Press Release

တယ်လီနောမြန်မာမှ ၂၀၁၉ ခုနှစ် အလုပ်သင်အစီအစဉ်အတွက် လျှောက်လွှာများစတင်လက်ခံ

24 August, 2019 - Yangon

  • အလုပ်သင်အစီအစဉ်အတွက် လျှောက်လွှာများကိုတယ်လီနောမြန်မာ၏ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရုံးများတွင် ဩဂုတ်လ၂၆ ရက်မှ ဩဂုတ်လ၃၀ ရက်အထိလျှောက်ထားနိုင်
  • လုပ်ငန်းခွင်မိတ်ဆက်အစီအစဉ်အပါအဝင်အလုပ်သင်အစီအစဉ်သည်အောက်တိုဘာ ၆ ရက်မှဒီဇင်ဘာလ ၇ ရက်အထိနှစ်လကြာမြင့်မည်ဖြစ်သည်

တယ်လီနောမြန်မာသည်စက်တင်ဘာလအစောပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့တွင်ရှိသည့် တယ်လီနောရုံးများတွင် စတင်မည့် ၎င်း၏ (၅)ကြိမ်မြောက်အလုပ်သင်အစီအစဉ်အတွက်တက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ အလုပ်သင်လျှောက်လွှာများကိုအီးမေးလ်ကတဆင့် လက်ခံသွားမည်ဖြစ်သည်။ မြန်မာလူငယ်များအနေဖြင့်အလျင်အမြန်ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းတွင်လုပ်ငန်းအတွေ့အကြုံရယူနိုင်မည်ဖြစ်သည့်အတွက် တယ်လီနောမြန်မာ၏ အလုပ်သင်အစီအစဉ်ကိုအချိန်မီစာရင်းပေးပို့နိုင်ရန် လျှောက်လွှာများကိုဩဂုတ်လ၂၆ ရက်မှဩဂုတ်လ၃၀ ရက်အထိလျှောက်ထားနိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာအလုပ်သင်အစီအစဉ်တွင်ကျောင်းသူကျောင်းသားများကိုကုမ္ပဏီမှ အတွေ့အကြုံရှိပညာရှင်များ၏အနီးကပ်ကြီးကြပ် ညွှန်ကြားမှုများဖြင့် လုပ်ငန်းခွင်အတွေ့အကြုံများကိုသင်ကြားပေးသွားမည်ဖြစ်သည်။ ထို့အပြင် ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူအားဘေးအန္တရာယ်ကင်းပြီးတိုးတက်မှုလျင်မြန်သောလုပ်ငန်းခွင်ပတ်ဝန်းကျင်တွင်အလုပ်လုပ်ကိုင်ခွင့်ရမည့်အခွင့်အရေးကိုလည်းပေးအပ်သွားမည်ဖြစ်သည်။

"တယ်လီနောအနေနဲ့ မြန်မာနိုင်ငံအတွက်လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ပေးရေးဆိုတာလက်ရှိဝန်ထမ်းတွေကိုသာမကအနာဂတ်အတွက်မျိုးဆက်သစ်ကျွမ်းကျင်သူများကိုမွေးထုတ်ပေးဖို့ရည်ရွယ်ပါတယ်။ဒီအလုပ်သင်အစီအစဉ်ကိုတံခါးဖွင့်ပေးခြင်းဖြင့်လူငယ်တွေဟာတယ်လီနောရဲ့ လုပ်ငန်းခွင် ဓလေ့တွေကိုပြည်တွင်းတင်မကပြည်ပကဝန်ထမ်းတွေဆီကပါ သင်ယူရရှိမှာဖြစ်ပြီးအောင်မြင်တဲ့သက်မွေးမှုလုပ်ငန်းအတွက် အတတ်ပညာတွေကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်”ဟုတယ်လီနောမြန်မာ၏လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာအရာရှိချုပ်ဖြစ်သူ Selina Lomholdt ကပြောကြားခဲ့သည်။

ယခုအလုပ်သင်အစီအစဉ်သည်အလုပ်အတွေ့အကြုံများသာမကကျောင်းသူကျောင်းသားများကော်ပိုရိတ်လုပ်ငန်းခွင်ဝင်ရောက်ရာတွင်အဆင်သင့်ဖြစ်နေစေရန်အပြုသဘောဆောင်သောအကြုံပြုချက်များလည်းပေးသွားမည်ဖြစ်သည်။ "ကျွန်တော်က ၂၀၁၆ ခုနှစ်မှာတယ်လီနောရဲ့အလုပ်သင်အစီအစဉ်ကိုဒစ်ဂျစ်တယ်ဈေးကွက်ဖော်ဆောင်ရေးဌာနမှာလျှောက်ခဲ့ပါတယ်။ဒီအစီအစဉ်ကနေအတွေ့အကြုံတွေ၊လုပ်ငန်းကျွမ်းကျင်မှုတွေကိုရရှိခဲ့တဲ့အတွက် အဲဒီတုန်းကရခဲ့တဲ့ အတွေ့အကြုံတွေကတယ်လီနောရဲ့ တိုင်ကြားစာစီမံခန့်ခွဲမှုဌာနမှာSenior Officerရာထူးနဲ့အလုပ်လျှောက်တဲ့အခါမှာတကယ်ကိုအထောက်အကူဖြစ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်" ဟုအမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှကျောင်းသားဟောင်းတစ်ဦးဖြစ်သူကိုဉက္ကာမင်းမှပြောကြားခဲ့သည်။

အလုပ်သင်အစီအစဉ်ကိုသတင်းအချက်အလက်နှင့်နည်းပညာ၊ကွန်ပျူတာသိပ္ပံ၊ကွန်ပြူတာနည်းပညာ၊ အီလက်ထရောနစ်နှင့်လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာ၊စီးပွားရေးစီမံခန့်ခွဲမှု၊လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၊လူထုဆက်ဆံရေးရာနှင့်ဆက်သွယ်ပြန်ကြားရေးရာစသည့်ဘာသာရပ်များကိုအဓိကပြုထားသည့်နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများလျှောက်ထားနိုင်မည်ဖြစ်သည်။လူရွေးချယ်ခြင်းအစီအစဉ်ကိုစက်တင်ဘာလတွင်စတင်မည်ဖြစ်ပြီးပဏာမရွေးချယ်ခံရသူများကိုသာလူတွေ့စစ်မေးမြန်းရန်အတွက်ဆက်သွယ်သွားမည်ဖြစ်သည်။အလုပ်သင်အစီအစဉ်သည်အောက်တိုဘာလ၆ရက်မှဒီဇင်ဘာလ ၇ ရက်အထိ၂ လ ကြာမြင့်မည်ဖြစ်ပြီးတစ်ရက်တာကြာမြင့်မည့်အလုပ်ခွင်မိတ်ဆက်အစီအစဉ်လည်းပါဝင်သည်။၂၀၁၉ခုနှစ်အလုပ်သင်အစီအစဉ်အတွက်စိတ်ပါဝင်စားသောကျောင်းသားကျောင်းသူများအနေဖြင့်လျှောက်လွှာများကိုတယ်လီနော၏ဝက်ဘ်ဆိုက်၊အလုပ်အကိုင်ကဏ္ဍမှ (link) ဒေါင်းလုတ်ရယူကာ ပြည့်စုံစွာဖြည့်စွက်ပြီး internship@telenor.com.mm သို့ပေးပို့လျှောက်ထားနိုင်သည်။

တယ်လီနောမြန်မာသည်လက်ရှိတွင်ဝန်ထမ်းပေါင်း၈၀၀ကျော်ကိုခန့်အပ်ထားပြီးကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကိုထောက်ပံ့သည့်လုပ်ငန်းစဉ်တွင်လည်း ပြည်တွင်းနှင့်နိုင်ငံတကာမှမိတ်ဖက်ပေါင်း၂၂၀ကျော်နှင့်လက်တွဲဆောင်ရွက်လျက်ရှိသည်။စဉ်ဆက်မပြတ်လေ့လာခြင်း၊အတူတကွဖန်တီးခြင်း၊ကတိတည်ခြင်းနှင့်လေးစားမှုရှိခြင်းစသည့် တယ်လီနော၏အမူအကျင့်စံနှုန်းလေးချက်သည်တယ်လီနော၏ဝန်ထမ်းများအားလုံးကိုပေါင်းကူးပေးသည့် ယဉ်ကျေးမှုပေါင်းကူးတံတားဖြစ်ပြီးကုမ္ပဏီတစ်ခုအဖြစ်အနေဖြင့်လည်းရပ်တည်နိုင်ခြင်းဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌သင့်တင့်သည့်စျေးနှုန်းဖြင့်လွယ်ကူစွာရယူနိုင်သည့်မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား၂၀၁၄ခုနှစ်၊စက်တင်ဘာလမှစတင်ပေးအပ်လျက်ရှိပြီးလက်ရှိတွင်နိုင်ငံတွင်းအကျယ်ပြန့်ဆုံးသောကွန်ရက်မှတဆင့်အကောင်းမွန်ဆုံးသောသုံးစွဲမှုအတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။တယ်လီနောမြန်မာသည်နိုင်ငံတဝန်းရှိဆက်သွယ်ရေးတာဝါတိုင်ပေါင်း၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း၁၉သန်းကျော်ထံသို့၎င်း၏2G၊3G နှင့်4G ကွန်ရက်များဖြင့်ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။တယ်လီနောမြန်မာ၏မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည်ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီးစကင်ဒီ နေးဗီးယန်းဒေသနှင့်အာရှတိုက်တဝန်းတွင်အသုံးပြုသူပေါင်း၁၇၈သန်းကျော်အားပိုင်ဆိုင်ထားကာစီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာ ဆောင်ရွက်ရန်ရည်သန်ထားပြီးလူမှုပတ်ဝန်းကျင်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ဦးတည်ဆောင်ရွက်နေသည့်လုပ်ငန်းစုဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါကhttps://www.telenor.comတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share