Press Release

တယ်လီနောမြန်မာမှ သုံးစွဲသူများ၊ မိတ်ဖက်များနှင့် လူမှုအသိုင်း အဝိုင်းများထံသို့ #တုံ့ပြန်ကျေးဇူးဆုတွေမြူး အစီအစဉ်ဆောင်ကြဉ်း

15 July, 2020 - Yangon

  • ၂၀၂၀ ပြည့်နှစ်သည် ဆက်သွယ်ရေး၏ အရေးပါပုံနှင့် ၎င်းအားမှီခို အားထားလျက်ရှိနေသည်ကို မီးမောင်း ထိုးပြလျက်ရှိသောကြောင့် တယ်လီနောမြန်မာမှ သုံးစွဲသူများ၊ မိတ်ဖက်များ၏ ကျေးဇူးကို တုံ့ပြန်နိုင်ရန် #တုံ့ပြန်ကျေးဇူးဆုတွေမြူး အစီအစဉ်ကို မိတ်ဆက်
  • သုံးစွဲသူများနှင့် မိတ်ဖက်များကို ကျေးဇူးတုံ့ပြန်နိုင်ရန် MyTelenor နှင့် မိတ်ဖက်အရောင်းဆိုင်ကြီးများ အတွက် ဖန်တီးထားသော Telenor Eagle App တို့မှတစ်ဆင့် သန်းပေါင်းများစွာသော ဆုများကို ကံထူး ခွင့် ရရှိကြမည်ဖြစ်
  • MyTelenor ဒစ်ဂျစ်တယ်ပလက်ဖောင်းတွင် နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ဆုများအပြင် လတ်တလော မိတ်ဆက်ထားသော Telenor Classroom (ပညာရေး) နှင့် တယ်လီနောကျန်းမာခြင်းဆုလာဘ် (ကျန်းမာ ရေး) ကဲ့သို့သော သင့်လျော်သည့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်
  • အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော မြန်မာ့ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် မြန်မာနိုင်ငံ၏ အကောင်းဆုံးဆက်သွယ်ရေးကွန်ရက်ဖြစ်ရန်အတွက် ရည်မှန်းလုပ်ဆောင်သွားမည့်အပြင် လုပ်ငန်းရင်း နှီးမြှုပ်နှံမှုများ တိုးချဲ့သွားမည်ဟု ကတိကဝတ်ပြု

ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၀ ပြည့်နှစ် ရန်ကုန်။           ။ တယ်လီနောမှ မြန်မာနိုင်ငံအနှံ့ရှိ သုံးစွဲသူများ၊ မိတ်ဖက် အရောင်းဆိုင်များနှင့် လူမှုအသိုင်းအဝိုင်းများကို ကျေးဇူးတုံ့ပြန်နိုင်ရန် "တုံ့ပြန်ကျေးဇူး ဆုတွေမြူး" အစီအစဉ်ကို ယနေ့တွင် မိတ်ဆက်လိုက်ပြီဖြစ်သည်။ "တုံ့ပြန်ကျေးဇူး ဆုတွေမြူး" အစီအစဉ်သည် MyTelenor နှင့် တယ်လီ နောမိတ်ဖက် အက်ပလီကေးရှင်းမှတစ်ဆင့် သုံးစွဲသူများနှင့် မိတ်ဖက်များကို သန်းပေါင်းများစွာသော ဆုလက် ဆောင်များ ကံထူးခွင့်ကို ပေးအပ်သွားမည်ဖြစ်သည်။

ဈေးကွက်ထဲသို့ စတင်ဝင်ရောက်လာသည့် ၂၀၁၄ ခုနှစ်မှ စတင်၍ တယ်လီနောသည် မြန်မာနိုင်ငံသားများ၏ နေ့စဉ် ဘဝ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ "တုံ့ပြန်ကျေးဇူး ဆုတွေမြူး" အစီအစဉ်သည် ဆက်သွယ်ရေးမှတစ်ဆင့် ဘဝအတွက် ပိုမိုအရေးပါသော အရာများ ယူဆောင်လာပေးခဲ့သူတစ်ဦးချင်းစီကို ကျေးဇူးတုံ့ပြန်နိုင်ရန် ရည်ရွယ်ပါ သည်။

"ဆက်သွယ်ရေးဆိုတာ လူတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေကို အတူတကွ ချိတ်ဆက် ယူဆောင်လာပေးနိုင်ဖို့ပါ။ လက်ရှိကာလများမှာ ဒီဆက်သွယ်ချိတ်ဆက်ရေးဟာ ဘယ်လောက်အရေးပါတယ်ဆို တာကို မျက်မြင်တွေ့မြင်နေရပါတယ်။ တယ်လီနောမြန်မာက ဒီလိုအ‌ရေးပါတဲ့ ဒစ်ဂျစ်တယ်အသိုက်အဝန်းပေါ်က သုံးစွဲသူတွေ၊ မိတ်ဖက်တွေ၊ မတူညီတဲ့ နယ်ပယ်အသီးသီးက သက်ဆိုင်သူတစ်ဦးချင်းစီအပေါ်မှာ မှီခိုနေရတာပါ။ အခုလို စိန်ခေါ်မှုများစွာနဲ့ ခက်ခဲနေတဲ့ အချိန်ကာလမျိုးမှာတောင် လူမှုအသိုင်းအဝိုင်းတွေကို ဆက်သွယ်ရေးကနေ တစ်ဆင့်အားပေးနိုင်အောင် ကျွန်တော်တို့ရဲ့ ကွန်ရက်၊ ဖြန့်ချိမှုတွေ အဆင်ပြေချော့မွေ့နေအောင် ကူညီပေးတဲ့ အတွက်ရော၊ ကျွန်တော်တို့ကို ယုံကြည်ပေးတဲ့အတွက်ပါ ဒီအစီအစဉ်လေးကနေတစ်ဆင့် ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။" ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Omund Revhaug မှ ပြောကြားခဲ့သည်။

ယခုအစီအစဉ်မှတစ်ဆင့် တယ်လီနော သုံးစွဲသူများအားလုံး ကံထူးခွင့်များ ရရှိသွားမည်ဖြစ်သည်။ တယ်လီနော သည် သုံးစွဲသူများနှင့် မိတ်ဖက်များကို ကျပ်သန်းပေါင်းများစွာတန်ဖိုးရှိ KIA Picanto ကားအသစ်၊ Honda Scoopy မော်တော်ဆိုင်ကယ်များ၊ iPhone 11 များ၊ iPad များ၊ ဒေတာနှင့် အပိုဆောင်း ဖုန်းဘေလ်များစသည့် ဆုမဲ များကို အပတ်စဉ်၊ လစဉ် ကံထူးခွင့် ပေးအပ်သွားမည်ဖြစ်သည်။

ယင်းဆု၊ လက်ဆောင်များအပြင် တယ်လီနောမြန်မာသည် ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သော လူမှုအသိုင်းအဝိုင်း များကို မြေတောင်မြှောက်ပေးနိုင်ရေးအတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံအောင် အသုံးပြုနိုင်သည့် MyTelenor အက်ပလီကေးရှင်း၏ လုပ်‌ဆောင်နိုင်စွမ်းကို မြှင့်တင်လျက်ရှိသည်။ Strategy First University နှင့် ပူးပေါင်းပြီး ဆန်းသစ် တီထွင်မှုရှိသော Telenor Classroom (တယ်လီကွန်း-ပညာရေး ဝန်ဆောင်မှု) မှတစ်ဆင့် သုံးစွဲသူများသည် ပညာရေးသင်ထောက်ကူများကို  လေ့လာနိုင်ပြီဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် T Fitness နှင့် ပူးပေါင်း မိတ်ဆက်လိုက်သော Telenor Wellness (တယ်လီနောကျန်းမာခြင်းဆုလာဘ်) အစီအစဉ် မှ သီးသန့်ကျန်မာရေး လေ့ကျင့်ခန်းသင်ခန်းစာများကို ကြည့်ရှု၍ ကျန်းကျန်းမာမာနေနိုင်မည်ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုနှစ်ခုလုံး သည် MyTelenor သုံးစွဲသူများအတွက် အခမဲ့ဖြစ်သည်။

“အချင်းချင်း ဆက်သွယ်ချိတ်ဆက်နေနိုင်တဲ့ မြန်မာနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ အားထားရတဲ့ သုံးစွဲသူတွေနဲ့ မိတ်ဖက်တွေကို ဒီအစီအစဥ်ကနေ အသိအမှတ်ပြုချင်တာပါ။ နောင်လာမယ့်နှစ်များ စွာမှာ မြန်မာနိုင်ငံသားတွေ့ရဲ့ လူနေမှုဘဝတွေထဲကို ဆက်လက်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့အရာတွေ ဆောင် ကြဉ်းပေးလာနိုင်ဖို့လည်း မျှော်လင့်ပါတယ်။” ဟု Revhaug က ထပ်လောင်းပြောကြားခဲ့သည်။

#တုံ့ပြန်ကျေးဇူးဆုတွေမြူး အကျိုးခံစားခွင့်များကို ရယူနည်း

တုံ့ပြန်ကျေးဇူး ဆုတွေမြူး အစီအစဉ်၏ ဆုလက်ဆောင်များ နှင့် အကျိုးခံစားခွင့်များကို ရယူနိုင်ရန် တယ်လီနော သုံးစွဲသူများနှင့် မိတ်ဖက်များသည် MyTelenor (သို့မဟုတ်) တယ်လီနောမိတ်ဖက် အက်ပလီကေးရှင်းမှတစ်ဆင့် “ပိုပိုပြုံး” ဂိမ်းကို စတင်ဝင်ရောက်ကစားနိုင်မည်ဖြစ်သည်။ ရိုးရာကစားနည်းတစ်ခုဖြစ်သည့် (ဒိုးပစ်ခြင်း/ ဂေါ်လီ ပစ်ခြင်း) ကို ဒီဂျစ်တယ်ဗားရှင်းဖြင့် ဆော့ကစားနိုင်မည့် အဆိုပါဂိမ်းတွင်း ကစားသူများသည် ဆုလက်ဆောင် များကို ရရှိနိုင်မည် ဖြစ်သည်။ဂေါ်လီများများ ပစ်နိုင်လေ၊ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆုလက်ဆောင်များကို ကံထူး နိုင်သည့် အခွင့်အလမ်း များလာလေလေ ဖြစ်မည်ဖြစ်သည်။

သုံးစွဲသူအသစ်များအနေနှင့်လည်း မိမိတို့၏ ဆင်းကတ်များကို မှတ်ပုံတင်ပြီး (၁၀၀၀) ကျပ် ဖြည့်သွင်းပြီးသည့် အခါ၌ ရက် (၃၀) အတွင်း တယ်လီနော သုံးစွဲသူ အချင်းချင်း အကန့်အသတ်မရှိ ဖုန်းပြောဆိုနိုင်ခွင့်နှင့် ဖေ့စ်ဘွတ် ညလုံးပေါက် သုံးစွဲနိုင်မှု စသည်တို့ကို ရရှိမည်ဖြစ်သည်။ အဆိုပါသုံးစွဲသူများသည်လည်း မိမိဆင်းကတ်များကို မှတ်ပုံတင်သည့် ရက်သတ္တပတ်အတွက် အပတ်စဉ် ဆုလက်ဆောင်များကို ကံစမ်းနိုင်ရန် အကျုံးဝင်ပါသည်။

ဆုလက်ဆောင်များကို ခံစားနိုင်ရန် သုံးစွဲသူများနှင့် မိတ်ဖက်များသည် MyTelenor အက်ပလီကေးရှင်း (သုံးစွဲ သူများ)၊ Eagle အက်ပလီကေးရှင်း (မိတ်ဖက်များ)၊ တယ်လီနောမြန်မာ၏ ဝက်ဘ်ဆိုဒ် ၊ USSD၊ SMS စာတို သို့မဟုတ် E-load စသည့် ချန်နယ်များမှ ဖုန်းငွေဖြည့်သွင်းမှု သို့မဟုတ် ပတ်ကေ့ချ် (package) ဝယ်ယူမှုတိုင်း အတွက် ရရှိလာမည့် ဂေါ်လီများကို သုံးစွဲရန် လိုအပ်ပါသည်။

ရရှိနိုင်မည့် ဂေါ်လီအရေအတွက်သည် မိမိတို့ ဝယ်ယူသည့် ပတ်ကေ့ချ် (package) ပမာဏ သို့မဟုတ် ငွေ​ဖြည့် သွင်းသည့် ပမာဏအပေါ် မူတည်သည့်အတွက် သုံးစွဲသူများအနေနှင့် များများဝယ်၊ များများဖြည့်လေ၊ ကံစမ်း နိုင်မည့် ကူပွန် (Coupon) များများ ရမည်ဖြစ်သည်။

ဒီနေ့ပဲ MyTelenor အက်ပလီကေးရှင်းရယူလိုက်ပါ

တစ်နေရာတည်းတွင် ပြီးပြည့်စုံအောင် အသုံးပြုနိုင်သည့် MyTelenor အက်ပလီကေးရှင်းသည် တယ်လီနော သုံးစွဲသူများကို မိမိတို့၏ ဒေတာများအား အလွယ်တကူ စီမံခန့်ခွဲနိုင်ခြင်း၊ ငွေဖြည့်သွင်းနိုင်ခြင်း၊ ဆုလက်ဆောင် များကို ရယူနိုင်စေခြင်းတို့အပြင် အမျိုးအစားစုံလင်လှသည့် ဖျော်ဖြေရေး အစီအစဉ်များ၊ ပရိုမိုးရှင်းများနှင့် ဝန်ဆောင်မှုအဖုံဖုံတို့ကိုပါ အလွယ်တကူခံစားရရှိစေနိုင်မည်ဖြစ်သည်။ MyTelenor App ဗားရှင်း (3.16) ကို ဂူးဂဲလ်ပလေး (Google Play) သို့မဟုတ် အက်ပဲလ်အက်ပ်စတိုး (Apple App Store) မှတဆင့် ဒေါင်းလုတ် ရယူအသုံးပြုနိုင်ပါသည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက် ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက်တစ်ခု ဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့အသိုက်အဝန်းကို မြှင့်တင် ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမို သိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share