Press Release

တယ်လီနောမြန်မာနှင့် Ericsson တို့ ပူးပေါင်း၍ Internet of Things (IoT) နည်းပညာအား ပထမဆုံး အကြိမ် စမ်းသပ်

10 December, 2018 - Yangon

  • ဤသို့ စမ်းသပ်ရာတွင် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များအား ထိန်းချုပ်မောင်းနှင်ခြင်းနှင့် ပတ်ဝန်းကျင်အား အလိုအလျောက် သိရှိလုပ်ဆောင်နိုင်သည့် အာရုံခံကိရိယာများအား စမ်းသပ်တပ်ဆင်ခြင်း အစရှိသည့် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ စမ်းသပ်ချက်များ ပါဝင်ခဲ့
  • ဤ နောက်ဆုံးပေါ်စမ်းသပ်မှုသည် မြန်မာနိုင်ငံတွင် 5G နည်းပညာ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်သွားမည်ဟူသည့် တယ်လီနော၏ ရည်သန်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်

တယ်လီနောမြန်မာသည် Ericsson (NASDAQ: ERIC) နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် Narrow Band Internet of Things (NB-IoT) နည်းပညာစမ်းသပ်မှုအား ၎င်း၏ ကိုယ်ပိုင် LTE ကွန်ရက်ကို အသုံးပြု၍ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် ပထမဦးဆုံး ဆက်သွယ်ရေးအော်ပရေတာဖြစ်လာသည်။ အဆိုပါ စမ်းသပ်မှုအား နိုဝင်ဘာလအစောပိုင်းတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုစမ်းသပ်ချက်၏ အဓိကရည်ရွယ်ချက်သည် တယ်လီနောမြန်မာ LTE ကွန်ရက်အတွင်း အင်တာနက်အခြေပြု အသုံးအဆောင်ပစ္စည်းကွန်ရက် (IoT) ၏ လုပ်ဆောင်နိုင်စွမ်းကို တိုင်းတာရန် နှင့် IoT ပလက်ဖောင်းပေါ်တွင် NB-IoT စက်ပစ္စည်းများ၏ လုပ်ဆောင်နိုင်စွမ်းကို သရုပ်ဖော်ပြသသွားရန် ဖြစ်သည်။ ဤသို့ စမ်းသပ်ရာတွင် သယ်ယူ ပို့ဆောင်ရေး မော်တော်ယာဉ်များအား ထိန်းချုပ်မောင်းနှင်ခြင်းနှင့် ပတ်ဝန်းကျင်အား အလိုအလျောက် သိရှိလုပ်ဆောင်နိုင်သည့် အာရုံခံကိရိယာများ စမ်းသပ်တပ်ဆင်ခြင်းအစရှိသည့် အခြေခံ အဆောက် အအုံပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်သည့် စမ်းသပ်ချက်များ ပါဝင်ခဲ့သည်။

“ဒီစမ်းသပ်ချက်ဟာ တယ်လီနောမြန်မာကွန်ရက်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်မားမှုကို ပြသနိုင်ခဲ့တာဖြစ်သလို 5G လိုမျိုးအနာဂတ်နည်းပညာတွေကို ပေးအပ်သွားနိုင်ဖို့ အသင့်အနေအထားမှာ ရှိနေပြီဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။ ဒီ NB-IoT နည်းပညာဟာ မြင့်မားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပေးနိုင်တဲ့အပြင် နောက်ဆုံးပေါ်ခေတ်မီတိုးတက် တဲ့နည်းပညာတွေကို အသုံးပြုထားတဲ့ နေအိမ်တွေ၊ မြို့ပြတွေ၊ မီတာတိုင်းတာမှု၊ ကွန်ရက်ချိတ်ဆက်နိုင်တဲ့ မော်တော်ကားတွေနဲ့ အရာဝတ္တုအများအပြားကို အဝေးကနေ ထိန်းချုပ်ခိုင်းစေနိုင်မှု အစရှိတဲ့ လူမှုအဖွဲ့အစည်း အတွက် အကျိုးကျေးဇူး အများအပြားရရှိစေမယ့်ကဏ္ဍများစွာမှာ အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ နည်းပညာဆိုင်ရာ အရာရှိချုပ် ဖြစ်သူ Jai Prakash က ပြောကြားသည်။

အဆိုပါ အဆင့်မြင့် NB-IoT ကွန်ရက်နည်းပညာအား စတင်အသုံးပြုနိုင်သည်နှင့် တစ်ပြိုင်နက် IoT နည်းပညာ စက်ပစ္စည်းများကို အသုံးပြုမှုသည်လည်း ပိုမိုမြင့်တက်လာမည်ဖြစ်သည်။ ထိုသို့ မြင့်တက်လာသည်နှင့်အမျှ အနာဂတ် တွင် နိုင်ငံတွင်း၌ IoT ဂေဟစနစ်တစ်ခုကို ဖြစ်ပေါ်လာစေမည် ဖြစ်သည့်အတွက် အကောင်းမွန်ဆုံး ကွန်ရက်လွှမ်းခြုံ နိုင်စွမ်း၊ ကြာရှည်ခံသည့် ဘက်ထရီသက်တမ်းနှင့် စျေးနှုန်းချိုသာပြီး ကောင်းမွန်သည့် ဝန်ဆောင်မှုများ အစရှိသည့် အကျိုးကျေးဇူးများကို စီးပွားရေးလုပ်ငန်းများ အသုံးချနိုင်လာမည်ဖြစ်သည်။ NB – IoT ကွန်ရက်သည် လုပ်ငန်း ဆောင်တာ အထွေထွေအတွက် နောက်ဆုံးပေါ်ခေတ်မီတိုးတက်သည့် နည်းပညာများကို စနစ်တကျ အသုံးချထား သည့် မီတာတိုင်းတာမှုစနစ်၊ ကားရပ်နားနေရာရှာဖွေစနစ်၊ အမှိုက်ပုံးစနစ်၊ မြို့ပြတည်ဆောက်မှုများအတွက် ပတ်ဝန်းကျင်အာရုံခံစနစ်များ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အက်ပလီ ကေးရှင်းများမှ အစပြု၍ ပိုမိုအဆင့်မြင့်မားသော ဝန်ဆောင်မှုများအား ပေါ်ပေါက်လာစေနိုင်မည် ဖြစ်သည်။

“NB-IoT က ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ စမတ်ကုန်ထုတ်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင်တိုးတက်ရေး၊ အိမ်ရာဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံတွေမှာ အသုံးပြုတဲ့ အထွေထွေအသုံးအဆောင်တွေ ပိုမိုကောင်းမွန်ရေး၊ လမ်းအန္တရာယ်ကင်းရှင်းရေးနဲ့ အခြားမတူညီတဲ့ အသိုင်းအဝန်းနဲ့ နယ်ပယ်တွေမှာပိုမိုကောင်းမွန် အောင် လုပ်ဆောင်ဖို့အခွင့်အလမ်းကောင်းတွေကိုပေးပါတယ်။ အခုလိုစမ်းသပ်လုပ်ဆောင်မှုက ကျွန်တော်တို့ တယ်လီနောနဲ့ ရေရှည်မှာ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ ကတိပြုချက်တွေကို သက်သေပြတဲ့ မှတ်ကျောက်တစ်ခုပဲ ဖြစ်ပါတယ်” ဟု Ericsson Myanmar ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Eric Timmer က ပြောသည်။

နိုဝင်ဘာလထုတ် Ericsson Mobility အစီရင်ခံစာတွင် ဖော်ပြထားချက်များအရ ဆယ်လူလာ IoT ချိတ်ဆက် အသုံးပြုမှု အရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၄ ဒသမ ၁ ဘီလျံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး နှစ်စဉ် တိုးတက်မှုနှုန်း ၂၇ % အထိ ရှိလာမည် ဖြစ်သည်။ လတ်တလောတွင်လည်း Cat-M1 နှင့် NB-IoT နည်းပညာ ၂ မျိုး လုံးကို ထောက်ပံ့ပေးနိုင်မည့် IoT ကွန်ရက်အား ဖန်တီးနိုင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများက ကြိုးပမ်းလာ ကြသည်။ အဆိုပါကွန်ရက်အား ဖန်တီးနိုင်ပါက လုပ်ငန်းကဏ္ဍအသီးသီးရှိ မတူညီသော၊ စဉ်ဆက်မပြတ်ပြောင်းလဲ နေသော များပြားလှသည့် လိုအပ်ချက်များစွာကို အဆိုပါကွန်ရက်တစ်ခုတည်းဖြင့် ထိန်းချုပ်ဖြည့်ဆည်းသွားနိုင်မည် ဖြစ်သည်။

အင်တာနက် အခြေပြုအသုံးအဆောင်ပစ္စည်းကွန်ရက် (IoT) သည် desktop ကွန်ပြူတာများ၊ လက်ပ်တော့များ၊ စမတ်ဖုန်းများနှင့် တက်ဘလက်များအစရှိသည့် သာမန်စက်ပစ္စည်းများ၏ အင်တာနက် ချိတ်ဆက်နိုင်စွမ်းအား ပိုမိုမြင့်မားစေမည်ဖြစ်ပြီး အင်တာနက်အသုံးပြုနိုင်စွမ်းမရှိသည့် စက်ပစ္စည်းများနှင့် နေ့စဉ်သုံးအရာဝတ္တုများနှင့်ပါ ချိတ်ဆက်ဆက်သွယ်နိုင်စေမည် ဖြစ်သည်။ သင့်တော်သော နည်းပညာအား ထည့်သွင်းအသုံးပြုမည်ဆိုပါက အဆိုပါ အရာဝတ္တုများအား အဝေးမှ ထိန်းချုပ်စေခိုင်းသွားနိုင်မည် ဖြစ်သည်။ ဥပမာ - IoT နည်းပညာ အသုံးပြုထားသည့် လမ်းမီးတိုင်များသည် ၎င်း၏ပတ်ဝန်းကျင်အား သိရှိနိုင်စွမ်းရှိမည်ဖြစ်ပြီး လိုအပ်သည့်အချိန်တွင် မီးဖွင့်ခြင်း၊ ပိတ်ခြင်း နှင့် မီးအလင်းအားလျှော့ချခြင်း အစရှိသည်တို့ကို အလိုအလျောက် ပြုလုပ်သွားနိုင်မည် ဖြစ်သည်။

တယ်လီနော နှင့် Ericsson တို့၏ ဤနောက်ဆုံးစမ်းသပ်မှုသည် မြန်မာနိုင်ငံတွင် 5G နည်းပညာအသုံးပြုနိုင်မည့် အခွင့်အလမ်းများအား ပိုမိုမြင့်တက်လာစေနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလတွင်လည်း တယ်လီနော နှင့် Ericsson တို့ ပူးပေါင်းပြီးမြန်မာနိုင်ငံတွင် အမြင့်ဆုံး မြန်နှုန်းစံချိန်သစ်တစ်ခုဖြစ်သည့် ၁ Gbps အထိရရှိခဲ့ပြီး 5G နည်းပညာအား အောင်မြင်စွာအသုံးပြုနိုင်ရန် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။

တယ်လီနောမြန်မာသည် စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် သုံးစွဲသူပေါင်း ၁၇၂ သန်းကျော်ရှိပြီး ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာများအနက်တစ်ခုဖြစ်သည့် တယ်လီနောလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နော်ဝေနိုင်ငံတွင် စတင်အသုံးပြုသွားရန် ရည်ရွယ်ထားသည့် (5G) နည်းပညာအတွက် စကင်ဒီနေးဗီးယန်း ဒေသ၏ ပထမဦးဆုံးသော ရှေ့ပြေးစမ်းသပ်ချက်တစ်ရပ်အား ယခုလအစောပိုင်းတွင် တယ်လီနော လုပ်ငန်းစုက စတင်လုပ်ဆောင်ခဲ့သည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share