Statement

တယ်လီနောမြန်မာ၀န်ထမ်း ၏ နောက်ထပ် ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ (၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်ထိ နောက်ဆုံးအခြေအနေ)

28 October, 2020 - Yangon

အောက်တိုဘာလ  ၂၈ရက် ၂၀၂၀ပြည့်နှစ် အတွက် ထုတ်ပြန်ချက်

တယ်လီနောမြန်မာ၏ ဝန်ထမ်းနောက်ထပ် ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုဝန်ထမ်း ၃ဦးမှာ ယခုအခါတွင် ဆေးရုံ၌ဆေးကုသမှု ခံယူလျက်ရှိသည်။

အောက်တိုဘာ ၂၈ရက်နေ့ အထိနောက်ဆုံးအခြေအနေအရ တယ်လီနောမြန်မာ ဝန်ထမ်းများအနက် ၁၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအဖြစ် ဓာတ်ခွဲအတည်ပြုခံထားရပြီး ယင်းတို့အနက် ၈ ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းပြီးဖြစ်သည်။

တယ်လီနောမြန်မာသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းများနှင့် တိုက်ရိုက်အနီးကပ်ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိကာ အခြေအနေကို အနီးကပ်စောင့် ကြည့်၍ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာလ  ၂၁ရက် ၂၀၂၀ပြည့်နှစ် အတွက် ထုတ်ပြန်ချက်

တယ်လီနောမြန်မာ၏ နောက်ထပ်ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်နေ့က အတည်ပြုသိရှိခဲ့ပါသည်။ ရောဂါပိုးကူးစက်ခံရသော ဝန်ထမ်းမှာ လုပ်ငန်းခွင် အတွင်း အခြားဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုမရှိခဲ့ပါ။ ယခုအချိန်တွင် ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့အထိ တယ်လီနောမြန်မာ ဝန်ထမ်းများအနက် ၁၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအဖြစ် ဓာတ်ခွဲအတည်ပြုခံထားရပြီး ယင်းတို့အနက် ၇ ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းပြီးဖြစ်သည်။ တယ်လီနောမြန်မာနှင့် ပြည်သူ့ကျန်းမာရေး တာ၀န်ရှိသူများသည် ရောဂါပိုး ကူးစက်ခံရသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ လိုအပ်သည့် အကူအညီများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

ထပ်မံကူးစက်ပျံ့နှံ့မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါပိုးကူးစက်ခံ ရသည့် ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ်ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိပြီး လိုအပ်သည်များကို အချိန်နှင့် တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

အောက်တိုဘာလ  ၁၂ရက် ၂၀၂၀ပြည့်နှစ် အတွက် ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်စစ်ဆေးတွေ့ရှိချက်အရ တယ်လီနော မြန်မာ၏ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ၍ စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ရောဂါပိုးကူးစက်ခံရသော ဝန်ထမ်းသည် နေအိမ်မှအလုပ်လုပ်ကိုင်နေသည်မှာ ရက်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ထိတွေ့ဆက်ဆံမှု မရှိပေ။ ယင်းမှာ ယခုထိတိုင် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိပြီး လိုအပ်သော ဆေးကုသမှုများကို ခံယူသွားမည်ဖြစ်ပါသည်။

တယ်လီနောမြန်မာ၏ နောက်ထပ်ဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၁၂ရက်နေ့တွင် အတည်ပြုသိရှိခဲ့ပါသည်။ ရောဂါပိုးကူးစက်ခံရသော ဝန်ထမ်းနှစ်ဦးစလုံးမှာ လုပ်ငန်းခွင်အတွင်း အခြားဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုမရှိခဲ့ပါ။ ယင်းတို့မှာ ယခုအချိန်တွင် ဆေးရုံ အသီးသီး၌ လိုအပ်သော ဆေးကုသမှုများ ခံယူလျက်ရှိသည်။

အောက်တိုဘာလ ၁၂ ရက်နေ့အထိ တယ်လီနောမြန်မာ လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အဖြစ် ဓာတ်ခွဲအတည်ပြုခံထားရသူ ဝန်ထမ်း ၁၀ ဦးရှိပြီး ယင်းတို့အနက် ၇ ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းပြီးဖြစ်သည်။ တယ်လီနောမြန်မာနှင့် ပြည်သူ့ကျန်းမာရေး တာ၀န်ရှိသူများသည် ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ လိုအပ်သည့် အကူအညီများကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

ထပ်မံကူးစက်ပျံ့နှံ့မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါပိုးကူးစက်ခံ ရသည့် ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ်ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိပြီး လိုအပ်သည်များကို အချိန်နှင့် တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

အောက်တိုဘာလ  ၈ရက် ၂၀၂၀ပြည့်နှစ် အတွက် ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်စစ်ဆေးတွေ့ရှိချက်အရ တယ်လီနော မြန်မာ၏ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ၍ စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ရောဂါပိုးကူးစက်ခံရသော ဝန်ထမ်းသည် နေအိမ်မှအလုပ်လုပ်ကိုင်နေသည်မှာ ရက်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ထိတွေ့ဆက်ဆံမှု မရှိပေ။ ယင်းမှာ ယခုထိတိုင် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိပြီး လိုအပ်သော ဆေးကုသမှုများကို ခံယူသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၈ ရက်နေ့အထိ တယ်လီနောမြန်မာ လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အဖြစ် ဓာတ်ခွဲအတည်ပြုခံထားရသူ ဝန်ထမ်း ၈ ဦးရှိပြီး ယင်းတို့အနက် ၇ ဦးမှာ ဆေးရုံမှ ဆင်းပြီး ရောဂါသက်သာပျောက်ကင်း ပြီးဖြစ်သည်။ တယ်လီနောမြန်မာနှင့် ပြည်သူ့ကျန်းမာရေး တာ၀န်ရှိသူများသည် ရောဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ လိုအပ်သည့် အကူအညီများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။

ထပ်မံကူးစက်ပျံ့နှံ့မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါပိုးကူးစက်ခံ ရသည့် ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ်ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိပြီး လိုအပ်သည်များကို အချိန်နှင့် တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

စက်တင်ဘာလ ၂၂ရက် ၂၀၂၀ပြည့်နှစ် အတွက် ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်စစ်ဆေးတွေ့ရှိချက်အရ တယ်လီနောမြန်မာ၏ ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ၍ စစ်ဆေးတွေ့ရှိခဲ့ပြီး ယခုအခါ လိုအပ်သော ဆေးကုသမှုများကို ခံယူ လျက်ရှိပါသည်။

စက်တင်ဘာလ ၂၂ ရက်နေ့အထိ တယ်လီနောမြန်မာ လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း စုစုပေါင်း ၇ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူအဖြစ် ဓာတ်ခွဲအတည်ပြုခဲ့ပြီးဖြစ်ပြီးဖြစ်သည်။ တယ်လီနောမြန်မာနှင့် ပြည်သူ့ကျန်းမာရေး တာ၀န်ရှိသူ များသည် ရောဂါပိုးကူးစက်ခံရသည့်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုတို့ လိုအပ်သည့် အကူအညီ အထောက်အပံ့များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကူညီ ထောက်ပံ့ပေးလျက်ရှိပါသည်။

ထပ်မံကူးစက်ပျံ့နှံ့မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါ ပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ် ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိပြီး လိုအပ် သည်များကို အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

စက်တင်ဘာလ ၁၁ရက် ၂၀၂၀ပြည့်နှစ် အတွက် ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၀ ရက်နေ့ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်စစ်ဆေးတွေ့ရှိချက်အရ တယ်လီနောမြန်မာ၏ အရောင်းဝန်ထမ်းတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ၍ စစ်ဆေးတွေ့ ရှိခဲ့ပါသည်။ ယခုစစ်ဆေးတွေ့ရှိခဲ့သည့်အရောင်းဝန်ထမ်းသည် ယခင်ရောဂါပိုးတွေ့ရှိခဲ့သည့် ဝန်ထမ်းများနှင့် တိုက်ရိုက်ထိတွေ့မှုရှိခဲ့ခြင်းမရှိဘဲ ယခုအခါ လိုအပ်သော ဆေးကုသမှုများကို ခံယူ လျက်ရှိပါသည်။

စက်တင်ဘာလ ၁၁ ရက်နေ့အထိ တယ်လီနောမြန်မာ လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း ၆ ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ရရှိခဲ့ပါသည်။ တယ်လီနောမြန်မာနှင့် ပြည်သူ့ကျန်းမာရေးတာ၀န်ရှိသူ များသည် ရောဂါပိုးကူးစက်ခံရသည့်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုတို့ လိုအပ်သည့် အကူအညီ အထောက်အပံ့များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကူညီ ထောက်ပံ့ပေးလျက်ရှိပါသည်။

ထပ်မံကူးစက်ပျံ့နှံ့မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါ ပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ် ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိပြီး လိုအပ် သည်များကို အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

စက်တင်ဘာလ ၈ရက် ၂၀၂၀ပြည့်နှစ် အတွက် ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် တယ်လီနောမြန်မာ၏ ဝန်ထမ်းတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ၍ စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ယခုစစ်ဆေးတွေ့ရှိခဲ့သည့်အရောင်းဝန်ထမ်းသည် တယ်လီနောမြန်မာတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က ပထမဆုံးရောဂါပိုးတွေ့ရှိခဲ့ သည့် ဝန်ထမ်းနှင့် တိုက်ရိုက်ထိတွေ့မှုရှိခဲ့ပြီး ယခုအခါတွင် လိုအပ်သော ဆေးကုသမှုများကို ခံယူလျက်ရှိနေပါသည်။

စက်တင်ဘာလ ၈ ရက်နေ့အထိ တယ်လီနောမြန်မာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ဝန်ထမ်း ၅ ဦးရှိပြီဖြစ်သည်။ တယ်လီနောမြန်မာနှင့် ပြည်သူ့ကျန်းမာရေးတာ၀န်ရှိသူ များသည် ရောဂါပိုးကူးစက်ခံရသည့်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုတို့ လိုအပ်သည့် အကူအညီ အထောက်အပံ့များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကူညီ ထောက်ပံ့ပေးလျက်ရှိပါသည်။

ထပ်မံကူးစက်ပျံ့နှံ့မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါ ပိုးကူးစက်ခံရသည့် ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ် ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိပြီး လိုအပ် သည်များကို အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

စက်တင်ဘာလ ၇ရက် ၂၀၂၀ပြည့်နှစ် အတွက် ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်တွင် တယ်လီနောမြန်မာ၏ ၀န်ထမ်းတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ၍ စစ်ဆေးတွေ့ရှိခဲ့ပါသည်။

စက်တင်ဘာလ ၆ ရက်နေ့ထုတ်ပြန်ချက်နှင့် စပ်လျဥ်း၍ လက်ရှိတွင် တယ်လီနောမြန်မာ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ဝန်ထမ်း ၄ဦးတို့မှာ  ဆေးကုသမှုများ ခံယူလျက် ရှိပါသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တယ်လီနောမြန်မာ၏ ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခဲ့သည်ကို ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့ပါသည်။

တယ်လီနောမြန်မာနှင့် ပြည်သူ့ကျန်းမာရေးတာ၀န်ရှိသူများသည် ရောဂါပိုးကူးစက်ခံရသည့်ဝန်ထမ်း များနှင့် ၎င်းတို့၏ မိသားစုတို့ လိုအပ်သည့် အကူအညီအထောက်အပံ့များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။

ထပ်မံကူးစက်ပျံ့နှံ့မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါပိုး ကူးစက်ခံရသည့် ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ် ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိပြီး လိုအပ်သည် များကို အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် စက်တင်ဘာလ ၃ ရက်နေ့မှစတင်၍ တယ်လီနောမြန်မာ၀န်ထမ်းများသည် ရာနှုန်းပြည့် အိမ်မှနေ၍ ရုံးလုပ်ငန်းများ လုပ်ဆောင်ခြင်းကို ကျင့် သုံးလျက်ရှိပါသည်။

ကိုဗစ်-၁၉ စတင်တွေ့ရှိသည့်အချိန်မှစ၍ တယ်လီနောမြန်မာသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် တယ်လီနောလုပ်ငန်းစုက ချမှတ်ထားသော အစီအမံများနှင့် လမ်းညွှန်ချက်များကို တိကျသေချာ စွာ လိုက်နာကျင့်သုံးလျက် ရှိပါသည်။

စက်တင်ဘာလ ၆ရက် ၂၀၂၀ပြည့်နှစ် အတွက် ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တယ်လီနောမြန်မာ၏ ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခဲ့သည့်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

စက်တင်ဘာလ ၆ ရက်နေ့အထိ တယ်လီနောမြန်မာ လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်း ၃ ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ရရှိခဲ့ပါသည်။

တယ်လီနောမြန်မာနှင့် ပြည်သူ့ကျန်းမာရေးတာ၀န်ရှိသူများသည် ရောဂါပိုးကူးစက်ခံရသည့်ဝန်ထမ်း များနှင့် ၎င်းတို့၏ မိသားစုတို့ လိုအပ်သည့် အကူအညီအထောက်အပံ့များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။

ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်လုံခြုံမှုတို့သည် တယ်လီနောမြန်မာ၏ အဓိက ဦးစားပေးဖြစ်သည်။ ထပ်မံကူးစက်ပျံ့နှံ့မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါပိုး ကူးစက်ခံရသည့် ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ် ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိပါသည်။ ကျွန်ုပ်တို့ အနေဖြင့် သက်ဆိုင်ရာလုပ်ငန်းဌာနအသီးသီးမှ ကျန်းမာကြံ့ခိုင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ဘေးကင်းလုံခြုံရေး အစီအမံများ စသည့်လုပ်ဆောင်ချက်များကို တိတိကျကျ လိုက်နာလုပ်ဆောင်ရန် အတွက် အချိန်ပြည့် စောင့်ကြည့်လျက်ရှိပြီး အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ စတင်တွေ့ရှိသည့်အချိန်မှစ၍ တယ်လီနောမြန်မာသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ချမှတ်ထားသော အစီအမံများနှင့် လမ်းညွှန်ချက်များကို တိကျသေချာစွာ လိုက်နာကျင့်သုံးလျက် ရှိပါသည်။ ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် တယ်လီနောမြန်မာ၀န်ထမ်း များသည် ရာနှုန်းပြည့် အိမ်မှနေ၍ ရုံးလုပ်ငန်းများ လုပ်ဆောင်ခြင်းကို ကျင့်သုံးလျက်ရှိသည်။

ယခုဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပြီး တယ်လီနောမြန်မာအနေဖြင့် ရောဂါကူးစက်ခံရသည့်၀န်ထမ်းနှင့် ၎င်း၏မိသားစုတို့နှင့်အတူ ယခုအခြေ အနေအား ကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။ စိန်ခေါ်မှုများနှင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့် ယခုကာလများတွင် ၀န်ထမ်းများ၊ သုံးစွဲသူများ၊ စီးပွားရေး မိတ်ဖက်များ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ကောင်းကျိုးများကို ယခင်ထက်ပိုမို၍ အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွား မည်ဖြစ်သည်။

စက်တင်ဘာလ ၅ ရက် ၂၀၂၀ပြည့်နှစ် အတွက် စတင် ထုတ်ပြန်ချက်

တယ်လီနောမြန်မာမှ အရောင်း၀န်ထမ်းတစ်ဦးသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါသည်။ အဆိုပါ၀န်ထမ်းသည် ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ စောင့်ကြည့်စင် တာတွင် သီးခြားစောင့်ကြည့်နေသည့်ကာလအတွင်း၌ပင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခု အခါ ယင်းစောင့်ကြည့်စင်တာတွင်ပင် ဆေးကုသမှုခံယူနေပြီဖြစ်သည်။ တယ်လီနောမြန်မာအနေဖြင့် ရောဂါပိုးကူးစက်ခံရသူနှင့် ၎င်း၏ မိသားစုတို့ လိုအပ်သည့် အကူအညီအထောက်အပံ့များကို အဖက် ဖက်မှ ကူညီထောက်ပံ့ပေး လျက်ရှိပါသည်။

ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်လုံခြုံမှုတို့သည် တယ်လီနောမြန်မာ၏ အဓိက ဦးစားပေးဖြစ်သည်။ ထပ်မံကူးစက်ပျံ့နှံ့မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရောဂါပိုး ကူးစက်ခံရသည့် ဝန်ထမ်းနှင့် တိုက်ရိုက်အနီးကပ် ထိတွေ့မှုရှိသူများကို စိစစ်လျက်ရှိပါသည်။ ကျွန်ုပ်တို့ အနေဖြင့် သက်ဆိုင်ရာလုပ်ငန်းဌာနအသီးသီးမှ ကျန်းမာကြံ့ခိုင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ဘေးကင်းလုံခြုံရေး အစီအမံများ စသည့်လုပ်ဆောင်ချက်များကို တိတိကျကျ လိုက်နာလုပ်ဆောင်ရန် အတွက် အချိန်ပြည့် စောင့်ကြည့်လျက်ရှိပြီး အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ စတင်တွေ့ရှိသည့်အချိန်မှစ၍ တယ်လီနောမြန်မာသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ချမှတ်ထားသော အစီအမံများနှင့် လမ်းညွှန်ချက်များကို တိကျသေချာစွာ လိုက်နာကျင့်သုံးလျက် ရှိပါသည်။ ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် တယ်လီနောမြန်မာ၀န်ထမ်း များသည် ရာနှုန်းပြည့် အိမ်မှနေ၍ ရုံးလုပ်ငန်းများ လုပ်ဆောင်ခြင်းကို ကျင့်သုံးလျက်ရှိသည်။

ယခုဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့အနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပြီး တယ်လီနောမြန်မာအနေဖြင့် ရောဂါကူးစက်ခံရသည့်၀န်ထမ်းနှင့် ၎င်း၏မိသားစုတို့နှင့်အတူ ယခုအခြေ အနေအား ကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။ စိန်ခေါ်မှုများနှင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့် ယခုကာလများတွင် ၀န်ထမ်းများ၊ သုံးစွဲသူများ၊ စီးပွားရေး မိတ်ဖက်များ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ကောင်းကျိုးများကို ယခင်ထက်ပိုမို၍ အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွား မည်ဖြစ်သည်။

Yangon
My Account
Live Chat
Share Share