Press Release

တယ်လီနောနှင့် The Mask Singer Myanmar တို့ လက်တွဲပူးပေါင်း

15 November, 2019 - Yangon

ကမ္ဘာပေါ်တွင် ပရိသတ် စိတ်ဝင်စားမှုအရှိဆုံး အောင်မြင်ကျော်ကြားသော အနုပညာရှင်တို့ကိုယ်တိုင် သီဆိုယှဉ်ပြိုင်မည့် သီချင်းဆိုပြိုင်ပွဲကို မြန်မာနိုင်ငံ၌ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခံစားကြည့်ရှုနိုင်မည်ဖြစ်

  • တယ်လီနောမှ ၎င်း၏ သုံးစွဲသူအားလုံးအတွက် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် အထူးအစီအစဉ်မိတ်ဆက်
  • တယ်လီနောအသုံးပြုသူများသည် ဖျော်ဖြေမှုအစီအစဉ်ကြည့်ရှုရင်း ၎င်းတို့အနှစ်သက်ဆုံးမျက်နှာဖုံးတပ်အဆိုရှင်များနှင့် တွေ့ဆုံမိတ်ဆက်နိုင်ခွင့် ရရှိနိုင်မည်ဖြစ်

တယ်လီနောမြန်မာသည် နိုင်ငံတကာ သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်သည့် The Mask Singer နှင့် လက်တွဲပူးပေါင်းပြီး အဆိုပါ အစီအစဉ်ကို ယခုလတွင် မြန်မာနိုင်ငံ၌ စတင်တင်ဆက်သွားမည်ဖြစ်သည်။ တယ်လီနောသုံးစွဲသူများသည် အဆိုပါ သီချင်းဆိုပြိုင်ပွဲမှ ၎င်းတို့ အနှစ်သက်ဆုံး မျက်နှာဖုံးတပ်အဆိုပြိုင်ပွဲဝင်အနုပညာရှင်များနှင့် တွေ့ဆုံနိုင်မည့် အထူးအခွင့်အရေးရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ သီချင်းဆိုပြိုင်ပွဲသည် ထိုင်းနိုင်ငံအပါအဝင်ယနေ့ခေတ် ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင်လူကြိုက်အများဆုံး ရုပ်သံအစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။

“The Mask Singer သီချင်းဆိုပြိုင်ပွဲက ဒီနေ့ခေတ်မှာဆိုရင် တီထွင်ဆန်းသစ်မှု အရှိဆုံး TV အစီအစဉ်တွေထဲ က တစ်ခုဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ အပိုင်းတိုင်းဟာဆိုရင်လည်း ထူးခြားမှုတွေနဲ့ ပြည့်နေသလို ပြိုင်ပွဲဝင်တွေရဲ့ ထူးခြားတဲ့ပင်ကိုစွမ်းရည်တွေကြောင့်လည်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပရိတ်သတ်အများအပြားက ဒီအစီအစဉ် အမြဲစောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ တယ်လီနောမြန်မာအနေနဲ့လည်း အခုလို သန်းနဲ့ချီရှိတဲ့ သုံးစွဲသူတွေအတွက် The Mask Singer က အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေနဲ့ တွေဆုံခွင့်ပေးပြီး ခွန်အားတွေနဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာနိုင်ခဲ့ပြီး ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရလို့လည်း အလွန်စိတ်လှုပ်ရှားမိပါတယ်။” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်Amaresh Kumar က ပြောကြားခဲ့ပါသည်။

The Mask Singer Myanmar သီချင်းဆို ပြိုင်ပွဲတွင် အောင်မြင်ကျော်ကြားသည့် အနုပညာရှင် ၁၈ ဦးမှမျက်နှာဖုံးတပ်ဆင်ပြီးထူးခြားသောဝတ်စုံများဝတ်ဆင်၍ သီချင်း ၄၉ ပုဒ်ဖြင့် ပါဝင်တင်ဆက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အပိုင်း ၁၆ ပိုင်းဖြင့်တင်ဆက်ပြသသွားမည်ဖြစ်သည်။

အပိုင်းတစ်ခုစီတိုင်းတွင် ပါဝင်ယှဉ်ပြိုင်သူတစ်ချို့ကို ထိပ်တိုက်တွေဆုံယှဉ်ပြိုင်စေမည်ဖြစ်ပြီး ၎င်းတို့ စိတ်ကြိုက်ရွေးချယ်ထားသော သီချင်းကို ပင်ကိုမူရင်းသံဖြင့်ပါဝင်သီဆိုယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်မှု တစ်ခုစီတွင် အမှတ်ပေးဒိုင်များဖြစ်သောဆယ်လီစုံထောက်များနှင့် ပွဲကြည့်ပရိသတ်များမှ ၎င်းတို့ အနှစ်သက်ဆုံး ပြိုင်ပွဲဝင်ကို ဆန္ဒမဲပေးရမည်ဖြစ်သည်။ အနိုင်ရရှိသူသည် နောက်တစ်ပတ်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရှုံးနိမ့်သူသည် ပြိုင်ပွဲမှ ထွက်ခွာရမည့်အပြင်၎င်း၏ မျက်နှာဖုံးဖယ်ရှားကာ မည်သူမည်ဝါ ဖြစ်သည်ကို ပြသရမည်ဖြစ်သည်။

“တယ်လီနောမြန်မာလို နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလက်တွဲရတာ တစ်ကယ့်ကို စစ်မှန်တဲ့ ပူးပေါင်းမှု တစ်ခုပဲဖြစ်ပါတယ်။ တယ်လီနောရဲ့ပံ့ပိုးမှုနဲ့အတူ ဒီ The Mask Singer ကို မြန်မာနိုင်ငံမှာ စတင်ထုတ်လွှင်မယ့်အချိန်ကစပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေကို စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေနဲ့ ဆွဲဆောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” ဟု The Mask Singer မှ ထုတ်လုပ်ရေးမှူးMr Watson Homsangpradi မှ ပြောကြားခဲ့သည်။

ယခုနှစ် The Mask Singer ပြသမှုတွင် တယ်လီနောသုံးစွဲသူများမှ ၎င်းတို့အနှစ်သက်ဆုံး ပြိုင်ပွဲဝင်အနုပညာရှင်နှင့် တွေ့ဆုံမိတ်ဆက်ခွင့်ရရှိနိုင်မည့် အခွင့်အရေးတစ်ခုကို တယ်လီနောမှ ပျော်ရွှင်စရာ အစီအစဉ်တစ်ခုအနေဖြင့် ဖော်ဆောင်ပေးမည်ဖြစ်သည်။ တယ်လီနော သုံးစွဲသူများသည် ‘မျက်နှာဖုံးအောက်မှာ ဘယ်သူလဲ’ ‘ဘယ်သူက ချန်ပီယံ ဖြစ်မှာလဲ’ ‘ဘယ်သူ့ကို စင်ပေါ်မှာ မြင်ချင်လဲ’ စသည့် မေးခွန်းများကို စာတိုပေးပို့မှု (SMS)မှတစ်ဆင့် အစီအစဉ်နှင့်အတူ လိုက်ပါစီးမျောရင်း ဖြေကြားခွင့်ရရှိမည်ဖြစ်သည်။ အစီအစဉ်ပြီးဆုံးသည့် အချိန်တွင်ကံကောင်းသော ပရိသတ်အယောက် ၃၀ သည် ပါဝင်ယှဉ်ပြိုင်သည့် အနုပညာရှင်များနှင့်အတူတခမ်းတနားညစာအတူသုံးဆောင်နိုင်မည့်အပြင် အနုပညာရှင်ကိုယ်တိုင်မှ အမှတ်တရလက်မှတ်ရေးထိုးပေးမည်ဖြစ်သည်။

တယ်လီနော မိုဘိုင်းနံပါတ်များဖြင့်သာစာတိုပေးပို့မှုနံပါတ် ၆၀၆၀ သို့ ‘မျက်နှာဖုံးအောက်မှာ ဘယ်သူလဲ’ ‘ဘယ်သူက ချန်ပီယံ ဖြစ်မှာလဲ’ ဆိုသော မေးခွန်းများ၏ SMS အဖြေများကို ပေးပို့ပေးနိုင်မည်ဖြစ်ပြီး ‘ဘယ်သူ့ကို စင်ပေါ်မှာ မြင်ချင်လဲ’ ဆိုသော မေးခွန်းအဖြေကို စာတိုပေးပို့မှုနံပါတ် ၆၆၀၀ သို့ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပေးပို့ပေးနိုင်မည်ဖြစ်သည်။ စာတိုပေးပို့မှုကို တယ်လီနော မိုဘိုင်းနံပါတ်ဖြင့် အကန့်အသတ်မရှိပေးပို့နိုင်ပြီး စာတိုပေးပို့မှုတစ်ကြိမ်တိုင်းတွင် ၅၀ ကျပ် (အခွန်ပါဝင်ပြီး) ကျသင့်မည်ဖြစ် သည်။

The Mask Singer Myanmar ကို MRTV Entertainment ရုပ်သံလိုင်းတွင် သောကြာနေ့တိုင်း ည ၇နာရီ ၃၀ မိနစ်မှ ၉ နာရီအထိ ထုတ်လွှင့်သွားမည်ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၁ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၈၃ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါကhttps://www.telenor.comတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share