Press Release

တယ်လီနောမြန်မာ၏ ရုံးချုပ်သစ် ‘Telenor Square’ ၏ တရားဝင် ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပ

22 June, 2019 - Yangon

  • ဤရုံးချုပ်သစ်ကို လုပ်ငန်းခွင်အတွင်း အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှု များ ပိုမိုကောင်းမွန်လာစေနိုင်စေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် ဒစ်ဂျစ်တယ်ပိုင်းစနစ်နှင့် ယဉ်ပါးနေပြီးဖြစ်သော မြန်မာနိုင်ငံအတွင်းရှိ အသုံးပြုသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းတို့အတွက် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများ ပေးအပ်သွားနိုင်မည်ဖြစ်
  • ရုံးချုပ်သစ်သည် ခေတ်မီဆန်းသစ်သော အလုပ်ပတ်ဝန်းကျင်သစ်တစ်ခုအား ဖော်ဆောင်ပေးသွားနိုင်မည် ဖြစ်သည့် အပြင် ဝန်ထမ်းများ၏ကျွမ်းကျင်မှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် ၎င်းတို့၏လုပ်ငန်းခွင်ဘဝ ပိုမိုမြင့်မားလာစေရန် အတွက် အခွင့်အလမ်းကောင်းများကို ဖန်တီးပေးသွားနိုင်မည် ဖြစ်
  • ရုံးချုပ်သစ်ဖွင့်လှစ်ပွဲအား ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်ဂုဏ်ပြု ခဲ့ကြပြီး တယ်လီနော၏ ဌာနတွင်း အလုပ်လုပ်ကိုင်မှုပုံစံနှင့် ပတ်သက်သည့် ဖျော်ဖြေရေး အစီအစဉ် များအား တီထွင်ဆန်းသစ်မှု ရှိရှိနှင့် တင်ဆက်ပြသခဲ့

မြန်မာနိုင်ငံတွင် ခေတ်မီဆန်းသစ်မှုအရှိဆုံး လုပ်ငန်းခွင်တစ်ခုအား ဖော်ဆောင်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ၎င်း၏ ရုံးချုပ်သစ် ‘Telenor Square’ အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် တရားဝင်စတင်ဖွင့်လှစ်ခဲ့ရာ အဆိုပါ ရုံးချုပ်သစ်ဖွင့်လှစ်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။ ရန်ကုန်မြို့လယ် အချက်အချာကျသောနေရာတွင် တည်ရှိသည့် ယခုရုံးချုပ်သစ်အား ဝန်ထမ်းအားလုံးအတွက် လုပ်ငန်းဆောင်တာ အသားပေး လုပ်ငန်းခွင်တစ်ရပ်အဖြစ် ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ကာ တယ်လီနောမြန်မာက အထူးဖန်တီး ပုံဖော်ခဲ့ခြင်း ဖြစ်သည်။

ရုံးချုပ်သစ်ဖွင့်လှစ်ပွဲအခမ်းအနားတွင် ‘သွက်လက်မြန်ဆန်သော၊ ခေတ်မီဆန်းသစ်သော၊ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုအပြည့်အဝရှိသော လုပ်ငန်းခွင်တစ်ရပ်’ အဖြစ် ပုံဖော်ထားသော တယ်လီနောမြန်မာ၏ ရုံးချုပ်သစ်အား Project K အဖွဲ့နှင့် တယ်လီနောမြန်မာ၏ဝန်ထမ်းများက ဆန်းသစ်သောတင်ဆက်ပြသမှုများဖြင့် သရုပ်ဖော်ကပြခဲ့ ကြသည်။ ထို့အပြင် ရုံးချုပ်သစ်ဖွင့်လှစ်ပွဲအခမ်းအနား၏ တစ်စိတ်တစ်ပိုင်းအဖြစ် တက်ရောက်လာသော ဧည့်သည် တော်များအား ရုံးချုပ်သစ်အတွင်း လှည့်လည်ပြသခဲ့ပြီး အဖွဲ့လိုက်လုပ်ဆောင်မှုများ ပိုမိုအဆင့်မြင့်မားလာစေရန်နှင့် တီထွင်ဆန်းသစ်မှုများ ပိုမိုအားကောင်းလာစေရန် လုပ်ငန်းခွင်အတွင်း မည်သို့စီစဉ်ထားရှိထားသည်ဟူသည့် အချက် များအား တယ်လီနော၏ ဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းပြောကြားခဲ့ကြသည်။

  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay
  • telenor_myanmar_maymay

“သွက်လက်မြန်ဆန်စွာ အလုပ်လုပ်ကိုင်နိုင်တဲ့ကုမ္ပဏီတွေဟာ သုံးစွဲသူတွေရဲ့ အစဉ်အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက် တွေနဲ့အညီ ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှုအသစ်တွေကို မြန်မြန်ဆန်ဆန် ပြောင်းလဲထုတ်လုပ်နိုင်တဲ့ အားသာချက်ရှိ တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဝန်ထမ်းတွေကြားထဲမှာ တီထွင်ဖန်တီးနိုင်မှုစွမ်းရည် အမြဲတိုးတက်နေဖို့ ဆိုတာဟာ သုံးစွဲသူတွေကို ဦးတည်ပြီး အလုပ်လုပ်ကိုင်နေရတဲ့ တယ်လီနောမြန်မာလိုအဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပါတယ်။ ဒီရုံးခန်းအသစ်ကို မြန်မာနိုင်ငံအတွက် ခေတ်မီဆန်းသစ်တဲ့ လုပ်ငန်းခွင်တစ်ခု အဖြစ် ဖော်ဆောင်ပေးသွားမှာဖြစ်ပြီး ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုတွေ ပိုမိုတိုးတက်လာစေဖို့အတွက်လည်း ကူညီပေး သွားနိုင်မှာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဒီ ရုံးချုပ်အသစ်ဟာ တယ်လီနောမြန်မာနဲ့ ဝန်ထမ်းတွေ အားလုံးအတွက် အခန်းကဏ္ဍသစ်တစ်ခု စတင်လိုက်တာပဲ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr. Sharad Mehrotra က ပြောကြားသည်။

ရုံးချုပ်သစ်သည် တယ်လီနောမြန်မာအား သမားရိုးကျလုပ်ငန်းခွင်တစ်ခုအဖြစ်မှ ပိုမိုအဆင့်မြင့်သော၊ မြန်ဆန် သွက်လက်သော၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရှိသော လုပ်ငန်းခွင်တစ်ခုအဖြစ် ဖော်ဆောင်ထား သည်။ လုပ်ငန်းဆောင်တာ အသားပေးလုပ်ငန်းခွင်သည် နိုင်ငံတကာတွင်လည်း လူကြိုက်များခေတ်စားနေသော လုပ်ငန်းခွင်ပုံစံသစ်တစ်ခုဖြစ်ပြီး ဤလုပ်ငန်းခွင်ပုံစံသစ်အရ ဝန်ထမ်းတစ်ဦးချင်းစီအတွက် သီးသန့်နေရာ အတည် တကျ သတ်မှတ်ပေးထားခြင်းမရှိဘဲ တစ်ဦးချင်းစီက လုပ်ဆောင်ရမည့် အလုပ်အပေါ်မူတည်ကာ ပိုမို သက်တောင့်သက်သာရှိသော၊ အဆင်ပြေလွယ်ကူသော နေရာများကို လွတ်လပ်စွာရွေးချယ် အသုံးပြုနိုင်သည်။

သို့ဖြစ်၍ ဝန်ထမ်းများအနေဖြင့် တိတ်ဆိတ်ငြိမ်သက်သော နေရာများ၊ ပုံမှန်အစည်းအဝေးခန်းမများ၊ ဆန်းသစ်သော အစည်းအဝေးခန်းမများ၊ ဝန်ထမ်းများ စုဝေးရာ နေရာငယ်နှင့် မတ်တပ်ရပ်၍ အလုပ်လုပ်ကိုင်နိုင်သော နေရာများ အစရှိသဖြင့် ၎င်းတို့ ကြိုက်နှစ်သက်သည့် နေရာများတွင် ရွေးချယ် အလုပ်လုပ်ကိုင်သွားနိုင်သည်။ ဤသို့ ပွင့်လင်း မြင်သာမှုရှိသော နေရာသတ်မှတ်ချက်ပုံစံသစ်အား တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် အပါအဝင် အခြား သော စီမံခန့်ခွဲမှုအဖွဲ့ဝင်များပါ လိုက်နာကျင့်သုံးပြီး ဝန်ထမ်းများနှင့်အတူနေရာတစ်ခုတည်းတွင် ပူးတွဲ အလုပ်လုပ်ကိုင် ကြသည့်အတွက် ဝန်ထမ်းများအားလုံးနှင့် ပိုမိုရင်းနှီးကာ လုပ်ငန်းဆောင်တာများကို ပိုမိုလျင်မြန်တိကျစွာ ဆောင်ရွက် သွားနိုင်ကြမည် ဖြစ်သည်။

တယ်လီနောမြန်မာအနေဖြင့် ဤသို့ဆန်းသစ်သော လုပ်ငန်းခွင်ပုံစံသစ်ကို မိတ်ဆက်ခဲ့သည့်အပြင် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ လိုက်လျောညီထွေမှုရှိစွာ အလုပ်ချိန် ညှိနှိုင်း သတ်မှတ်နိုင်ခြင်း၊ မီးဖွားခွင့် ၆ လအတွင်း လစာခံစားနိုင်ခြင်းနှင့် အသက်နှင့် ကျန်းမာရေးအာမခံတို့ ပေးအပ်ထား သည့်အပြင် ဆန်းသစ်သော ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုကာ လုပ်ငန်းခွင်ကို ပိုမိုချော့မွေ့အဆင်ပြေစေရန် လည်း စီမံထားသည်။

“တယ်လီနောမြန်မာဟာ ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု ပိုမိုတိုးတက်ထူးချွန်လာစေဖို့နဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နိုင်စွမ်း အပြည့်အဝရှိလာစေနိုင်တဲ့ အဖွဲ့အစည်းတစ်ခုဆိုတာ အငြင်းပွားဖွယ်ရာမရှိ ပါဘူး။ ဒီလို လိုက်လျောညီထွေမှုရှိတဲ့ လုပ်ငန်းခွင်ပုံစံအသစ်ဟာ ဝန်ထမ်းတွေအကြားမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်လို့ ပွင့်လင်းမြင်သာမှုရှိစေပြီး ကုမ္ပဏီအတွက်ရော ဝန်ထမ်းတွေ အတွက်ပါ အကျိုးကျေးဇူးတွေ အများအပြားရရှိစေမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်ဖို့အတွက် လိုက်လျောညီထွေမှုရှိပြီး အချင်းချင်းချိတ်ဆက်နိုင်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး အားကောင်းစေတဲ့ ‘Telenor Square’ ဟာ သူမတူထူးခြားနေပါတယ်” ဟု တယ်လီနောမြန်မာ၏ Chief People Officer ဖြစ်သူ Ms.Selina Lomholdt က ပြောကြားသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်း ဆက်သွယ် ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ တယ်လီနောမြန်မာသည် ဝန်ထမ်းဦးရေပေါင်း ၈၀၀ ကျော်အား ခန့်အပ်ထားပြီး ၎င်းတို့အနက် ၉၁% သည် ပြည်တွင်းမှဖြစ်ကာ ၄၀% ကျော်သည် အမျိုးသမီးများ ဖြစ်ကြသည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share