24 June, 2020 - ရန်ကုန်
တယ်လီနောသည် မြန်မာနိုင်ငံရှိ ထိပ်တန်းပုဂ္ဂလိကတက္ကသိုလ် များထဲမှ တစ်ခုဖြစ်သော Strategy First University နှင့် အထူးမိတ်ဖက်အဖြစ် ပူးပေါင်းခြင်းဖြစ်သည်။ Telenor Classroom သည် စဉ်ဆက်မပြတ်လေ့လာသင်ယူမှုများကို ထောက်ပံ့ပေးစွမ်းရန်အတွက် အဓိကဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုနှင့် နာမည်ရ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုတို့ ပူးပေါင်းပြီး ပထမဦးဆုံး မိတ်ဆက်ပေးလိုက်သော အစီအစဉ်တစ်ခုဖြစ်သည်။ တယ်လီနောသုံးစွဲသူများသည် SFU ၏ သီးသန့်သင်ခန်းစာများကို အချိန်မရွေး၊ နေရာ မရွေး မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် အလွယ်တကူ လေ့လာသင်ကြားနိုင်ကြမည်ဖြစ်သည်။ ထိုအစီအစဉ်တွင် အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်ဝန်ထမ်းများအတွက် စီးပွားရေးစီမံခန့်ခွဲမှု သင်ခန်းစာ များအပြင် ကျောင်းသားလူငယ်များအတွက် အခြေခံပညာရေး အကြောင်းအရာများလည်း ပါဝင်မည်ဖြစ်သည်။
“ကျွန်တော်တို့အားလုံးက ခေတ်နဲ့အမီလိုက်နိုင်ဖို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့အတွက် စဉ်ဆက်မပြတ် ပြောင်းလဲမှုတွေ ကို မျက်ခြေမပျက်ကြည့်နေရင်း သက်ဆိုင်ရာ အကြောင်းအရာတွေကိုလည်း အမြဲလေ့လာနေဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗဟုသုတက ကျွန်တော်တို့အားလုံးရဲ့ဘဝအတွက် တန်ဖိုးဖြတ်မရတဲ့ အရာတွေ အများကြီး ဆောင်ယူပေးနိုင်လို့လည်း ဖြစ်ပါတယ်။ လူအတော်များများက ကိုဗစ်-၁၉ ကြောင့် ကန့်သတ်မှုတွေနဲ့ နေထိုင်နေ ရချိန်မှာ ကောင်းမွန်တဲ့အလေ့အကျင့်တွေဖြစ်လာဖို့ ဒါမှမဟုတ် ကျွမ်းကျင်မှုအသစ်တွေကို လေ့လာဖို့ အချိန်တွေ ကို အကျိုးရှိရှိအသုံးချလျက်ရှိပါတယ်။ MyTelenor အက်ပလီကေးရှင်းကနေတစ်ဆင့် မိတ်ဆက်လိုက်တဲ့ Telenor Classroom ဝန်ဆောင်မှုဟာဆိုရင် သုံးစွဲသူတွေအနေနဲ့ အပေါ်ကပြောခဲ့တဲ့ အလားအလာတွေအတွက် ပြင်ဆင်ရင်း တိုးတက်မှုအတွက် Telenor Classroom ကို အကောင်းဆုံး အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အွန်လိုင်းလေ့လာမှုနဲ့ စဉ်ဆက်မပြတ်လေ့လာမှုတွေကတစ်ဆင့် တိုးတက်မှုတွေကို လုပ်ဆောင်နိုင်တယ်လို့ တယ်လီနောအနေနဲ့ အခိုင်အမာယုံကြည်ပါတယ်။ ပြီးတော့ တယ်လီနောမှာလည်း ရာထူးအဆင့်အားလုံးက ဝန်ထမ်းတွေကို တစ်နှစ်တာအတွင်း အွန်လိုင်းကနေ လေ့လာမှု နာရီ ၄၀ ထက်မနည်းရှိစေဖို့ တိုက်တွန်းလာခဲ့တာ နှစ်များစွာရှိနေပါပြီ။ SFU နဲ့ လက်တွဲပြီးတော့ ကျွန်တော်တို့တွေ ဒီအခွင့်အရေးကို ကျွန်တော်တို့ရဲ့ သုံးစွဲ သူတွေထံ ချဲ့ထွင်ပေးနိုင်မှာမို့ စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ ဒီပူးပေါင်းမှုက မြန်မာနိုင်ငံမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် တွေနဲ့ ဆန်းသစ်ဖန်တီးမှုတွေကို လှုံ့ဆော်အားပေးတဲ့အရာတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။” ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Jon Omund Revhaug မှ ပြောကြားခဲ့သည်။
Telenor Classroom မှ သီးသန့် မိတ်ဆက်သင်ခန်းစာများသည် လုပ်ငန်းခွင်မှ ဝန်ထမ်းများ၊ အခြေခံကျောင်းသား လူငယ်များအကြား အခမဲ့လေ့လာနိုင်သည်။ သင်ခန်းစာများကို ဇွန်လ ၂၄ ရက်နေ့မှ စတင်၍ MyTelenor အက်ပလီကေးရှင်းတွင် အခမဲ့လေ့လာနိုင်မည်ဖြစ်ပြီး ဒေတာအသုံးပြုခသာ ကျသင့်မည်ဖြစ်သည်။
Strategy First University ၏ တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဦးအောင်ချစ်ခင်မှ "MyTelenor အက်ပလီ ကေးရှင်း ပလက်ဖောင်းကနေ အခုလို အသုံးပြုလို့ရတယ်ဆိုတာ တကယ့်ကိုကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ ပြောရမယ်ဆိုရင်တော့ လေ့လာဆည်းပူးရေးဆိုတာ ကိုယ့်ရဲ့ အိတ်ကပ်ထဲမှာ ကိုယ်နဲ့ အမြဲတူတူရှိနေသလိုမျိုး ပေါ့။ လူတွေက မိုဘိုင်းဖုန်းတွေကို ပိုမိုအသုံးပြုကြလာတာနဲ့အမျှ လေ့လာတဲ့ ပုံစံ၊ ဗဟုသုတ ရှာဖွေတဲ့ ပုံစံတွေ လည်း ပြောင်းလဲလာကြပါတယ်။ အထူးသဖြင့် အခုလို အချိန်မျိုးမှာ ပညာရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တွေ၊ အခွင့်အလမ်းတွေကို ဒစ်ဂျစ်တယ်ချန်နယ်တွေကနေတစ်ဆင့် ပံ့ပိုးပေးနိုင်ဖို့ဆိုတာ တကယ်ကို အရေးကြီးပါ တယ်။" ဟု ပြောကြားခဲ့သည်။
သင်ခန်းစာများကို မည်သည့်နေရာမှမဆို အလွယ်တကူလေ့လာနိုင်မည်ဖြစ်ပြီး တယ်လီနောသုံးစွဲသူများအနေ ဖြင့် MyTelenor အက်ပလီကေးရှင်းတွင် စာရင်းပေးသွင်းရုံဖြင့် Telenor Classroom မှ သင်ခန်းစာများကို ကိုယ်နှင့်မကွာ လေ့လာနိုင်မည်ဖြစ်သည်။ လုပ်ငန်းခွင် လက်တွေ့အသုံးချဘာသာရပ်များသည် မိမိ၏ ကျွမ်းကျင်မှု အဆင့်မြှင့်တင်ရန် စိတ်ဝင်စားကြသောဝန်ထမ်းများအတွက် ရည်ရွယ်သည်။ လက်ရှိအချိန်တွင် ဘာသာရပ် မိတ်ဆက်သင်ခန်းစာ ၉ ခုကို စတင်လေ့လာနိုင်ပြီဖြစ်သည်။ ပထမတန်းမှ ဒသမတန်းအထိ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အင်္ဂလိပ်ဘာသာစကားနှင့် ကျောင်းသင်ရိုးညွှန်းတမ်းကို လေ့လာနိုင်ရန် Waso Learn အမည်ရှိ အွန်လိုင်းစာသင်ခန်းကိုလည်း MyTelenor အက်ပလီကေးရှင်းတွင် ဝင်ရောက်လေ့လာ နိုင်မည် ဖြစ်သည်။
MyTelenor အက်ပလီကေးရှင်းကို တယ်လီနောအသုံးပြုသူများအတွက် သင့်လျော်ပြီး၊ အသုံးဝင်သော၊ ဆွဲဆောင်မှုရှိသော အကြောင်းအရာများ၊ ဝန်ဆောင်မှုများ ဥပမာ ဂိမ်းကစားခြင်းမှသည် e-learning အထိ တစ် နေရာတည်းတွင် ပံ့ပိုးပေးနိုင်သော ပလက်ဖောင်းအဖြစ် ရပ်တည်သွားနိုင်ရန် ရည်ရွယ်ထားသည်။ တယ်လီနော မြန်မာသည် မြန်မာနိုင်ငံသားများ လုံခြုံရေး၊ စဉ်ဆက်မပြတ် ဆက်လက်ဆက်သွယ်နေနိုင်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် စတင်ဝင်ရောက်လာသည့်အချိန်မှ ယနေ့တိုင်လုပ်ဆောင်လျက်ရှိပြီး နောင်တွင်လည်း ဆက်လက်ပံ့ပိုးလုပ်ဆောင်သွားမည်ဖြစ်သည်။ တယ်လီနောမြန်မာ၏ အဓိကျသည့်လုပ်ငန်းလည် ပတ်မှုများ၊ ရေရှည်တည်တံ့ရေးလုပ်ဆောင်မှုများနှင့် စီးပွားရေးမိတ်ဖက်များမှတစ်ဆင့် ပညာရေးဆိုင်ရာ အရင်းအမြစ်များ ကို သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ တယ်လီနောမြန်မာ၏ ကတိကဝတ်နှင့် အညီ မညီမျှ မှုများ လျှော့ချရေးနှင့် လူမှုအသိုင်းအဝိုင်း စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်သည်။
တယ်လီနောမြန်မာအကြောင်း
တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော် ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာအကြောင်း ပိုမို သိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက်တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့ အသိုက် အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ် ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှု ပေးလျက် ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။
Strategy First University - SFU အကြောင်း
Strategy First University SFU သည် မြန်မာနိုင်ငံရှိ အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်များအနက် တစ်ခုဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့များတွင် ကျောင်းခွဲများ ဖွင့်လှစ်ထားသည်။ SFU တွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒီပလိုမာသင်တန်းများကို Oxford Brookes University, Heriot-Watt University နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းသင်ကြားပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံအနှံ့မှ စရိတ်သက်သာစွာ စီးပွားရေးပညာ သင်ယူနိုင်ရန် SFUx အွန်လိုင်း သင်တန်းများကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဖွင့်လှစ်လျက်ရှိပါသည်။
Strategy First University အကြောင်းလေ့လာရန် https://strategyfirst.edu.mm/
SFUx အကြောင်းလေ့လာရန် - https://sfux.strategyfirst.edu.mm/
မီဒီယာများ ဆက်သွယ်ရန်
ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ
မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ