Press Release

တယ်လီနောမြန်မာအနေဖြင့် အန်းဒရွိုက်ထုတ်ကုန်များအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေရေး ဆောင်ရွက်၊ ဂူဂဲလ် ပလေးစတိုးတွင် မိုဘိုင်းဖုန်းဘေလ်ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်သည့် ဝန်ဆောင်မှု မိတ်ဆက်

11 March, 2020 - Yangon

  • တယ်လီနောသုံးစွဲသူများအနေဖြင့် Google Play Store (ဂူဂဲလ် ပလေး စတိုး) ဖုန်းဘေလ်ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်မည်ဖြစ်
  • ဂိမ်းကစားခြင်းသည် ဒစ်ဂျစ်တယ်ခေတ် ကမ္ဘာတဝှန်း၌ ရေပန်းစားလျက်ရှိပြီး တယ်လီနောသည် ဂိမ်းကစားသူများကို ၎င်းတို့အတွက် အရေးပါဆုံး အရာများနှင့် ချိတ်ဆက်ပေးလျက်ရှိ

 

 ။ ဖုန်းဘေလ် အသုံးပြု၍ တိုက်ရိုက်ငွေပေးချေနိုင်မည့် ဝန်ဆောင်မှု (Direct Carrier Billing) သည် များစွာသော မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် မိတ်ဆက်ပြီးဖြစ်သည့် ဝန်ဆောင်မှု တစ်ခုဖြစ်သော်လည်း အချို့သော လုပ်ဆောင်ချက်များသည် သက်ဆိုင်ရာ မိုဘိုင်းဖုန်း၏ စနစ်တွင်း (operating system) တွင် တစ်ပါတည်း ပါရှိပြီးသားဖြစ်သည်။ ဂူဂဲလ် (Google) နှင့်  အန်းဒရွိုက် (Android) ၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်တစ်ဦးဖြစ်သည်နှင့်အညီ တယ်လီနောမြန်မာသည် မြန်မာပြည်ရှိ သုံးစွဲသူများ အနေဖြင့် အန်းဒရွိုက်ထုတ်ကုန်များ၏ အလုံးစုံအတွေ့အကြုံကောင်းများကို ရရှိစေရန်အတွက် ယင်းဝန် ဆောင်မှုကို စျေးကွက်တွင်း ယူဆောင်မိတ်ဆက်ခဲ့သည်။ အဆိုပါ မိုဘိုင်း ဖုန်းဘေလ်ဖြင့် ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုကို အန်းဒရွိုက် (Android) ဖုန်းများတွင် ဂူဂဲလ် ပလေး အက်ပ် (Google Play App) ၏ ငွေပေး ချေမှုဆိုင်ရာ နည်းလမ်းများမှတဆင့် ဝင်ရောက်ရွေးချယ်အသုံးပြုနိုင်သည်။

“ဂိမ်းတွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ eBook တွေနဲ့ အက်ပ် (App) တွေလိုမျိုး များပြားလှတဲ့ ဒစ်ဂျစ်တယ် ထုတ်ကုန် (content) တွေကို သုံးစွဲသူတွေအနေနဲ့ အလွယ်တကူ ရယူသုံးစွဲစေချင်ပါတယ်။ ဒီလိုမျိုး Google Play Store (ဂူဂဲလ် ပလေး စတိုး) မှာ ကိုယ်ကြိုတင်ဖြည့်ထားတဲ့ မိုဘိုင်းဖုန်းဘေလ်ကနေ  တိုက်ရိုက် အလွယ် တကူ ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုကို မိတ်ဆက်ပေးလိုက်ခြင်းဖြင့် အန်းဒရွိုက် (Android) စနစ်သုံးဖုန်း အသုံးပြုတဲ့ တယ်လီနောသုံးစွဲသူတွေအနေနဲ့ သူတို့အတွက် အရေးပါတဲ့ အရာတွေကို ရယူခံစားနိုင်လာတာ ကြောင့် ပိုမိုချောမွေ့တဲ့၊ သုံးစွဲသူတွေရဲ့ ဆန္ဒအလျောက် ပိုမိုလုပ်ဆောင်နိုင်စေမယ့် အတွေ့အကြုံကောင်းတွေ ကို ရရှိလာမှာ ဖြစ်ပါတယ်" ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar မှ ပြောကြားခဲ့သည်။

Google Play Store (ဂူဂဲလ် ပလေး စတိုး) မှ ဒစ်ဂျစ်တယ် ထုတ်ကုန်များတွင် အခမဲ့ရယူနိုင်သည့် အက်ပ် (App) များအပြင် ဝယ်ယူသုံးစွဲဖို့လိုအပ်သည့် အက်ပ် (App) များလည်း ပါဝင်သည်။ အချို့သော အက်ပ်များမှာမူ အခမဲ့ရယူသုံးစွဲနိုင်သော်လည်း သက်ဆိုင်ရာ အက်ပ်များအတွင်း အသုံးပြုနိုင်သည့် ထပ်ဆောင်း ဝန်ဆောင်မှု များ၊ အက်ပ်တွင်းငွေကြေးများ၊ အမှတ်များ ဝယ်ယူဖို့ရာတွင် လိုအပ်သည့် in-app purchase လုပ်ငန်းစဉ် ပါဝင်သည်။ အဆိုပါ လုပ်ငန်းစဉ်ကို များသောအားဖြင့် ဂိမ်းများတွင်တွေ့မြင်နိုင်ပါသည်။

“မြန်မာနိုင်ငံက သုံးစွဲသူတွေဟာ အရှိန်အဟုန်နဲ့ ခေတ်ရှေ့ပြေးလာကြပြီး ဒစ်ဂျစ်တယ်ထုတ်ကုန်တွေကိုလည်း လွယ်လင့်တကူ၊ အဆင်ပြေလွယ်ကူစွာ ရယူအသုံးပြုနိုင်ဖို့ကိုလည်း မျှော်လင့်လာကြပါပြီ။ ဥပမာ - ဂိမ်းဆော့တဲ့သုံးစွဲသူတွေဆိုရင် ကမ္ဘာတဝှန်း ဂိမ်းကစားသူတွေဆီက Top-notch user interface တွေနဲ့ အရင်ကတည်းက ထိတွေ့နေကြတာဖြစ်ပြီးတော့ ငြီးငွေ့ဖို့ကောင်းတဲ့ အဆင့်ဆင့်လုပ်ဆောင်ရတာတွေကို စိတ်မရှည်ကြပါဘူး။ ဒါကြောင့် တယ်လီနောမြန်မာက ဒီလိုမျိုး လွယ်ကူလျင်မြန်တဲ့ အတွေ့အကြုံကောင်း တွေကို သုံးစွဲသူတွေထံ ဆောင်ကြဉ်းပေးနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ SVP and Head of Digital Services ဖြစ်သူ ကိုအောင်ပြည့်က ပြောသည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ Google Play Store (ဂူဂဲလ် ပလေး စတိုး) မှ ဝယ်ယူမှုများ၏ ငွေပေးချေမှုတိုင်းတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ပေါင်းထည့်သွားမည်ဖြစ်သည်။ တယ်လီနောသုံးစွဲသူများ သည် ယခင်ဝယ်ယူခဲ့ဖူးသည့် အက်ပ်ပလီကေးရှင်းများကို တူညီသည့် Gmail အကောင့်ကို အသုံးပြုပြီး Google Play Store (ဂူဂဲလ် ပလေး စတိုး) တွင် အခမဲ့ ဒေါင်းလုဒ် ပြန်လည်ရယူနိုင်ပါသည်။

တယ်လီနောမြန်မာ အကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ် လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက် များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်း အော်ပရေတာများအနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share