Press Release

တယ်လီနောမြန်မာနှင့် Oway Ride တို့ပူးပေါင်း၍ မန္တလေးမြို့ရှိ Mini Oway စီးနင်းသူများအတွက်အခမဲ့ ဝိုင်ဖိုင် ဝန်ဆောင်မှု စတင်ပေးအပ်

24 June, 2019 - Yangon

  • Oway Ride အသုံးပြုသူများအနေနှင့် မီနီအိုးဝေ (တုတ်တုတ်) စီးနင်းနေသည့် အချိန်တွင် တယ်လီနောမြန်မာမှ ပေးအပ်သောအခမဲ့ ဝိုင်ဖိုင် ဝန်ဆောင်မှုအားရယူအသုံးပြုသွားနိုင်မည် ဖြစ်သည့်အပြင် ၎င်းတို့၏ တယ်လီနောဆင်းမ်ကတ်များကိုလည်းဖုန်းငွေ ဖြည့်သွင်းသွားနိုင်မည်ဖြစ်
  • အနာဂတ်တွင် နိုင်ငံတွင်း၌ စမတ်မြို့တော်များပေါ်ပေါက်လာစေရန် မြန်မာနိုင်ငံလျှောက်လှမ်းနေသည့် ဒစ်ဂျစ်တယ်ခရီးလမ်းအတွက် အရေးပါသောခြေလှမ်းတစ်ရပ်အားတယ်လီနောမြန်မာမှ စတင်ဖော်ဆောင်ခဲ့

တယ်လီနောမြန်မာနှင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဌားယာဉ်ဝန်ဆောင်မှု အက်ပလီကေးရှင်းOway Ride တို့ ပူးပေါင်း၍ အသုံးပြုသူများအတွက် အကောင်းမွန်ဆုံးအပိုထပ်ဆောင်းဝန်ဆောင်မှု များအားဆန်းသစ်သောနည်းလမ်းဖြင့် စတင်ပေးအပ်သွားမည် ဖြစ်ကြောင်းယနေ့ ကြေညာခဲ့သည်။ ဤ ပူးပေါင်းဆောင်ရွက်မှုအရ မန္တလေးမြို့ရှိOway Ride အသုံးပြုသူများအနေနှင့် မီနီအိုးဝေ (တုတ်တုတ်) စီးနင်းနေသည့် အချိန်တွင် တယ်လီနောမြန်မာမှ ပေးအပ်သောအခမဲ့ ဝိုင်ဖိုင်ဝန်ဆောင်မှုအားရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။သို့ဖြစ်၍ မီနီအိုးဝေစီးနင်းသည့် ခရီးသည်များသည် Oway Ride အက်ပလီကေးရှင်းမှတဆင့် ၎င်းတို့၏ ခရီးစဉ်အားအတည်ပြုလိုက်သည်နှင့် တပြိုင်နက် အင်တာနက် ဝန်ဆောင်မှုအားစတင် အသုံးပြုသွားနိုင်မည် ဖြစ်သည့်အပြင် မီနီအိုးဝေမောင်းနှင်သူများထံမှတဆင့်လည်း ၎င်းတို့၏ တယ်လီနောဆင်းမ်ကတ်များအားဖုန်းငွေဖြည့်သွင်းသွားနိုင်မည် ဖြစ်သည်။

ဤ ပူးပေါင်းဆောင်ရွက်မှု၏ ပထမခြေလှမ်းအဖြစ် မန္တလေးမြို့ရှိမီနီအိုးဝေစီးနင်းသူများအနေနှင့် ၎င်းတို့၏ ခရီးစဉ်တစ်လျှောက်တွင် ၁၅ မိနစ်ကြာအခမဲ့ ဝိုင်ဖိုင်အင်တာနက် အသုံးပြုခွင့်အပြင်ဖုန်းငွေနှင့် ဒေတာဖြည့်သွင်းခြင်းဝန်ဆောင်မှုများအစရှိသည့် တယ်လီနော မြန်မာမှ ပေးအပ်သောအကျိုးခံစားခွင့်များအားရယူသွားနိုင်မည် ဖြစ်သည်။

“အသုံးပြုသူတွေအတွက် အခုလိုဆန်းသစ်တဲ့ အပိုထပ်ဆောင်းဝန်ဆောင်မှုတွေကိုOway Ride နဲ့ ပူးပေါင်းပြီးစတင်ပေးအပ်နိုင်ခဲ့ တဲ့အတွက် အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာစီးနင်းလိုက်ပါသူတွေအတွက်သာအကျိုးရှိစေမှာမဟုတ်ပဲအိုးဝေကမောင်းနှင်သူတွေ အနေနဲ့လည်းခရီးသည်တွေအတွက် ဖုန်းဘေလ်နဲ့ အင်တာနက် ဒေတာတွေကိုဖြည့်သွင်းပေးတာကနေတဆင့်အပိုဝင်ငွေတွေကိုရရှိသွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာဒစ်ဂျစ်တယ်နည်းပညာကဏ္ဍမှာတဟုန်ထိုးတိုးတက်လာနေပြီး နိုင်ငံတဝန်းမှာရှိတဲ့ အသုံးပြုသူတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရဌာနတွေအကြားအိုင်စီတီပိုင်းဆိုင်ရာချိတ်ဆက်မှုတွေဟာလည်းပိုမိုကျယ်ပြန့်အားကောင်းလာတယ်ဆိုတာတွေ့မြင်နိုင်မှာ ဖြစ်သလိုအခုဒီပူးပေါင်းဆောင်ရွက်မှုဟာဆိုရင်လည်းအနာဂတ်မှာစမတ်မြို့တော်တွေ တည်ဆောက်သွားဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ခရီးလမ်းအတွက်အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာမယ်လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်။တယ်လီနောမြန်မာအနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လူနေမှုဘဝပုံစံတွေ ပိုမိုအဆင့်မြင့်မားလာစေဖို့အတွက် ခေတ်မီဆန်းသစ်မှု အရှိဆုံးနည်းပညာတွေကိုအသုံးပြုပြီးပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကိုအသက်သာဆုံးနှုန်းထားနဲ့ ပေးအပ်သွားဖို့ အစဉ်မပြတ် လုပ်ဆောင်နေပါတယ်။ နောက်ပြီးရင်းနှီးမြှုပ်နှံမှုတွေကနေတဆင့် သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာရှိတဲ့ ကျွန်မတို့ရဲ့ အားသာချက်တွေ၊ ကျွမ်းကျင်ပိုင်နိုင်မှုတွေကို နိုင်ငံတွင်းသယ်ဆောင်လာခဲ့ပြီး ဖြစ်တဲ့အတွက် စမတ်မြို့တော် တည်ဆောက်ရာမှာလိုအပ်တဲ့ လက်တွေ့ကျကျ နည်းစနစ်တွေကိုလည်းကူညီပံ့ပိုးပေးနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟုတယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ်ဖြစ်သူဒေါ်ယဉ်ယဉ်ဋ္ဌေးကပြောကြားသည်။

တယ်လီနောမြန်မာနှင့် Oway Ride တို့၏ ဤမဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ပိုမိုဆန်းသစ်သောဝန်ဆောင်မှုများအားဆက်လက်ဖန်တီးသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြည်သူလူထုအတွက် ပိုမိုအဆင်ပြေလွယ်ကူမှုရှိသည့် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှု အတွေ့အကြုံများအားပေးအပ်သွားမည် ဖြစ်သည်။

“အိုးဝေအနေနဲ့ စီးနင်းသူတွေအတွက် အသင့်တော်ဆုံးဖြစ်စေမယ့် ဝန်ဆောင်မှုတွေကိုပေးအပ်နိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေတဲ့ အပြင် အိုးဝေနဲ့ ခရီးသွားလာတဲ့ အခါတိုင်းမှာပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု အပြည့်အဝရရှိစေဖို့အတွက်လည်းဆန်းသစ်တဲ့ ဝန်ဆောင်မှု တွေကိုပေးအပ်နိုင်ဖို့ အစဉ်မပြတ် စဉ်းစားလုပ်ဆောင်နေပါတယ်။ အိုးဝေကိုစီးနင်းတဲ့သူတွေအနေနဲ့ သူတို့ရဲ့ ခရီးစဉ် တစ်လျှောက်မှာအင်တာနက်ကနေတဆင့် ဖျော်ဖြေရေးအစီအစဉ်တွေ ကြည့်ရှုတာမျိုး၊ အလုပ်ကိစ္စ အီးမေးလ်တွေ ပေးပို့တာမျိုးနဲ့ အွန်လိုင်းကနေတဆင့် စကားပြောဆိုတာမျိုးတွေကို ပြုလုပ်လေ့ရှိကြတယ်ဆိုတာသိရှိထားတဲ့ အတွက် အခမဲ့ ဝိုင်ဖိုင် အင်တာနက် ဝန်ဆောင်မှုကိုပေးအပ်နိုင်တာဟာသူတို့အတွက် အင်မတန် အဆင်ပြေလွယ်ကူမှု ရှိသွားစေမှာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံမှာအကျယ်ပြန့်ဆုံးနဲ့ အကောင်းမွန်ဆုံး 4G ချိတ်ဆက်မှုကွန်ရက်ကိုပိုင်ဆိုင်ထားတဲ့ တယ်လီနောမြန်မာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ စတင်ပြုလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်။ တယ်လီနောမြန်မာနဲ့ လက်တွဲပြီးအိုးဝေအနေနဲ့ အသုံးပြုသူတွေအတွက် စိတ်ကျေနပ်မှုတွေကိုယူဆောင်ပေးလာနိုင်မှာ ဖြစ်တဲ့အပြင် မီနီအိုးဝေမောင်းနှင်သူတွေ အနေနဲ့လည်းခရီးသည်တွေအတွက် တယ်လီနောဖုန်းဘေလ်နဲ့ အင်တာနက် ဒေတာရောင်းချပေးတဲ့ ဝန်ဆောင်မှုတွေကိုပေးအပ်ပေးသွားနိုင်မှာ ဖြစ်တဲ့ အတွက် လူ့အဖွဲ့အစည်းအတွက်လည်းအပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေကိုဖန်တီးပေးအပ်သွားနိုင်မှာ ဖြစ်ပါတယ်” ဟုအိုးဝေလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Alok Kumar က ပြောကြားသည်။

မန္တလေးမြို့သည် အရှေ့တောင်အာရှတွင် စမတ်မြို့တော်အဖြစ် ပေါ်ပေါက်လာနိုင်ရန် အလားအလာအရှိဆုံးထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး မြန်မာနိုင်ငံလျှောက်လှမ်းနေသည့်ဒစ်ဂျစ်တယ် စီးပွားရေးစနစ်နှင့် အခြားသောစီမံကိန်းများအားအကောင်အထည်ဖော် ဆောင်ရွက်ရန် ခရီးစဉ်တွင်ကူညီထောက်ပံ့ပေးရန် ရည်သန်ချက်ထားလုပ်ဆောင်နေသည့် မိတ်ဖက် အဖွဲ့အစည်းတစ်ခု ဖြစ်သည်နှင့်အညီတယ်လီနောမြန်မာအနေနှင့် နိုင်ငံတော် အစိုးရ၏ မျှော်မှန်းချက်ဖြစ်သည့် စမတ်မြို့တော်များပေါ်ပေါက်လာရေးအတွက် ဆက်လက် ပံ့ပိုးကူညီသွားမည် ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည်မြန်မာနိုင်ငံတဝန်း၌သင့်တင့်သည့်စျေးနှုန်းဖြင့်လွယ်ကူစွာရယူနိုင်သည့်မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား၂၀၁၄ခုနှစ်၊စက်တင်ဘာလမှစတင်ပေးအပ်လျက်ရှိပြီးလက်ရှိတွင်နိုင်ငံတွင်းအကျယ်ပြန့်ဆုံးသောကွန်ရက်မှတဆင့်အကောင်းမွန်ဆုံးသောသုံးစွဲမှုအတွေ့အကြုံများအားပေးအပ်လျက်ရှိသည်။တယ်လီနောမြန်မာသည်နိုင်ငံတဝန်းရှိဆက်သွယ်ရေးတာဝါတိုင်ပေါင်း၈,၆၀၀ကျော်ဖြင့်ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း၁၉သန်းကျော်ထံသို့၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့်ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။တယ်လီနောမြန်မာ၏မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည်ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီးစကင်ဒီနေးဗီးယန်းဒေသနှင့်အာရှတိုက်တဝန်းတွင်အသုံးပြုသူပေါင်း၁၇၆သန်းကျော်အားပိုင်ဆိုင်ထားကာစီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာဆောင်ရွက်ရန်ရည်သန်ထားပြီးလူမှုပတ်ဝန်းကျင်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ဦးတည်ဆောင်ရွက်နေသည့်လုပ်ငန်းစုတစ်ခုဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါကhttps://www.telenor.comတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။
တယ်လီနောမြန်မာအကြောင်းပိုမိုသိရှိလိုပါကhttps://www.telenor.com.mmတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

အိုးဝေအကြောင်း

အိုးဝေသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးထိပ်တန်းအဌားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်သည်။ Oway Ride ဝန်ဆောင်မှုများအား မန္တလေး၊ ရန်ကုန်၊ ပုဂံ၊ ပြင်ဦးလွင်နှင့် မော်လမြိုင်မြို့များတွင် Oway Ride (ကားတက္ကစီ)၊ Oway Ride (ဆိုင်ကယ် တက္ကစီ) နှင့် မီနီအိုးဝေ (သုံးဘီး) စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ပေးအပ်လျက် ရှိသည်။

ထို့အပြင် အိုးဝေလုပ်ငန်းစုသည် Oway Travel နှင့် Oway Fleet ကုမ္ပဏီခွဲ ၂ ခုကိုလည်းပိုင်ဆိုင်ထားပြီးလုပ်ငန်းကိစ္စဖြင့် ဖြစ်စေ၊ အပန်းဖြေရန်အတွက် ဖြစ်စေခရီးသွားလာသူများအတွက် ကျယ်ပြန့်သော on-line နှင့် offline ခရီးသွားလာရေးဝန်ဆောင်မှုများအားပေးအပ်လျက် ရှိသည်။ အလားတူအိုးဝေသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး one-stop အွန်လိုင်းခရီးသွား portal ဖြစ်သည့် oway.com.mm မှတဆင့်လည်း ပြည်တွင်းပြည်ပခရီးသွားများအတွက် ဟိုတယ်ဘွတ်ကင်များ၊ လေယာဉ်လက်မှတ်များ၊ အဌားယာဉ် ဝန်ဆောင်မှုများ၊ အဝေးပြေးကားလက်မှတ်များနှင့် tour ခရီးစဉ်များအားလုံခြုံစိတ်ချရသောငွေပေးချေမှု ပုံစံအမျိုးမျိုး ဖြင့် လွယ်ကူစွာရွေးချယ်ဝယ်ယူနိုင်စေရန် ပြုလုပ်ပေးထားပြီး ဖြစ်သည်။

Oway Ride အကြောင်းအသေးစိတ် သိရှိလိုသည်ဖြစ်စေ၊ Oway Ride အက်ပလီကေးရှင်းအားဒေါင်းလုတ် ရယူရန်အတွက် ဖြစ်စေ

Android - https://play.google.com/store/apps/details?id=com.owayride
iOS - https://itunes.apple.com/th/app/oway-ride/id1080259349?mt=8 မှတဆင့် အလွယ်တကူရယူနိုင်မည် ဖြစ်သည်။

Yangon
My Account
Live Chat
Share Share