Press Release

တယ်လီနောစတားများ ကုန်အမှတ်တံဆိပ်ပေါင်း ၆၀ ကျော်၏ အထူးဝန်ဆောင်မှု များ ရယူနိုင်

14 January, 2019 - Yangon

  • တယ်လီနော၏ prepaid နှင့် postpaid စတား အဆင့်ရသုံးစွဲသူများအားလုံး ကုန်ပစ္စည်း အမှတ်တံဆိပ် ၆၀ ကျော်၏ အထူးဝန်ဆောင်မှုများ၊ အကျိုးခံစားခွင့်များနှင့် ၃၀% အထိ လျှော့စျေးများအား ရယူနိုင်
  • ဤအစီအစဉ်အား ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ကုန်ပစ္စည်း အမှတ်တံဆိပ် ပေါင်း ၁၀၀ ကျော်နှင့် လက်တွဲလုပ်ဆောင်သွားနိုင်ရန် ရည်မှန်းထား

တယ်လီနောမြန်မာ၏ လူကြိုက်များသော ‘စတား’ အစီအစဉ်သည် လက်ရှိတွင် မတူညီသော ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း ၆၀ ကျော်နှင့် လက်တွဲထားပြီးဖြစ်ရာ နိုင်ငံတဝန်းမှ တယ်လီနော စတားအဆင့်ရ prepaid နှင့် postpaid သုံးစွဲသူများအတွက် အထူးဝန်ဆောင်မှုများ၊ အကျိုးခံစားခွင့် များ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုခဲ့ကြသူများအား အသိ အမှတ်ပြု ကျေးဇူးတုံ့ပြန်သောအားဖြင့် အကျိုးခံစားခွင့်အများအပြား တုံ့ပြန်ပေးအပ်ရန် ရည်ရွယ်ပြီး တယ်လီနော စတားအစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။။ လက်ရှိတွင် တယ်လီနောမြန်မာ သုံးစွဲသူများအနက် လူဦးရေ နှစ်သန်းကျော်သည် စတားအစီအစဉ်၏ အထူးဝန်ဆောင်မှုများနှင့် အကျိုးခံစားခွင့်များကို နှစ်သက်စွာ အသုံးပြုနေကြောင်း တွေ့ရှိရသည်။

“တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို တစိုက်မတ်မတ် အသုံးပြုလာခဲ့ကြတဲ့ သုံးစွဲသူတွေကို ကျွန်တော်တို့ အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ ဒါကြောင့်လည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုလို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တယ်လီနောစတား အစီအစဉ်ကနေတဆင့် သုံးစွဲသူတွေ အကြိုက်နှစ်သက်ဆုံး ပြည်တွင်းနဲ့ နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေရဲ့ အထူးဝန်ဆောင်မှုတွေ၊ အကျိုးခံစားခွင့်တွေနဲ့ လျှော့စျေးတွေကို ပေးအပ်နေတာပဲဖြစ်ပါတယ်။ အသုံးပြုသူတွေကို သူတို့ရဲ့နေ့စဉ်ဘဝမှာ အရေးပါတဲ့ အရာတွေနဲ့ ချိတ်ဆက်ပေးသွားနိုင်ဖို့ဆိုတဲ့ ရည်သန်ချက်နဲ့ အညီ တယ်လီနောအနေနဲ့ စတားအစီအစဉ်ကို ဆက်လက်တိုးချဲ့သွားမှာဖြစ်ပြီး မကြာခင်မှာ အခုထက်ပိုများတဲ့ နာမည်ကျော် အမှတ်တံဆိပ်တွေနဲ့ လက်တွဲလုပ်ဆောင်သွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

တယ်လီနောမြန်မာသည် ၎င်း၏ စတားအစီအစဉ်အား တိုးချဲ့ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိပြီး ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ကုန်ပစ္စည်း အမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်နှင့် လက်တွဲ လုပ်ဆောင်နိုင်ရန် ရည်မှန်းထားသည်။ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လမ်းရာခရီးလမ်းတွင် ပိုမိုကောင်းမွန်သော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ် သွားလိုသည့် တယ်လီနောမြန်မာ၏ ရည်သန်ချက်နှင့်အညီ အသုံးပြုသူများအနေနှင့် တယ်လီနော စတား အစီအစဉ်နှင့် ပတ်သက်သည့် အချက်အလက်များအား USSD မှ တဆင့်ဖြစ်စေ၊ စာတို ပေးပို့ခြင်းဖြင့် ဖြစ်စေ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည့်အပြင် တယ်လီနောမြန်မာ၏ တရားဝင် အွန်လိုင်းစာမျက်နှာ မှတဆင့်လည်း လွယ်ကူစွာ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။

တယ်လီနော၏ဝန်ဆောင်မှုများအား အနည်းဆုံးခြောက်လကြာ အစဉ်တစိုက်အသုံးပြုထားပြီး သတ်မှတ်သုံးစွဲမှုပမာဏ ကို ပြည့်မီသည့် prepaid သုံးစွဲသူများသည် တယ်လီနောစတားအဆင့်ရ သုံးစွဲသူအဖြစ် အလိုအလျောက် သတ်မှတ်ခံ ရပြီး စတား post-paid အစီအစဉ်ကို ပြောင်းလဲရယူနိုင်သည့် အခွင့်အရေးကိုလည်း ရရှိမည် ဖြစ်သည်။ တယ်လီနော စတားအဆင့်ရ သုံးစွဲသူတစ်ဦးချင်းစီအား ၎င်းတို့ တယ်လီနောဆင်းမ်ကတ် သုံးစွဲခဲ့သည့် သက်တမ်းကာလနှင့် လွန်ခဲ့ သည့် သုံးလအတွင်း ပျှမ်းမျှသုံးစွဲခဲ့သည့် ပမာဏတို့အပေါ် မူတည်ကာ Silver အဆင့်၊ Gold အဆင့်နှင့် Platinum အဆင့်အသီးသီး သတ်မှတ်ပေးသွားမည်ဖြစ်ပြီး ယင်းပမာဏများတွင် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့်အင်တာနက် အသုံးပြုခြင်း အပါအဝင် ၀န်ဆောင်မှုအားလုံး အကျုံးဝင်မည်ဖြစ်သည်။

စတားအဆင့်ရသုံးစွဲသူ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် အနည်းဆုံး သုံးလဆက်တိုက် စတားအဆင့်အဖြစ် စာရင်းဝင် သွားမည်ဖြစ်ပြီး အသုံးပြုသူများ အနေနှင့် ၎င်းတို့၏ တယ်လီနော စတားအဆင့်အား *2345# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ 2345 သို့ STAR ဟု စာတို ပေးပို့၍ဖြစ်စေ၊ MyTelenor အက်ပလီကေးရှင်းမှ တဆင့်ဖြစ်စေ စစ်ဆေးနိုင်မည် ဖြစ်သည်။ အသုံးပြုသူများသည် စတားအစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအား https://www.telenor.com.mm/my/personal/telenor-star တွင် ဝင်ရောက် ကြည့်ရှု နိုင်သည်။

တယ်လီနောစတားအဆင့်ရ သုံးစွဲသူများသည် အွန်လိုင်းတွင် စျေးဝယ်ယူခြင်း၊ ခရီးသွားလာခြင်း၊ အလှကုန် ပစ္စည်း များဝယ်ယူခြင်း၊ ရုပ်ရှင်လက်မှတ်များ၊ လေယာဉ်လက်မှတ်များ၊ အဝတ်အထည်များ၊ နေ့စဉ်သုံးပစ္စည်းများ၊ ပညာရေး နှင့် စားသောက်ဆိုင်များအပါအဝင် အမျိုးမျိုးသော ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း ၆၀ ကျော်ထံမှ အထူးဝန်ဆောင်မှု များ၊ အကျိုးခံစားခွင့်များနှင့် ၃၀ % အထိ လျှော့စျေးများကို ၎င်းတို့၏ စတားအဆင့်အလိုက် ရရှိခံစားနိုင်မည် ဖြစ် သည်။ တယ်လီနောစတားများအတွက် မိတ်ဖက်ကုန်ပစ္စည်းအမှတ်တံဆိပ်အားလုံး လက်ရှိပေးအပ်နေသည့် အထူး ဝန်ဆောင်မှုများနှင့် အကျိုးခံစားခွင့်များအား https://www.telenor.com.mm/my/personal/telenor-star#starspecialoffers တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ တယ်လီနောစတားများသည် တယ်လီနောမြန်မာ၏ အထူးအကျိုး ခံစားခွင့်များအဖြစ် Call Center သို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ခြင်း၊ ပုံမှန်ထက် ၃ ဆ ပိုမိုသည့် ကြိုသုံးငွေ ဝန်ဆောင်မှု ရယူနိုင်ခြင်း၊ ဦးစားပေးဝန်ဆောင်မှုများ ရယူနိုင်ခြင်းနှင့် ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွားခြင်း တစ်ကြိမ်စီတိုင်းအတွက် ၁ မိနစ်ပြန်လည် ဖုန်းခေါ်ဆိုမှုပေးအပ်သည့် အခွင့်အရေးများကို ရရှိခံစားနိုင်မည် ဖြစ်သည်။ ထို့အပြင် တယ်လီနော စတားအဆင့်ရ သုံးစွဲသူများအတွက် အထူးခံစားခွင့် အစီအစဉ်အသစ်များကိုလည်း အချိန်နှင့်တပြေးညီ စာတိုပေးပို့ အသိပေးသွားမည်ဖြစ်ပြီး ပရိုမိုးရှင်းတစ်ခုချင်းစီနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား www.telenor.com.mm/my/personal/star-special-offers တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

တယ်လီနောမြန်မာသည် ရိုးရှင်းလွယ်ကူသော မိုဘိုင်းဝန်ဆောင်မှုများအား သက်သာသော နှုန်းထားဖြင့် အသုံးပြုသူ အများအပြားထံ ပေးအပ်သွားနိုင်ရေးကို အစဉ်အမြဲ ရည်သန်ကြိုးပမ်းလျက် ရှိသည်။ တယ်လီနောမြန်မာသည် လက်ရှိ တွင် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈,၃၀၀ ကျော်နှင့်အတူ မြန်မာနိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်အား ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share