Press Release

တယ်လီနောမြန်မာသည် အခွန် အများဆုံး ထမ်းဆောင်သည့် ကုမ္ပဏီတစ်ခုအဖြစ် သုံးနှစ်ဆက်တိုက်ရပ်တည်

06 December, 2019 - Yangon

  • တယ်လီနောမြန်မာသည် ၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက်  ကုမ္ပဏီဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် နှစ်ခုပေါင်းအနေနှင့် မြန်မာကျပ်ငွေ ၁၃၀ ဘီလီယံ ကျော်ကိုပေးဆောင်
  • တယ်လီနောမြန်မာသည် တီထွင်ဆန်းသစ်သော ဝန်ဆောင်မှုများနှင့် ကွန်ရက်လွှမ်းခြုံမှုကို မြှင့်တင်ရန် အတွက် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်

တယ်လီနောမြန်မာသည် ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သော ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် နိုင်ငံခြားကုမ္ပဏီများအနက်မှ ထိပ်တန်းအခွန်ထမ်းဆောင် သည့် ကုမ္ပဏီတစ်ခုအနေဖြင့် ထပ်မံအသိအမှတ်ပြုခြင်းခံရသည်။ ၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက် တယ်လီနောမြန်မာသည် ကုမ္ပဏီဝင်ငွေခွန်အဖြစ် မြန်မာကျပ်ငွေ ၈၀ ဘီလီယံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန် မြန်မာကျပ်ငွေ ၅၀ ဘီလီယံကျော် အသီးသီးပေးဆောင်ခဲ့သည်။

တယ်လီနောသည် ဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်စေရန် ၎င်း၏ ကတိကဝတ်ကို စဉ်ဆက်မပြတ်ဖော် ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်သည့် ၂၀၁၄ ခုနှစ်မှစတင်၍ ပွင့်လင်းမြင်သာပြီး တာဝန်သိ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ စတင်တည်ထောင်သည့်အချိန်မှ ယနေ့ကာလအထိ ကုမ္ပဏီ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကဲ့သို့သော အခွန်အမျိုးမျိုးအတွက် တယ်လီနောသည် မြန်မာကျပ်ငွေ ၄၇၈ ဘီလီယံကျော်ကို ပေးဆောင်ထားပြီးဖြစ်သည်။

“ထိပ်တန်းအခွန်ထမ်း ကုမ္ပဏီတစ်ခုအဖြစ်နှစ်ပေါင်းများစွာ အသိအမှတ်ပြုခံရခြင်းနဲ့အတူ ကျွန်တော့်အနေနဲ့ လည်း မြန်မာပြည်သူတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ယူဆောင်လာတာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးအပြင် လူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတတ်မှုအတွက် ကျွန်တော်တို့ရဲ့ ပူးပေါင်းပါဝင်မှုက ကူညီ ထောက်ပံ့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သုံးစွဲသူ ၂၁ သန်းကျော်ရဲ့ စဥ်ဆက်မပြတ် အားပေးသုံးစွဲမှု၊ ယုံကြည် မှုတို့ကြောင့် အခုလို အသိအမှတ်ပြုခံရတဲ့အတွက် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်ချယုံကြည်ရတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ ပိုမိုကြိုးစားပြီး နိုင်ငံအတွင်းမှာ အကောင်းဆုံး ဝန်ဆောင်မှုအတွေ့အကြုံတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။” ဟု တယ်လီနော မြန်မာမှ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ်ဖြစ်သူ Helge Øien မှ ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်မှ စတင်၍ ယနေ့အချိန်ထိ တယ်လီနောသည် သိသာထင်ရှားသော အခွန်ပမာဏများကို ပေးဆောင် လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း ထိပ်တန်း အခွန်ထမ်းဆောင်သည့်ကုမ္ပဏီတစ်ခုအနေဖြင့် ဆက်တိုက်အသိ အမှတ်ပြု ဂုဏ်ပြုခြင်းခံရပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် တယ်လီနောမြန်မာ အား ၂၀၁၇-၂၀၁၈ အခွန်စည်းကြပ်နှစ်အတွက် ဂုဏ်ပြုလက်မှတ်ကို နေပြည်တော်၌ ယခုနှစ်အစောပိုင်းတွင် ပေးအပ် ခဲ့ပါသည်။

တယ်လီနောသည် ဂုဏ်သိက္ခာရှိပြီး တိကျသည့် ဝန်ဆောင်မှုများကို အစဥ်အမြဲပေးအပ်နိုင်သည့်အတွက် အထူး ပင် ဂုဏ်ယူဝမ်းမြောက်လျက်ရှိသည်။ ဤကဲ့သို့ ဂုဏ်သိက္ခာအပြည့်ဖြင့် ရပ်တည်လျက်ရှိသော တယ်လီနော သည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများဖန်တီးပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း များ၊ ရင်းနှီးမြှုပ်နှံမှုများအပြင် တာဝန်ယူမှုအပြည့်အဝရှိသော အခွန်အပြည့်အဝထမ်းဆောင်သည့် ကုမ္ပဏီတစ်ခု အနေနှင့်ပါ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို အစဥ်အမြဲ ထောက်ပံ့ကူညီလျက်ရှိသည်။

တယ်လီနောမြန်မာသည် ပိုမိုကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများနှင့် ကွန်ရက်လွှမ်းခြုံမှုများအတွက်လည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး အကောင်းဆုံးအရည်အသွေးဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်နိုင်ရန် ရင်းနှီး မြှုပ်နှံမှုများ ဆက်လက်တိုးချဲ့သွားမည်ဖြစ်သည်။ တယ်လီနောသည် နိုင်ငံအတွင်း အမြန်ဆန်ဆုံးနှင့် အကျယ် ပြန့်ဆုံး 4GSuperLTE+ ကွန်ရက်ကို ထောက်ပံ့ပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကို စျေးနှုန်း သက်သာပြီး နိုင်ငံသားအားလုံးအသုံးပြုနိုင်သည့် မိုဘိုင်းဆက်သွယ်ရေးကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ် ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့် ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၁ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက်တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီး ယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၈၃ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေး လုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်:

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေးဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share