Press Release

တယ်လီနောမြန်မာက အလုပ်သင်၀န်ထမ်းများကို တစ်နှစ် နှစ်ကြိမ် လက်ခံမည်

19 April, 2017 - Yangon

  • အစိုးရနှင့်ပုဂ္ဂလိကတက္ကသိုလ်/ကောလိပ်များမှ ကျောင်းပြီးစနှင့် တက်ရောက်ဆဲကျောင်းသားကျောင်းသူများလျှောက်ထားနိုင်​

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)သည် အလုပ်သင် ၀န်ထမ်းများ လက်ခံလေ့ကျင့်ပေးမှုကိုယခုနှစ်မှစတင်ကာတစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ ယခုနှစ်အတွက် ပထအကြိမ်အဖြစ် အလုပ်သင်၀န်ထမ်းများသည် မေလဆန်းမှစတင်ကာ လုပ်ငန်းခွင်၀င်ရောက်ကြမည် ဖြစ်ပါသည်။

အစိုးရနှင့်ပုဂ္ဂလိကတက္ကသိုလ်/ကောလိပ်များမှ ကျောင်းပြီးစနှင့် တက်ရောက်ဆဲကျောင်းသားကျောင်းသူ ၁၃ ယောက် သည် မေလတွင် စတင်မည့် အလုပ်သင်အစီအစဉ်တွင် ပါ၀င်ခွင့်ရခဲ့ပြီး ၎င်းတို့သည် တယ်လီနော၏ နည်းပညာ၊ ဈေးကွက်ဖော်ဆောင်ရေးနှင့် လူမှုအကျိုးပြုအစီအစဉ် လုပ်ငန်းကဏ္ဍများတွင် လေ့လာသင်ယူကြမည် ဖြစ်ပါသည်။

အလုပ်သင်ဝန်ထမ်များသည်၎င်းတို့၏သက်ဆိုင်ရာအလုပ်ခွင်များသို့မဝင်ရောက်မီအလုပ်ခွင်တွင်းသိသင့်သည်များကိုရှင်းလင်းပြောကြားပေးသည့်၃ရက်ကြာအလုပ်ခွင်မိတ်ဆက်အစီအစဉ်ကိုစတင် တက်ရောက်ကြရမည် ဖြစ်ပါသည်။ အဆိုပါအစီအစဉ်တွင်တယ်လီနောလုပ်ငန်းစုနှင့်တယ်လီနော၏အလုပ်လုပ်ကိုင်သည့်နည်းစနစ်များကိုမိတ်ဆက်ပြောကြားခြင်း၊လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းမျဉ်းအကြောင်းနှင့်လုပ်ငန်းခွင်အတွင်းအချက်အလက်လုံခြုံမှုရေးရာများကိုရှင်းလင်းပြောကြားခြင်း၊အလုပ်သင်ဝန်ထမ်းများအနေနှင့်အလုပ်သင်အစီအစဉ်ကာလအတွင်းတွင်သင်ယူလေ့လာနိုင်မည့်အခွင့်အရေးများနှင့်လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုပါရရှိအောင်ဆောင်ရွက်သင့်သည်များကိုလမ်းညွှန်ပေး ခြင်းတို့ကို ပြုလုပ်ပေးမည် ဖြစ်ပါသည်။

“တယ်လီနောရဲ့ အလုပ်သင်အစီအစဉ်ဟာကျောင်းသူကျောင်းသားတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပိုမိုလွယ်ကူစွာရရှိနိုင်စေဖို့၊ အလုပ်အကိုင်တက်လမ်းပိုမိုကောင်းမွန်စေဖို့အပြင် တယ်လီနောအတွက်လည်းလိုအပ်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ကျွမ်းကျင်သူတွေကိုဖော်ဆောင်ရာမှာအထောက်အကူပြုနိုင်ရေးအတွက်ပါ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အလုပ်သင်ဝန်ထမ်းတွေအနေနဲ့သက်ဆိုင်ရာလုပ်ငန်းအဖွဲ့တွေရဲ့လုပ်ငန်းဆောင်တာတွေကိုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်သူတို့ရဲ့ရှိနှင့်ပြီးသားအသိပညာတွေကိုတိုးတက်လာစေပြီးသက်ဆိုင်ရာလုပ်ငန်းခွင်အတွက်အဆင်သင့် ဖြစ်နေစေမယ်လို့လည်းတယ်လီနောအနေနဲ့ ယုံကြည်ထားပါတယ်“”ဟုတယ်လီနော၏ Chief People Officer ဖြစ်သူဒေါ် Goldie ရွှေရည်ဝင်းလဲ့ကပြောကြားသည်။

တယ်လီနောသည် မေလမှဇူလိုင်လအထိနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိအနည်းဆုံး ၃ လကြာမြင့်မည့် အလုပ်သင်အစီအစဉ်များအတွက် အလုပ်သင်များကိုလက်ခံသွားမည် ဖြစ်ပါသည်။ သတင်းအချက်အလက်နှင့် နည်းပညာ၊ ကွန်ပျုတာသိပ္ပံ၊ ကွန်ပျုတာနည်းပညာ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊ လူထုဆက်ဆံရေးရာနှင့် ဆက်သွယ်ပြန်ကြားရေးရာစသည့် ဘာသာရပ်များကိုအဓိကပြုထားသည့် ကျောင်းပြီးစနှင့် တက်ရောက်ဆဲကျောင်းသားကျောင်းသူများသည် တယ်လီနော၏ အလုပ်သင် အစီအစဉ်တွင် ပါ၀င်ရန် လျှောက်ထားနိုင်ပါသည်။ တယ်လီနော၏ လုပ်ငန်းကဏ္ဍများနှင့် ဆက်စပ်မှု ရှိသောအခြားဘာသာရပ်များကိုအဓိကပြုသူများလည်းလျှောက်ထားနိုင်ပါသည်။

မေလအတွက် အလုပ်သင်များရွေးချယ်မှုကိုမတ်လနှင့်ဧပြီလများအတွင်း၊ အောက်တိုဘာလအတွက် ရွေးချယ်မှုကို သြဂုတ်လနှင့် စက်တင်ဘာလများအတွင်းဆောင်ရွက်မည် ဖြစ်ပါသည်။ စိတ်ပါ၀င်စားပြီး အရည်အချင်းကိုက်ညီမှု ရှိသည့် ကျောင်းသူကျောင်းသားများသည် လျှောက်လွှာများကိုတယ်လီနော၏ ၀က်ဘ်ဆိုက်တွင်ဒေါင်းလုတ်ရယူကာပြည့်စုံစွာ ဖြည့်စွက်ထားသည့် လျှောက်လွှာများကိုinternship@telenor.com.mmသို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။ မေလအတွက် အလုပ်သင်များရွေးချယ်မှုကိုမတ်လနှင့်ဧပြီလများအတွင်း၊ အောက်တိုဘာလအတွက် ရွေးချယ်မှုကို သြဂုတ်လနှင့် စက်တင်ဘာလများအတွင်းဆောင်ရွက်မည် ဖြစ်ပါသည်။ စိတ်ပါ၀င်စားပြီး အရည်အချင်းကိုက်ညီမှု ရှိသည့် ကျောင်းသူကျောင်းသားများသည် လျှောက်လွှာများကိုတယ်လီနော၏ ၀က်ဘ်ဆိုက်တွင်ဒေါင်းလုတ်ရယူကာပြည့်စုံစွာ ဖြည့်စွက်ထားသည့် လျှောက်လွှာများကိုinternship@telenor.com.mmသို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။

တယ်လီနော၏ အလုပ်သင်အစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ကာတက္ကသိုလ်/ကောလိပ် ၆ ခုမှ အလုပ်သင် ၂၆ ဦးကိုရွေးချယ်ပြီးလက်ခံလေ့ကျင့်ပေးခဲ့ပါသည်။ ၎င်းတို့သည့် တယ်လီနော၏လူ့စွမ်းအားအရင်းအမြစ်၊ဘဏ္ဍာရေး၊စီးပွားရေးလည်ပတ်မှု၊နည်းပညာ၊လေ့လာသင်ယူခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ဈေးကွက်ရှာဖွေရေး၊ပြန်ကြားဆက်သွယ်ရေးစသည့် လုပ်ငန်းကဏ္ဍများတွင်ပူးပေါင်း ပါ၀င် လေ့လာအလုပ်ခွင် ၀င်ခဲ့ကြပါသည်။

ပွင့်လင်းမြင်သာပြီးအောင်မြင်မှုကိုဦးတည်သောအလုပ်ခွင်အလေ့အထ


တယ်လီနောသည်လက်ရှိတွင်ဝန်ထမ်းပေါင်း၇၀၀ခန့် တိုက်ရိုက်ခန့်အပ်ထားပြီး၎င်း၏ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို ထောက်ပံ့သည့် လုပ်ငန်းစဉ်တွင်လည်း ပြည်တွင်းနှင့်နိုင်ငံတကာမှမိတ်ဘက်ပေါင်း၂၂၀ကျော်နှင့်လက်တွဲဆောင်ရွက် လျက်ရှိသည်။တယ်လီနောသည်လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှသုံးစွဲသူပေါင်း၁၉သန်းခန့်အား၎င်း၏အရောင်းဆို်င်ထောင်ပေါင်းများစွာပါဝင်သည့်ကိုယ်ပိုင်ကွန်ရက်မှတစ်ဆင့်ဝန်ဆောင်မှုများပေးနေပြီး ပြည်တွင်းမှရာနှင့်ချီသောလူငယ်များအပါအဝင်လူအဖွဲ့အစည်းအတွက်အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကိုလည်းဖန်တီးပေးနေပါသည်။တယ်လီနောသည် ၎င်း၏ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုများကို ထောက်ပံ့သည့် လုပ်ငန်းစဉ်မှတစ်ဆင့် သွယ်၀ိုက်အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၁၀၀၀၀ ခန့် ကို ၂၀၁၅ ခုနှစ်အတွင်းဖော်ဆောင်နိုင် ခဲ့ကြောင်းမကြာသေးမီကထုတ်ပြန်ခဲ့သောစစ်တမ်းတစ်ခုကဖော်ထုတ်ထားပါသည်။

တယ်လီနောသည်ဝန်ထမ်းများအတွက် လုပ်ငန်းခွင်နှင့် လူမှုဘဝဟန်ချက်ညီမျှနေစေရန် အစဉ်အမြဲအလေးထားစဉ်းစားပေးသောအဖွဲ့အစည်းတစ်ခုပါသည်။ တယ်လီနောအနေဖြင့် အလုပ်နှင့် လိုက်လျောညီထွေစွာသတ်မှတ်နိုင်သောအလုပ်ချိန်နှင့် ပိုမိုတိုတောင်းသောရုံးတွင်းလုပ်ငန်းချိန်များကိုသတ်မှတ်ပေးထားပါသည်။ တယ်လီနောသည် ၂၀၁၅ စက်တင်ဘာလကစကာ မြန်မာနို်င်ငံ၌ မီးဖွားခွင့် ၆ လ (လစာပေး) ခံစားခွင့်ပြုသည့် ပထမဆုံးသော နိုင်ငံတကာကုမ္ပဏီဖြစ်လာပါသည်။ တယ်လီနောအနေဖြင့် ဝန်ထမ်းအဆင့်ဖွဲ့စည်းတည်ဆောက်ပုံကိုအထက်အောက် အုပ်ချုပ်မှုအဆင့်နည်းပါးစွာတည် ဆောက်ထားပြီးဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်ကိုပိုမိုခွင့်ပြုပေးထားသည်။ တယ်လီနောမြန်မာကိုဒေသခံအရည်အသွေးရှိ ၀န်ထမ်းများဖြင့် စစ်မှန်သောပြည်တွင်းကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထွန်းတောက်လာမည့် အရည်အသွေးရှိ မြန်မာ၀န်ထမ်းများကို အတွေ့အကြုံရှိလုပ်ဖော်ကိုင်ဖက်များကကူညီလမ်းညွှန် ပေးကြပါသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor