Press Release

တယ်လီနောနှင့် MyME တို့ ပူးပေါင်း၍ ကျောင်းပြင်ပ ပညာသင်ကြားရေး အစီအစဉ် များ ပေးအပ်မှု သုံးနှစ် ပြည့်မြောက်

12 February, 2017 - Yangon

  • သုံးနှစ်အတွင်း ကလေးငယ် ၃၀၀၀ ကျော်ကို သင်ကြားပေးခဲ့

တယ်လီနောမြန်မာနှင့် မြန်မာရွေ့လျား ပညာ သင်ကြားရေး စီမံကိန်း (MyME) တို့ ပူးပေါင်း လက်တွဲဆောင်ရွက်သော ကျောင်းပြင်ပ ပညာသင်ကြားရေး အစီအစဉ်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် သုံးနှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အတန်းပညာ ဆက်လက်မသင်ကြားနိုင်သော ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို ယင်း အစီအစဉ် မှ တစ်ဆင့် ပညာသင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

“မြန်မာနိုင်ငံက အတန်းပညာ ဆက်လက်သင်ကြားဖို့ လိုအပ်နေတဲ့ ကလေးငယ်တွေအတွက် အခုလိုကာလအထိ MyME နဲ့ ဆက်လက် ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်တဲ့အတွက် အထူး ၀မ်းမြောက်မိပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်ထား မှုကနေ ကလေးတွေရဲ့ လူနေမှုဘ၀မြင့်မားရေးအတွက် အထောက်အကူပြုမယ့် သူတို့ရဲ့ အရည်အသွေးနဲ့ လုပ်ရည် ကိုင်ရည်တွေ ဖွံ့ဖြိုးစေမှုသာမက နိုင်ငံတွင်းက အသက်မပြည့်သေးတဲ့ကလေးလုပ်သားတွေ လျော့ပါးစေရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုတယ်လို့ တယ်လီနောအနေနဲ့ လေးလေးနက်နက် ယုံကြည်ပါတယ်။ MyME က နေ ပံ့ပိုးဆောင်ရွက် ပေးနေတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားမှုတွေကြောင့်လည်း ကလေးငယ် တွေ အနေနဲ့ အနာဂတ် မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိ ပိုင်ဆိုင်နိုင်စေဖို့ အခွင့်အလမ်းကောင်း တွေရရှိစေမှာ ဖြစ်ပါတယ်”ဟု တယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာကဏ္ဍ တာ၀န်ခံ ဦးမင်းသူက ပြော ကြားသည်။

တယ်လီနော၏ ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုပေးသွင်းသူဆိုင်ရာ ကျင့်၀တ်နှင့် စည်းမျဉ်းများနှင့် ကြိုတင် အကြောင်းကြား ထား မှုမရှိပဲ ရှောင်တခင် စစ်ဆေးမှုများ၏ ရလဒ် အဖြစ် တယ်လီနော၏ မြန်မာနိုင်ငံတွင်းရှိ တိုက်ရိုက်ဆက်စပ်သော ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုများကို ထောက်ပံ့မှု လုပ်ငန်းစဉ် တစ်လျောက်တွင် အသက်ငယ်ရွယ်သေးသော ကလေး လုပ်သား ခိုင်းစေမှုများကို ယခုနှစ်တွင် မတွေ့ရှိရတော့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ ထို့ပြင် တယ်လီနော အမှတ်တံဆိပ် လက်ဘက်ရည်ဆိုင်များတွင် လုပ်ကိုင်လျက်ရှိသော အသက် ၁၄ မှ ၁၆ နှစ်အတွင်း လုပ်သား အရေအတွက်မှာလည်း ယခု MyME နှင့် ပူးပေါင်းဆောင်ရွက်သည့် ကျောင်းပြင်ပ ပညာသင်ကြားရေး အစီအစဉ်စတင်ချိန် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလက တယ်လီနော အမှတ်တံဆိပ် လက်ဘက်ရည်ဆိုင် ၆၀ တွင် ၂၀၀ ဦးခန့် ရှိခဲ့ရာမှ ယခုနှစ် စက်တင်ဘာလအထိတွင် ဆိုင် ၆ ဆိုင်တွင်သာ ၃၀ ဦးအောက် အထိ လျော့ကျလုပ်ကိုင်မှုရှိခဲ့ပြီး ယင်းမှာ ယခုအစီအစဉ်၏ အပြုသဘောဆောင်သော အကျိုးပြုမှု တစ်ခုပင် ဖြစ်ပါသည်။

တယ်လီနောအနေနှင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနော အမှတ်တံဆိပ် တပ်ဆင်ထားသည့် လက်ဖက်ရည်ဆိုင် များတွင် ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်များ ပေးအပ်မည့် MyME၏ စီမံကိန်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာ လ ကတည်း က စတင်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။ တယ်လီနောနှင့် MyME သည် ယခုနှစ်ဆန်းကလည်း ယခုအစီအစဉ်ကို တစ်နှစ် ထပ်မံတိုးချဲ့ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ပူးပေါင်း ဆောင်ရွက်မှု ၃ နှစ်အတွင်း ယခုအစီအစဉ်ဖြင့် သင်ကြားပေးနိုင်ခဲ့သော ကလေးငယ် ၃၀၀၀ ဦးကျော်၏ ၇၀% ကျော်သည် ဖွင့်လှစ်သင်ကြားပေးသော အဆင့်သုံးဆင့်ရှိ သင်တန်းများအနက် တစ်ခုခုကို အနည်းဆုံး ပြီးမြောက် အောင်မြင် ခဲ့ကြ ပါသည်။

 

MyME ၏ ရွေ့လျားစာသင်ခန်းသည် လက်ရှိအစီအစဉ်တွင် တက်ရောက်သင်ကြားသည့် ကလေးငယ်များအတွက် ဆရာ ဆရာမများ၊ အရည်အသွေးပြည့်ဝသော ပညာရေးနှင့် စာသင်အထောက်အကူပြုပစ္စည်းများစသည်တို့ကို အလွယ်တကူ ရယူသုံးစွဲ သင်ကြားခွင့် ရနိုင်ရန် စီစဉ်ထားပါသည်။ ကလေးငယ်တိုင်းအား တစ်ပတ်လျှင် ၆ နာရီကြာ သင်ခန်းစာများ သင်ကြားပေးမည်ဖြစ်သည်။ အခြေခံစာဖတ်စာရေး တတ်မြောက်မှု၊ သင်္ချာနှင့် ကွန်ပျူတာကျွမ်းကျင်မှုများ အပြင် ကျောင်း သားငယ်များအား သင်ကြားမှုတစ်ဆင့် အချက်ကျကျ တွေးခေါ်နိုင်စွမ်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေဆိုင်ရာ ဗဟုသုတများ သာမက ကာကွယ်တားဆီးနိုင်သောရောဂါများအကြောင်း နားလည်သဘောပေါက်လာရန်လည်း သင်ကြားပေးသည်။

မြန်မာနိုင်ငံ၏၂၀၁၄ သန်းခေါင်စာရင်းအခြေပြု အလုပ်အကိုင်နှင့်လုပ်ငန်းအစီရင်ခံစာအရ အသက်၁၀နှစ်မှ ၁၇နှစ်အတွင်း ကလေးငါးဦးတွင် တစ်ဦးသည် ကျောင်းတက်ရမည့်အစား အလုပ်လုပ်နေကြရကြောင်း သိရပါသည်။ယင်းအစီရင်ခံစာက မြန်မာနိုင်ငံတွင် အသက်၁၀ နှစ်မှ ၁၇နှစ် အထိ ကလေးပေါင်း ၁.၇သန်း အလုပ်လုပ် နေကြောင်း ဆိုပါသည်။

တယ်လီနောက ယင်း၏ ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုများကို ထောက်ပံ့မှု လုပ်ငန်းစဉ်များတွင် ကလေးငယ်နှင့် အသက် ငယ်ရွယ် သေးသည့် အလုပ်သမားများ ခိုင်းစေမှုများကို လျော့နည်းပပျောက်စေရန် နှင့် မြန်မာနိုင်ငံတွင် အလုပ်ခွင်ဆိုင်ရာ စံနှုန်းသတ်မှတ်မှု မြင့်မား စေရေး ကြိုးပမ်းအားထုတ်မှုများကို တွန်းအားပေးရန် စူးစိုက် ဆောင်ရွက်မှု၏ တစ်စိတ် တစ်ဒေသ အဖြစ် MyME ဖြင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး ၂ မြို့ရှိ တယ်လီနောအမှတ်တံဆိပ် လက်ဘက် ရည်ဆိုင်များတွင် လုပ်ကိုင်လျက်ရှိသော အသက်ငယ်ရွယ်သေး သည့် အလုပ်သမားများအတွက် ကျောင်းပြင်ပ ပညာရေး ပို့ချပေးမှု များကို ဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံဥပဒေက အလုပ်စတင် လုပ်နိုင်မည့် အသက်ကို ၁၄ နှစ်အဖြစ် သတ်မှတ်ထားရာ ယင်းသတ်မှတ်ထားသည့် အသက်အောက် ငယ်ရွယ်သူများကို တယ်လီနော အမှတ်တံဆိပ် လက်ဘက် ရည် ဆိုင်များအနေဖြင့် ခန့်အပ်ခိုင်းစေခြင်း မပြုရပါ။ ယင်း လက်ဘက်ရည်ဆိုင်များသည် တယ်လီနော၏ ရှောင်တခွင် စစ်ဆေးမှု များကို ခွင့်ပြုရန်လည်း သဘောတူထားကြပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor