Press Release

တယ်လီနောက Easyဘေလ် ၊ ဗုဒ္ဓဟူးနေ့ ပရိုမိုးရှင်း ပြန်လည် မိတ်ဆက်

31 January, 2017 - Yangon

  • ပရိုမိုးရှင်းကာလမှာ ၂၀၁၇ ဖေဖော်၀ါရီလ (၁) ရက်နေ့မှ စတင်ပြီးနောက်ထပ် တစုံတရာအကြောင်းမကြားမီအချိန်အထိဖြစ်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)၏Easyဘေလ် ပရိုမိုးရှင်းကို ပြန်လည် မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါအစီအစဉ်အရသုံးစွဲသူများသည် ဗုဒ္ဓဟူးနေ့တိုင်းEasyဘေလ် (E-load Top up) ဖြင့် ၁၀၀၀ ကျပ်နှင့် အထက် ငွေဖြည့်ခြင်းအတွက် ၅၀ ရာခိုင်နူန်းအထိအပိုဆုကြေးရရှိမည်ဖြစ်သည်။

အပိုဆုကြေး၏ သက်တမ်းမှာငွေဖြည့်သည့် နေ့ရက်မှစ၍ နောက် ၃ ရက်အထိ ဖြစ်ပြီးငွေဖြည့်ရမည့် ပမာဏမှာအနည်းဆုံးတစ်ထောင်ကျပ်မှစတင်ပါသည်(သို့သော် ကျပ် ၆၀၀၀တန်မှော်ငွေဖြည့်ကတ်အကျုံးမ၀င်ပါ)။သုံးစွဲသူများအနေဖြင့်*124*1#သို့ဖုန်းခေါ်ခြင်းဖြင့် လက်ကျန်တန်ဖိုးကို စစ်ဆေးနိုင်ပါသည်။ပရိုမိုးရှင်းကာလအတွင်းသတ်မှတ်ထားသောပမာဏအတိုင်း ကြိမ်ဖန်များစွာငွေဖြည့်ပါကလည်းအပိုဆုကြေး (Easy Bill Bonus)များကိုတစ်စုတစ်ပေါင်းရရှိမည် ဖြစ်ပါသည်။

“Easy ဘေလ်ကိုသုံးစွဲခဲ့တဲ့ သုံးစွဲသူတွေအနေနဲ့ ဒီပရိုမိုးရှင်းကိုအထူးနှစ်သက်သဘောကြတာတွေ့ရပါတယ်။ အခုလိုပြန်လည်မိတ်ဆက်လိုက်တဲ့အတွက်လည်းသုံးစွဲသူတွေ ပျှော်ရွှင်ကျေနပ်ကြမယ်ထင်ပါတယ်။ ဒီပရိုမိုးရှင်းကတယ်လီနောရဲ့ သုံးစွဲသူတွေအထူးနှစ်သက်ကြတဲ့ ပရိုမိုးရှင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်းတယ်လီနောကဈေးနူန်းချိုသာပြီးတီထွင်ဆန်းသစ်မှုရှိတဲ့ ၀န်ဆောင်မှုတွေကို ဆက်လက် မိိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်” ဟုတယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်Joslin E Myrthongကပြောသည်။

အပိုဆုကြေးကို ပြည်တွင်းတယ်လီနောနံပါတ််သို့ ဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းတယ်လီနောနံပါတ််သို့ SMS ပေးပို့ခြင်းနှင့်သုံးသလောက်ပေးအင်တာနက်အသုံးပြုမှုများအတွက် အသုံးပြုနိုင်ပါသည်။ အခြားသောဝန်ဆောင်မှုများဖြစ်သည့် pack များဝယ်ယူအသုံးပြုခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်း၊လက်ကျန်ငွေလွှဲပြောင်းခြင်း(balance transfer) နှင့် ကြိုသုံးစသည့် ဝန်ဆောင်မှုများကိုအပိုဆုကြေး (Easy bill bonus) ကိုအသုံးပြု၍ ဝယ်ယူအသုံးပြုနိုင်မည် မဟုတ်ပါ။

တယ်လီနောသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်လျက်ရှိသောအင်တာနက်ကွန်ရက်ကြီး ဖြစ်ပြီးယခုအခါ သုံးစွဲသူပေါင်း ၁၉ သန်းကျော်ကို ၀န်ဆောင်မှုများပေးအပ်လျက် ရှိပါသည်။ တာ၀ါတိုင်ပေါင်း ၇၂၀၀ ကျော်၊ လက်လီအရောင်းဆိုင်ပေါင်း ၉၀,၀၀၀ ခန့် နှင့် ဖြန့်ချိရေးကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်ရှိသည့် တယ်လီနော၏ မိုဘိုင်းနှင့် ဖြန့်ချီရေးကွန်ရက်ကို မြန်မာနိုင်ငံအတွင်းရှိတိုင်းဒေသကြီး ၊ ပြည်နယ်များအားလုံးနှင့် ပြည်ထောင် စုနယ်နိမိတ်နယ်မြေတို့တွင် ဖြန့်ကြက်ထား ပြီး ဖြစ်ပါသည်။

ငွေဖြည့်ရမည့် ပမာဏနှင့် ရရှိမည့် အပိုဆုကြေး

ငွေဖြည့်သည့်ပမာဏ အပိုဆုကြေး%
၁၀၀၀-၂၉၉၉ကျပ် ငွေဖြည့်သောပမာဏ၏၁၀%
၃၀၀၀-၄၉၉၉ကျပ် ငွေဖြည့်သောပမာဏ၏၂၀%
၅၀၀၀-၉၉၉၉ ကျပ် (မှော်ငွေဖြည့်ကတ် ၆ဝဝဝမပါ) ငွေဖြည့်သောပမာဏ၏၃၀%
၁၀၀၀၀ နှင့်အထက် ကျပ် ငွေဖြည့်သောပမာဏ၏၅၀%

အသေးစိတ်အချက်အလက်များကို
www.telenor.com.mm/my/offer/easy-bill
တွင်၀င်ရောက် ကြည့်ရှုနိုင်ပါသည်။ 

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor