Press Release

တယ်လီနောမြန်မာ၏ လူမှုအကျိုးပြုစီမံကိန်းများမှ မြန်မာနိုင်ငံရှိ လူဦးရေပေါင်း ၁ သန်းကျော်အား အကျိုးဖြစ်ထွန်းစေခဲ့

31 July, 2019 - Yangon

  • မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်ဆောင်ရွက်သည့် အချိန်မှစ၍ ယနေ့အထိ တယ်လီနောမှ ၎င်း၏ လူမှုအကျိုးပြု လုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံရှိ လူဦးရေပေါင်း ၁ သန်းကျော်အား ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်
  • တယ်လီနောမြန်မာ၏ လူမှုအကျိုးပြုလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အနာဂတ် တည်ဆောက်ရေးလမ်းစဉ် အတွက် သိသိသာသာ အထောက်အကူဖြစ်စေခဲ့

နိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝန်းနှင့် စီးပွားရေးလုပ်ငန်းများ အနေနှင့် ဆက်သွယ်ရေး နည်းပညာ ၏ အကျိုးကျေးဇူးများအား ပိုမိုရရှိခံစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် တယ်လီနော မြန်မာသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်လုပ်ဆောင်သည့် ၂၀၁၄ ခုနှစ်မှစတင်၍ လူမှုအကျိုးပြု စီမံကိန်းပေါင်း များစွာအား လုပ်ဆောင်လျက်ရှိပြီး ယခုအချိန်အထိ အဆိုပါ လူမှုစီမံကိန်းများမှတဆင့် မြန်မာနိုင်ငံရှိ လူဦးရေပေါင်း ၁ သန်းကျော်အား အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဖြစ်သည်။

“ပွင့်လင်းမြင်သာမှုရှိပြီး ရေရှည်တည်တံ့တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်တဲ့ နေရာမှာ လူမှုအကျိုးပြု စီမံကိန်းတွေကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို တယ်လီနော အနေနဲ့ နားလည်ထားပြီး ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြု စီမံကိန်းတွေဟာ အခုအချိန်အထိ မြန်မာနိုင်ငံမှာ ရှိတဲ့ လူဦးရေ ၁သန်းကျော်ကို အကျိုးရှိစေခဲ့ပြီး ဖြစ်တယ်ဆိုတာကို ကြားသိရတဲ့ အတွက် အရမ်းကို ဝမ်းမြောက်ပီတိ ဖြစ်မိပါတယ်။ မိုဘိုင်းဖုန်းတွေဟာ သတင်းအချက်အလက်တွေအပြင် လူမှုရေး၊ ကျန်းမာရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လူတိုင်း အလွယ်တကူ ရရှိလာနိုင်ဖို့ လုပ်ဆောင်ပေးနိုင်တဲ့ အတွက် လူသားတွေရဲ့ နေထိုင်မှုဘဝပုံစံတွေကိုုလည်း ကူညီမြှင့်တင်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို လူဦးရေ များနိုင်သလောက် များများကို ပေးအပ်သွားနိုင်ဖို့ ဆိုတာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ စတင်ဆောင်ရွက်တဲ့ အချိန်ကတည်းက ထားရှိခဲ့တဲ့ တယ်လီနောမြန်မာရဲ့ အဓိက ရည်မှန်းချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူနေထိုင်မှု ဘဝပုံစံတွေအပေါ်မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေဖို့ အခုလို ကောင်းမွန်တဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားမယ် ဆိုတာကို ကတိပြုပြောကြားလိုပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သောလုပ်ငန်းဆောင်ရွက်မှုနှင့် အထူးလုပ်ငန်းတာဝန်များဆိုင်ရာများဆိုင်ရာ ကဏ္ဍတာဝန်ခံ ဦးမင်းသူက ပြောကြားခဲ့သည်။

တယ်လီနောမြန်မာသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (UN Sustainable Development Goals - SDG) အား ပြည့်မှီစေရန်၊ အထူးသဖြင့် ပန်းတိုင် ၁၀ ဖြစ်သည့် မညီမျှမှုများအား လျှော့ချရေးဟူသည့် ရည်မှန်းချက် ပြည့်မှီရန်အတွက် လူမှုစီးပွားပြဿနာများကို ၎င်း၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ဆန်းသစ်တီထွင်မှုများနှင့် ဖြေရှင်းနိုင်ရန် ရည်သန်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းများစတင်ဆောင်ရွက်သည့် အချိန်မှစ၍ တယ်လီနောမြန်မာသည် ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝ ဘေးအန္တရာယ် စသည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် လူမှု အကျိုးပြု စီမံကိန်း ၁၁ ခုအား မြန်မာနိုင်ငံသို့လုပ်ငန်းစတင် ဝင်ရောက်စဉ်ကတည်းက မိတ်ဖက်အဖွဲ့အစည်းအချို့နှင့် လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက် အရေးပေါ် ကယ်ဆယ်ရေး၊ ဘေးကင်းသော အင်တာနက်၊ မိုဘိုင်းအသုံးပြု မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း (MBDR)၊ နှင့် အမ်ဘီအေ ပညာသင်ဆု အစီအစဉ်များမှာ လတ်တလော ပဏာမကျသော စီမံကိန်းများ ဖြစ်ကြသည်။

အရေးပေါ် ကယ်ဆယ်ရေး လှုပ်ရှားမှုများ

ကြီးမားသော ဘေးအန္တရာယ်များကြောင့် လူဦးရေပမာဏများစွာ ထိခိုက်နစ်နာသွားသည့် အခါတွင် တယ်လီနော မြန်မာသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Network Activities Group (NAG) နှင့်ပူးပေါင်း၍ တယ်လီနော ဝန်ထမ်းများ ကိုယ်တိုင်မှတဆင့် ဘေးအန္တရာယ် ကြုံတွေ့ခံစားရသူများအား အစားအစာနှင့် အခြားအရေးပေါ် လိုအပ်နေသည့် အကူအညီများအတွက် ရန်ပုံငွေများ လှုူဒါန်းရန် အမြဲတမ်း အသင့်ရှိနေခဲ့သည်။ တယ်လီနောမြန်မာမှ ယနေ့ထိ ကျပ်ငွေသန်းပေါင်း ၁၀၆၀ သန်းနီးပါးအား ပြည်နယ်နှင့်တိုင်း ၉ခုရှိ လူဦးရေပေါင်း ၁၈၆,၀၀၀ ကျော်အားအကျိုးပြုနိုင်ခဲ့သည်။ အဆိုပါ အရေးပေါ်ကယ်ဆယ်ရေး လှုပ်ရှားမှုများ အပြင် ဘေးအန္တရာယ် ဖြစ်ပေါ်နေစဉ်ကာလအတွင်း အဆိုပါ နေရာဒေသများရှိ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး လုပ်သားများ၊ မိသားစု များ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ဆက်သွယ်မှု မပြက်တောက်စေရန် အတွက်လည်း တယ်လီနောမြန်မာသည် ၎င်း၏ ကွန်ရက်အား သဘာဝ ဘေးအန္တရာယ်များအား ခံနိုင်ရည်ရှိစေရန် အတွက် အလေးထားတည်ဆောက်ထားပြီး ဖြစ်သည်။

ဘေးကင်းသော အင်တာနက်

အင်တာနက် အသုံးပြုသူများ၊ အထူးသဖြင့် ကလေးငယ်များ ဘေးကင်းလုံခြုံစွာ အင်တာနက် အသုံးပြုတတ်စေရန် အသိပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ဘေးကင်းသော အင်တာနက် စီမံကိန်းအား စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤစီမံကိန်းသည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကာ လက်ရှိတွင် တယ်လီနောမြန်မာ၏ လူမှုအကျိုးပြု စီမံကိန်းများအနက် အကြီးမားဆုံး စီမံကိန်းအဖြစ် ရပ်တည်လျက်ရှိပြီး ယခုအချိန်အထိ လူငယ် အရေအတွက်ပေါင်း ၃၂၀,၀၀၀ ကျော်အား အကျိုးရှိစေခဲ့ပြီး ဖြစ်သည်။ တယ်လီိနောမြန်မာအနေနှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အနာဂတ်သို့ လျှောက်လှမ်းရမည့် လမ်းစဉ်တွင် လိုအပ်သော အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်ရန်အတွက် အထူးအလေးထား လုပ်ဆောင်နေသည့် အလျောက် ကုမ္ပဏီ၏ ဘေးကင်းသော အင်တာနက် စီမံကိန်းအား ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး နိုင်ငံတဝန်းရှိ လူငယ်များနှင့် ကျောင်းသားကျောင်းသူများအား ပညာရေးနှင့် ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အမုန်းစကားများ ဖြန့်ဖြူးခြင်း၊ စကားဝှက်များ ခိုးယူခံရခြင်း၊ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်မှုများ၊ အင်တာနက် အခြေပြု လိင်ခေါင်းပုံဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာနှင့် ပုံပေးပို့မှုများ အစရှိသည့် အွန်လိုင်းပေါ်တွင် ကြံုတွေ့ရနိုင်သော ဘေးအန္တရာယ်များ အပါအဝင် အွန်လိုင်းတွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်မည့် အချက်အလက်များ အား သင်ကြားပေးလျက် ရှိသည်။ ဤ စီမံကိန်းမှတဆင့် ၂ နှစ်တာ ကာလအတွင်း ကျောင်းသားကျောင်းသူပေါင်း ၇၀၀,၀၀၀ ခန့်အား သင်ကြားပေးသွားရန် ရည်ရွယ်ထားသည့် အပြင် အနာဂတ်တွင်လည်း ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အား ရယူကာ အမျိုးသား သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားသွားရန် အထိပါ ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။

မိုဘိုင်းအသုံးပြု မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း (MBDR) စီမံကိန်း

မြန်မာနိုင်ငံ အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တို့၏ ကူညီထောက်ခံမှုဖြင့် တယ်လီနောလုပ်ငန်းစု၊ တယ်လီနောမြန်မာနှင့် ယူနီဆက်ဖ်တို့ ပူးပေါင်း၍ မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ e-Platform (eVR) စနစ်အား မြို့နယ်နှင့် ရပ်ကွက်အဆင့်အထိ အသုံးပြုနိုင်စေရန် ပံ့ပိုးကူညီ ပေးလျက် ရှိသည်။ ဤ e-platform မှတဆင့် ရပ်ကွက် သို့မဟုတ် ကျေးရွာများရှိ တာဝန်ကျ သားဖွားဆရာမများ အနေနှင့် မွေးဖွားမှုဆိုင်ရာ အချက်အလက်များအား စမတ်ဖုန်း အက်ပလီကေးရှင်းမှတဆင့် ဖြည့်သွင်းသွားနိုင်မည် ဖြစ်သည်။ ဤ စီမံကိန်းအတွက် လပေါင်း ၂၀ ကြာမြင့်မည့် ရှေ့ပြေးစီမံချက်အား မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ စတင်၍ စမ်းသပ်လုပ်ဆောင်လျက် ရှိပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ကျန်းမာရေး အရာရှိများသည် ဒစ်ဂျစ်တယ်မိုဘိုင်းမှတ်တမ်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်များအား မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် လုပ်ဆောင်လျက် ရှိသည်။

အမ်ဘီအေ ပညာသင်ဆု

မြန်မာနိုင်ငံ၏ ပိုမိုမြင့်မားလာသော လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်အား သင့်တော်သော အတွေ့အကြုံများ၊ ပညာဗဟုသုတများဖြင့် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေး နိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် အမ်ဘီအေ ပညာသင်ဆု အစီအစဉ်အား စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤအစီအစဉ်အရ တယ်လီနောမြန်မာသည် ဆွစ်ဇာလန်နိုင်ငံရှိ University of Business and International Studies နှင့် ချိတ်ဆက်ထားသည့် Myanmar Metropolitan College နှင့် ပူးပေါင်း၍ အရည်အချင်း မြင့်မားသော ကျောင်းသားကျောင်းသူ များအတွက် မဟာဗျုဟာမြောက် အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (အမ်ဘီအေ) သင်တန်း အား တက်ရောက်ရန် အလုံးစုံ ပညာသင်ဆုများအား ပေးအပ်လျက် ရှိသည်။

တယ်လီနောမြန်မာ၏ မိုဘိုင်းဆက်သွယ်ရေးး၊ နည်းပညာနှင့် အတွေ့အကြုံပိုင်းဆိုင်ရာ အားသာချက်များ၊ ကျွမ်းကျင်ပိုင်နိုင်မှုများ အပေါ် အခြေခံ၍ တယ်လီနောသည် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်သည့် လူမှုရေး အကျိုးပြုလုပ်ငန်းများကို ပိုမို၍ အကျိုးသက်ရောက်မှုရှိပြီး ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မည့် အပြင် နိုင်ငံတစ်ဝှမ်း၌ မညီမျှမှုများလျှော့ချသည့်အပိုင်းမှာလည်း ပိုမို အလေးထားနိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာ လူမှုအကျိုးပြုစီမံကိန်းများ အကြောင်း အသေးစိတ် သိရှိလိုပါက
https://www.telenor.com.mm/en/about/corporate-responsibility တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share