Press Release

တယ်လီနောကွန်ရက်အတွင်းစာတိုပေးပို့လက်ခံမှု ၂၀၁၆ ခုနှစ်အတွင်း၇.၂ ဘီလီယံအထိစံချိန်တင် ရောက်ရှိ

06 January, 2017 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)၏ လက်တလောအချက်အလက်များအရတယ်လီနောကွန်ရက်အတွင်းစာတိုပေးပို့လက်ခံမှုအရေအတွက်သည် ၂၀၁၆ခုနှစ်အတွင်း၇.၂ ဘီလီယံအထိစံချိန်တင်ရောက်ရှိခဲ့ပါသည်။

စာတိုပေးပို့မှု အမြင့်မားဆုံးအချိန်ကာလဖြစ်သည့် နှစ်သစ်မကူးမီဒီဇင်ဘာလ ၃၁ ရက် ည ၁၁ နာရီနှင့် ၂၀၁၇ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၂နာရီအတွင်းတွင် စာတိုပေးပို့မှု အရေအတွက် ၁.၄ သန်းကျော်ရှိခဲ့ပါသည်။ယင်းအချိန်ကာလအတွင်းတွင် Facebook သုံးစွဲမှုသည်နေ့စဉ်ပျှမ်းမျှသုံးစွဲမှု ပမာဏထက် ၆၃ရာခိုင်နှုန်းပိုမိုများပြားခဲ့ပြီး နှင့် Viberသုံးစွဲမှု ပမာဏသည်လည်းစာပေးပို့ခြင်းနှင့် ဖုန်းပြောဆိုခြင်းတို့သည် နေ့စဉ်ပျှမ်းမျှသုံးစွဲမှုထက် ၁၁၇ ရာခိုင်နှုန်းနှင့် ၇၈% ရာခိုင်နှုန်းအသီးသီးပိုမိုများပြားခဲ့ပါသည်။

“မြန်မာနိုင်ငံကမိုဘိုင်းဖုန်းသုံးစွဲသူတွေ အနေနဲ့ တစ်ခြားစာတိုပေးပို့တဲ့ အက်ပလီကေးရှင်းတွေကိုပိုမိုသုံးစွဲလာကြပေမဲ့ SMS စာတိုပေးပို့မှု စနစ်ဟာအားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီစနစ်ဟာဆက်သွယ်ရေးကဏ္ဍမှာအထိရောက်ဆုံးလမ်းကြောင်းတစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့လည်းများပြားလာတဲ့ SMS စာတိုပေးပို့မှုတွေကိုကောင်းမွန်စွာစီမံဆောင်ရွက်ပေးနိုင်ဖို့အတွက်နည်းပညာစွမ်းဆောင်နိုင်ရည်တွေကိုအစဉ်မပြတ်မြှင့်တင်လျက် ရှိပါတယ်” ဟုတယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Lars Erik Tellmann ကပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်နေသောအင်တာနက် ဒေတာကွန်ရက်ကိုပိုင်ဆိုင်ထားသည့် တယ်လီနောအနေနှင့် လက်ရှိ နိုင်ငံတစ်ဝန်းတွင် သုံးစွဲသူအရေအတွက် စုစုပေါင်း ၁၉ သန်းကျော်ကိုဝန်ဆောင်မှုပေးအပ်နေပါသည်။တယ်လီနောသည် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး၊အထူးဒေသအားလုံးအပြင် ဝေးလံခေါင်းပါးသောဒေသများသို့ပါ ကွန်ရက် လွှမ်းခြုံမှုများ ပြလုပ်ထားပြီး မြန်မာနိုင်ငံရှိ မြို့နယ်အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်အားကွန်ရက်လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည်။ တယ်လီနောသုံးစွဲသူအရေအတွက် စုစုပေါင်း၏ ၆၄ ရာခိုင်နှုန်းခန့်သည် ဒေတာသုံးစွဲသူများ ဖြစ်ကြပြီးတယ်လီနောအနေဖြင့်လည်း၎င်း၏ သုံးစွဲသူများအားအကောင်းမွန်ဆုံးဒေတာကွန်ရက် အတွေ့အကြုံကိုပေးအပ်နိုင်ရန်အတွက် အသစ်အသစ်သောရင်းနှီးမြှပ်နှံမှုများ နှင့် ဆန်းသစ်တီထွင်မှုများကိုအစဉ်မပြတ် ပေးအပ်ဆောင်ရွက်သွားလျက် ရှိကြောင်းလည်းTellmann ကပြောကြားပါသည်။ လက်ရှိတွင် တယ်လီနောအနေနှင့် မြန်မာနိုင်ငံအတွင်းအမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံရင်းနှီးမြှပ်နှံ ထားပြီးဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor