Press Release

တယ်လီနောနှင့် myMEတို့မှ ပထမဦးဆုံးNFEသင်တန်းဆင်းအခမ်းအနားကျင်းပ

15 October, 2015 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ၄င်း၏ မိတ်ဖက် မြန်မာရွေ့လျားပညာသင်ကြားရေးစီမံကိန်း (myME) နှင့်အတူသမားရိုးကျမဟုတ်သောပညာရေးသင်ကြားမှု (NFEခေါ် non-formal education program) မှ ပထမအဆင့်အောင်မြင်ပြီးမြောက်သွားသောကျောင်းသားလေးများအတွက် သင်တန်းဆင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်။

တယ်လီနောသည် myMEစီမံကိန်းကို ၂၀၁၄ နိုဝင်ဘာလမှ စတင်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ myME ၏ သမားရိုးကျ မဟုတ်သောပညာသင်ကြားမှုအစီအစဉ်ကိုတယ်လီနောကုန်အမှတ်တံဆိပ်ဖြင့် ကြော်ငြာထားသည့် ရန်ကုန်နှင့် မန္တလေးရှိလက်ဖက်ရည်ဆိုင်များတွင် စတင်ခဲ့ပါသည်။ လက်ရှိတွင် တယ်လီနောသည် myMEဝန်ထမ်းအားလုံး၏ လစာကိုပေးအပ်ထားပြီးရွေ့လျားစာသင်ခန်းအဖြစ် အသုံးပြုနိုင်ရန် ဘတ်(စ်)ကားတစ်စီး၊ ကွန်ပျူတာများနှင့် အခြားကျောင်းသုံးပစ္စည်းကိရိယာများကိုထောက်ပံ့ပေးထားပါသည်။ ဤစီမံကိန်းအတွက် တယ်လီနောမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃ သိန်းကျော်ကိုထောက်ပံ့ထားပါသည်။

“myMEနဲ့အတူ ကျွန်တော်တို့ ဒီလိုမျိုးသမားရိုးကျမဟုတ်တဲ့ စာသင်ကြားရေးစနစ်တစ်ခုကိုကလေးတွေအတွက် ဆောင်ရွက်ပေးရတာဂုဏ်ယူမိပါတယ်။ သူတို့အတွက် အဓိပ္ပာယ်ရှိတဲ့ ဘဝလမ်းကြောင်းကိုလျောက်လှမ်းသွားနိုင်ဖို့ လိုအပ်တဲ့ အခြေခံဘာသာစကားနဲ့ လက်တွေ့ကျတဲ့ လူနေမှုပုံစံတွေကိုရရှိနိုင်ပြီးရှေ့ဆက်ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ရရှိဖို့ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုတယ်လီနောမြန်မာ၏ Head of Corporate Responsibility ကိုမင်းသူမှ ပြောကြားခဲ့ပါသည်။

“မြန်မာပြည်မှာအသက်၅နှစ်ကနေ၁၈နှစ်ကြားကျောင်းထွက်ထားတဲ့ကလေး၅သန်းလောက်ကအများစုကစားသောက်ဆိုင်၊စက်ရုံ၊ဟိုတယ်နဲ့အိမ်တွေမှာအလုပ်လုပ်နေရပါတယ်။myMEကလက်တွေ့ကျပြီးသမားရိုးကျမဟုတ်တဲ့ပညာသင်ကြားရေးစနစ်ကိုအသုံးပြုပြီးလုံခြုံတဲ့ပတ်ဝန်းကျင်နဲ့အတွေ့အကြံုရှိဆရာတွေရဲ့ကြီးကြပ်မှုနဲ့ဒီကလေးတွေအတွက် သင်ကြားပေးနေပါတယ်။ကျွန်တော်တို့အနေနဲ့အခြေခံကျွမ်းကျင်မှုတွေသူတို့ကိုပေးနိုင်ဖို့နဲလာမယ့်နှစ်တွေမှာပိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရယူနိုင်တဲ့အထိကိုယ်ကိုယ်ကိုယုံကြည်မှုရှိလာစေဖို့အတွက်အခြေခံကွန်ပျူတာကျွမ်းကျင်မှုတွေ၊ဘဝအတွက်အသုံးဝင်မယ့်ကျွမ်းကျင်မှုတွေနဲ့တခြားအရာတွေကိုသင်ကြားပေးနေပါတယ်”ဟုmyMEကိုစတင်တည်ထောင်သူကိုတင်မောင်မောင်အေးမှပြောကြားသည်။

“တယ်လီနောဆီကထောက်ပံ့မှုရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ တယ်လီနောနဲ့ ရေရှည်လက်တွဲဆောင်ရွက်သွားဖို့ မျှော်မှန်းထားပါတယ်။”ဟုကိုတင်မောင်မောင်အေးမှ ထပ်လောင်းပြောကြားခဲ့ပါသည်။

သမားရိုးကျမဟုတ်သည့် သင်ကြားရေးစနစ်

myME ၏ ရွေ့လျားစာသင်ခန်းကလက်ရှိအစီအစဉ်တွင် ပူးပေါင်းပါဝင်သည့် ကလေးငယ်များကိုဆရာဆရာမများ၊ အရည်အသွေးပြည့်ဝသောပညာရေးနှင့် စာသင်အထောက်အကူပြုပစ္စည်းများဖြင့် အလွယ်တကူသုံးစွဲသင်ကြားခွင့်ရစေပါသည်။ ကလေးငယ်တိုင်းအားတစ်ပတ်လျှင် ၆ နာရီကြာသင်ခန်းစာများသင်ကြားပေးမည်ဖြစ်သည်။ ထို့အပြင် အခြေခံစာတတ်မြောက်မှု၊ သချင်္ာနှင့် ကွန်ပျူတာကျွမ်းကျင်မှုများအပြင် ကျောင်းသားငယ်များအားသင်ကြားမှုတဆင့် အပြန်အလှန်အကျိုးသက်ရောက်မှုများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေဆိုင်ရာဗဟုသုတများသာမကစူးစမ်းဆင်ချင်တွေးခေါ်နိုင်စွမ်းနှင့် ကာကွယ်တားဆီးနိုင်သောရောဂါများအကြောင်းနားလည်သဘောပေါက်လာရန်လည်းသင်ကြားပေးသည်။

ယခုအစီအစဉ်၏ Level 1 ကိုအောင်မြင်ခဲ့သည့် မရတနာအောင်သည် လက်ဖက်ရည်ဆိုင်မှ ခပ်ငယ်ငယ် အလုပ်သမလေးဖြစ်သည်။ “ဒီသင်တန်းဆင်းပွဲမှာသမီးအရမ်းပျော်နေပါတယ်။ အင်္ဂလိပ်စာ၊ ဘဝအတွက် အသုံးဝင်မယ့် ကျွမ်းကျင်မှုတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တာတွေကိုသင်ခဲ့ရပါတယ်။ အခုဆို နိုင်ငံခြားသားတွေနဲ့လည်းအင်္ဂလိပ်လိုပြောနိုင်နေပါပြီ။ သမီးရဲ့ အနာဂတ်အတွက် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာပညာရပ်တွေကိုထပ်ပြီးသင်ကြားချင်ပါသေးတယ်။”

myMEအကြောင်း

မြန်မာရွေ့လျားပညာရေးစီမံကိန်း (myME) ကို“မြန်မာနိုင်ငံအတွက်စစ်မှန်သောပြောင်းလဲမှုသည်ပညာရေးမှစတင်သည်”ဟုယုံကြည်သော မြန်မာနိုင်ငံနှင့်နယူးယောက်မြို့ရှိလူအနည်းငယ်မှစတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။myMEကိုတည်ထောင်သောအဖွဲ့တွင် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားသူများ၊ ကျောင်းဆရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ စာရေးသူများနှင့် အနုပညာရှင်များပါဝင်ပါသည်။

myME၏ ရည်ရွယ်ချက်များမှာ

  • လုံခြုံစိတ်ချရသောပတ်ဝန်းကျင်တွင် စာသင်ကြားစေရန်
  • အခြေခံပညာရေးရရှိစေရန်
  • အခြေခံကွန်ပျူတာအသုံးပြုမှု တတ်ကျွမ်းစေရန်
  • မိမိကိုယ်ကိုလေးစားမှုနှင့် ယုံကြည်မှုရှိစေရန်
  • သက်တူရွယ်တူများကြားခင်မင်ရင်းနှီးမှုရှိစေရန်
  • အလုပ်အကိုင်ပင်ပန်းမှုမှ ရုံးထွက် အနားယူနိုင်စေရန်
  • နိုင်ငံ၏ ပညာရေးစနစ်မှ ဗဟုသုတများရရှိစေရန်
  • Explore alternative future opportunities
  • အနာဂတ်အတွက် အခွင့်အလမ်းသစ်များရှာဖွေနိုင်စေရန်
  • လူနေမှုဘဝပိုမိုတိုးတက်လာစေရန်

မီဒီယာများဆက်သွယ်ရန်

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004

ကိုစိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor