Press Release

တယ်လီနောမြန်မာနှင့် စီဘီလိုက်ဖ်တို့ မဟာဗျူဟာကျ မိတ်ဖက်ပူးပေါင်းပြီး ပထမဆုံး အသေးစား ကိုယ်ခန္ဓာထိခိုက်မှု အာမခံကို ဒီဂျစ်တယ် အသွင်ဖြင့် စတင်

23 March, 2020 - Yangon

  • တယ်လီနောမြန်မာနှင့် စီဘီလိုက်ဖ်တို့သည် ဒီဂျစ်တယ်အတားအဆီးများကို ကျော်လွှားပြီး မြန်မာနိုင်ငံ၏ ငွေကြေးကဏ္ဍ၌ လူတိုင်းပါဝင်နိုင်အောင် ဖော်ဆောင်

တယ်လီနောမြန်မာနှင့် စီဘီလိုက်ဖ် တို့ သည် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ဆန်းသစ်မှုအနေဖြင့်စိတ်ချလိုက်ဖ် (SateChaLife)” ဟုအမည်ပေးထားသည့် အသေးစား ကိုယ်ခန္ဓာထိခိုက်မှု အသက်အာမခံ အမျိုးအစားအသစ်ကို တရားဝင်မိတ်ဆက်လိုက်ပါသည်။ ဤအသက်အာမခံ အစီအစဥ်ကို မတ်လ (၂၀) ရက်နေ့မှ စတင်၍ တယ်လီနောသုံးစွဲသူများအနေဖြင့်  MyTelenor App နှင့် တယ်လီနောမြန်မာဝက်ဘ်ဆိုဒ် များတွင် စတင်ဝယ်ယူ ရရှိနိုင်ပြီဖြစ်ပါသည်။

ယခုအစီအစဉ်နှင့် ပတ်သက်ပြီး စီဘီ အသက်အာမခံကုမ္ပဏီလီမိတက်၏ မန်နေးဂျင်းဒါရိုက်တာ   ဦးသောင်းဟန်က မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်မားလာခြင်းဟာ အာမခံပိုင်းဆိုင်ရာဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန်ပြန့် အသုံးချနိုင် စေဖို့အတွက် တွန်းအားပေးမှု ဖြစ်စေမှာ ဖြစ်ပါတယ်။ တယ်လီနောရဲ့ အောင်မြင်မှုနဲ့အတူ ဒီအသက်အာမခံ အမျိုးအစားအသစ်ကို မြန်မာပြည်သူ ပြည်သားတွေအနေဖြင့် မိမိကိုယ်တိုင်သော်လည်းကောင်း ၊ ဒါမှမဟုတ် မိမိချစ်ခင်ရသော မိသားစုများအတွက် လည်းကောင်း၊ လွယ်ကူရိုးရှင်းပြီး သက်သာသော နှုန်းထားများဖြင့် ဝယ်ယူနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ လာမယ့်နှစ်တွေမှာလည်း ပိုမိုအောင်မြင်မှုများနှင့် လူမှုပတ်ဝန်းကျင်ကို ပိုမိုအကျိုးပြုနိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါ။ အခုလို တယ်လီနောမြန်မာ နဲ့အတူ အသေးစား ကိုယ်ခန္ဓာထိခိုက်မှု အသက်အာမခံ အမျိုးအစားအသစ်ကို မိတ်ဆက်ရခြင်း အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်ဟုပြောကြားသည်။

မြန်မာ့အသက်အာမခံစျေးကွက်တွင် ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သော ကနဦးကုမ္ပဏီတစ်ခုအနေဖြင့် လူတိုင်းတတ်နိုင်ပြီး အချိန်မရွေး အလွယ်တကူဝယ်ယူနိုင်ရန် စီစဉ်ပြုလုပ်ထားသော “pay-as-go” နည်းလမ်းကြောင့်  “စိတ်ချလိုက်ဖ်(SateChaLife) အသက်အာမခံ အမျိုးအစားအသစ်သည် စီဘီအသက်အာမခံ၏ အသုံးပြုသူများသာမက တယ်လီနောမြန်မာ အသုံးပြုသူများအတွက်ပါ သိသာထင်ရှားသော အပြောင်းအလဲ တစ်ခုကို အပြည့်အဝ ဖော်ဆောင်နိုင်လိမ့်မည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။  

စိတ်ချလိုက်ဖ် အစီအစဉ်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဒီဂျစ်တယ်နည်းပညာဖြင့် ဝယ်ယူနိုင်မည့် အသက်အာမခံ အမျိုးအစားဖြစ်ပြီး တယ်လီနောအသုံးပြုသူများအနေဖြင့် စီဘီအသက်အာမခံ၏ အဖိုးနှုန်း ချိုသာသော ဤအသက်အာမခံကို လုံခြုံစိတ်ချ လွယ်ကူစွာဖြင့် MyTelenor App နှင့် တယ်လီနောမြန်မာ ဝက်ဘ်ဆိုဒ်မှတဆင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ ယခင်က စျေးနှုန်းချိုသာသော အသက်အာမခံ အကာအကွယ်ကို လွယ်လင့်တကူ ဝယ်ယူရရှိရန်မလွယ်ကူခဲ့ပါ။ ဤ ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှုများသာလျှင် အာမခံဝယ်ယူသူများ၏ လိုအပ်ချက်နှင့် လိုလားချက်များကို လိုက်လျောညီထွေအောင် စီမံဆောင်ရွက်ပေး နိုင်မည်ဖြစ်သည်။

“တယ်လီနောမြန်မာနှင့် စီဘီလိုက်ဖ် (CB Life) တို့ဟာ သုံးစွဲသူတွေအတွက် အရေးပါမယ့်ဝန်ဆောင်မှုတွေ ပေးအပ်ရင်း လူ့အဖွဲ့အစည်းကို ဝန်ဆောင်မှုတွေကတဆင့် မြှင့်တင်ပေးရေးဆိုတဲ့ ရည်ရွယ်ချက်ကို အတူတကွ ဖော်ဆောင်လျက်ရှိပါတယ်။ ချိတ်ဆက်နိုင်စွမ်းဟာ အားလုံးပါဝင်နိုင်မယ့် ဒီဂျစ်တယ်စနစ်ကိုသာမက လုံခြုံစိတ်ချ ရမှု၊ ကြိုတင်ခန့်မှန်းနိုင်မှုနဲ့ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လုပ်ဆောင်နိုင်မယ့် ငွေကြေးဝန်ဆောင်မှုတွေကိုပါ ဆောင်ကြဉ်းလာပါတယ်။ ဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သက်သာပြီး အလွယ်တကူရယူနိုင်တဲ့၊ လူ့အဖွဲ့ အစည်းထဲမှာ အားလုံးလက်လှမ်းမီ လုပ်ဆောင်နိုင်မယ့် အသေးစား ဒီဂျစ်တယ် အာမခံဝန်ဆောင်မှုကို ဖြစ်ပေါ် လာစေပါတယ်။ ဒီဝန်ဆောင်မှုကနေတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အိမ်ထောင်စုတွေအတွက် ကောင်းမွန် တဲ့ အကျိုးသက်ရောက်မှုတွေ ဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။  အသေးစားအာမခံဟာဆိုရင် လူသန်းပေါင်းများစွာအတွက် မမျှော်လင့်ဘဲ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီ ဖြေရှင်းပေးမယ့် အထောက်အပံ့ကောင်းတစ်ခု ဖြစ်မှာပါ။ ဒါကြောင့် ဒီအချက်ဟာ အသုံးပြုသူတိုင်းအတွက် တကယ့်ကို အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ ယာယီအမှုဆောင် အရာရှိချုပ် Hans Martin Hoegh Henrichsen က ပြောကြားသည်။

အသေးစားကိုယ်ခန္ဓာထိခိုက်မှု အသက်အာမခံသည် ဝင်ငွေနည်းပါးသောသူများနှင့် ဝင်ငွေအလယ်အလတ်ရှိ မိသားစုဝင်များ အချိန်မရွေး အလွယ်တကူဝယ်ယူနိုင်ရန် “pay-as-go” နည်းလမ်းဖြင့် စီမံပြုလုပ်ထားပါသည်။ စျေးနှုန်းသက်သာမှုနှင့် အဆင်ပြေသော အသက်အာမခံကာလအပိုင်းအခြားတို့ကြောင့် ဤကဲ့သို့သော အသက်အာမခံဝန်ဆောင်မှုများသည် အခြားသော ဖွံ့ဖြိုးဆဲတိုင်းပြည်များ၌ အောင်မြင်မှုများ ရရှိလျက်ရှိ နေပါသည်။ စီဘီလိုက်ဖ်-တယ်လီနောအသက်အာမခံကို မတူညီသော ကာလအပိုင်းအခြားများ အနေဖြင့် (၃၀) ရက် (သို့) () လ (သို့) () နှစ်ဖြင့် ရွေးချယ်ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်ထို့အပြင် ၀ယ်ယူသူများအနေဖြင့် မတူညီသော အာမခံထားငွေပမာဏကို () သိန်းကျပ် (သို့) () သိန်းကျပ် (သို့) (၁၀) သိန်းကျပ်ဖြင့် ရရှိနိုင်မည် ဖြစ်ပါသည်။ ပေးသွင်းရမည့် ပရီမီယံနှုန်းထားများမှာ (၁၉၉) ကျပ် မှစတင်၍ (,၉၉၉) ကျပ် အထိဖြစ်ပါသည်။ ဤအာမခံသည် မတော်တဆမှုကြောင့်ဖြစ်သောသေဆုံးမှု၊ ထာ၀စဉ်မစွမ်းမသန်ဖြစ်မှု၊ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးမှုနှင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိမှုများအတွက် အကာအကွယ်များ ရရှိနိုင်မည် ဖြစ်ပါသည်။ “Pay-as-you-go” ပုံစံဖြင့် ဝယ်ယူနိုင်ခြင်းကြောင့် တမူထူးခြားမှု၊ အချိန်မရွေး လွယ်လင့်တကူရရှိနိုင်မှု၊ အဖိုးနှုန်းချိုသာမှု များကြောင့် စိတ်ချလိုက်ဖ်သည် စီဘီအသက်အာမခံနှင့် တယ်လီနောမြန်မာ Customer များ အတွက် သိသာထင်ရှားသော ပြောင်းလဲမှု တစ်ခုလည်း ဖြစ်ပါသည်။

တယ်လီနောသည် အဓိကအားဖြင့် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၁၀) ဖြစ်သော မတူညီမှုများ လျှော့ချရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိသည်။ ဈေးကွက်ထဲ စတင်ဝင်ရောက်လာသည့် နေ့မှစ၍ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအနှံ့မှ သုံးစွဲသူများထံ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အရည်အသွေး ကောင်းမွန်သော ကွန်ရက်ကို ဦးစားပေး တည်ဆောက်လျက်ရှိသည်။ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အရွေ့ အတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ‌‌ကျော် ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်းဂေဟစနစ်ကို ရေရှည်တည်တံ့ ခိုင်မြဲစေနိုင်သော နည်းလမ်းများဖြင့် တည်ဆောက်ထားသည်။ တယ်လီနောသုံးစွဲသူ ၂၂ သန်းကျော်ရှိပြီ ဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ၏ ၉၂ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားကာ တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးတွင် ကွန်ရက်ကို ချိတ်ဆက် အသုံးပြုနိုင်ပြီဖြစ်သည်။

စီဘီလိုက်ဖ် (CB Life) အကြောင်း

၂၀၁၂ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော စီဘီအသက်အာမခံကုမ္ပဏီအနေဖြင့် အသက်အာမခံနှင့် ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ၏ မြို့နေပြည်သူလူထုအတွက် အတွက်လည်းကောင်း၊ အသေးစား ကိုယ်ခန္ဓာ ထိခိုက်မှုအသက်အာမခံများကို သမဝါယမအဖွဲ့အစည်းများမှတစ်ဆင့် ကျေးလက်နေပြည်သူများ အတွက် လည်းကောင်း ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ရက်၌ စီဘီအသက် အာမခံကုမ္ပဏီကို ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အင်အားအကြီးဆုံးဖြစ်သော အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Thai Life Insurance နှင့် မိတ်ဖက်ပြုလုပ်ကာ CB Life Insurance Co., Ltd. အဖြစ် တရားဝင် ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် စီဘီအသက်အာမခံသည် ၂၀၁၆ခုနှစ်၊ ဩဂုတ်လမှ စတင်၍ United Nation Global Compact (UNGC) ၏ ပူးပေါင်းဆောင်ရွက်သူ (Active Member) အဖြစ် ပါဝင်ခဲ့ပါသည်။ တီထွင်ဆန်းသစ်သော အာမခံဝန်ဆောင်မှုများနှင့် နည်းဗျူဟာကျ ဖြန့်ချိမှုများမှ တစ်ဆင့် စီဘီအသက်အာမခံသည် UNGC ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအား အထောက်အပံ့ ပြုလျက်ရှိပြီး လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သမဝါယမအဖွဲ့အစည်းများမှတဆင့် အသေးစားကိုယ်ခန္ဓာထိခိုက်မှု အသက်အာမခံများကို ကျေးလက်နေပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးခြင်းအားဖြင့် ဆင်းရဲမွဲတေမှုကို လျှော့ချ ပေးခြင်း၊
အသက်အရွယ်မရွေး ပိုမိုကျန်းမာပျော်ရွှင်သော ဘ၀များရရှိအောင် မြှင့်တင်ပေးခြင်း
လူတန်းစားမညီမျှမှုများအား လျှော့ချပေးခြင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အား  တောင့်တင်းခိုင်မာစေခြင်းတို့ ဖြစ်ပါသည်။

ထို့အပြင် စီဘီအသက်အာမခံသည် မြန်မာနိုင်ငံငွေကြေးစျေးကွက်၏ တောင့်တင်းအခိုင်မာဆုံး ဖြစ်သော ဂုဏ်သတင်းရှိသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် CB Bank ၏ လုပ်ငန်းစုတစ်ခုဖြစ်သည့် အတွက် စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သော (၇)နှစ် ကာလမှ စတင်ကာ ယနေ့ထိ Customer များ၏ အထူးယုံကြည် အားကိုးမှုကို ရရှိလျက်ရှိပါသည်။

တယ်လီနောမြန်မာ အကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု များအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှ တဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

ဝင်းမင်းကျော်
အကြီးတန်းမန်နေဂျာ ၊ Product Strategy Department
winminkyaw@cblife.com.mm
စီဘီအသက်အာမခံ ကုမ္ပဏီလီမိတက်

Yangon
My Account
Live Chat
Share Share