဟု Revhaug က Selina နှင့် ပတ်သက်သည်များကို မျှဝေပြောကြားခဲ့သည်။
Emily Phyu နှင့် Selina တို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ယူမှုများသည် မတ်လ ၁ ရက် ၂၀၂၁ ခုနှစ်တွင် စတင် သက်ရောက်မည်ဖြစ်သည်။
***
Emily Phyu သည် လက်ရှိတွင် တယ်လီနောမြန်မာ၏ SVP and Head of Talent Management အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး မတ်လ ၁ ရက် ၂၀၂၁ ခုနှစ်မှစ၍ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် အဖြစ် စတင်တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ တယ်လီနော၌ တာဝန်မထမ်းဆောင်မီ မြန်မာနိုင်ငံနှင့် ယူနိုက်တက်ကင်းဒမ်းတို့တွင် ကျွမ်းကျင်ဝန်ထမ်းရှာဖွေခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာအကြံပေးနှင့် လုပ်ငန်းနယ်ပယ်များတွင် လုပ်ကိုင်ခဲ့သည်။ Emily Phyu အနေဖြင့် လန်ဒန်ရှိ မက်ထရိုပိုလီတန်တက္ကသိုလ်မှ လူ့စွမ်းအားအရင်းအမြစ်နှင့် စီးပွားရေးစီမံခန့်ခွဲရေးဘွဲ့ကို ရရှိထားသည်။