Press Release

တယ်လီနောမြန်မာနှင့် Plan International တို့မှမြန်မာနိုင်ငံတွင်ဒစ်ဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုများအတွက်ပူးပေါင်းဆောင်ရွက်

19 August, 2019 - Yangon

  • မြန်မာတစ်နိုင်ငံတစ်ဝှမ်းရှိလူငယ်ပေါင်း ၇၄၀,၀၀၀ အားဒစ်ဂျစ်တယ်ဆိုင်ရာသတင်းအချက်အလက်များရယူရာတွင် လုံခြုံမှုရှိစေရန်၊ သတင်းအချက်အလက်များရရှိရန်နှင့် အွန်လိုင်းအသုံးပြုရာတွင် သုံးစွဲသူအချင်းချင်းအပြန်အလှန်အကျိုးပြုနိုင်ပြီးမညီမျှမှုများအား လျှော့ချသွားနိုင်ရန် ရည်ရွယ်
  • • မြန်မာတစ်နိုင်ငံတစ်ဝှမ်းရှိလူငယ်ပေါင်း ၇၄၀,၀၀၀ အားဒစ်ဂျစ်တယ်ဆိုင်ရာသတင်းအချက်အလက်များရယူရာတွင် လုံခြုံမှုရှိစေရန်၊ သတင်းအချက်အလက်များရရှိရန်နှင့် အွန်လိုင်းအသုံးပြုရာတွင် သုံးစွဲသူအချင်းချင်းအပြန်အလှန်အကျိုးပြုနိုင်ပြီးမညီမျှမှုများအား လျှော့ချသွားနိုင်ရန် ရည်ရွယ်

တယ်လီနောမြန်မာနှင့် Plan International တို့သည် မြန်မာ့ပထမဦးဆုံးတစ်နိုင်ငံလုံးဆိုင်ရာဘက်စုံဘေးကင်းလုံခြုံသောစာသင်ကျောင်းများစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသည့်အွန်လိုင်းအသုံးပြုမှုနှင့် ကျင်လည်မှုစီမံကိန်းကိုပူးပေါင်းဆောင်ရွက်စတင်သည့် အခမ်းအနားအားနေပြည်တော်တွင် ယနေ့ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ တယ်လီနောလုပ်ငန်းစုနှင့် Plan တို့၏ ကမ္ဘာလုံးဆိုင်ရာကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ ကနဦးပညာပေးအစီအစဉ်အဖြစ် နှစ်နှစ်တာကြာမြင့်မည့် ပူးပေါင်းဆောင်ရွက်မှုတွင် တိုင်းဒေသကြီးများမှ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြားလူငယ်ပေါင်း ၇၄၀,၀၀၀ အားဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းလုံခြုံမူရှိစေရန် အသိပညာပေးခြင်းနှင့် တာဝန်ယူမှုရှိသောအင်တာနက် အသုံးပြုမှုဖြစ်ပေါ်ရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးကူညီမှုဖြင့် အထက်ပါပူးပေါင်းဆောင်ရွက်မှုတွင် တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ်နည်းပညာနှင့်အွန်လိုင်းကိုအသုံးပြုရာတွင်ဘေးကင်းလုံခြုံစွာ အသုံးပြုရေးသင်တန်းအတွေ့အကြုံဗဟုသုတနှင့် Plan မြန်မာ၏ မြန်မာနိုင်ငံတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုစသည့် နယ်ပယ်များမှ လုပ်ငန်းဆိုင်ရာဗဟုသုတများကိုအတူတကွ ယူဆောင်လာပေးမည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းသည် တယ်လီနောမြန်မာ၏ ဆက်လက်လုပ်ဆောင်လျက်ရှိသည့် ဘေးကင်းသည့်အင်တာနက် အသုံးပြုမှုအစီအစဉ်နှင့် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းကဲ့သို့သောအစီအစဉ်များပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ခေတ်တွင် မျိုးဆက်သစ်လူငယ်များအဆင်သင့်ဖြစ်စေရန်အလို့ငှာအွန်လိုင်းကိုအသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာအသုံးပြုရေးဆိုင်ရာဒစ်ဂျစ်တယ် သင်ရိုးများကိုအစိုးရ၏ ပညာရေးသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပေးနိုင်ရန် တယ်လီနောမြန်မာနှင့် Plan တို့သည် ပညာရေးဝန်ကြီးဌာနနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

“မြန်မာနိုင်ငံတွင်းမိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးစွဲနိုင်လာမှုတွေကလွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာအံ့သြဖွယ်ကောင်းလောက်အောင် တိုးမြင့်လာခဲ့ပါတယ်။ သို့သော်ငြားလည်းပိုမိုများပြားလာတဲ့ လူမှုရေးမညီမျှမှုတွေကလူတွေ၊အထူးသဖြင့် ကလေးသူငယ်တွေနဲ့ လူငယ်လူရွယ်တွေကိုအွန်လိုင်းအနိုင်ကျင့်ခံရမှု၊ ထိခိုက်နစ်နာစေတဲ့ အကြောင်းအရာ၊ အမုန်းစကား၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုနဲ့ အလွဲသုံးစားခံရမှုတွေစတဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ခံရမှုအစရှိတဲ့အန္တရာယ်တွေနဲ့ ပတ်သက်လာရင် အားနည်းလာစေပါတယ်။ ယခုအချိန်ထိတယ်လီနောမြန်မာအနေနဲ့ ကျွန်မတို့ လက်ရှိလုပ်ဆောင်နေဆဲအင်တာနက် ဘေးကင်းလုံခြုံစွာအသုံးပြုရေးရှေ့ပြေးအစီအစဉ်တွေကနေတဆင့် သင်တန်းသားပေါင်း ၃ သိန်းခွဲ (၃၅၀,၀၀၀) ထိဆောင်ကြဉ်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုလိုPlan နဲ့ မိတ်ဖက်ပူးပေါင်းမှုကနေ ကျွန်မတို့ လက်ရှိလုပ်ဆောင်မှုတွေရဲ့ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုနဲ့ ဖြန့်ကြက်ရောက်ရှိနိုင်မှုကိုအခုထက်ပိုပြီးအားကောင်းလာစေမယ်လို့ ယုံကြည်မှုရှိပါတယ်။”ဟုတယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေးမှ စီမံကိန်းစတင်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

Plan International နှင့် တယ်လီနောလုပ်ငန်းစုသည် ၃ နှစ်တာကမ္ဘာအဝှန်းမိတ်ဖက်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံဖြစ်ကြောင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကြေညာခဲ့သည်။ အဆိုပါ သဘောတူညီမှု၏ ပန်းတိုင်မှာဒစ်ဂျစ်တယ် နည်းပညာ ၊ မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက် တို့ကိုအသုံးပြုရာတွင် မညီမျှမှုများ လျှော့ချနိုင်ရန်နှင့် လူငယ်များအကြားဒစ်ဂျစ်တယ် အနာဂတ်အတွက် လိုအပ်သောအခြေခံအုတ်မြစ်များဖန်တီးတည်ဆောက်ပေးရာတွင် ပိုမိုအဓိကထားလုပ်ဆောင်ရန် ဖြစ်သည်။

"Plan မြန်မာအနေနဲ့ မြန်မာနိုင်ငံရဲ့ လူမှုရေး-စီးပွားရေးကူးပြောင်းရေးမှာအဆင်ပြေစေဖို့မျိုးဆက်သစ်တွေကိုဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှုနဲ့ လိုက်လျောညီထွေစွာအသုံးပြုတတ်ဖို့ ရည်ရွယ်တဲ့ ဒီပုဂ္ဂလိကနဲ့ အများပြည်သူရဲ့ တက်ကြွတဲ့ပူးပေါင်းဆောင်ရွက်မှုမှာပါဝင်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်မှာဒစ်ဂျစ်တယ်နည်းပညာကွာဟမှုတွေကို လျှော့ချနိုင်ဖို့နဲ့ နိုင်ငံတော်အဆင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအထူးသဖြင့် မိန်းကလေးတွေကိုကာကွယ်ရာမှာကူညီပေးနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အွန်လိုင်းပေါ်မှာလူငယ်တွေအဓိကအားဖြင့် မိန်းကလေးတွေအနေနဲ့ လုံခြံမှုရှိဖို့အခွင့်အရေးရှိကိုရှိရမယ်လို့ ယုံကြည်သလိုသူတို့အနေနဲ့ အနှောင့်အယှက်နဲ့ ခြိမ်းခြောက်မှုကင်းကင်းလူကြားထဲမှာရဲရဲဝံ့ဝံ့ပြောနိုင်ဖို့ အခွင့်အရေးရှိရမယ်လို့ ခံယူထားပါတယ်။ ဒီကနဦးအစီအစဉ်ကနေတဆင့် ကောင်းကျိုးဖြစ်စေပြီးတာဝန်သိသောနိုင်ငံသားတွေနဲ့ ခေါင်းဆောင်ကောင်းတွေထွက်ပေါ်လာမှာဖြစ်တဲ့အတွက် Plan က အခုအစီအစဉ်မှာဂုဏ်ယူစွာပါဝင်ဖြစ်တာပါ။"ဟုPlan မြန်မာ၏ Country Director ဖြစ်သူKelland Stevenson မှ ပြောကြားခဲ့သည်။

“တယ်လီနောလုပ်ငန်းစုအနေနဲ့ ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးမှ ချမှတ်ထားသည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ၁ဝဖြစ်သည့်မညီမျှမှုများလျှော့ချရေးကိုလိုက်နာဖော်ဆောင်သွားဖို့ ကတိကဝတ်ပြုထားတဲ့အလျောက် တယ်လီနောရှိတဲ့စျေးကွက်တွေမှာကလေးတွေကိုအွန်လိုင်းဘေးကင်းလုံခြုံစွာအသုံးပြုတတ်စေရေးရယ် ပညာပေးဖို့ရယ် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်မတို့ ဂုဏ်ယူစွာပြောနိုင်တာကဒီအစီအစဉ်တွေကနေပြီးကမ္ဘာတစ်ဝှန်းမှာရှိတဲ့ လူငယ်ပေါင်း ၂.၄ သန်းကျော်ကိုဘေးကင်းလုံခြုံတဲ့ ဒစ်ဂျစ်တယ် အသုံးပြုတတ်စေရေးကနဦးအစီအစဉ်ကိုဖော်ဆောင်မျှဝေပေးပြီးဖြစ်သလိုဒီလိုပူးပေါင်းဆောင်ရွက်မှုတွေကလည်းကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်ကိုအောင်မြင်အောင်ကြိုးပမ်းရာမှာအရေးပါပါတယ်။" ဟုတယ်လီနောလုပ်ငန်းစု၏ Senior Vice President နှင့် (ယာယီ) Head of Sustainability ဖြစ်သူElisabeth Bieringမှ မှတ်ချက်ပြုပြောကြားခဲ့သည်။

တယ်လီနောမြန်မာသည်လုပ်ငန်းစတင်ဆောင်ရွက်သည့် ၂၀၁၄ ခုနှစ် မှစ၍ လူမှု အကျိုးပြုစီမံကိန်း (၁၁)ခုအားလုပ်ကိုင်ပေးခဲ့ပြီးဖြစ်သည်။၎င်းတို့အနက် ဒစ်ဂျစ်တယ်နည်းပညာနှင့်ဘေးကင်းသောအင်တာနက်စီမံကိန်းအပါအဝင်အခြားလူမှုအကျိုးပြုစီမံကိန်းများလည်းပါဝင်ပြီးစီမံကိန်းများမှတဆင့်လူပေါင်း(၁)သန်းကျော်ကိုယနေ့အချိန်တွင်အကျိုးဖြစ်ထွန်းစေခဲ့ပြီးဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီးလက်ရှိတွင် နိုင်ငံတွင်းအကျယ်ပြန့်ဆုံးသောကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသောသုံးစွဲမှုအတွေ့အကြုံများအားပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီးစကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၈ သန်းကျော်အားပိုင်ဆိုင်ထားကာစီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာဆောင်ရွက်ရန် ရည်သန်ထားပြီးလူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါက https://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

Plan International အကြောင်း

Plan International သည် ကလေးသူငယ် အခွင့်အရေးများနှင့် အမျိုးသမီးများအတွက် တန်းတူညီမျှရေးတို့ကို မြှင့်တင်ပေးလျက်ရှိသောဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များကိုဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် ကလေးသူငယ်များအတွက် အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကိုတည်ဆောက်လာခဲ့သည်မှာနှစ်ပေါင်း ၈၀ ကျော်ပြီဖြစ်ပြီးကမ္ဘာတစ်လွှားနိုင်ငံပေါင်း ၇၅ နိုင်ငံကျော်တွင် တက်ကြွစွာလုပ်ဆောင်နေလျက်ရှိသည်။ ၂၀၁၈ ဘဏ္ဍာနှစ် (ဇူလိုင် မှ ဇွန်) { ၂၀၁၇ ဇွန် မှ ၂၀၁၈ ဇူလိုင်} တွင် ၎င်းတို့၏ စီမံကိန်းများသည် ကမ္ဘာအနှံ့ရှိမိန်းကလေး ၁၈သန်းကျော်နှင့် ယောကျာ်းလေး ၁၆ သန်းကျော်အတွက် ကောင်းကျိုးဖော်ဆောင်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် Plan International သည် ပတ်ဝန်းကျင်တွင် အများဆုံးဖယ်ကြဉ်ခံထားရသည့် လူ့အသိုက်အဝန်းများထဲကအချို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝပြောင်းလဲရေးဆိုင်ရာလူသားချင်းစာနာထောက်ထားသောစီမံကိန်းများကို ၂၀၁၂ ခုနှစ်ကတည်းကစတင်ပြီးနိုင်ငံအနှံ့ ဆောင်ရွက်ပေးလျက်ရှိပါသည်။ Plan International မြန်မာသည် ကလေးသူငယ် အကာအကွယ်ပေးရေးစနစ်များ၏ လုပ်ဆောင်နိုင်စွမ်းကိုဖော်ဆောင်နိုင်ရန်နှင့် ကလေးသူငယ်များကိုမျိုးစုံသောအကြမ်းဖက်မှု၊ အလွဲသုံးစားမှု၊ လျစ်လျူရှုခံရမှုနှင့် အမြတ်ထုတ်ခံရမှုတို့မှ ကာကွယ်ပေးထားသည်ကိုအာမခံပေးနိုင်ရန် အတွက် နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share