Press Release

တယ်လီနောနံပါတ်အလှများကိုအထူးဈေးနှုန်းဖြင့်ရရှိမည်

01 June, 2017 -

  • ပလတ်တီနံ နှင့် ပလတ်တီနံ Plus အထူးနံပါတ်များအတွက် ၅၀ % သက်သာသောဈေးနှုန်း
  • ရွှေရောင်အထူးနံပါတ်များနှင့်အတူပရီမီယံနှင့် စတားအထူးနံပါတ်အလှများကိုကျပ် ၅၂၅၀ ဖြင့် ရရှိ

 တယ်လီနောမြန်မာလီမီတက် (“တယ်လီနော”)၏ နံပါတ်အလှများကို မြန်မာနိုင်ငံရှိသုံးစွဲသူများအတွက်အထူးသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေပြီ ဖြစ်ပါသည်။ယခုအခါ သုံးစွဲသူများအနေဖြင့် တယ်လီနော၏ ရွှေရောင် နံပါတ်အလှများစွာကိုဈေးနှုန်းချိုသာစွာဖြင့် ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါသည်။

တယ်လီနော၏ ရွှေ၊ ပရီမီယံ နှင့် စတားအထူးသီးသန့်နံပါတ်အလှများကိုပါနံပါတ်တစ်ခုလျှင် ၅,၂၅၀ ကျပ်ဖြင့် ၀ယ်ယူရရှိ ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ ‘ရွှေရောင်’ အထူးနံပါတ်အလှများ၏ပုံမှန်ဈေးနှုန်းသည် ၁၅၇,၅၀၀ ကျပ်ဖြစ်ပြီးယခုကာလအတွင်း ၉၅% ကျော် သက်သာသောဈေးဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကာ‘ပရီမီယံ’ အထူးနံပါတ်အလှများ၏ပုံမှန် ဈေးနှုန်းမှာ ၅၂,၅၀၀ ကျပ်ဖြစ်ကာ၉၀%သက်သာသောဈေးဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပါသည်။ ‘စတား’ အထူးနံပါတ်အလှများကိုယခင်ဈေးနှုန်းအတိုင်းတစ်ခုလျှင် ၅၂၅၀ ကျပ်ဖြင့် ၀ယ်ယူနိုင်ပါသည်။

 

ထို့ပြင် တယ်လီနောသုံးစွဲသူများသည် အထူးသီးသန့်ဖြစ်သော ‘ပလတ်တီနံ’ နှင့် ‘ပလတ်တီနံ Plus’ နံပါတ်အလှများကို ၅၀% သက်သာသောဈေးနှုန်းဖြင့် ၀ယ်ယူပိုင်ဆိုင်နိုင်တော့မည် ဖြစ်ပါသည်။ ‘ပလတ်တီနံ Plus’ အထူးနံပါတ်အလှများ၏ ပုံမှန် ဈေးနှုန်းမှာ၁,၀၅၀,၀၀၀ ကျပ်ရှိပြီးယခုအရောင်းမြှင့်တင်သည့်ကာလအတွင်းတွင် နံပါတ်တစ်ခုလျှင် ၅၂၅,၀၀၀ ကျပ်ဖြင့့် ၀ယ်ယူ ရရှိနိုင်မည်ဖြစ်ပြီးပုံမှန် ၅၂၅,၀၀၀ ကျပ်ဖြင့် ရောင်းချနေသည့် ‘ပလတ်တီနံ’ အထူးနံပါတ်အလှများကိုနံပါတ်တစ်ခုလျှင် ၂၆၂,၅၀၀ ကျပ်ဖြင့်ရရှိနိုင်မည်ဖြစ်သည်။

အထက်ပါ ဈေးနှုန်းများအားလုံးသည် ကုန်သွယ်လုပ်ငန်းခွန်ပါ၀င်ပြီးဖြစ်ပြီးအထူးနံပါတ်အလှများအားလုံးကိုဦးရာလူစနစ်ဖြင့် လျော့ဈေးကာလပြီးဆုံးမည့် ဇွန်လ ၂၅ ရက် သို့မဟုတ်ပစ္စည်းလက်ကျန် ရှိသည့်အထိရောင်းချပေးသွားမည်ဖြစ်ပါသည်။ အထူးနံပါတ်အလှများအားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသည့်အစီအစဉ်သည် လက်ရှိတွင် ကြိုတင်ငွေဖြည့် ကတ်စနစ် (Prepaid)ဖြင့်အသုံးပြုနေသည့် သုံးစွဲသူများအတွက်သာအကျုံး၀င်မည်ဖြစ်ပါသည်။

တယ်လီနောသုံးစွဲသူများအနေဖြင့် အထူးနံပါတ်အလှများကိုအနီးစပ်ဆုံးတယ်လီနောအရောင်းပြခန်းများတွင် ၀ယ်ယူနို်င်ပါသည်။ အရောင်းပြခန်းလိပ်စာများကိုhttps://www.telenor.com.mm/page/store-location/99တွင် ကြည့်ရှုနိုင်ပါသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

My Telenor